မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

စာပေဟောပြောပွနဲ့ ဂီတဖျော်ဖြေပွဲများ အပြီးမှာ

စာရေးဆရာ ညီမင်းညို၊ ဦးဘုန်း(ဓာတု)၊ စန္ဒရားဆရာ အကယ်ဒမီဦးတင်ဝင်းလှိုင်နဲ့ အဆိုတော် နှင်းရည်သန့်တို့ လေးဦးဟာ ဗိုလ်ချူပ်ရာပြည့် စာပေဟောပြောပွဲနဲ့ ဂီတဖျော်ဖြေပွဲအတွက် သြစကြေးလျားမှာ ၂၄ ရက်ကြာ လာရောက်သွားပြီးနောက် 24/05/15 ရက်မှာ ဆစ်ဒနီ နိုင်ငံတကာလေဆိပ်ကနေ မြန်မာပြည်ကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ဒီ Album ထဲက ဓာတ်ပုံတွေကတော့ သူတို့ရဲ့ သြစကြေးလျားမြေမှ မထွက်ခွာမီ ဆစ်ဒနီ နိုင်ငံတကာ လေဆိပ်မှာ သွားရောက်ပို့ဆောင် နှုတ်ဆက်သူတွေနဲ့အတူ ရိုက်ထားတဲ့ အမှတ်တရပုံတွေပါ။ ၂၄ ရက်ဆိုတဲ့ အချိန်တိုတိုအတွင်းမှာ  ဆစ်ဒနီ၊ ကမ်ဘာရာ၊ ပါ့သ် နဲ့ မဲလ်ဘုန်း မြို့ကြီး လေးမြို့မှာ ရှိတဲ့ မြန်မာပရိတ်သတ်တွေကို သူတို့ ရောက်ရှိ ဟောပြောဖျော်ဖြေခဲ့ပါတယ်။

ရောက်သွားတဲ့ မြို့လေးမြို့စလုံးက ပရိတ်သတ်တွေ အားလုံးက သူတို့ရဲ့ တင်ဆက်မှုတွေကို ကျေနပ်အားရပြီး ၀မ်းသာပီတိ ဖြစ်ကြရပါတယ်။ စန္ဒရားဆရာ အကယ်ဒမီ ဦးတင်ဝင်းလှိုင်ဆိုရင် အစီစဉ်မှာ ပါတဲ့ဖျော်ဖြေရေးအတွက် သာမက အစီစဉ်မရှိ သီချင်းတိုက်ထားခြင်းမရှိဘဲ ကြားပေါက် ၀င်ဆိုတဲ့ အဆိုဝါသနာရှင်တွေအတွက်လည်း သီချင်းမျိုးစုံ သံစဉ်မျိုးစုံ ဘာသီချင်းလာလာ ဘယ်ကီးနဲ့ပဲဆိုဆို အဲဒီဆိုတဲ့သူရဲ့ အသံနဲ့ ကွက်တိဖြစ်အောင်  တီးပြသွားတာကို ရပ်သပ်ရှုမော ကြည့်ရှုခဲ့ရပါတယ်။ အဆိုတော် နှင်းရည်သန့်ဆိုရင်လည်း ဟိုအရင်က မေရှင်တို့ မေလှမြိုင်တို့ သီဆိုခဲ့တဲ့ သီချင်းတွေ အပါအ၀င် မြန်မာသံစဉ်သီချင်းတွေကို အဲဒီခေတ်က ဆိုထားတဲ့ မူရင်းအဆိုတော်တွေအတိုင်း ဆိုပြသွားခဲ့တယ်။ စန္ဒရားဆရာရဲ့အတီးနဲ့ အဆိုတော်ရဲ့အဆို နှစ်ခုပေါင်းလိုက်တော့ မြန်မာသံစဉ်ချစ်မြတ်နိုးသူတွေကို တကယ်ပဲ ကျေနပ်နှစ်သက်စေခဲ့ပါတယ်။

စာရေးဆရာ နှစ်ယောက်ရဲ့ ဟောပြောချက်တွေအနက် ကမ်ဘာရာနဲ့ မဲလ်ဘုန်းမှာ ဟောပြောတာတွေကို အွန်လိုင်းမှာ တင်ပေးသမား မရှိလို့ ဘာတွေ ပြောသွားတယ်ဆိုတာ ကျွန်မ မသိရသေးပေမဲ့ ဆစ်ဒနီနဲ့ ပါ့သ်မှာ ဟောပြောထားတာတွေကို ကြည့်ရင် တော်တော်လေး ကောင်းပါတယ်။  ပြည်တွင်းမှာ ဘယ်လိုအခက်အခဲကြားက ဘယ်လိုရင်ဆိုင် ကျော်ဖြတ်နေရတယ် ဆိုတဲ့ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထု အခြေအနေတွေ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကျွန်မတို့ရင်ထဲ တကယ် သိမြင်ခံစားနားလည်အောင် သူတို့ အသိပေးနိုင်ခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ် သူတို့ရဲ့ ရပ်တည်ချက်ကို ကျွန်မတို့ ကောင်းကောင်းသိခဲ့ရတယ်။

ဆစ်ဒနီမှာ ဟောပြောတဲ့ စာပေဟောပြောပွဲကို နားထောင်ပြီးနောက် နိုင်ငံခြားရောက် ပရိတ်သတ်ဖြစ်တဲ့ ကျွန်မတို့ကို ဒီလိုဟောရင် ပြည်တွင်းက ပရိတ်သတ်တွေကို ဘာတွေဟောထားလဲ ဆိုတာ သိချင်တာနဲ့ Youtube မှာ တင်ထားတဲ့ ဆရာဦးဘုန်း(ဓာတု) နဲ့ ဆရာညီမင်းညိုတို့ရဲ့ ပြည်တွင်းက ဟောပြောချက်တွေကို ကျွန်မ လိုက်နားထောင် တဲ့အချိန်မှာတော့ ဆရာတို့ရဲ့ သတ္တိနဲ့ ခံယူချက်ကို ပိုပြီးသိလိုက်ရပြီး ပိုပြီးလေးစားမိပါတယ်။ ပုသိမ်၊ မော်လမြိုင်၊ မြင်းခြံ။ မုံရွာ၊ တောင်ငူ၊ တာချီလိတ်နဲ့ တခြား မြို့ရွာ တွေမှာ ဟြောပြောထားတဲ့ ဟောပြောချက် အတော်များများကို ကျွန်မနားထောင်ခဲ့တယ်။ ကောင်းကောင်းမှတ်မိနေတာက ဆရာ ဦးဘုန်း(ဓာတု) ရဲ့ လက်အလှပြိုင်ပွဲ၊ မထင်မရှား မွေးလာကြသူများ၊ စောင်လေးတထည်၊ အရပ်ကောင်းမှ အလောင်းလှမည်၊ မောင် နဲ့ ဆရာညီမင်းညိုရဲ့ တိုင်းပြည်ရှင်ပြုချိန်၊ ဖတ်စေချင်လိုက်တာ အပါအ၀င် တခြားခေါင်းစဉ် မမှတ်မိဘဲ အကြောင်းအရာကို မှတ်မိနေတဲ့ ဟောပြောချက်တွေ အများကြီးရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကျွန်မတို့ ဘလော့ဂ်လောကမှာ စာရေးပြီး Blogger ကနေ စာရေးဆရာမ ဖြစ်လာသူ မြသွေးနီရဲ့ ၀တ္တုတပုဒ်အကြောင်းကိုလည်း လက်တွေ့ဘ၀ကို ထင်ဟပ်စေတဲ့ ၀တ္တုအဖြစ် ချီးကျူး ပြောထားလို့ ၀မ်းသာရပါတယ်။ ဆရာတို့ နှစ်ယောက် ဟောထားတာကို လိုက်နားထောင်ရင်းနဲ့ အဲဒီမြို့တွေမှာ  ဆရာတို့နဲ့အတူ ဟောပြောကြတဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာမောင်သာချို၊ ဆရာချစ်ဦးညိုနဲ့ ဆရာမ မသီတာစမ်းချောင်း၊ နုနုရည်(အင်းဝ) တို့ရဲ့ ဟောပြောချက်တချို့ကိုလည်း ထပ်ဆင့်နားထောင်ဖြစ်သွားပြီး အဲဒီစာရေးဆရာတွေရဲ့ သတ္တိနဲ့ ခံယူချက်ကိုလည်း ထပ်ပြီးသိရပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို မလိုလားတဲ့ အာဏာရှင်တွေဟာ သူတို့အာဏာ တည်မြဲရေးအတွက် ဗုဒ္ဓဘာသာကို လူမျိုး၊ ဘာသာ၊ ကျား/မ ခွဲခြားတဲ့ ဘာသာလို့ တခြားဘာသာဝင်တွေ ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ မျိုးစောင့်ဥပဒေဆိုတာ အပါအ၀င် Issue အမျိုးမျိုးကို ဖန်တီးပြီး ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုကိုေ၀၀ါးပြီး စိတ်အာရုံပြောင်းအောင် လုပ်နေတယ်။ လူ့အခွင့်အရေး အပြည့်အ၀ ရှိတဲ့ ဗုဒ္ဓဘာသာကို လူ့အခွင့်အရေးနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ လူ့အခွင့်အရေး ဏဂန်းတလုံးမှ နားမလည်တဲ့ ဘုန်းကြီးတချို့ကို အသုံးပြုပြီး ၀ါဒဖြန့်တယ်။ ဒါကြောင့်မို့ အာဏာရှင်ဟာ ကောက်ကျစ် ယုတ်မာစွာနဲ့ ဘာသာရေးမှိုင်းကို အသုံးပြုပြီး လက်ဦးမှု ယူလိုက်ပြီမို့ ကျွန်မတို့ ဘာမှ တတ်မနိုင်တော့ဘူးလို့ ကျွန်မ မြန်မာ့နိုင်ငံရေးကို ယူကျုံးမရ ခံစားရဖူးတယ်။ ဒီအချိန်မှာ  ပြည်သူလူထုကို မျက်စိဖွင့် လမ်းဖွင့်ပေးတဲ့ ဒီလို သတ္တိရှိပြီး ရပ်တည်ချက် မှန်ကန်တဲ့ စာရေးဆရာတွေ မြန်မာပြည်တွင်းမှာ ရှိနေသေးတာ သိရတဲ့အတွက် ကျွန်မ တကယ်ပဲ ၀မ်းသာမဆုံး ဖြစ်ရတယ်။  လက်ရှိအခြေအနေမှာ ပြည်သူလူထုကို အထိရောက်ဆုံး အသိပညာပေးနိုင်သူတွေဟာ ဒီလို သတ္တိနဲ့ ခံယူချက်ရှိတဲ့ စာရေးဆရာတွေသာ ဖြစ်တယ်ဆိုတဲ့အသိနဲ့ ကျွန်မ သူတို့ရဲ့ သတ္တိနဲ့ လုပ်ဆောင်ချက်၊ ခံယူချက်ကို ဘယ်လိုမှ မချိးကျူး မလေးစားဘဲ မနေနိုင်ဖြစ်ခဲ့ရပြီး ပြည်သူလူထုအတွက် အခုချိန်မှာ ကျွန်မတို့ မလုပ်ပေးနိုင်တာကို လုပ်ပေးနေတဲ့အတွက်လည်း တကယ်ကို ကျေးဇူးတင်မိပါတယ်။

ဗိုလ်ချူပ်ရာပြည့် စာပေဟောပြာပွဲနဲ့ ဂီတဖျော်ဖြေပွဲအတွက် သြစကြေးလျားကို စာရေးဆရာတွေနဲ့ အနုပညာရှင်တွေ လာသွားတဲ့ အချိန်က ရက်နဲ့တွက်ရင်သာ ၂၄ ရက်သာဖြစ်ပေမဲ့ Autumn (ဆောင်းကူးရာသီ) မှာရောက်လာပြီး ပြန်တဲ့အချိန်က Winter (ဆောင်းရာသီ) မှာဆိုတော့ အချိန်ရာသီအနေနဲ့ကြည့်ရင် သြစကြေးလျားနိုင်ငံရဲ့ Summer, Autumn, Winter & Spring ဆိုပြီး ရာသီဥတု လေးခုရှိတဲ့အနက် ရာသီနှစ်ခုကို သူတို့ တွေ့ကြုံဖြတ်သန်းသွားခဲ့ပါတယ်။ Autumn ရဲ့ မပူမအေးရာသီနဲ့ ဆောင်းရဲ့ အေးချမ်းမှု အရသာနှစ်ခုကို ထိတွေ့ ခံစားသွားခဲ့တယ်။ စာသင်ကျောင်းတွေ၊ သမိုင်းပြတိုက်တွေ၊ ပါလီမန်ဟောက်စ်တွေကို လေ့လာသွားတယ်ဆိုတာ သိရတဲ့အတွက်  သြစကြေးလျားမှာ ရှိတဲ့ မြန်မာကွန်မြူနီတီအကြောင်း သာမက သြစကြေးလျား လူ့အဖွဲ့စည်းနဲ့ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံ၊ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘ၀ အခြေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း အနည်းငယ်စီ လေ့လာသွားလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ အဲဒီထိတွေ့ခံစားသွား လေ့လာသွားတဲ့အချက်တွေနဲ့ ပြည်တွင်းက ပရိတ်သတ်တွေကို ပြန်လည်မျှဝေရင်း မြန်မာပြည်ကိုတိုးတက်စေလိုတဲ့ ဆန္ဒတူညီသူ ပြည်တွင်းနဲ့ပြည်ပ ပရိတ်သတ်နှစ်ခုအကြား စာရေးဆရာတွေက ဆက်စပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျင်းပခဲ့တဲ့ ဗိုလ်ချူပ်ရာပြည့် စာပေဟောပြောပွဲနဲ့ ဂီတဖျော်ဖြေပွဲက အောင်မြင်တဲ့ပွဲဖြစ်ကြောင်း ဖြစ်မြောက်ရေးအဖွဲ့က နှုတ်ဆက်ပွဲနေ့မှာ ပြောသွားခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာလည်း နိုင်ငံခြားရောက် မြန်မာတွေအနေနဲ့ မြန်မာပြည်တွင်းကို ကူညီဖို့အတွက် Fundraising လုပ်ဖို့အစီစဉ်နဲ့ မြန်မာပြည်က အနုပညာရှင်တွေကို ဖိတ်ဖို့ဆုံးဖြတ်ရင် ဖျော်ဖြေရေး တခုတည်းကိုပဲ မစဉ်းစားဘဲ အခုသြစကြေးလျားမျာ လုပ်သွားသလိုမျိုး ဂီတ အနုပညာသမားတွေနဲ့အတူတွဲပြီး စာရေးဆရာတွေကိုလည်း မဖြစ်မနေ ဖိတ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စာရေးဆရာတွေဆီက ရတဲ့အသိဟာ လူထုထဲက ထွက်လာတဲ့ ခံစားမှု ဘ၀အခြေအနေတွေ ဖြစ်တဲ့အတွက် တခြားကသိရတဲ့ အချက်တွေထက် ပိုခိုင်လုံပြီး အသေးစိတ်ကျပါတယ်။ ကျွန်မအတွက်တော့ စာပေဟောပြောပွဲက သိရတဲ့ အချက်အလက်သာမက ရတဲ့ရသဟာလည်း တခြားဘယ်အနုပညာက  ရတဲ့ရသနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ ဒါကြောင့်မို့ ဆစ်ဒနီမှာ နောက်ထပ်ပွဲတွေလုပ်ရင် အခုလိုပဲ စာပေဟောပြောပွဲကိုပါ အမြဲတမ်း ထည့်စေချင်တယ်။

ဆရာဦးဘုန်း(ဓာတု) ရဲ့ ဟောပြောချက်ထဲကအတိုင်း "မျိုးချစ်စိတ်အတုတွေနဲ့ လူမျိုးအချင်းချင်း ညှင်းဆဲခံနေရတဲ့ဘ၀၊ ဒီမိုကရေစီအတုကို ရွှေလိုဥပြီး ယုယနေရတဲ့ဘ၀၊ ဥပဒေအတုတွေနဲ့ ရှိစုမဲ့စု လုယူခံနေရတဲ့ဘ၀" က မြန်မာပြည် အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းရင်း   ဗိုလ်ချူပ်မွေးနေ့ရာပြည့် စာပေဟောပြောပွဲနဲ့ ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်ရေးအဖွဲ့နဲ့ လာရောက် ဖျော်ဖြေတီးခတ်သီဆို သွားတဲ့ အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင်၊ အဆိုတော်နှင်းရည်သန့်၊ စာရေးဆရာ ညီမင်းညို Nyi Minn Nyo​နဲ့ ဦးဘုန်း(ဓာတု) Uphone Dhartu​ တို့ကို အထူးကျေးဇူးတင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ

















18 comments:



Eleven Media Group
၁၄-၇-၁၅ ရက်


ELEVEN MEDIA GROUP ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ ယာဉ်အား လူငါးဦးပါဝင်သောအဖွဲ့က ဦးချစ်မောင်လမ်းနှင့် မင်းလမ်းထောင့်တွင် စောင့်ဆိုင်း၍ သေစေနိုင်သော ကုန်းသီးဖြင့် ၂ ပေခန့်အကွာမှ အနီးကပ်ပစ်ခတ် တိုက်ခိုက်လုပ်ကြံမှု ၁၄-၇-၁၅ ရက် (အင်္ဂါနေ့) ညနေ ၆ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည်။

လုပ်ကြံသူများသည် ယာဉ်ကြောပိတ်မိနေစဉ် တစ်ဖက်ယာဉ်ကြောမှ အငှါးယာဉ်ဖြင့် စောင့်ဆိုင်းပြီး CEO ဒေါက်တာသန်းထွဋ်အောင်၏ ဦးခေါင်းအား အနီးကပ် ချိန်ရွယ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ကားမှန်ထိခိုက်မှု ဖြစ်ပွားခဲ့သော်လည်း CEO ဒေါက်တာသန်းထွဋ်အောင် မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပေ။



Eleven Media ၏ Facebook စာမျက်နှာတွင် တင်ထားသော
မူရင်းသတင်း ( အလဲဗင်းမီဒီယာ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို လုပ်ကြံမှု ) ကို ဒီမှာ နှိပ်ပြီး ဖတ်နိုင်ပါသည်။

.

Eleven Media Group
၂၀၁၅၊ ဇူလိုင် ၁၆ ရက်


Eleven Media Group ၏ CEO လုပ်ကြံခံရမှုဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦး ဖမ်းမိစဉ်က ရဲတပ်ဖွဲ့မှ သတင်းများ အလျင်အမြန် ထုတ်ပြန်ခဲ့သော်လည်း နောက်ထပ် နာရီ ၃၀ ကျော်ကြာသည်ထိ ထပ်မံသတင်း ထုတ်ပြန်ခြင်း မရှိတော့ကြောင်း သိရသည်။

ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လုပ်ကြံမှုဖြစ်စဉ်မှ ကျူးလွန်သူများ အသုံးပြုစီးနင်းခဲ့သည့် ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းမိမှုကို ယင်းည ၉ နာရီကျော်ခန့်တွင် လည်းကောင်း၊ ဇူလိုင် ၁၅ ရက် နံနက်အစောပိုင်းတွင် ကျူးလွန်မှု၌ ပါဝင်သူတစ်ဦးအား ထပ်မံဖမ်းဆီးရမိခြင်းအား ဇူလိုင် ၁၅ နံနက် ၉ နာရီခန့်နှင့် ပုဒ်မပြောင်းလဲခဲ့ခြင်းအား မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို Yangon Police နှင့် ရဲဇာနည် Facebook စာမျက်နှာများတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းမိထားသူ နှစ်ဦးအား ပုဒ်မ ၃၀၇ မှ ပုဒ်မ ၄၄၀ သို့ ပြောင်းလဲဖွင့်လှစ်ကြောင်း သတင်းထုတ်ပြန်မှုကိုလည်း ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ် အချိန်တွင် Yangon Police နှင့် ရဲဇာနည် Facebook တို့၌ သတင်းဖော်ပြခဲ့ပြီး နောက်ပိုင်း လက်ရှိအချိန်အထိ သတင်းထပ်မံ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“ကျွန်တော်တို့ CEO ကို လုပ်ကြံတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်ယောက်ဖမ်းမိပြီးနောက်ပိုင်း ခုထိ ဘာမှထပ်မထူးသေးတဲ့ အခြေအနေပါ။ ကျွန်တော်တို့ကို အမှုနဲ့ပတ်သက်တဲ့ အခြေအနေ သေသေချာချာ ဖြေကြားပေးမယ့်သူ မရှိတော့ဘူး။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူတချို့ကို ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ် မရတာရယ်၊ အဆက်အသွယ် ရတဲ့သူတွေကလည်း အမှုစစ်ဆေးဆဲဖြစ်လို့ တိတိကျကျ မပြောနိုင်သေးဘူးလို့ပဲ ပြန်ပြောကြတယ်။ ဒါကြောင့် ဆက်လက်ဖော်ထုတ်နေတဲ့ အခြေအနေနဲ့ ရဲအမှုဖွင့်တဲ့ ပုဒ်မ အပြောင်းအလဲတွေကြောင့် အားမလို အားမရ ဖြစ်မိတာတော့ အမှန်ပါပဲ။ ဒီနေ့ထုတ် 7Day သတင်းစာမှာ ဒီအမှုကို သမ္မတရုံးက စိတ်ဝင်စားနေတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောထားတာ ဖတ်ရတယ်။ ပြီးတော့ အစိုးရအပေါ် အထင်အမြင်လွဲစရာ ဖြစ်မှာစိုးလို့ လှမ်းမေးတာလို့လည်း သူကပြောထားတာ တွေ့ပါတယ်။ အဲဒီလို ပြောဆိုတာ 7Day မှာ ပါပြီးတဲ့နောက်ပိုင်း ရဲတပ်ဖွဲ့က ဘာမှထပ် မထုတ်ပြန်တော့ပါဘူး” ဟု The Daily Eleven သတင်းစာအယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ဇူလိုင် ၁၄ ရက်တွင် ကုန်းသီးဖြင့် ပစ်ခတ်လုပ်ကြံခံရသည့် သတင်းအား အခင်းဖြစ်ပြီး နောက်တစ်နေ့ ဇူလိုင် ၁၅ ရက်ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာ၊ The Voice Daily သတင်းစာ၊ ပြည်မြန်မာသတင်းစာ၊ ပြည်ထောင်စုနေ့စဉ် သတင်းစာတို့မှ ရေးသားဖော်ပြခဲ့ကြသည်။ ယင်းနောက် တစ်ရက်ကျော်အကြာ ဇူလိုင် ၁၆ ရက်ထုတ် အစိုးရသတင်းစာများနှင့် 7Day Daily သတင်းစာတို့တွင် အဆိုပါ လုပ်ကြံမှုသတင်းအား ဖော်ပြခဲ့သည်။

“ဗဟန်းမြို့နယ်၌ ကိုယ်ပိုင်ယာဉ်တစ်စီးကို လေးခွ ကုန်းသီးဖြင့် ပစ်ခတ်ရာတွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိ ပြစ်မှုကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ” ဟူသည့် ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၆ ရက်ထုတ် ကြေးမုံနေ့စဉ် သတင်းစာ၊ 7Day Daily တွင် “Eleven စီအီးအိုကို လုပ်ကြံသောအမှု သမ္မတရုံးက စိတ်ဝင်စား” ဟူသည့် ခေါင်းစဉ်တို့ဖြင့် သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် 7Day Daily သတင်းစာ၏ သတင်းဖော်ပြမှုတွင် အမှုပုဒ်မ ပြောင်းလဲဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ “---- ဗဟန်းမြို့မ ရဲတပ်ဖွဲ့မှူးက ဖြစ်စဉ်နှင့်ဆီလျော်သော ပုဒ်မကို တပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည် ----“ ဟု လည်းကောင်း၊ “အကျိုးပျက်ဆီးမှုဖြစ်တဲ့ ပုဒ်မ ၄၄၀ ကို ဖြစ်စဉ်နဲ့ ကိုက်ညီအောင်ပေးလိုက်တာ။ ဖြစ်စဉ်နဲ့ မဆီလျော်လို့ တခြားပုဒ်မတွေကို မတပ်တော့ဘူး” ဟုလည်းကောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ ဖြေကြားမှုအပေါ် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံ The Daily Eleven သတင်းစာက မေးမြန်းရာ “နောက်ဆုံးအခြေအနေကတော့ တရားခံတွေကိုစစ်ဆေးပါပဲ။ တရားခံကိုစစ်နေတဲ့ ကိစ္စကတော့ စစ်ဆေးဆဲကာလမှာ အကျယ်တ၀ံ့ ပြောလို့မရဘူးပေါ့။ ရဲလုပ်ငန်းမပြီးသေးလို့ ပြောလို့မရသေးပါဘူး။ အမှုပုဒ်မ ပြောင်းလိုက်တဲ့ ကိစ္စကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မထဲမှာ ပြဋ္ဌာန်းထားပါတယ်။ ကြည့်လို့ရရင် ကြည့်လိုက်ပါ။ ၃၀၇ ကလည်း အတိအလင်းပြပြီးသားပဲ။ ၄၄၀ ကလည်း အတိအလင်း ပြပြီးသားပဲ။ ဥပဒေနဲ့ အညီပဲလေ။ ဖြစ်စဉ်နဲ့ ကိုက်ညီတဲ့ပုဒ်မပါပဲ။ အဲဒီဖြစ်စဉ်နဲ့ ပုဒ်မနဲ့ ကိုက်ညီလို့ပေါ့” ဟု ဗဟန်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် ပြန်လည်ဖြေကြားသည်။

.

လုပ်ကြံမှုတွင် ပါဝင်ကျူးလွန်သူများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ထပ်မံသတင်းထုတ်ပြန်ခြင်း မပြုတော့သော်လည်း အွန်လိုင်းဝါဒဖြန့်ချိရေး စာမျက်နှာအချို့တွင် လုပ်ကြံမှုနှင့် ပတ်သက်၍ မဟုတ်မမှန် ရေးသားမှုများ ပြုလုပ်လာကြောင်း တွေ့ရှိရသည်။

“အမှုကျူးလွန်တဲ့ တရားခံတွေနဲ့ နောက်ကွယ်က ပတ်သက်သူတွေကို ဆက်လက်ဖော်ထုတ်နေဆဲ အခြေအနေမှာ ၀ါဒဖြန့်ချိရေး လုပ်ဆောင်တာတွေကို တွေ့လာရတယ်။

Myanmar Express အပါအ၀င် အာဏာရှင် လက်ကိုင်တုတ် ၀ါဒဖြန့်ချိရေးတွေ၊ အာဏာရှင်အားပေးတဲ့ ဂျာနယ်လစ်တချို့စတဲ့ ၀ါဒဖြန့်ချိရေး Facebook Account တွေမှာ လူမှုရေးအရ ဂုဏ်သိက္ခာချဖို့ ဇာတ်လမ်း၊ ဇာတ်ညွှန်း မျိုးစုံနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လာကြတာကို တွေ့ရပါတယ်။

အခုဖြစ်စဉ်က လူသတ်ဖို့ ကြိုတင်အကွက်ချ စီမံတဲ့အပြင် လုပ်ကြံသူတွေနဲ့ ၀ါဒဖြန့်ချိသူတွေနောက်မှာ ကြိုးကိုင်သူတွေဟာ အတူတူပဲလို့တောင် သံသယဖြစ်စရာပါ။ ဒါ့အပြင် အခုလို မဟုတ်မမှန် ၀ါဒဖြန့်တာကိုပါ လုပ်လာတာဆိုတော့ နဂိုကတည်းက ဒါတွေအားလုံး စနစ်တကျ စီစဉ်ထားတယ်လို့ ပိုသုံးသပ်လို့ ရသွားပြီ။

တကယ်လို့ ဇူလိုင် ၁၄ ရက်က လုပ်ကြံမှုမှာ ကျွန်တော်တို့ CEO သေဆုံး၊ ဒါမှမဟုတ် ပြင်းထန်ဒဏ်ရာ ရခဲ့မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ အသက်ကိုသာမက ဂုဏ်သိက္ခာကိုပါချဖို့ ကြိုပြင်ထားတဲ့ သဘောဖြစ်နေတယ်။ လုပ်ကြံမှုကြောင့် ဘာမှဖြစ် မသွားတဲ့အတွက် ဂုဏ်သိက္ခာ ကျဆင်းစေတာတွေ၊ ထင်ယောင်ထင်မှားဖြစ်အောင် သူတို့တွေ ဆက်လုပ်နေတဲ့ အနေအထားပါ။

ဒါကြောင့် CEO ဒေါက်တာသန်းထွဋ်အောင်ကို အသေသတ်ဖို့ လုပ်ကြံတဲ့သူတွေနဲ့ အခုလို ဂုဏ်သိက္ခာကျအောင် မဟုတ်မမှန် အပုပ်ချသူတွေဟာ အတူတူပဲ၊ ပတ်သက်ဆက်နွယ်သူတွေ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

.

ဇူလိုင် ၁၄ ရက်ဖြစ်စဉ်မှာ မသင်္ကာဖွယ်ရာ အခြေအနေ အများအပြား ရှိနေကြောင်း သိရသည်။ လူအများအပြား ရှိနေသော လူမြင်ကွင်းတွင် မှတ်ရလွယ်သည့် ကားနံပါတ်ဖြင့် (5D-3938) အခင်းဖြစ်မည့်နေရာ၌ အချိန်အတန်ကြာစောပြီး ရောက်ရှိနေကြောင်းလည်း သိရသည်။ ထို့ပြင် လုပ်ကြံမှုကျူးလွန်ရာတွင် ပါဝင်သူများအား ပတ်ဝန်းကျင်မှလူများ သတိထားမိနိုင်လောက်သည့် ပြုမူမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မသင်္ကာစရာတွေ၊ စဉ်းစားစရာတွေ ရှိနေပါတယ်။ ကျူးလွန်သူတွေဟာ သူတို့ရှိနေတဲ့ လူစည်ကားတဲ့ နေရာမှာ ပတ်ဝန်းကျင်က သတိပြုမိလောက်တဲ့ မှတ်မိလွယ်တဲ့ ပြုမူမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရတယ်။ ပြီးတော့ သူတို့ကားနဲ့ ထွက်ပြေးသွားချိန်မှာလည်း တခြားလမ်းတွေက သွားလို့ရတဲ့ အနေအထား ရှိပေမယ့် မီးပွိုင့်ရှိတဲ့ ဗိုလ်စိန်မှန်လမ်းဘက်အထိ သွားခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အထင်တော့ CEO အပြန်လမ်းအဖြစ် အသုံးပြုနိုင်တဲ့ အဲဒီ ဗိုလ်စိန်မှန်လမ်းဘက်မှာ ကျူးလွန်မှုမှာ ပါဝင်ပတ်သက်တဲ့လူတွေ ရှိနေနိုင်သေးလို့ အဲဒီလမ်းကို သွားခဲ့တာလို့ ယူဆပါတယ်။ ညနေ ၆ နာရီ ၀န်းကျင်မှာဖြစ်တဲ့ လုပ်ကြံမှုကို ကျွန်တော်တို့ EMG Facebook မှာ ချက်ချင်းတင်ခဲ့တယ်။ ကျူးလွန်သူတွေ စီးသွားတာ ဘယ်ကားနံပါတ် ဆိုတာလည်း ဖော်ပြခဲ့တယ်။ အချိန်သိပ်မကြာခင်မှာပဲ အဲဒီ Taxi နဲ့ ယာဉ်မောင်းကို အလွယ်တကူ ဖမ်းမိခဲ့တယ်။ ပြီးတော့ ကျူးလွန်သူထဲမှာပါတဲ့ ကားပေါ်ကနေ စေခိုင်းသူဆိုသူကို ရဲကထပ်ဖမ်းမိတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်မိပြီး နောက်ပိုင်းမှာ ကျန်တဲ့အခြေအနေတွေ ဘာမှထပ်ပြီး တိတိကျကျ မသိရတော့ဘူး။ လုပ်ကြံမှုမှာ ပါဝင်သူတွေ၊ နောက်ကွယ်က စေခိုင်းသူတွေအားလုံးကို ဖော်ထုတ်ဖမ်းဆီး အရေးယူမှု မလုပ်နိုင်ခင်မှာ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ သူ့မိသားစုဝင်တွေရဲ့ လုံခြုံရေး၊ ကျွန်တော်တို့ EMG ရဲ့ လုံခြုံရေး အခြေအနေကိုတော့ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ကြံမှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ၊ အထောက်အထားတွေကိုလည်း ပြည်သူလူထု အကူအညီနဲ့ ဆက်လက်ဖော်ထုတ် သွားပါမယ်။ ပြည်သူကို အသိပေးသွားပါမယ်။ လူ့အသက်ကို ရန်ရှာတဲ့ လုပ်ကြံမှုကိုသာမက ဂုဏ်သိက္ခာချဖို့ပါ ထပ်ပြီးဝါဒဖြန့်လာတဲ့ ဘယ်သူ့ကိုမဆို ဥပဒေကြောင်းအရ ရင်ဆိုင်တုံ့ပြန် သွားပါမယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

ဇူလိုင် ၁၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ “လူများစွာ အသုံးပြုပြီး ကြိုတင်စောင့်ဆိုင်း ကြံစည်တာ ဖြစ်နိုင်ပါတယ်။ ရုံးကအပြန်မှာ သွားမယ့်လမ်း နှစ်လမ်းလောက်ပဲ ရှိတဲ့နေရာမှာ စောင့်ဆိုင်းပြီးတော့ အထွက်မှာ တစ်ယောက်က သတင်းပို့ပြီး ကျန်တဲ့သူတွေက စောင့်ဆိုင်းလုပ်ကြံကြတာပါ။ လုပ်ကြံတဲ့ သူတွေထဲမှာ အသက် ၂၅ နှစ်နဲ့ ၃၀ ကျော် ၀န်းကျင်တွေပါနေတယ်။ အခုလိုမျိုး လုပ်ကြံတာတွေက ကျွန်တော်တို့ Eleven Media Group ရဲ့ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်တွေကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူလူထု လိုလားတဲ့ နိုင်ငံ့အပြောင်းအလဲကိုလည်း ဘာမှအန္တရာယ် ပြုနိုင်မယ် မထင်ဘူး။ ကျွန်တော့်အတွက်လည်း ဘာမှစိုးရိမ်တာ မဖြစ်ပါဘူး။ တစ်ခုပါပဲ။ ဒါဟာ နိုင်ငံရေး လုပ်ကြံအကြမ်းဖက်မှု ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ကျွန်တော် အရမ်းစိုးရိမ်တယ်။ နိုင်ငံရေး အကြမ်းဖက်မှုတွေ ရှိလာရင်တော့ မကောင်းဘူး” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားထားသည်။


Eleven Media Group ၏ CEO အား လုပ်ကြံမှုဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦး ဖမ်းမိစဉ် ရဲတပ်ဖွဲ့က သတင်းများ အလျင်အမြန် ထုတ်ပြန်ခဲ့သော်လည်း နောက်ထပ် နာရီ ၃၀ ကျော် ကြာသည်အထိ သတင်းထပ်မံ ထုတ်ပြန်ခြင်းမရှိ

.

Eleven Media Group
၂၀၁၅၊ ဇူလိုင် ၁၇ ရက်


Eleven Media Group ၏ CEO လုပ်ကြံခံရမှုဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦး ဖမ်းမိစဉ်က ရဲတပ်ဖွဲ့မှ သတင်းများ ထုတ်ပြန်ခဲ့သော်လည်း နောက်ထပ် နာရီ ၄၀ နီးပါး ကြာသည်ထိ ထပ်မံသတင်း ထုတ်ပြန်ခြင်း မရှိတော့ကြောင်း သိရသည်။ ထိုအချိန်တွင် သတင်းအမှားများဖြင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ချိမှုများ ပေါ်ပေါက်လာသည့်အတွက် အမှန်တရားပေါ်ပေါက်ရန် ရဲတပ်ဖွဲ့မှ ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာပြီဖြစ်သည်။

ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လုပ်ကြံမှုဖြစ်စဉ်မှ ကျူးလွန်သူများ အသုံးပြုစီးနင်းခဲ့သည့် ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းမိမှုကို ယင်းည ၉ နာရီကျော်ခန့်တွင် လည်းကောင်း၊ ဇူလိုင် ၁၅ ရက် နံနက်အစောပိုင်းတွင် ကျူးလွန်မှု၌ ပါဝင်သူတစ်ဦးအား ထပ်မံဖမ်းဆီးရမိခြင်းအား ဇူလိုင် ၁၅ နံနက် ၉ နာရီခန့်တွင်လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို Yangon Police နှင့် ရဲဇာနည် Facebook စာမျက်နှာများတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် ဖမ်းမိထားသူနှစ်ဦးအား ပုဒ်မ ၃၀၇ မှ ပုဒ်မ ၄၄၀ သို့ ပြောင်းလဲဖွင့်လှစ်ကြောင်း သတင်းထုတ်ပြန် မှုကိုလည်း ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ်အချိန်တွင် Yangon Police နှင့် ရဲဇာနည် Facebook တို့၌ သတင်းဖော်ပြခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ သတင်းထပ်မံ ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။

“ကျွန်တော်တို့ CEO ကို လုပ်ကြံတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်ယောက်ဖမ်းမိပြီးနောက်ပိုင်း ခုထိဘာမှ ထပ်မထူးသေးတဲ့ အခြေအနေပါ။ ကျွန်တော်တို့ကို အမှုနဲ့ပတ်သက်တဲ့ အခြေအနေ သေသေချာချာ ဖြေကြားပေးမယ့်သူ မရှိတော့ဘူး။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတချို့ကို ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ် မရတာရယ်၊ အဆက်အသွယ် ရတဲ့သူတွေကလည်း အမှုစစ်ဆေးဆဲဖြစ်လို့ တိတိကျကျ မပြောနိုင်သေးဘူးလို့ပဲ ပြန်ပြောကြတယ်။ ဒါကြောင့် ဆက်လက်ဖော်ထုတ်နေတဲ့ အခြေအနေနဲ့ ရဲအမှုဖွင့်တဲ့ ပုဒ်မ အပြောင်းအလဲတွေကြောင့် အားမလို အားမရ ဖြစ်မိတာတော့ အမှန်ပါပဲ။

ဒီနေ့ထုတ် 7 Day သတင်းစာမှာ ဒီအမှုကို သမ္မတရုံးက စိတ်ဝင်စားနေတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောထားတာ ဖတ်ရတယ်။ ပြီးတော့ အစိုးရအပေါ် အထင်အမြင်လွဲစရာ ဖြစ်မှာစိုးလို့ လှမ်းမေးတာလို့လည်း သူက ပြောထားတာ တွေ့ပါတယ်။ အဲဒီလို ပြောဆိုတာ 7 Day မှာ ပါပြီးတဲ့နောက်ပိုင်း ရဲတပ်ဖွဲ့က ဘာမှ ထပ်မထုတ်ပြန် တော့ပါဘူး” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ဇူလိုင် ၁၄ ရက် တွင် ကုန်းသီးဖြင့် ပစ်ခတ်လုပ်ကြံခံရသည့် သတင်းအား အခင်းဖြစ်ပြီး နောက်တစ်နေ့ ဇူလိုင် ၁၅ ရက်ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာ၊ The Voice Daily သတင်းစာ၊ ပြည်မြန်မာသတင်းစာ၊ ပြည်ထောင်စုနေ့စဉ် သတင်းစာတို့မှ ရေးသားဖော်ပြ ခဲ့ကြသည်။ ယင်းနောက် တစ်ရက်ကျော်အကြာ ဇူလိုင် ၁၆ ရက်ထုတ် အစိုးရသတင်းစာများနှင့် 7 Day Daily သတင်းစာတို့တွင် အဆိုပါ လုပ်ကြံမှု သတင်းအား ဖော်ပြခဲ့သည်။

7 Day Daily တွင် “Eleven စီအီးအိုကို လုပ်ကြံသောအမှု သမ္မတရုံးက စိတ်ဝင်စား” ဟူသည့် ခေါင်းစဉ်တို့ဖြင့် သတင်းဖော်ပြခဲ့ပြီး “---- ဗဟန်းမြို့မ ရဲတပ်ဖွဲ့မှူးက ဖြစ်စဉ်နှင့် ဆီလျော်သော ပုဒ်မကိုတပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည် -----“ ဟု လည်းကောင်း၊ “အကျိုးဖျက်ဆီးမှုဖြစ်တဲ့ ပုဒ်မ ၄၄၀ ကို ဖြစ်စဉ်နဲ့ ကိုက်ညီအောင် ပေးလိုက်တာ။ ဖြစ်စဉ်နဲ့ မဆီလျော်လို့ တခြားပုဒ်မတွေကို မတပ်တော့ဘူး” ဟု လည်းကောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ ဖြေကြားမှုအပေါ် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံ The Daily Eleven သတင်းစာက မေးမြန်းရာ “နောက်ဆုံး အခြေအနေကတော့ တရားခံတွေကို စစ်ဆေးပါပဲ။ တရားခံကိုစစ်နေတဲ့ ကိစ္စကတော့ စစ်ဆေးဆဲကာလမှာ အကျယ်တ၀င့် ပြောလို့မရဘူးပေါ့။ ရဲလုပ်ငန်း မပြီးသေးလို့ ပြောလို့မရသေးပါဘူး။ အမှုပုဒ်မပြောင်းလိုက်တဲ့ ကိစ္စကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မထဲမှာ ပြဋ္ဌာန်းထားပါတယ်။ ကြည့်လို့ရရင် ကြည့်လိုက်ပါ။ ၃၀၇ ကလည်း အတိအလင်း ပြပြီးသားပဲ။ ၄၄၀ ကလည်း အတိအလင်း ပြပြီးသားပဲ။ ဥပဒေနဲ့ အညီပဲလေ။ ဖြစ်စဉ်နဲ့ ကိုက်ညီတဲ့ ပုဒ်မပါပဲ။ အဲဒီဖြစ်စဉ်နဲ့ ပုဒ်မနဲ့ ကိုက်ညီလို့ပေါ့” ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် ပြန်လည်ဖြေကြားသည်။

.

ဇူလိုင် ၁၄ ရက်ဖြစ်စဉ်မှာ မသင်္ကာဖွယ်ရာ အခြေအနေ အများအပြား ရှိနေကြောင်း သိရသည်။ လူအများအပြား ရှိနေသော လူမြင်ကွင်းတွင် မှတ်ရလွယ်သည့် ကားနံပါတ်ဖြင့် (5D-3938) အခင်းဖြစ်မည့် နေရာ၌ အချိန်အတန်ကြာစောပြီး ရောက်ရှိနေကြောင်း၊ လုပ်ကြံမှု ကျူးလွန်ရာတွင် ပါဝင်သူများအား ပတ်ဝန်းကျင်မှလူများ သတိထားမိနိုင်လောက်သည့် ပြုမူမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာစရာတွေ၊ စဉ်းစားစရာတွေ ရှိနေပါတယ်။ ကျူးလွန်သူတွေဟာ သူတို့ရှိနေတဲ့ လူစည်ကားတဲ့ နေရာမှာ ပတ်ဝန်းကျင်က သတိပြုမိလောက်တဲ့ မှတ်မိလွယ်တဲ့ ပြုမူမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရတယ်။ ပြီးတော့ သူတို့ ကားနဲ့ ထွက်ပြေးသွားချိန်မှာလည်း တခြားလမ်းတွေက သွားလို့ရတဲ့ အနေအထား ရှိပေမယ့် မီးပွိုင့်ရှိတဲ့ ဗိုလ်စိန်မှန်လမ်းဘက်အထိ သွားခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အထင်တော့ CEO အပြန်လမ်းအဖြစ် အသုံးပြုနိုင်တဲ့ အဲဒီ ဗိုလ်စိန်မှန်လမ်းဘက်မှာ ကျူးလွန်မှုမှာ ပါဝင်ပတ်သက်တဲ့လူတွေ ရှိနေနိုင်သေးလို့ အဲဒီလမ်းကို သွားခဲ့တာလို့ ယူဆပါတယ်။ ညနေ ၆ နာရီ ၀န်းကျင်မှာ ဖြစ်တဲ့ လုပ်ကြံမှုကို ကျွန်တော်တို့ EMG Facebook မှာ ချက်ချင်းတင်ခဲ့တယ်။ ကျူးလွန်သူတွေ စီးသွားတာ ဘယ်ကားနံပါတ် ဆိုတာလည်း ဖော်ပြခဲ့တယ်။ အချိန် သိပ်မကြာခင်မှာပဲ အဲဒီ Taxi နဲ့ ယာဉ်မောင်းကို အလွယ်တကူ ဖမ်းမိခဲ့တယ်။ ပြီးတော့ ကျူးလွန်သူထဲမှာပါတဲ့ ကားပေါ်ကနေ စေခိုင်းသူ ဆိုသူကို ရဲက ထပ်ဖမ်းမိတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်မိပြီး နောက်ပိုင်းမှာ ကျန်တဲ့ အခြေအနေတွေ ဘာမှထပ်ပြီး တိတိကျကျ မသိရတော့ဘူး။ လုပ်ကြံမှုမှာ ပါဝင်သူတွေ၊ နောက်ကွယ်က စေခိုင်းသူတွေ အားလုံးကို ဖော်ထုတ်ဖမ်းဆီး အရေးယူမှု မလုပ်နိုင်ခင်မှာ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ သူ့မိသားစုဝင်တွေရဲ့ လုံခြုံရေး၊ ကျွန်တော်တို့ EMG ရဲ့ လုံခြုံရေး အခြေအနေကိုတော့ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ကြံမှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ၊ အထောက်အထားတွေကိုလည်း ပြည်သူလူထု အကူအညီနဲ့ ဆက်လက်ဖော်ထုတ်သွားပါမယ်။ ပြည်သူကို အသိပေးသွားပါမယ်။ လူ့အသက်ကို ရန်ရှာတဲ့ လုပ်ကြံမှုကိုသာမက ဂုဏ်သိက္ခာချဖို့ပါ ထပ်ပြီး ၀ါဒဖြန့်လာတဲ့ ဘယ်သူ့ကိုမဆို ဥပဒေကြောင်းအရ ရင်ဆိုင်တုံ့ပြန် သွားပါမယ်။ အခုအချိန်မှာ KTV က မကျေနပ်မှုကြောင့်ဆိုပြီး မဟုတ်မမှန် ၀ါဒဖြန့် ရေးသားနေတဲ့ Facebook Account ပိုင်ရှင်တွေကိုလည်း လိုအပ်သလို ခေါ်ယူစစ်ဆေး ဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့ကို တောင်းဆိုပါတယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

ဇူလိုင် ၁၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ “လူများစွာ အသုံးပြုပြီး ကြိုတင်စောင့်ဆိုင်း ကြံစည်တာ ဖြစ်နိုင်ပါတယ်။ ရုံးက အပြန်မှာ သွားမယ့်လမ်း နှစ်လမ်းလောက်ပဲ ရှိတဲ့ နေရာမှာ စောင့်ဆိုင်းပြီးတော့ အထွက်မှာ တစ်ယောက်က သတင်းပို့ပြီး ကျန်တဲ့သူတွေက စောင့်ဆိုင်း လုပ်ကြံကြတာပါ။ လုပ်ကြံတဲ့ သူတွေထဲမှာ အသက် ၂၅ နှစ်နဲ့ ၃၀ ကျော် ၀န်းကျင်တွေ ပါနေတယ်။ အခုလိုမျိုး လုပ်ကြံတာတွေက ကျွန်တော်တို့ Eleven Media Group ရဲ့ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်တွေကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူလူထု လိုလားတဲ့ နိုင်ငံ့အပြောင်းအလဲကိုလည်း ဘာမှ အန္တရာယ် ပြုနိုင်မယ် မထင်ဘူး။ ကျွန်တော့်အတွက်လည်း ဘာမှစိုးရိမ်တာ မဖြစ်ပါဘူး။ တစ်ခုပါပဲ။ ဒါဟာ နိုင်ငံရေး လုပ်ကြံ အကြမ်းဖက်မှု ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ကျွန်တော် အရမ်းစိုးရိမ်တယ်။ နိုင်ငံရေး အကြမ်းဖက်မှုတွေ ရှိလာရင်တော့ မကောင်းဘူး” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားထားသည်။


Eleven Media Group


EMG ၏ CEO အား လုပ်ကြံမှုဖြစ်စဉ်မှ ကျူးလွန်ရာတွင် ပါဝင်သူနှစ်ဦးကို ဖမ်းမိပြီးနောက်ပိုင်း ရဲတပ်ဖွဲ့မှ ထပ်မံသတင်း မထုတ်ပြန်ချိန်တွင် မဟုတ်မမှန် ၀ါဒဖြန့်ချိမှုများ ရှိလာသည့်အတွက် ရဲတပ်ဖွဲ့မှ ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာ

၂၀၁၅၊ ဇူလိုင် ၁၇ ရက်



Zaw Myint Aye
၂၀၁၅၊ ဇူလိုင် ၁၈


တချို့က ပြောတယ်၊

"တစ်ပူးရဲ့ CEO ကို လုပ်ကြံတာ အာဏာပိုင်တွေဘက်က ဆိုတာ မှန်ရင်..
သေနတ်နဲ့လုပ်ရမယ်၊ လေးဂွနဲ့ ကုန်း (Cone) ကိုပဲ သုံးတဲ့အတွက် သာမန်အဆင့်ပဲဖြစ်မယ်" ဆိုပြီးတော့ အကြောင်းပြ ကာကွယ်ကြတဲ့ နလပိန်းတုံးတွေ ရှိနေတယ်။

အဲဒီအချက်ကို ပြန်သုံးသပ်ချင်တယ်။

တစ်ပူးနဲ့တော့ ဘာမှ မပတ်သက်ပါဘူး။

ဒါပေမဲ့ ဒီအမှုဟာ ထူးခြားတာတွေ အရမ်းတွေ့ပြီး စိတ်ဝင်စားစရာကောင်းလွန်းလို့ မနေနိုင်မထိုင်နိုင် သုံးသပ်လိုက်ပါတယ်။

------------------------------

(၁)

အာဏာရှင်အနွယ်တွေသာ လုပ်ကြံချင်ရင် သေနတ်မသုံးနိုင်ဘူးတော့ မဟုတ်ဘူး၊ သူတို့ သေနတ်သုံးနိုင်တယ်။ ဒါပေမယ့် သေနတ်သုံးရင် ပြည်သူ့အမြင်က ပိုဆိုးသွားမယ်။ သူတို့တွေ ငါးလောင်းပြိုင်လူသတ်မှုမှာကတည်းက သင်ခန်းစာရသွားပြီလေ။

သာမန် ကိုပါကြီး ဖြစ်သလိုမျိုး ( တောထဲတောင်ထဲမှာ လက်လွန်ခြေလွန်ပုံစံနဲ့ လက်စတုံးလိုက်တာမျိုး)၊ မျက်နှာမွဲရှာတဲ့ သာမန်တောသူ ဒေါ်ခင်ဝင်းလိုမျိုး သေနတ်နဲ့ ပစ်သတ်လို့ မရဘူး။

ဒေါက်တာသန်းထွဋ်အောင်က မီဒီယာထဲမှာ ပေါက်ရောက်တဲ့ပုဂ္ဂိုလ်။ ပြီးရင် နိုင်ငံတကာမီဒီယာအချို့ကအစ သူ့မီဒီယာတွေနဲ့ နီးစပ်တာတွေရှိတယ်။ ပြီးတော့ စီးပွားရေးသမားလဲဖြစ်တယ်။

ပြီးရင် သေနတ်သုံးမယ်ဆိုရင် မီးခိုးကြွက်လျှောက် လိုက်လို့ရတယ်။ အာဏာပိုင်တွေနဲ့ ဆက်စပ်မှန်း သိမယ်။ ပြည်သူတွေ လုံခြုံမှုမရှိဘူး ဆိုတဲ့ အချက်နဲ့ နိုင်ငံရေးသိက္ခာကျမယ်။ နိုင်ငံတကာဖိအား ခံရမယ်။ ရွေးကောက်ပွဲကလဲ နီးနေပြီ ဆိုတော့ သေနတ်သုံးလို့က မဖြစ်ဘူး။

အဓိကက ပြည်သူတွေက အစိုးရကို အရမ်း အထင်သေးသွားမယ်။ အဲဒါကြောင့် သေနတ်သုံးမှာ မဟုတ်ဘူး။

နောက်တခုက သူ့ကို လုပ်ကြံတဲ့နေရာဟာ မြို့လယ်ခေါင်မှာ ဖြစ်တယ်။
ဒေါက်တာသန်းထွဋ်အောင် အသွားအလာကို စောင့်ကြည့်ရင်းနဲ့ ဓားနဲ့ကပ်ထိုးမယ် ဆိုရင်လဲ မဖြစ်နိုင်ဘူး။

ဒေါက်တာသန်းထွဋ်အောင် ပုံစံက ရုံးပေါ်ကဆင်း ကားပေါ်တက်၊ ကားစီးပြီး အိမ်ကိုသွား၊ အဲဒီလိုဖြစ်နေတော့ ဓားနဲ့ထိုးဖို့ အခွင့်အရေးနည်းတယ်။


----------------------------



(၂)

အဲဒါကြောင့် လေးဂွမှာ ကုန်း (Cone) လို့ခေါ်တဲ့ စက်ဘီး ဘီးမှာ တပ်တဲ့ သံတုံးငယ်လေးကို တပ်ပြီး ခေါင်းကို တေ့ပစ်တဲ့ နည်းကို အသုံးပြုတာဖြစ်တယ်။

လုပ်တာက အသေလုပ်တာ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက လုပ်ကြံတဲ့သူက (၅) ယောက်တောင်ရှိတယ်လို့ သိရလို့ပဲ။

ပြီးတော့ (၆) ချက် ပစ်သွားတယ်။

ပြီးတော့ လောက်စာလုံးကို မသုံးပဲ ကုန်း (Cone) ကို သုံးတယ် ဆိုကတည်းက ရည်ရွယ်ချက်က အဲဒီဘက်ကို ဦးတည်နေတယ်။

လေးဂွသမားတွေရဲ့ ဦးနှောက်နည်းလို့သာ ဒေါက်တာသန်းထွဋ်အောင် မသေတာ၊ ဒဏ်ရာမရတာ ဖြစ်တယ်။

လေးဂွသမားတွေဟာ လူလူချင်း တေ့ပစ်တဲ့ အတွေ့အကြုံ ရှိကောင်း
ရှိနိုင်ပေမဲ့ ကားမှန်နောက်ကလူကို ပစ်တဲ့ အတွေ့အကြုံ မရှိဖို့များတယ်။ ဘာလို့လဲဆိုတော့ သာမန်လူမိုက်တွေ ဖြစ်လို့ပဲ၊ ကားနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပုံမရဘူး။ သူတို့ဟာ ကားမှန်ကို ကုန်း (Cone) နဲ့ ပစ်လိုက်ရင် အလွှာလိုက် ကွဲကြေပြီး ကွာကျသွားမယ်လို့ ထင်နေတယ်။

သာမန် မော်ဒယ်မြင့်ဆလွန်းကားတောင်မှ ခဲတွေ ဘာတွေ မှန်ရင် မှန်က ချက်ချင်း ကြွေမကျတာတွေ၊ ကားမှောက်ရင် မှန်တွေ ကြွေမကျတာတွေ ရှိနေတာကို သူတို့ ထည့်မတွက်ထားပေမယ့် အများဆုံး နှစ်ချက်လောက်ပဲ
ပစ်ရလိမ့်မယ်လို့ သူတို့ ယူဆနေတယ်။

ကားချင်းက ဘေးချင်းယှဉ်နေပြီး အရမ်း ကပ်နေတဲ့အတွက် နှစ်ချက်ပစ်လို့ မှန်ကွဲသွားရင် လက်ယဉ်နေတဲ့ လေးဂွသမားတစ်ယောက်အဖို့ ၂ ပေအကွာက ခေါင်းကိုပစ်ဖို့ဆိုတာ ဘာမှ မခက်တော့ဘူး။

ကံကောင်းလို့။

ဒါပေမယ့် ဒေါက်တာသန်းထွဋ်အောင် စီးတဲ့ကားက သာမန် ဆလွန်းကား မဟုတ်ပဲ Lexus ကား ဖြစ်နေတယ်။ အဲဒီတော့ တကယ် ပစ်လိုက်တဲ့အချိန်မှာ Lexus ကားမှန်အမျိုးအစားက တော်ရုံနဲ့ မပေါက်ဘူး၊ ခြောက်ချက်ပစ်တာ အပေါက်တပေါက်ပဲ ဖြစ်သွားတယ်။

မှန်က ကား Accident တွေ ဖြစ်ရင် ယာဉ်မောင်းကို မှန်စတွေ မထိခိုက်အောင် လုပ်ထားတဲ့ မှန်အမျိုးအစားတစ်ခု ဖြစ်နေတယ်။

ဒီ Knowledge မျိုးက သာမန်လူမိုက်တွေမှာ ဘယ်လိုမှ မရှိနိုင်ဘူးလေ။
သူတို့ကို ကြိုးကိုင်ပြီး ခိုင်းတဲ့သူကိုယ်တိုင်တောင်မှ အဲဒီလောက် မသိလောက်ဘူး။

အဲဒီတော့ မှန်ကို သံတုံးငယ်နဲ့ ပစ်ရင် ကွဲမယ်လို့ ထင်တယ်။ ကွဲအောင်ပစ်ဖို့ ရည်ရွယ်လို့လဲ လောက်စာလုံးအစား Cone ဆိုတဲ့ သံလုံးငယ်ကို ယူလာကြတာ။

ကားမှန်က နှစ်လွှာထပ်နည်းပညာနဲ့ လုပ်ထားတဲ့ Laminated acoustic glass ဆိုတဲ့ အကောင်းစားကားမှန် ဖြစ်နေလို့သာ ဒေါက်တာသန်းထွဋ်အောင် ကံကောင်းသွားတာ။

အခုခေတ်မှာ ဖွတ်ဘဘတွေ စီးနေတဲ့ Lexus Lx-570 အချို့ဆိုရင် RIDA ကျည်ကာစနစ်တွေတောင် ပါနေပြီလားတောင် မသိပါ။ ကြောက်ကြတာကိုး။

------------------------------



(၃)

တကယ်ဆို ကုန်းသီး (Cone) ဆိုတာ သေနိုင်တယ်။ ခေါင်းတည့်တည့်ကို တစ်ချက်ထဲ ၁၀ ပေလောက်က ပစ်ရင်ကို ဆေးမမီနိုင်ဘူး။ အသံတိတ်လူသတ်လက်နက်တစ်ခု ဖြစ်တယ်။

အချုပ်ပြောရရင်တော့ ဒေါက်တာသန်းထွဋ်အောင်ကို သတ်တာတော့ သေအောင်သတ်တာ ဖြစ်ပါတယ်။ မှန်သာကွဲရင်တော့ တကယ်ထိခိုက်ပြီး ဒဏ်ရာပြင်းထန်ရင် သေသွားနိုင်တယ်။ အမှန်တကယ်ကို လုပ်ကြံတာလည်း ဖြစ်တယ်။

ရဲတပ်ဖွဲ့ဝင်များအနေနဲ့ ကျွန်တော်ပြောတဲ့ အချက်တွေကို မှီငြိမ်းကိုးကားလို့ ရပါတယ်။

သတိထားရမှာကတော့ ပါဝင်ပတ်သက်နေတဲ့ နောက်ကွယ်က လက်မဲကြီးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုထက်ထိ ဆက်စပ်တရားခံတွေကို မမိသေးတဲ့အပြင် ဖမ်းထားတဲ့ တရားခံ ၂ ယောက်သတင်းတောင် ၃ ရက်ကြာတဲ့အထိ ဘာမှ မထူးသေးလို့ပါပဲ။

ပြီးတော့ လုပ်ကြံမှုနဲ့ ပတ်သက်တဲ့ အဓိကတရားခံတွေကို ဖော်ထုတ်နေတုန်းပဲ ရှိသေးတယ်။ အင်ဒိုက ကောင်မလေးတစ်ယောက်ရဲ့ ဓာတ်ပုံကို အသုံးချပြီး ကေတီဗီဇာတ်လမ်းနဲ့ လူတွေကို အာရုံပြောင်းဖို့ ကြိုးစားတာ ကလည်း သာမန်ကိစ္စမဟုတ်တဲ့ အနေအထားပါပဲ။

ဒေါက်တာသန်းထွဋ်အောင်က "သူ့ကိုလုပ်ကြံတာဟာ နိုင်ငံရေးလုပ်ကြံမှု ဆိုရင် ဒေါ်စုအသက်ကိုတောင် စိုးရိမ်ရတယ်" လို့ ပြောတယ်။ ဒီစကားဟာ သူ့ဖာသာသူ စိုးရိမ်စိတ်နဲ့ ပြောတဲ့စကား ဖြစ်ပေမဲ့ ရည်ရွယ်ချက်ရှိတဲ့ အရိုးကိုက်လေးတွေကတော့ ဒေါက်တာသန်းထွဋ်အောင် ပြောတဲ့စကားကို
အသုံးအနှုန်းပြောင်းပြီး "နိုင်ငံတော်လုပ်ကြံမှု လို့ ပြောပါတယ်" ဆိုပြီး ဖွနေကြပြန်တယ်။

ပညာမတတ်ရင်တော့ အဲဒီလို စရိုက်လေးတွေနဲ့ပဲ ယဉ်ပါးနေကြအုံးမှာပါပဲ။


Pa Yit

မှီငြမ်း - Laminated auto glass ,
RDIA armored Vehicles for LX 570.


ပြည်သူ့ရဲများထံ အကြံဥာဏ် ပေးပို့ခြင်း



ခုစစ်အစိုးရကိုထောက်ခံတဲ့လူတွေ..အံ့ဩဖို့ကောင်းတယ်...

ကိုယ့်လူမျိုးတွေ ဒါလောက်..စုတ်ပြတ်သတ်ပီး..သူများတိုင်းပြည် လွင့်စင်ထွက်ပီး လုပ်ကိုင်စားသောက်နေရတာတောင်..လက်ခံပေးနေကြသေးတယ်..

ဥာဏ်ရည်မမှီတာလား....ဖားတာလား..ကောင်းစားနေတဲ့လူနည်းစုကိုကြည့်ပီး..အမြင်မကျယ်တာလား...

ကျုပ်တော့...မစဉ်းစားတတ်အောင်ဘဲ..ဗျာ...


လင်္ကာဒီပ ချစ်သူ


မြန်မာနိုင်ငံမှာ ထူးဆန်းတာက

၁။ ကောင်းကွက်မရှိတဲ့ အစိုးရ
၂။ အရှက်မရှိတဲ့ အစိတ်သား
၃။ လူစိတ်မရှိတဲ့ စစ်တပ်
၎။ အရည်အချင်းမရှိတဲ့ အမတ်
၅။ ဦးနှောက်မရှိတဲ့ မျိုးစောင့်
၆။ ကိုယ်ချင်းစာစိတ်မရှိတဲ့ ခရိုနီ
၈။ တရားမရှိတဲ့ တရားသူကြီး
၉။ သောက်ကျင့်မကောင်းတဲ့ ရဲ
၁၀။ ဥပဒေ မဟုတ်တဲ့ စာအုပ်ကြီး

လုပ်လို့ တိုင်းပြည် ပျက်စီးသွားတာကို
နောက် ၅ နှစ် ထပ်အုပ်ချုပ်ဖို့ ထောက်ခံတဲ့သူ ရှိတာ အံ့ဖွယ်ပါ။

စိုင်း ညီညီ



သိန်းစိန် အစိုးရလက်ထက် ခိုးဝှက်မှုမှာ နာမည်ကျော်ပြီး တာဝန်သိမှု မရှိတဲ့ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်တွေကတော့ -

... စစ်ကိုင်းက သာအေး
... ရန်ကုန်က မြင့်ဆွေ
... ရခိုင်က မောင်မောင်အုန်း
... ဧရာဝတီတိုင်းက သိန်းအောင်
... ပဲခူးတိုင်းက ဉာဏ်ဝင်း


အဲဒီ စားဖားတွေ အကုန်လုံး စစ်တပ်က လာတဲ့ ကောင်တွေကြီးပဲ။ ဒေါ်စိန်အေး ကျောင်းဆင်းတွေ။

... ဒါတောင် အခြား ကောင်တွေ ခိုးဝှက် စားသောက်တာ သတင်းတွေထဲ သိပ်မပါသေးလို့။ ကျန်တဲ့ ကောင်တွေလည်း စာရိတ္တပိုင်း ကောင်းမယ့်ပုံ ရှိမယ် ထင်လား။ မသေချာဘူး။ ခိုးတာ မသိသေးလို့သာပဲ ရှိမယ် ထင်တယ်။


ဝန်ကြီးပိုင်းရော ကြည့်ဦးမလား ...

.. ပြန်ကြားရေး ရဲထွဋ် (ပုံနှိပ်စက် ကိစ္စ၊ အိမ်ဝယ်တဲ့ ကိစ္စ လူသိရှင်ကြား၊ သူ့မိန်းမကဒေါ်စုကို စော်ကားလို့ တောင်းပန်ရသေးတယ်။) ၊

.. သမဝန်ကြီး ဂျပုကျော်ဆန်း ။ (တရုတ်ပြည်က အတိုးကြီးကြီး ငွေချေးပြီး လူတွေကို ပြန်ချေးမယ် ဆိုပဲ။) ၊

.. လယ်ဆယ် မြင့်လှိုင်

.. မွေးရေ အုန်းမြင့်


ဝန်ကြီးဌာနတွေ အရှုံးပေါ်၊ စာရင်းပျောက်တွေ ဆိုတာ လွှတ်တော်မှာ ပြောနေကျ စကားလိုဖြစ်နေပြီ။

ဒီကောင်တွေရဲ့ မိုက်ရိုင်းပုံ၊ ခိုးဝှက်ပုံတွေကလည်း လူသိရှင်ကြားရယ်။

ဒါကိုတောင် ... သိန်းစိန်ကို သမ္မတ ထပ်ခန့်ချင်တဲ့ ကောင်တွေ၊ ဘုန်းကြီးရူးတွေ ရှိနေသေးတယ်။

အံ့သြလို့ သေလောက်တယ်။



ကိုထိုက်


Thant Htike

သိန်းစိန်လက်ထက် နာမည်ကျော် သူခိုးအကြီးစား ဝန်ကြီးချုပ်သူခိုးများနှင့် ဝန်ကြီးသူခိုးများ



ကိုထိုက်
၁၉-၁၁-၁၅ ရက်


... ရန်ကုန်မြို့လယ်ခေါင် လူမြင်သူမြင် နေရာမှာတောင် ... လူမမယ် အရွယ်လေးကို ဒီလောက် ညှဉ်းပန်း နှိပ်စက်တာ ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ အသိုင်းအဝိုင်း


.. ကိုပါကြီးကို စစ်တပ်ထဲမှာ သတ်ပစ်တာ


.. ကချင်ဆရာမလေး နှစ်ယောက် ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ခံရတာ


.. တိုင်းရင်းသူတွေ မုဒိန်းကျင့်သတ်ခံရတာ


.. အသက် ၆၀ ဝန်းကျင်ရှိတဲ့ အဘွားအိုကိုတောင် မုဒိန်းကျင့်တာ


မထူးဆန်းတော့သလိုပဲ။

ကျက်သရေ အင်မတန် တုံးတဲ့ သတ္တဝါတွေ ..



.. မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူသားတွေ ဘယ်က ထွက်လာသလဲ ကြည့်လိုက် ...

.. ပြေးကြည့်စရာ မလိုဘူး

.. စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ။



.. "စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတာ - မြန်မာ့တပ်မတော်" ...

.. "ခိုးဝှက် အာဏာမက်တဲ့ နေရာမှာ စည်းလုံးတာ - မြန်မာ့တပ်မတော်" ...

ဆိုပြီး ဆောင်ပုဒ် ပြောင်းရတော့မယ်။



ကိုထိုက်

မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူတွေက စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ



ကိုထိုက်
၁၉-၁၁-၁၅ ရက်


... ရန်ကုန်မြို့လယ်ခေါင် လူမြင်သူမြင် နေရာမှာတောင် ... လူမမယ် အရွယ်လေးကို ဒီလောက် ညှဉ်းပန်း နှိပ်စက်တာ

ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ စစ်တပ်အသိုင်းအဝိုင်း



အဲဒီလို စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတဲ့ စစ်တပ်က -


.. သတင်းထောက် ကိုပါကြီးကို စစ်တပ်ထဲမှာ သတ်ပစ်တာ


.. လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဒေသခံ ဒေါ်ခင်ဝင်းကို ပစ်သတ်တာ


.. ကချင်ဆရာမလေး နှစ်ယောက်ကို ရက်ရက်စက်စက် မုဒိန်းကျင့်ပြီး သတ်ပစ်တာ


.. တိုင်းရင်းသူတွေကို မုဒိမ်းကျင့်ပြီး သတ်ပစ်တာ


.. အသက် ၆၀ ဝန်းကျင်ရှိတဲ့ အဘွားအိုကိုတောင် မုဒိမ်းကျင့်တာ


ဆိုတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်တာ မထူးဆန်းတော့သလိုပဲ။

ကျက်သရေ အင်မတန် တုံးတဲ့ သတ္တဝါတွေ ..




.. မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူသားတွေ ဘယ်က ထွက်လာသလဲ ကြည့်လိုက် ...

.. ပြေးကြည့်စရာ မလိုဘူး

.. စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ။



.. "စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတာ -- မြန်မာ့တပ်မတော်" ...

.. "ခိုးဝှက် အာဏာမက်တဲ့ နေရာမှာ စည်းလုံးတာ -- မြန်မာ့တပ်မတော်" ...

ဆိုပြီး ဆောင်ပုဒ် ပြောင်းရတော့မယ်။




ကိုထိုက်

မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူတွေက စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ



Aung Naing Moe
၂၄-၁၁-၁၅ ရက်


အပြင်စီးပွားရေးလုပ်ငန်း လုပ်တာမဟုတ်ဘဲ အစိုးရဝန်ထမ်းသက်သက် လုပ်ပြီး မတန်တဆ ကြီးပွားချမ်းသာပြီဆိုရင် အဲဒါ တိုင်းပြည်ဘဏ္ဍာကို ခိုးစားလို့ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အကျင့်ပျက် လာဘ်စားလို့ပဲ။

သိန်း သောင်းချီတန်တဲ့ အိမ်မှာနေနေ၊ အဲဒီထက် တန်ဘိုးကြီးတဲ့ စံအိမ်တော်မှာနေနေ သူခိုးကတော့ သူခိုးပါပဲ။

လွတ်လပ်တဲ့တနေ့မှာ အဲဒီဝန်ထမ်းသူခိုးတွေကို ပြန်လည်ဖော်ထုတ်ပြီး ခိုးထားတဲ့စည်းစိမ်တွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် ပြန်သိမ်းသင့်တယ်။

အမျိုးသားရင်ကြားစေ့ရေးဆိုပြီး ဒီအတိုင်း လွှတ်မပေးသင့်ဘူး။


အောင်နိုင်မိုး


တိုင်းပြည်ဘဏ္ဍာကို ခိုးစားတဲ့၊ ဒါမှမဟုတ် လာဘ်စားတဲ့ ဝန်ထမ်းသူခိုးတွေကို ပြန်ဖော်ထုတ်ပြီး ခိုးထားတဲ့စည်းစိမ်တွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် ပြန်သိမ်းသင့်တယ်

ဗိုလ်ချူပ်အောင်ဆန်း ပြောဖူးသလိုပေါ့...

ရိုင်းရိုင်းလေး ထောက်ပြမှ သိတဲ့ ဗမာလူမျိုးတွေရဲ့ သောက်ကျင့်ကြောင့် ရိုင်းရိုင်းလေး ထောက်ပြတာပါ...

ဗမာလူမျိုးတွေဟာ နှစ်ပေါင်း ၅၀ ကျော် စစ်ခွေးအကိုက်ခံလာရတာတောင် စစ်ခွေးတွေက ကုလားနဲ့ ရောကြိတ်လိုက်တော့ ခွေးကိုက်ဒဏ်ရာတွေက အလိုလိုပျောက်ပီး ((အဘ.. အဘ..)) ဖြစ်ကုန်ကြတာပဲကြည့်...