မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၁-၂)


စာမြည်း 
အဖွဲ့ရဲ့သုံးပုံတပုံ သောလူဉီးရေ  ဉက္ကဌအပါအဝင် လူပေါင်းအယောက်တရာ နီးပါးလောက် ဘာကြောင့်  ရေလှိုင်းအသွင် အလုံးအရင်းနဲ့ကို ထောက်လှမ်းရေးတွေ ဖြစ်ကုန်ခဲ့ကြရတာဘာကြောင့်ပါလဲ။”
 ဒီမေးခွန်းကို “ရေလှိုင်းစစ်ဆင်ရေးက ငါလုပ်ထားတာ”ဆိုတဲ့ နန်းအောင်ထွေးကြည် ဘယ်လိုများ ဖြေမှာပါလဲ။
 ပါးစပ်ထဲတွေ့ရာ လျှောက်ပြောခဲ့တာမှန်ရင် ပေးထားတဲ့ ခေါင်းစဉ်နဲ့ ထွက်လာတဲ့ရလဒ်တွေဟာ ကိုက်ညီနေဖို့မရှိပါဘူး။တလွဲတချော်တွေ ကမောက်ကမတွေပဲ ဖြစ်နေကြရမှာပါ ။



ကျမရေးသမျှ ကျမရဲ့ဖြတ်သန်းမှု့၊ ကျမရဲ့ ကိုယ်၊ စိတ်၊ နှလုံး၊ သုံးပါးနဲ့သာ ဖြစ်ပြီး ဖြစ်ပျက်ခဲ့သည့်အကြောင်းအရင်း အစစ်အမှန်ကိုသာ ရှာလို၍ ဖြစ်ပါကြောင်း ။

ကိုမောင်မောင်က မေးတယ်။”ဒီလောက်လူတွေအများကြီး ထောက်လှမ်းရေးတွေ ဖြစ်နိုင်ပါ့မလား”တဲ့။
ကျမမေးချင်တာက” ဒီလောက်လူတွေအများကြီး ဘယ်လိုအကြောင်းတွေကြောင့် ထောက်လှန်းရေးတွေ ဖြစ်ကုန်ခဲ့ကြရတာလဲ ။”
အားလုံးပဲ ဝိုင်းဝန်းစဉ်းစား ကြည့်ကြရအောင်ပါ။

အပတ်စဉ်(၅)ဆန္ဒပြပွဲမှာ တိုက်ပိတ်ဉီးဆောင်ခဲ့တဲ့ကိစ္စ၊ တိုက်ပိတ်ကြောင့် ဒေါ်အောင်ဆန်းဆု ကြည် တောတွင်း ဆက်သွယ်မှု့နဲ့ ပထမဆုံးတရားစွဲခံခဲ့ရတဲ့ကိစ္စ ၊ တောထဲမှာ တိုက်ပိတ်တို့ နန်းအောင်ထွေးကြည်တို့ ရိုက်ထားတဲ့ဓါတ်ပုံတွေ မြက်ခင်းသစ်မှာ ပါလာ တဲ့ကိစ္စ ၊ ဉီးစီးလွမ်းမိုး အဖမ်းခံရချိန်မှာ နန်းအောင်ထွေးကြည်ရဲ့ နားထင်ကို ပစ္စတိုနဲ့ ထောက်ပြီး အချိန်ခံခဲ့ရတဲ့ကိစ္စ၊  ရဲမေ တယောက်နဲ့ ပတ်သက်ပြီး ရဲဘော်ကောင်းတယောက် ဆုံးရှုံးသွားရတဲ့ပြသနာတခုကို ပိုပြီးကြီးသွားအောင် နန်းအောင်ထွေးကြည် ပါဝင် ပုံကြီးချဲ့ခဲ့တဲ့ ကိစ္စတွေအပါအဝင် တိုက်ပိတ်၊ နန်းအောင်ထွေးကြည်တို့အုပ်စုဟာ သူတို့ရဲ့နေထိုင်ပြုမူပြောဆို လုပ်ကိုင်ခဲ့ကြ ပုံတွေအရကို တောထဲ စရောက်လာကတည်းက သံသယဖြစ်ခြင်း ခံခဲ့ကြရပါတယ်။

ဒါကို တိုက်ပိတ်၊ နန်းအောင်ထွေးကြည်၊  မခင်ချိုဉီးတို့ ကိုယ်တိုင်လည်း သိနားလည်သဘော ပေါက်နေခဲ့တဲ့အတွက် နောက်ပိုင်းမှာ ခပ်အေးအေး ခပ်ကုပ်ကုပ်သာ နေထိုင်ခဲ့ကြပါတယ်။

(အဲဒီကတည်းက သံသယရှိခဲ့တယ်ဆိုတာ မြို့ကယူဂျီ ကိုညီညီဆမားရဲ့ နန်းအောင်ထွေးကြည် တို့ကို မဖမ်းဖို့ ရာဇဒဏ် ပေးခဲ့တယ် ဆိုတဲ့ ရေးသားချက်ကို ပြန်ရှာဖတ်ပါ။) အဲဒီတုန်းက သူတို့ကို ဖမ်းဆီးတာမျိုး မလုပ်ခဲ့သလို ဒီအဖြစ်အပျက်တွေ မဖြစ်သေးခင်ထိ ရဲဘော်ရဲမေလိုပဲ ဆက်ဆံခဲ့ကြပါတယ်။ ကျောင်းသားရဲမေဘဝတုန်းက သူဘယ်လို ပျော်မွေ့ခဲ့ရပုံတွေကို နန်းအောင်ထွေးကြည် ကိုယ်တိုင် ရေးထားတဲ့စာတွေအရ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။

စတင်အဖမ်းခံရတဲ့ စိုးမင်းအောင်(မန္တလေး)ကလည်း ဒါတွေဖြစ်ခါနီးအလိုမှ မိုးညှင်းရင်း(၅) လမ်းကြောင်းအတိုင်း ရောက်ရှိလာတဲ့ လူသစ်တဉီးပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရင်း(၅) ဘက်မှာ နအဖထိုးစစ်က ခါတိုင်းနဲ့မတူပဲ ပိုပြီးပြင်းထန်လာတယ်။ ဆန်ဂိုဒေါင်တွေ ရန်သူ့ လက်ထဲရောက်သွားတယ်၊ ရဲဘော်တွေ ငတ်ကြပြတ်ကြဖျားကြနာကြသေကြတယ်။ လမ်းတလျှောက် သစ်ပင်တွေမှာ လမ်းပြထားတဲ့ အမှတ်လက္ခဏာတွေ ရှာတွေ့ခဲ့ကြတယ်။  စောင့်ကြည့်တော့ စိုးမင်းအောင်ကို သံသယဖြစ်စရာ အနေအထားမျိုးတွေနဲ့ တွေ့ရတယ်။

ဗန်းမော်ရင်းကတဆင့် ရင်းမှူးသိုက်ထွန်းဉီး အရံရဲဘော်အနေနဲ့ စိုးမင်းအောင် ဗဟိုကိုရောက် လာတယ်။ ရှစ်လေးလုံးမတိုင်ခင် စစ်သင်တန်းတက်ဖို့ ဗဟိုကနေ နောင်ရာဘာကို လွတ်လိုက် တဲ့ အချိန်မှာ ထွက်ပြေးခဲ့တယ်။ ပြန်လိုက်ဖမ်းပြီး ဗန်းမော်ရင်းကို ခေါ်သွားခဲ့တယ်။ သူ့ရဲ့အလုပ် က ရှိပြီးသားလူတွေကို ချိပ်ဆက်ပေးရတဲ့တာဝန်သာဖြစ်လို့ သူ့အလုပ်ပြီးသွားလို့ ပြန်တာပါလို့ ထွက်ဆိုခဲ့တယ်။

ဗဟိုမှာရှိတဲ့ကျောင်းသားထောက်လှမ်းရေးအဖွဲ့ မရောက်ခင် စိုးမင်းအောင်ကို အရင်ဆုံး ရိုက်နှက်စစ်ဆေးမေးမြန်းထားတဲ့ သူတွေက ဗန်းမော်ခရိုင်မှူးကိုညီညီကျော်(ခ) ကျော်ကြီး (အေဘီ၊မန္တလေး) ပါမပါတော့မသိ ဗန်းမော်ခရိုင်မှာ တာဝန်ရှိနေသူတွေ အရင်စစ်ဆေးမေးမြန်း ခဲ့ကြတာပါ။ (ကျောင်းသားထောက်လှန်းရေးတွေနဲ့အတူ လိုက်ပါသွားတဲ့ရဲဘော်တယောက် ကတော့” ပါတယ် သူတို့ကိုယ်တိုင် စစ်ကြတာပဲ၊ ကျွန်တော်တို့ ရောက်သွားတော့ ခြေထောက်တဘက်တောင် မီးရှို့ထားလို့ ပုတ်ပြီး တော်တော်အခြေ အနေဆိုးနေပြီ”လို့ ပြောခဲ့ပေမဲ့ ကာယကံရှင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။) အဲဒီကတဆင့် ဇာတ်လမ်းက ဗဟိုထိ ဆက်ရောက်လာခဲ့တာပါ။

နန်းအောင်ထွေးကြည် (ရန်ကုန်)၊ မခင်ချိုဉီး(ရန်ကုန်၊သေဆုံး)၊ သက်နိုင်(ရန်ကုန်၊သေဆုံး)၊ အောင်ဖိုး(ရန်ကုန်၊ လူသစ်၊သေဆုံး)၊ ရန်အောင်(မန္တလေး၊သေဆုံး)၊ ကိုကျော်ဝေ(မန္တလေး၊ လူသစ်၊သေဆုံး)၊ ကိုကျော်ဌေး(မန္တလေး၊လူသစ်၊သေဆုံး) တို့ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေ တဲ့အချိန် ဉက္ကဌကိုထွန်းအောင်ကျော်(မန္တလေး) ၊ ဗဟိုကော်မတီဝင် ကိုညီညီကျော် (ခ) ကျော်ကြီး (အေဘီ)(မန္တလေး)၊ ဗဟိုကော်မတီဝင် ကိုရဲလင်း(ရန်ကုန်)တို့ အာဏာလက်ရှိနဲ့ ဗဟိုမှာပဲရှိနေ မြင်နေ ကြားနေကြတဲ့အပြင် ကိုညီညီကျော်၊ ကိုရဲလင်းတို့ကိုယ်တိုင်လည်း တချို့လူတွေကို စစ်ဆေးမေးမြန်းခဲ့တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။
နန်းအောင်ထွေးကြည်ရဲ့ ထွက်ဆိုချက်တွေကိုတောင် ဉက္ကဌကိုထွန်းအောင်ကျော်ကတဆင့် ကိုညီညီကျော်၊ ကိုရဲလင်းတို့ သိရကြားရနိုင်တဲ့အပြင် သူတို့အချင်းချင်းကြားမှာ  အမြင်ချင်း ဖလှယ်ပြောဆိုခဲ့တာတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ အဲဒီတုန်းက ဘယ်သူမှ မတားမြစ်ခဲ့ကြတာ ဉက္ကဌကိုထွန်းအောင်ကျော်၊ ကိုညီညီကျော်၊ ကိုရဲလင်းတို့ကိုယ်တိုင် နန်းအောင်ထွေးကြည် အပါအဝင် အဲဒီလူတွေကို ထောက်လှမ်းရေးအဖြစ် ယုံကြည်လက်ခံခဲ့ကြလို့ မဟုတ်ရင် ဘာကြောင့် တာဝန်ယူ မတားမြစ်ခဲ့ကြ ပါသလဲ။

“ရန်အောင်က မဖြစ်နိုင်ပါဘူး”လို့ ကျမသွားပြောတုန်းက   ဉက္ကဌကိုထွန်းအောင်ကျော်ရော ဗဟိုကော်မတီဝင် ကိုညီညီကျော် (ခ) ကျော်ကြီး (အေဘီ) ကိုယ်တိုင်ပါ “ရန်အောင်က ဟုတ်တယ်၊ မြို့မှာကတည်းက ငါတို့နောက်ကိုလိုက်ရင် သူဘယ်လောက် ဘယ်လောက် ရတယ်”လို့ ကျမကိုဖြေခဲ့တယ်ဆိုတာ ကျမရေးခဲ့ပြီးသားပါ။

ဒါက ဘာကိုပြနေသလဲဆိုရင်ဲ ဉက္ကဌအပါအဝင် မြောက်ပိုင်းဗဟိုကော်မတီဝင်တွေအားလုံး သဘောတူလုပ်ခဲ့ကြတဲ့ ကိစ္စတွေဖြစ် တယ်၊ ဒါတွေကို စစ်ရေးဘက်မှာ တာဝန်ရှိသူတွေက ဉီးဆောင်ဖြေရှင်းရတဲ့ တပ်အစဉ်အလာအတိုင်း နောက်တန်းလုံခြုံရေးကို တာဝန်ယူထားတဲ့ ဒုစစ်ဉီးချုပ်ကိုမျိုးဝင်းက တာဝန်ယူဉီးဆောင်ခဲ့တယ်။  လုပ်ခဲ့ကြတဲ့ အဲဒီအချိန်တုန်းက “ ဒါတွေဟာ မဖြစ်နိုင်ဘူး ထင်တယ်”လို့ တားမြစ်ခဲ့ကြတာမျိုး  ရဲဘော်ရဲမေတွေ ယုံကြည်လို့ ရွေးခြယ်တင်မြောက်ထားခဲ့တဲ့ ဘယ်ဗဟိုကော်မတီဝင် လူကြီး ဆီကမှ မကြားမိခဲ့တာ အမှန်ပါ။

လူကြီးတွေအားလုံး ဒါကို အဟုတ်ကြီး မှတ်ပြီး ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်ဆောင်ရွက်နေကြ သွားလာနေကြတာတွေကို တွေ့မြင်နေခဲ့ရသလို တခါတလေ ကေအိုင်အေဘက်က ထောက် လှမ်းရေးအရာရှိတွေလည်း ရောက်လာတတ်ကြပါတယ်။ ထောက်လှမ်းရေးတွေလို့ အမှန် တကယ်ယုံကြည်ခဲ့အတွက် ဖြစ်စဉ်တလျှောက်လုံး မှတ်တမ်းတွေယူ၊ ဓါတ်ပုံတွေ၊ ဗွီဒီယို မှတ်တမ်းတွေလည်း  ရိုက်ခဲ့ကြပါတယ် (ထုတ်ရှိုးထားတဲ့ ဗွီဒီယိုအခွေကို ဆိုလိုခြင်းမဟုတ်)။ သတင်းထောက်တွေအပြင် ဒါတွေနဲ့ပတ်သက်ပြီး တစုံတရာ မေးမြန်လာတာမျိုးတွေရှိခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားတဲ့လူတချို့ရဲ့မိဘတွေကို တောထဲခေါ်ရှင်း ပြခဲ့ကြခြင်းလည်း ဖြစ်ပါ တယ်။ ရဲဘော်ရဲမေ အများစုကတော့ ဟုတ်လို့မှန်နေလို့သာ လူကြီးတွေ လုပ်နေကြတာဖြစ် မယ်လို့ပဲ ထင်မြင် ယူဆခဲ့ကြပါတယ်။

ဒီဆောင်းပါးမှာ ကျမအဓိကဆွေးနွေးချင်တာက နန်းအောင်ထွေးကြည်ရဲ့ နာမည် ကျော် ရေလှိုင်းစစ်ဆင်ရေး။
                                         “ရေလှိုင်းစစ်ဆင်ရေး ဆိုတာလေ အဲဒါ ငါလုပ်ထားတာ။ ငါ သံချောင်းကို ဝတ္ထုတပုဒ်ရေးပေး လိုက်တာ”နန်းအောင်ထွေးကြည်ကိုယ်တိုင် ပြောခဲ့ ဝန်ခံခဲ့တဲ့စကား။



အပိုင်း (၂)

အဲဒီတော့ “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့နာမည်ဟာ ကျောင်းသားထောက်လှမ်းရေးအဖွဲ့က လူတွေက” ဟုတ်တယ်”လို့ဝန်မခံမချင်း ရိုက်နှက် လိုင်းတင်ပေးထား လုပ်ထားခဲ့တဲ့နာမည် မဟုတ်ဘူး၊ စတင်အဖမ်းခံခဲ့ရတဲ့ စိုးမင်းအောင်ပြောသွားခဲ့တဲ့ နာမည်လည်း မဟုတ်ပါဘူး။ နန်းအောင်ထွေးကြည် အဖမ်းခံရတဲ့ အချိန်ကျမှ “သူ လုပ်ထားတာပါ “လို့ “သူကိုယ်တိုင် ဝန်ခံထားတဲ့အတွက်” သူပေးထားခဲ့တဲ့နာမည်။

မြန်မာစာ မြန်မာစကားတတ်သူတိုင်း “ရေလှိုင်း”ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ကောင်းကောင်း နားလည်ပါလိမ့်မယ်။”အင်နဲ့အားနဲ့ အလုံးအရင်းနဲ့ ရိုက်ခိုက်ဖြိုခွဲတတ်တဲ့သဘော”။

ဘာကြောင့် “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့အမည်ကို နန်းအောင်ထွေးကြည်  ပေးခဲ့ပါသလဲ။

“ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့နာမည်ကိုလည်း ငါအသားအနာမခံနိုင်တော့လို့ ကြားဖူးနားဝရှိတဲ့ ပါးစပ်ထဲတွေ့ရာအမည်ကို ငါလျှောက်ပြောခဲ့တာပါ”လို့ အသားနာခဲ့ရတာကိုပဲလွဲချ နှစ်သိမ့် ပြောပြောလာရင် ကိုယ်ချင်းစာ နားလည်မှု့အပြည့်နဲ့ လက်ခံပေးလိုက်ပါ့မယ်။

ဒါပေမဲ့ နောက်ထပ် မေးခွန်းတခုတော့ ထပ်မေးရပါလိမ့်မယ်။

“ဒါဆို မင်းပါးစပ်ထဲတွေ့ရာ လျှောက်ပေးခဲ့ လုပ်ခဲ့တဲ့ “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့ နာမည်နဲ့ ရော အဓိပ္ပါယ်နဲ့ပါ တထပ်တည်း ထပ်တူကျအောင် ကိုက်ညီသွားခဲ့ရတဲ့အထိ အဖွဲ့ရဲ့သုံးပုံတပုံ သောလူဉီးရေ  ဉက္ကဌအပါအဝင် လူပေါင်းအယောက်တရာ နီးပါးလောက် ဘာကြောင့်  ရေလှိုင်းအသွင် အလုံးအရင်းနဲ့ကို ထောက်လှမ်းရေးတွေ ဖြစ်ကုန်ခဲ့ကြရတာပါလဲ။”

ဒီမေးခွန်းကို “ရေလှိုင်းစစ်ဆင်ရေးက ငါလုပ်ထားတာ”ဆိုတဲ့ နန်းအောင်ထွေးကြည် ဘယ်လိုများ ဖြေမှာပါလဲ။

ပါးစပ်ထဲတွေ့ရာ လျှောက်ပြောခဲ့တာမှန်ရင် ပေးထားတဲ့ ခေါင်းစဉ်နဲ့ ထွက်လာတဲ့ရလဒ်တွေဟာ ကိုက်ညီနေဖို့မရှိပါဘူး။
တလွဲတချော်တွေ ကမောက်ကမတွေပဲ ဖြစ်နေကြရမှာပါ ။

လက်တွေ့မှာ နန်းအောင်ထွေးကြည်လုပ်ခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး”ခေါင်းစဉ်နဲ့ ရဲဘော်ရဲမေတွေ တပုံတခေါင်းကြီး ရေလှိုင်းအသွင်နဲ့ကို ထောက်လှန်းရေးတွေ ဖြစ်သွားခဲ့ကြရတဲ့ အခြေအနေရလဒ်က ညီမျှခြင်းချကြည့်လို့ရနေပါတယ်။

ဖြစ်ပျက်ခဲ့တဲ့အကျိုးရလဒ်တွေဟာ နန်းအောင်ထွေးကြည် လုပ်ခဲ့တဲ့ အကြောင်းအရာခေါင်းစဉ်နဲ့အညီကို ဖြစ်ပျက်သွားခဲ့ကြတာ တွေပါ။

နန်းအောင်ထွေးကြည် ပါးစပ်ထဲက တွေ့ရာလျှောက်ပြောခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ အမည်နာမအတိုင်း ဘာကြောင့် အရာအားလုံးဟာ အံဝင်ခွင်ကျ ဖြစ်ပျက်သွားခဲ့ကြရ ပါသလဲ။

“ရေလှိုင်းစစ်ဆင်ရေး”လို့ နန်းအောင်ထွေးကြည်ထုတ်ပြောလိုက်တာနဲ့ -------။

ရေလှိုင်းစစ်ဆင်ရေးဆိုတာဘာလဲ။

ဘယ်လိုပုံစံမျိုးလဲ။

ဘာတွေလုပ်ကြဖို့ အစီအစဉ်ရှိနေလဲ။

ဒီမေးခွန်းတွေကို နန်းအောင်ထွေးကြည် ဘယ်လိုဖြေခဲ့ ပါသလဲ။

ကိုသံချောင်းကို သူရေးပေးလိုက်ပါတယ်ဆိုတဲ့ ဝတ္ထုဇာတ်ညွန်းက ဘယ်လိုပုံစံမျိုးလဲ။

“ရေလှိုင်းစစ်ဆင်ရေးဆိုတာ---။ ဘယ်သူတွေလဲတော့ ကျမ မသိဘူး၊ ဒါပေမဲ့ စစ်ဆင်ရေး ဆိုတော့ လူအတော်များများတော့ ရှိနေလိမ့်မယ်။ ဒေသတခုစီမှာ လူတယောက်စီတော့ရှိနိုင်တယ်၊ အဲဒီတယောက်စီမှာ အနည်းဆုံး သူ့အဆက်အသွယ် ငါးယောက်လောက်တော့ အကြမ်းဖျဉ်း ရှိတယ် ။ ကျမအဆက်အသွယ်တွေကတော့ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း၊ ကိုရဲလင်း၊ ကိုညီညီကျော်၊ ကေအိုင်အေဘက်မှာက မမညို၊ မမနှင်းမေတို့”လို့ သူပြောခဲ့၊ဖြေခဲ့ပါသလား။ ဒါကြောင့် လူတယောက်ကို ဖမ်းမိတိုင်း နောက်ထပ်လူငါးယောက် နာမည်မရမချင်း ရိုက်စစ် ခဲ့ကြတာလား။

ဒါပေမဲ့ ကြောင် (ခ) ကိုကျော်နိုင်ဉီး(သယာဝတီ)ပြောခဲ့တယ်။ သူကတော့ တယောက်မှ ဆွဲမထည့်ခဲ့ဖူးလို့ ဆိုပါတယ်။ ကိုညီညီကျော်ကတော့ ငါးယောက်အနည်းဆုံး ဆွဲထည့်ရတယ်လို့ ဆိုပါတယ်။ သူတို့ အချင်းချင်းကြားမှာကို ကွဲလွဲနေပါတယ်။

နန်းအောင်ထွေးကြည် ပြောခဲ့ဖူးသလို “သူ့အထက်က ဗိုလ်ကြီးက တိုက်ပိတ်(ခ) သန်းထွန်းစိုးပါ”ဆိုပြီး အားလုံးကို ထွက်ပြေးသွား တဲ့ သန်းထွန်းစိုးအပေါ်ပဲ အကုန်လွဲချခဲ့တယ်။” ဆိုတဲ့ စကားအရ ထည့်ပေါင်းရရင် နန်းအောင်ထွေးကြည် ဆွဲထည့်ခဲ့တာ ငါးယောက် မကပါ။ သူ့အထက်က ဗိုလ်ကြီးက တိုက်ပိတ်ပါလို့ဖြေခဲ့တယ်လည်းပြောတယ်။ သူတို့ပေးထားတဲ့ ရာထူးအရ နောက်ထပ် ( ဗိုလ်မှူးလား ဗိုလ်ကြီးလားတော့ ကျမ မသိ။ ဒါတွေက အခုချိန်မှ သူတို့ဘာသာ သူတို့ထုတ်ပြောလာလို့သာ ကျမတို့ရဲဘော်ရဲမေ အများစုက သိခဲ့ရတဲ့အရာတွေ ) အဆင့်ရှိတဲ့ ဉက္ကဌ ကိုထွန်းအောင်ကျော်ကိုလည်း ငါပဲဆွဲထည့်ခဲ့တာ ပြောခဲ့ပြန်တယ်။

သူပြောတဲ့စကားအရဆို သူ့အထက်မှာ အရာရှိက နှစ်ယောက်တောင် ဖြစ်နေပြီး သူက တော်တော်လေးအရေးပါခဲ့တဲ့ အနေအထား မျိုးကနေ ထွက်ဆိုထားခဲ့တာကို တွေ့မြင်နိုင်သလို  မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့စဉ်ကလည်း သူကအဓိကကျတဲ့ ဇာတ်ဆောင် မင်းသမီးတယောက်လည်း ဖြစ်ခဲ့ပါတယ်။

ကေအိုင်အေအဆောင်မှာ ကျမသူ့ကိုသွားတွေ့တုန်းက “ကိုယ်မလုပ်ပဲနဲ့ ဘာတွေလုပ်သလဲ မေးရင် ဘယ်လိုလုပ်ဖြေမလဲ”ဆိုတဲ့ ကျမရဲ့မေးခွန်းကို  နန်းအောင်ထွေး ကြည် ဒီလိုဖြေခဲ့တယ်။

“အဲဒါက ငါတို့တယောက်နဲ့တယောက်မတူဘူး။ လိုင်းတွေခွဲထားတယ်။

၁။ ရဲဘော်နဲ့လူကြီးတွေကြား ရဲဘော်အချင်းချင်းကြား သွေးခွဲပေးတာကတလိုင်း (အပတ်စဉ်(၅)ဆန္ဒပြပွဲမှာ ဒီနည်းကိုသုံးပြီး တိုက်ပိတ်ဉီးဆောင်ခဲ့တယ်။ အဲဒီအပတ်စဉ်(၅) ဆန္ဒပြပွဲကိုပဲ  ပြန်လည်အသုံးချဖြေထားခြင်း) ၊

၂ ။ဉီးဆောင်တဲ့နေရာတွေ ရအောင်ယူပြီး ကိုယ်လိုချင်တဲ့ဘက်ကို ခေါ်သွားမှာကတလိုင်း (အပတ်စဉ်(၅)ဆန္ဒပြပွဲကတဆင့် ကိုထွန်းအောင်ကျော်အပါအဝင် ရန်ကုန်မန္တလေးကလူ အတော်များများ ဗဟိုကော်မတီဖြစ်လာကြခြင်းကို ဆွဲထည့်ဖို့ခိုင်လုံလောက် တဲ့အကြောင်းပြချက်အဖြစ်နဲ့ ပြန်လည်အသုံးချဖြေထားခြင်း၊ အသားအနာမခံနိုင်လို့ ရှာကြံဇာတ်လမ်းတွေ ရေးခဲ့ ဖြေခဲ့ရပါတယ် ဆိုရင်တောင်  ဒီလိုလိုင်းမျိုး ရေးဖို့ဖြေဖို့ အမှန်တကယ် လိုအပ်ခဲ့ပါသလား။ ဘယ်လိုစိတ်ကူးမျိုးနဲ့ပါလိမ့်)

၃ ။ဒါမှ မရရင်လက်နက်နဲ့ အာဏာသိမ်းမယ်။

၎ ။နောက်ဆုံးမရတော့ရင် လူကြီးတွေကို အဆိပ်ခပ်သတ်မယ်။ (ဒီလိုင်းတွေကြောင့်ပဲ မရှိတဲ့အဆိပ်ကို ရှာကျန်ဖန်တီး ထုတ်ပေးခဲ့ကြတာတွေ ဖြစ်လာခဲ့တာပါ။)

ဒီဖြစ်ရပ်မှာ ဒီလိုင်းတွေ ချထားတာကိုက ထူးခြားမှု့ တခုပါ။ ဒီတင်ထားတဲ့ လိုင်းတွေအရကို အပတ်စဉ်(၅)ဆန္ဒပြပွဲကို ဖော်ဆောင်ခဲ့တဲ့သူတွေရော  အဲဒီကတဆင့် ဗဟိုကော်မတီဖြစ်လာကြတဲ့ သူတွေကိုပါ ဉီးဆောင်တဲ့နေရာ ရအောင်ယူပြီး ကိုယ်လိုချင်တဲ့ လိုင်းရောက်အောင် ခေါ်သွားမဲ့ ရန်သူ့လူတွေအဖြစ်နဲ့ ညွန်းဆိုဖြေထားတဲ့သဘောကို တွေ့ရပါတယ်။

လက်နက်နဲ့ အာဏာသိမ်းမဲ့သူတွေအဖြစ် ညွန်းဆိုအဖြေခံခဲ့ရတဲ့ သူတွေကတော့ ဘယ်လိုမှ ရှာကြံထုတ်ပေးလို့ မရတဲ့အရာဖြစ်လို့ စစ်ကြောရေးမှာ  သေဆုံးသွားခဲ့ရတဲ့ ကိုကျော်ဝေ၊ ကိုကျော်ဌေး၊ အောင်ဖိုးတို့လို လူတွေဖြစ်ဖို့ အလားအလာရှိနေပြီး

အဆိပ်ခပ်သတ်မဲ့သူတွေကတော့ သူတို့ကိုယ်တိုင် ပြောခဲ့ရေးခဲ့ကြသလို ဓါတ်ခဲအဟောင်းတွေထဲက အမှုန့်တွေထုတ်ပေးတာမျိုး၊ ပန်းချီဆွဲတဲ့ မင်ပုလင်းထုတ်ပေးလိုက်တာမျိုးတွေ လုပ်နိုင်လို့ သက်သာရာရသွား ခဲ့ကြတယ် ထင်ပါတယ်။

ဒီလိုင်းတွေကို ကျောင်းသားထောက်လှမ်းရေးဘက်က လူတွေ လုပ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်သာ လက်နက်တွေ၊ ဆက်သွယ်ရေးစက်တွေ၊ အဆိပ်တွေ မရမချင်း ထုတ်မပေးမချင်း နန်းအောင်ထွေကြည်ပြောခဲ့သလိုဆို ရိုးရိုးရိုက်နှက်စစ်တာမျိုး တောင် မဟုတ် မိုင်ကပ်၊ လက်ဖြတ် ၊ခြေဖြတ် ရက်စက်တဲ့နည်းပေါင်းစုံ ကိုသုံးပြီး ရိုက်နှက်စစ်မေးမြန်းနေခဲ့ကြတယ် ဆိုတာတွေ က  ထင်ရှားနေပါတယ်။

ဒါတွေတက်လာတဲ့အချိန် နန်းအောင်ထွေးကြည် ပြောခဲ့တဲ့ ဒီလိုင်းတွေခွဲထားခဲ့တာနဲ့ ပတ်သက်ပြီး ကျမ သူ့ကိုထပ်မေးတဲ့အခါ သူမဖြေတော့ပဲ စကားလမ်းကြောင်း လွဲခဲ့တယ်။ ဘာကြောင့် သူရိုးသားပွင့်လင်းမှု့ မရှိခဲ့ပါသလဲ။ ဒီကိစ္စကို အမှန်အတိုင်းဖြစ်အောင် ဖော်ထုတ်မယ်ဆိုတဲ့သူမှာ ဖုံးကွယ်ထိန်ချန်ထားစရာ ဘာအကြောင်းတွေများ ရှိနေပါသေးသလဲ။

“ငါမင်းကို ပြောခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ”ဆိုတဲ့စကားအရ ရေလှိုင်းစစ်ဆင်ရေးဆိုတဲ့ နာမည်ကို ထည့်မပြောပဲ ကျမကို သူပြောခဲ့တဲ့ ဒီလိုင်းတွေကို နန်းအောင်ထွေးကြည်ပဲ လုပ်ထား ဖော်ထားခဲ့ခြင်း ဖြစ်ပါတယ်။

ကျောင်းသားထောက်လှမ်းရေးဘက်က ချပေးပြီး ဝန်မခံမချင်းရိုက်နှက်စစ်ဆေးထားတဲ့လိုင်းတွေ မဟုတ်ဘူးဆိုတာ ပိုပြီးရှင်း သွားပါတယ်။

“ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့အမည်နာမနဲ့အတူ ဒီလိုင်းတွေကို နန်းအောင်ထွေးကြည် ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ဖော်ခဲ့လုပ်ခဲ့ရ တာပါလဲ။

မခင်ရွှေလှိုင်




မခင်ရွှေလှိုင် Facebook မှ ပြန်လည် ကူးယူပြီး မှတ်တမ်းတခုအနေနဲ့ ဘလော့ဂ်မှာ သိမ်းထားလိုက်ပါတယ်။ အပိုင်း (၃-၄) ကို ဒီနေရာမှာ Click ပြီး ဆက်ဖတ်နိုင်ပါတယ်။

7 comments:

.
(ခေါင်းစဉ်ကို နှိပ်ပြီး "မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)" ကို ဖတ်နိုင်ပါတယ်။)


"မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ" ဆောင်းပါးဟာ ABSDF မြောက်ပိုင်း ရဲမေ မခင်ရွှေလှိုင် ၂၇-၃-၁၂ ရက်နေ့က ရေးခဲ့တဲ့ အပိုင်း (၈) ပိုင်း ပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆောင်းပါး အပိုင်း (၁) က အပိုင်း (၈) အထိ အချိန်ယူပြီး အေးအေးဆေးဆေး ပြန်ဖတ်ပြီး လေ့လာသင့်ပါတယ်။


"မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)"

http://nge-naing.blogspot.com.au/2012/03/blog-post_27.html

ပို့စ် အောက်က ကွန်မန့် မှာ (အပိုင်း ၂ မှ ၈ အထိ) ကို ဆက် ဖတ်နိုင်ပါတယ်။

.
(ခေါင်းစဉ်ကို နှိပ်ပြီး "မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)" (မခင်ရွှေလှိုင် ၂၇-၃-၁၂ ရက်နေ့က ရေးတဲ့ ဆောင်းပါး) ကို ပြန်လည် ဖတ်ရှု လေ့လာနိုင်ပါတယ်။
ပို့စ် အောက်က ကွန်မန့် မှာ (အပိုင်း ၂ မှ ၈ အထိ) ကို ဆက် ဖတ်နိုင်ပါတယ်။)


- (၁) -

"မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ" ဆောင်းပါးဟာ ABSDF မြောက်ပိုင်းမှာ ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ ရဲမေ မခင်ရွှေလှိုင်က သူ့အနေနဲ့ သိမြင် တွေ့ကြုံခဲ့တာ၊ သူ့ရှုထောင့်က မြင်တာတွေကို ရေးသားထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အဲဒီ ဆောင်းပါး ထွက်လာချိန် (၂၇-၃-၁၂ ရက်နေ့) တုန်းက စာဖတ်သူ အများစု ထင်ခဲ့ကြသလို တမင်သက်သက် လံကြုတ်ဇာတ်လမ်းဇာတ်ကွက်တွေ တီထွင်ပြီး ရည်ရွယ်ချက်ရှိရှိ မမှန်မကန် ရေးထားတာ မဟုတ်ပါဘူး။ မြောက်ပိုင်းကျောင်းသားတပ်မတော်မှာ ညှဉ်းပန်း သတ်ဖြတ်မှုတွေ မဖြစ်လာခင် နောက်ခံ အခြေအနေတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း တင်ပြထားတဲ့ မခင်ရွှေလှိုင် ဆောင်းပါးဟာ ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှု သမိုင်းမှန်ကို ဖော်ထုတ်သူတွေ သေသေချာချာ လေ့လာ ဖတ်ရှုသင့်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအချိန်တုန်းက မနန်းအောင်ထွေးကြည် တင်ပြထားတဲ့ အချက်အလက်တွေနဲ့ ထင်မြင်ယူဆချက်တွေကိုချည်း ရာနှုန်းပြည့် မှန်ကန် ပြည့်စုံနေပြီလို့ ပြည်သူ အများစုက ယုံကြည်ခဲ့ကြတော့ မနန်းအောင်ထွေးကြည် တင်ပြချက်နဲ့ ထင်မြင်ယူဆချက်တွေနဲ့ မတူတဲ့ မခင်ရွှေလှိုင်ရဲ့ တင်ပြချက်နဲ့ အမြင်တွေကို "တမင်သက်သက် မမှန်မကန် ရေးထားတဲ့ အမှားတွေ၊ လံကြုတ်ဇာတ်လမ်းတွေ" လို့ စာဖတ်သူ အများစုက ယူဆခဲ့ကြပါတယ်။ ဒါကြောင့် မခင်ရွှေလှိုင် ဆောင်းပါးကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပလူပျံခဲ့ပါတယ်။ မခင်ရွှေလှိုင် ဆောင်းပါးကို အစပိုင်း ၂ ပိုင်းလောက် ဖတ်ပြီး မနန်းအောင်ထွေးကြည် တင်ပြချက်နဲ့ အမြင်တွေနဲ့ မတူတာနဲ့ ဆက်မဖတ်ကြတော့တဲ့ လူတွေလည်း မနည်းပါဘူး။

ဒါကြောင့် "ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှု သမိုင်းမှန်ကို ဖော်ထုတ်ရာမှာ တဘက်ထဲက (ရဲမေ မနန်းအောင်ထွေးကြည် အပါအဝင် ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှုတွေက လွတ်မြောက်ခဲ့သူတွေဘက်က) တင်ပြထားတဲ့ အချက်အလက်တွေနဲ့ ထင်မြင်ယူဆချက်တွေကိုချည်း မှန်ကန် ပြည့်စုံနေပြီလို့ သတ်မှတ်လို့မရနိုင်ပါ၊ ဘက်ပေါင်းစုံက တင်ပြချက်တွေနဲ့ အမြင်တွေကိုလည်း သေသေချာချာ လေ့လာရပါမယ်၊ ရဲမေ မခင်ရွှေလှိုင် တင်ပြထားတဲ့ အချက်အလက်တွေနဲ့ ထင်မြင်ယူဆချက်တွေကိုလည်း အလေးအနက်ထားပြီး ထည့်သွင်း စဉ်းစားရပါမယ်" လို့ ဒီဘလော့မှာ အစကတဲက ရေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက စာဖတ်သူ အများစုက မနန်းအောင်ထွေးကြည်ကို ရာနှုန်းပြည့် ယုံကြည်ခဲ့ကြတော့ မခင်ရွှေလှိုင်ရဲ့ တင်ပြချက်နဲ့ အမြင်တွေကို "လံကြုတ်ဇာတ်လမ်းတွေ" လို့ ယူဆပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေက မပြောင်းလဲသွားပါဘူး။

.
- (၂) -

အခုတလောမှာတော့ အခြေအနေ ပြောင်းလဲသွားပါပြီ။ "ရဲမေ မနန်းအောင်ထွေးကြည် ပြောခဲ့တဲ့ အချက်အလက်တွေဟာ ၁၀ဝ% မမှန်ဘဲ ၈၀% သာ မှန်တယ်" ဆိုတာကို ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှု အမှုမှန် ဖော်ထုတ်နေသူတွေ ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုလိုက်ပါပြီ။

(ABSDF မြောက်ပိုင်း အမှုမှန် ဖော်ထုတ်နေသူများရဲ့ ပြောစကား အရ) "မနန်းအောင်ထွေးကြည် ပြောတာက ၈၀% ပဲ မှန်တယ်" ဆိုရင် ၁၀ဝ% မှန်ကန် ပြည့်စုံတဲ့ ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှု သမိုင်းမှန်ကို မှတ်တမ်းတင်နိုင်ဖို့ ဘက်ပေါင်းစုံက တင်ပြချက်တွေနဲ့ အမြင်တွေကို ပြန်ပြီး သေသေချာချာ လေ့လာရပါမယ်။

နေဝင်း လက်ထက်၊ သန်းရွှေ လက်ထက်မှာ ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးတွေနဲ့ သူတို့ရဲ့ သတင်းပေးတွေဟာ မြို့တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၊ ကျောင်းတိုင်း၊ အသင်းအဖွဲ့တိုင်းထဲအထိ ထိုးဖောက် ဝင်ရောက် နေရာယူထားကြတာပါ။ ဒီတော့ ရဲမေ မခင်ရွှေလှိုင် ရဲ့ ထင်မြင်ချက် ဖြစ်တဲ့ "ရန်သူ့သူလျှို အစစ် ၃ - ၄ ယောက်က `ကျောင်းသားကို ကျောင်းသားက သတ်တဲ့ အဖြစ်မျိုး´ အကွက်ဆင်ပြီး ABSDF မြောက်ပိုင်းကို ဖြိုခွဲသွားတာပါ" ဆိုတာဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ `ABSDF မြောက်ပိုင်းမှာ စစ်အစိုးရက စေလွှတ်ထားတဲ့ စစ်ထောက်လှမ်းရေး တယောက်မှ မရှိဘူး´ ဆိုတာထက် `စစ်ထောက်လှမ်းရေး ၃ - ၄ ယောက် ရှိခဲ့တယ်´ ဆိုတာက တကယ့် အဖြစ်မှန်နဲ့ ပိုပြီး နီးစပ်ပါတယ်။ ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး ၃ - ၄ ယောက်က မြောက်ပိုင်းကျောင်းသားတပ်မတော် ဖြိုခွဲတဲ့ လုပ်ငန်းကို အင်မတန် ကျင်လည်စွာ လုပ်ဆောင်သွားနိုင်ခဲ့လို့ ထုံအအ မြောက်ပိုင်း ကျောင်းသားတပ်မတော် ခေါင်းဆောင်တွေက ထောက်လှမ်းရေး မဟုတ်တဲ့ ကျောင်းသားစစ်စစ်တွေကို ထောက်လှမ်းရေးလို့ အမြင်မှားပြီး ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ မခင်ရွှေလှိုင် ရေးတာက ကြောင်းကျိုးဆီလျော်မှု မရှိဘူးလို့ မငြင်းနိုင်ပါဘူး။

"ABSDF မြောက်ပိုင်းမှာ နယ်မြေ အခြေခံ အုပ်စုတွေ အားပြိုင် အာဏာလုတာတို့၊ ABSDF မြောက်ပိုင်းကို အရင် ရောက်ပြီး အာဏာရယူထားတဲ့ ဒေသစွဲ ကြီးတဲ့ သံချောင်း၊ မျိုးဝင်း တို့ မိုးညှင်း အုပ်စုက နောက်မှ ရောက်လာတဲ့ သူတို့ထက် နိုင်ငံရေး အတွေးအခေါ် ပိုသာတဲ့၊ စည်းရုံးရေး စွမ်းရည် ပိုတော်တဲ့၊ ပိုပြည့်ဝလို့ ရဲဘော်ရဲဘက်စိတ် ပိုပြနိုင်လို့ အောက်ခြေရဲဘော်တွေရဲ့ လေးစားမှုကို ပိုရတဲ့ ကိုထွန်းအောင်ကျော် အပါအဝင် ရန်ကုန်၊ မန္တလေးက ကျောင်းသားခေါင်းဆောင်တွေကို မလိုလားတာတို့၊ မျိုးဝင်း ရဲ့ ရက်စက်တဲ့ အငြိုးအတေး ကြီးမားတဲ့ ပင်ကိုယ်ဗီဇကြောင့် အပတ်စဉ် (၅) သင်တန်းမှာတုန်းက သူ့ကို ဝေဖန်ခဲ့သူတွေကို မျိုးဝင်းက အခွင့်သာတဲ့ အချိန်မှာ အသေသတ်ပြီး အပြတ်ရှင်းတာတို့ ဆိုတဲ့ အကြောင်းတွေ အပါအဝင် အကြောင်းကြောင်းတွေကြောင့် ABSDF မြောက်ပိုင်းမှာ လူမဆန်တဲ့ ညှဉ်းပန်း သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ရတာပါ" လို့ ABSDF မြောက်ပိုင်းမှာ လူမဆန်တဲ့ ညှဉ်းပန်းမှုတွေ ခံခဲ့ရပြီး အသက်မသေဘဲ လွတ်မြောက်ခဲ့သူတွေ တင်ပြထားတဲ့ အကြောင်းကြောင်းတွေကလည်း ကြီးမားတဲ့ အတိုင်းအတာတခုအထိ မှန်ပေမယ့် မြောက်ပိုင်း ကျောင်းသားရဲဘော်တွေကြားက တင်းမာမှုတွေကို မထင်မှတ်နိုင်လောက်အောင် ဆိုးရွားသွားတဲ့ အတိုင်းအတာ အထိ ရောက်သွားအောင် မီးထိုးပေးခဲ့တာက စစ်ထောက်လှမ်းရေးရဲ့ ကျွမ်းကျင်စွာ သပ်လျှိုမှု ဖြစ်တယ် ဆိုတဲ့ အယူအဆက မဖြစ်နိုင်ဘူးလို့ နေရာတိုင်း၊ အဖွဲ့တိုင်းထဲကို ထိုးဖောက်ထားနိုင်တဲ့ မြန်မာ့ စစ်ထောက်လှမ်းရေးရဲ့ စွမ်းဆောင်နိုင်မှုကို သိတဲ့သူ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။

ဒီလို မခင်ရွှေလှိုင်က ပြောတာဟာ ABSDF မြောက်ပိုင်းမှာ လူမဆန်တဲ့ ညှဉ်းပန်း သတ်ဖြတ်မှုတွေ လုပ်တာဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ပြောတာလည်း မဟုတ်သလို ABSDF မြောက်ပိုင်းခေါင်းဆောင်တွေဟာ သူတို့ လုပ်ခဲ့တဲ့ လူမဆန်တဲ့ ညှဉ်းပန်း သတ်ဖြတ်မှုတွေ အတွက် တာဝန် မရှိပါဘူး၊ အပြစ် မရှိပါဘူး လို့ ကာကွယ်ပြီး ပြောဆိုနေတာလည်း မဟုတ်ပါဘူး။ ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှုကြီးရဲ့ အဓိက တရားခံက စစ်အစိုးရနဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ ဖြစ်ပြီး ABSDF မြောက်ပိုင်းမှာ ညှဉ်းပန်း သတ်ဖြတ်သူတွေ (ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆိုင်း၊ သန်းဇော်၊ ဇော်ဇော်မင်း) ရော၊ ညှဉ်းပန်း သတ်ဖြတ်ခံရလို့ ကျဆုံးခဲ့သူတွေ (ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုမောင်မောင်ကြွယ်၊ မခင်ချိုဦး အပါအဝင် ၃၈ ယောက်) ရော၊ ညှဉ်းပန်းမှုတွေ ခံခဲ့ရပြီး အသက်မသေဘဲ လွတ်မြောက်ခဲ့သူတွေ (မနန်းအောင်ထွေးကြည်၊ ကိုရဲလင်း၊ ကိုညီညီကျော်၊ ကိုညီညီ (ကိုဆမားညီညီ)၊ ပန်းချီထိန်လင်း အပါအဝင် ကျောင်းသားရဲဘော် ၇၀) ရောဟာ စစ်အစိုးရနဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ကျွမ်းကျင်စွာ ဆင်ထားတဲ့ ထောင်ခြောက်ထဲကို ဝင်သွားခဲ့တဲ့ သားကောင်တွေသာ ဖြစ်တယ် ဆိုတာကို တင်ပြထားတာပါ။


.
- (၃) -

ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် ၁၅ ယောက်ကို ၁၂-၂-၁၉၉၂ ရက်မှာ ခေါင်းဖြတ်ပြီး သတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ၈ ယောက်က -

(၁) ရော်နယ်အောင်နိုင် (ယခု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့)
(၂) ကျော်ကျော် (ယခု ABSDF (မြောက်ပိုင်း)
(၃) သံချောင်း (ယခု သာယာဝတီထောင်တွင် ထောင်ကျခံနေဆဲ)
(၄) မျိုးဝင်း (စစ်အစိုးရ စစ်တပ်နှင့် တိုက်ပွဲတွင် နောက်ကျည် ထိမှန် သေဆုံး)
(၅) စိန်အေး (ယခု မိုးညှင်းမြို့)
(၆) အောင်ကြီး (ယခု SSA (တောင်ပိုင်း) )
(၇) နေထွန်း (ခေါ်) နေဒွန်း (ယခု အမေရိကန်နိုင်ငံ)
(၈) လဗျလဆိုင်း (ခေါ်) လှဆိုင်း (ယခု ABSDF (မြောက်ပိုင်း) )

ဖြစ်ပါတယ်။

- အဲဒီလို ၁၅ ယောက်ကို ၁၂-၂-၁၉၉၂ ရက်မှာ ခေါင်းဖြတ်ပြီး သတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ၈ ယောက်၊
- ၁၂-၂-၁၉၉၂ ရက်မှာ ၁၅ ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ဓားနဲ့ ခေါင်းဖြတ် သတ်ခဲ့တဲ့ လှဆိုင်း၊ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သံချောင်း၊
- သတင်းပေး ဆိုပြီး ဖမ်းထားတဲ့ အရပ်သား မိန်းမ ၂ ယောက်၊ ယောကျာ်း ၂ ယောက်ကို "ခင်ဗျား သတင်းပေး ဟုတ်လား၊ မဟုတ်လား" လို့ ဇော်ဇော်မင်းက မေးအပြီးမှာ ဗိုက်ကို ခွဲပြီး သတ်သူတွေ၊
- ကိုကျော်ဝေကို ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်သူ မျိုးဝင်း၊
- "ငါသေဒဏ်ချခဲ့ပြီးသား ဖြစ်လို့ အမိန့်ကို မပြောင်းချင်တော့ဘူး၊ တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့" ဆိုတဲ့ မျိုးဝင်းအမိန့်အရ စိုးဝင်းသန်း ကို သတ်ဖြတ်ခဲ့တဲ့ သန်းဇော် တို့အုပ်စု၊
- "နံချပ်ကူ စမ်းတာ လမိုင်းတင်တာ" ဆိုပြီး ကိုထိန်လင်း (ပန်းချီ ထိန်လင်း မဟုတ်) ကို နန်ချပ်ကူနဲ့ ရိုက်သတ်တဲ့ ထောင်မှူး လှမျိုးနောင်၊
- လူမဆန်တဲ့ ညှဉ်းပန်းမှုတွေကို ကျူးလွန်ခဲ့တဲ့ သန်းဇော်၊ ဇော်ဇော်မင်း၊ ကျော်ထင်ဦး အပါအဝင် ABSDF မြောက်ပိုင်း ကျောင်းသားထောက်လှမ်းရေးအဖွဲ့ဝင်တွေဟာ -

ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာဟာ အမှားကြီး မှားခဲ့ကြတာပါ။

မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့ဝင် ၃၀ဝ ကျော်ရဲ့ ၃ ပုံ ၁ ပုံ ဖြစ်တဲ့ ၁၀၆ ယောက်ကို ထောက်လှမ်းရေး ဆိုပြီး စွပ်စွဲ ဖမ်းဆီးတာကတော့ ABSDF မြောက်ပိုင်း ရဲမေ မခင်ရွှေလှိုင် ရေးထားသလို "ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ၈ ယောက်ဟာ ထုံအလွန်းလို့၊ ဦးနှောက် မရှိလွန်းလို့" ပါပဲ။ ထောက်လှမ်းရေး အစစ် ဖြစ်တာတောင် မသတ်ဖြတ်ဘဲ အဖွဲ့အစည်းတခုခုကို လွှဲပြောင်းပေးတာ အပါအဝင် ဖြေရှင်းလို့ ရနိုင်တဲ့ နည်းလမ်းတွေထဲက တခုခုနဲ့ ဖြေရှင်းရမှာပါ။ လူမဆန်တဲ့ ညှဉ်းပန်းမှုတွေကို ကျူးလွန်ခဲ့တာကတော့ လူသတ်မှု ရိုးရိုးထက်ကို အများကြီး ပိုဆိုးသွားစေပါတယ်။ ခေတ်သစ်သမိုင်းမှာ ဖြစ်ခဲ့တဲ့ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စာရင်းထဲကို ဝင်သွားပါတယ်။ စစ်အစိုးရရဲ့ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်ပြီး တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော်လို အဖွဲ့အစည်းမှာ အဲဒီ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ခဲ့တာက ယူကျုံးမရ ဖြစ်စရာ အကောင်းဆုံးပါပဲ၊ ရင်ထုမနာ အဖြစ်ရဆုံးပါပဲ။


.
- (၄) -

မြန်မာ့သမိုင်းမှာ ဒီလို ရက်စက် လူမဆန်လွန်းလှတဲ့ အဖြစ်ဆိုးမျိုး နောက်တကြိမ် ထပ်မဖြစ်ရအောင် သင်ခန်းစာ ယူနိုင်ဖို့ ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှု သမိုင်းမှန်ကို ဖော်ထုတ်ရာမှာ တဘက်ထဲက (ရဲမေ မနန်းအောင်ထွေးကြည် အပါအဝင် ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှုတွေက လွတ်မြောက်ခဲ့သူတွေဘက်က) တင်ပြထားတဲ့ အချက်အလက်တွေနဲ့ ထင်မြင်ယူဆချက်တွေကိုချည်း မှန်ကန် ပြည့်စုံနေပြီလို့ သတ်မှတ်လို့မရနိုင်ပါ၊ ဘက်ပေါင်းစုံက တင်ပြချက်တွေနဲ့ အမြင်တွေကိုလည်း သေသေချာချာ လေ့လာရပါမယ်၊ ရဲမေ မခင်ရွှေလှိုင် တင်ပြထားတဲ့ အချက်အလက်တွေနဲ့ ထင်မြင်ယူဆချက်တွေကိုလည်း အလေးအနက်ထားပြီး ထည့်သွင်း စဉ်းစားရပါမယ်။

ဒါကြောင့် ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှု သမိုင်းမှန်ကို လေ့လာသူတွေအနေနဲ့ ရဲမေ မခင်ရွှေလှိုင် ၂၇-၃-၁၂ ရက်နေ့က ရေးခဲ့တဲ့ "မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ" ဆောင်းပါး အပိုင်း (၁) က အပိုင်း (၈) အထိ အေးအေးဆေးဆေး အချိန်ယူပြီး ပြန်ဖတ်သင့်ပါတယ်။


(ခေါင်းစဉ်ကို နှိပ်ပြီး "မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)"

( http://nge-naing.blogspot.com.au/2012/03/blog-post_27.html )

ဆောင်းပါးကို ပြန်လည် ဖတ်ရှု လေ့လာနိုင်ပါတယ်။
ပို့စ် အောက်က ကွန်မန့် မှာ (အပိုင်း ၂ မှ ၈ အထိ) ကို ဆက် ဖတ်နိုင်ပါတယ်။)

.
(ခေါင်းစဉ်ကို နှိပ်ပြီး အစည်းအဝေး ဖိတ်စာ (စကင်) ကို ဖတ်နိုင်ပါတယ်။)


မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့  (၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့) အတွက် အစည်းအဝေး ဖိတ်ကြားအပ်ပါတယ်။


အဲဒီတနေ့က သမိုင်းကို ရေးထားခဲ့တယ်
အဲဒီတနေ့ကပဲ သမိုင်းကို မေးထားခဲ့တယ်
ဒီ့အတွက် အစည်းအဝေး လုပ်လိုပါတယ်။

နေ့ရက် - ၃၀-၁-၁၃ ရက်နေ့
အချိန် - မွန်းလွဲ ၁ နာရီ
နေရာ - MY 88 CAFE
၇၄ လမ်း၊ ၃၆ x ၃၇ လမ်းကြား
မန္တလေး


(Kyaw Gyi AB (ကိုညီညီကျော်) Facebook)

(ကိုညီညီကျော်ဟာ ၁၉၉၁ - ၉၂ ခုနှစ်က ABSDF မြောက်ပိုင်းမှာ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော် ၁၀၆ ယောက်ထဲမှာ ပထမဆုံး ထွက်ပြေး လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။)

http://www.facebook.com/photo.php?fbid=329325380506339&set=a.131867773585435.21384.100002866393727&type=1&theater

.
၁၉၉၁ - ၉၂ ခုနှစ်က ABSDF မြောက်ပိုင်းမှာ ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆိုင်း၊ သန်းဇော်၊ ဇော်ဇော်မင်း တို့ အုပ်စုက စစ်အစိုးရရဲ့ ထောက်လှမ်းရေး အဖြစ် မတရား စွပ်စွဲ ဖမ်းဆီးပြီး လူမဆန်စွာ ညှင်းပန်း နှိပ်စက်ခဲ့တဲ့ မြောက်ပိုင်း ကျောင်းသားရဲဘော် ၁၀၆ ယောက်ထဲမှာ ကိုညီညီကျော်လည်း တယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။

ကိုညီညီကျော်ဟာ ၁၉၉၁ - ၉၂ ခုနှစ်က ABSDF မြောက်ပိုင်းမှာ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော် ၁၀၆ ယောက်ထဲမှာ ပထမဆုံး ထွက်ပြေး လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။

ABSDF မြောက်ပိုင်းမှာ ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ရှစ်လေးလုံး ၃ နှစ်ပြည့် အခမ်းအနား ကျင်းပပြီးနောက် ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှာ ကျောင်းသားရဲဘော်အချင်းချင်း စစ်အစိုးရရဲ့ ထောက်လှမ်းရေး အဖြစ် စွပ်စွဲ ဖမ်းဆီးမှုတွေ စတင် ဖြစ်ပွားလာပါတယ်။

ကိုညီညီကျော်ကတော့ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှာ အဖမ်းခံရပါတယ်။ အဖမ်းခံရချိန်အထိ ကိုညီညီကျော်ဟာ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ဗန်းမော်ခရိုင်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကိုညီညီကျော်ဟာ ဖမ်းဆီး နှိပ်စက်ခံနေရစဉ် တရက်မှာ အခွင့်အရေး ရလို့ ထွက်ပြေးတာ လွတ်သွားတာပါ။ မတရား ဖမ်းဆီးခံရပြီး လူမဆန်စွာ နှိပ်စက်ခံနေရတဲ့ ကျောင်းသားရဲဘော် အားလုံးကို ကယ်တင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

ကိုညီညီကျော် ထွက်ပြေး လွတ်မြောက်ပြီးနောက် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆိုင်း၊ သန်းဇော်၊ ဇော်ဇော်မင်း တို့ အုပ်စုက ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် ၁၅ ယောက်ကို သတ်လိုက်ကြပါတယ်။ (ပြည်ထောင်စုနေ့ လူသတ်ပွဲမှာ တပြိုင်နက် အသတ်ခံခဲ့ရတဲ့ ၁၅ ယောက် အနက် ရဲမေ မခင်ချိုဦး (ရန်ကုန်) နဲ့ တပ်ကြပ် ဋ္ဌေးမြင့်ဝင်း (ရန်ကုန်) တို့က သူတို့ကို "ခေါင်းဖြတ်ပြီး မသတ်ဘဲ သေနတ်နဲ့ ပစ်ပြီး သတ်ပေးပါ" လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ကျန် ၁၃ ယောက်ကို ခေါင်းဖြတ်ပြီး သတ်လိုက်ကြတာပါ။)

အဲဒီ ၁၉၉၂ ခုနှစ်၊ ပြည်ထောင်စုနေ့ ABSDF မြောက်ပိုင်း လူသတ်ပွဲကြောင့် ကျဆုံးခဲ့ရတဲ့ ၁၅ ယောက် အပါအဝင် ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း တို့ အုပ်စုရဲ့ လူမဆန်စွာ ညှင်းပန်း နှိပ်စက်မှုဒဏ်တွေကြောင့် ကျဆုံးခဲ့ရသူတွေပါ ပေါင်းလိုက်ရင် ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော် စုစုပေါင်း ၃၈ ယောက် ကြွေလွင့်ခဲ့ရပါတယ်။

http://www.facebook.com/kyawgyi.ab?fref=ts