မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မြောက်ပိုင်းကိစ္စအပေါ်ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်


"မြောက်ပိုင်းသူလျိုများအား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ရဲဘော်၊ ရဲမေများအားလုံးကို မကဒတ ဥက္ကဋ္ဌ ဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်"

ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော
ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း
ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်
လတ်တလောကာလအတွင်း ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ်များ၌ မကဒတ မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဖမ်းဆီး အရေးယူမှုများနှင့် ပါတ်သက်၍ ပြောဆိုရေးသားမှုများကို ကြားသိတွေ့မြင်နေရပါသည်။ မိမိအနေဖြင့် လက်ရှိကာလတွင်`မကဒတ´အတွက် ပြောရေးဆိုခွင့်ရှိသူတယောက် မဟုတ်သော်လည်း ထိုအချိန်ကာလအတွင်း တာဝန်ရှိခဲ့သူ တဦးအနေဖြင့် ကာယကံရှင်များ နှင့် စိတ်ဝင်စားသူများ သိရှိ နားလည်စေရန်အတွက် အချက်အလက်မှန်များကို ရှင်းလင်းတင်ပြ အပ်ပါသည်။ မိမိအနေဖြင့် စိတ်ဝင်စားသူအားလုံး နားလည်သဘောပေါက်စေရန် မိမိ ရင်ဆိုင်ကြုံတွေ.ဖြတ်သန်းခဲ့ရသော အဖြစ်မှန် များကို မခြွင်းမချန် တင်ပြခြင်းသာဖြစ်၍ မည်သူတစ်ဦးတယောက်၊ တသင်းတဖွဲ.ကိုမျှ နစ်နာစော်ကားလိုသော စိတ်ဆန္ဒမရှိပါကြောင်း ရိုးသားစွာဖြင့် ကနဦး မေတ္တာရပ်ခံ တင်ပြလိုပါသည်။
၎င်းအချိန်၌ ရှိနေသော မကဒတ၏ နောက်ခံအခြေအနေ
(က) `မကဒတ´ ဗဟိုနှင့် စခန်းများအခြေအနေ
`မကဒတ´ တွင် ဖြတ်သန်းလာသူများအားလုံး `မကဒတ´အား မည်သို့ တည်ဆောက်ခဲ့ကြသည်ကို အားလုံး ကြုံဖူးခဲ့ကြမည် ဖြစ်သည်။ နယ်မြေအသီးသီးမှရောက်ရှိလာသော ရှစ်လေးလုံးသပိတ်တိုက်ပွဲဝင် ကျောင်းသား၊ လူငယ်၊ လူကြီး အပေါင်းဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင် စခန်းများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤသို့ နယ်မြေအလိုက် စုစည်းထားသောစခန်းများကို အခြေခံ၍ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ၏ ကမကထပြုမှုဖြင့် မကဒတ ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ကိုထွန်းအောင်ကျော်မှာ ပထမဆုံးဥက္ကဌအဖြစ် အရွေးချယ်ခံခဲ့ရပါသည်။ ၈၈ ကျောင်းသားလှုပ်ရှားမှု အတွင်းတည်ရှိခဲ့သော ကျောင်းသားအုပ်စုအသီးသီး၏ အမြင်၊ အစွဲနှင့် ဒေသနောက်ခံ မတူညီမှုများအပေါ်တွင် ဖြစ်တည်ခဲ့ကြသော ပဋိပက္ခတချို.ကို `မကဒတ´ ဗဟိုကော်မတီအတွင်း ဖြေရှင်း မနိုင်ဖြစ်ခဲ့သဖြင့် တိုတောင်းလှသောသက်တမ်းအတွင်း အရေးပေါ်ညီလာခံ တရပ်ကို ခေါ်ယူကျင်းပကာ ဗဟိုကော်မတီကိုပြန်လည်ဖွဲ့စည်းခဲ့ကြရပါသည်။ စခန်းအများစုမှာ ကိုယ်ထူကိုယ်ထ ရပ်တည်နေခြင်း၊ ဗဟိုအပေါ်တွင် ယုံကြည်လေးစားမှုမရှိခြင်းတို့ကြောင့် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီမှာ သြဇာသက်ရောက်မှု မရှိလှပါ။ ဤကာလအတွင်း ကျောင်းသားတပ်မတော်ဟူ၍ စတင်ဖွဲ့စည်းခဲ့သလို ကျောင်းသားအမြောက်အများ မြန်မာပြည်သို့ပြန်ခြင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
ထိုအချိန်ကာလတွင် ကိုမိုးသီးဇွန်သည်လည်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး တပ်ရင်း၊ စခန်း၊ အကွဲအပြဲ များလည်းအကြောင်းအမျိုးမျိုးဖြင့် စတင်ပေါ်ပေါက်ခဲ့ပါသည်။ `မကဒတ´ ကို တဆင့်ပိုမိုကျစ်လစ်ခိုင်မာစေသော ဒုတိယအကြိမ်ညီလာခံကို ၁၉၈၉ ခုနှစ်တွင် မင်းသမီးစခန်း၌ ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ကိုမိုးသီးဇွန်က ဥက္ကဌ၊ မိမိက ဒု-ဥက္ကဌ(စီမံ)၊ ကိုကျော်ကျော်က အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါသည်။ ယခင် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီဝင်အများစုမှာ ပြန်လည် ရွေးချယ်မခံရတော့ပါ။ တစ်ချို့ ဘန်ကောက်သို. ရောက်ရှိသွားကြသလို၊ တချို့လည်း မိခင်စခန်းများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြပါသည်။ ဤကာလအတွင်း ဗဟိုနှင့်စခန်း များ၏ အာဏာခွဲဝေမှု၊ ကျောင်းသားတပ်မတော်အတွင်း ဗဟိုဦးစီးအမိန့် ရရှိနိုင်ရန် ကြိုးပမ်းတည်ဆောက်နေရသော ကာလဖြစ်ပြီး စခန်းများအနေဖြင့် ဗဟိုကော်မတီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုလာသော ကာလလည်းဖြစ်ပါသည်။
၁၉၉၀ ရွေးကောက်ပွဲ၊ ဘုရားသုံးဆူ၊ မယ်သဝေါထိုးစစ်နှင့် န၀တ မှ ကမ်းလှမ်းလာသော အပစ်အခတ်ရပ်စဲရေးကိစ္စများနှင့် ကြုံတွေ့ခဲ့ရသော ကာလဖြစ်ပြီး၊ `မကဒတ´ရဲဘော်များအနေဖြင့်လည်း မဟာမိတ်များနှင့်ပူးတွဲ၍ ရှေ.တန်းစစ်မြေပြင် မြန်မာပြည် နိုင်ငံရေးဇတ်ခုံနှင့် နိုင်ငံတကာစင်မြင့်များတွင် ပေါ်လွင်ထင်ရှားစွာ လှုပ်ရှားနိုင်ခဲ့သော ကာလလည်းဖြစ်ပါသည်။ တချိန်တည်းမှာပင် `မကဒတ´အတွင်းတွင်လည်း အတွေးအခေါ်တိုက်ပွဲသဏ္ဍန်ဖြင့် ပုံဖေါ်လာသော ခေါင်းဆောင်မှု တိုက်ပွဲများလည်း ထင်ရှားလာခဲ့ပါသည်။ မကဒတ ဗဟိုကော်မတီ ဌာနချုပ်ကို “ယာယီတော်လှန်ကော်မတီ” ဟူသော ဂိုဏ်းကွဲအုပ်စုမှ လက်နက်နှင့်ဝိုင်းခဲ့သည့်ဖြစ်ရပ်မျိုးအထိ ပေါ်ပေါက်ခဲ့ရပါသည်။ ဤညီလာခံ သက်တမ်းကာလအတွင်း မိမိမှ ၁၉၉၀ ရွေး ကောက်ပွဲကာလ စစ်ရေးလှုပ်ရှားမှုများတွင် မဲရုံများအား စစ်ရေးအရ မတိုက်ခိုက်ရဟု ပြောဆိုခဲ့ သည်.အပေါ် မိမိအား စေ့စပ်ကြေအေးရေးအတွေးအခေါ်ရှိသူဟု အုပ်စုဖွဲ.စွပ်စွဲတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပါသည်။ မိမိအနေဖြင့်ဗဟိုကော်မတီအကွဲအပြဲ မဖြစ်စေလို၍ တာဝန်မှ နှုတ်ထွက်ပေးခဲ့ပြီး မိခင်တပ်ရင်းအခြေပြုရာ ဘုရားသုံးဆူစခန်းသို့ ပြန်ခဲ့ပါသည်။
(ခ) မကဒတ တတိယ အကြိမ်ညီလာခံ

တိုင်းရင်းသား မဟာမိတ်အဖွဲ.အစည်းများ န၀တစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ ပြုလုပ်နေသည့်အခြေအနေ၊ NLD ရွေးကောက်ပွဲ နိုင်သွားသည့်အခြေအနေ၊ စစ်အစိုးရက ကရင်နယ်မြေတခုတည်းသို့ ထိုးစစ်ကြီးများ အကြီးအကျယ် ဆင်နွဲနေသော အခြေအနေအောက်တွင်၊ တတိယအကြိမ်ညီလာခံကို ကျင်းပခဲ့ရခြင်းဖြစ်ပါသည်။
တချိန်တည်းမှာပင် `မကဒတ´ဗဟိုကော်မတီအတွင်း၌ စေ့စပ်ကြေအေးရေး အတွေးအခေါ်သမားများ လွှမ်းမိုးနေသည်ဟူသော စွပ်စွဲတိုက်ခိုက်မှုဖြင့် ယာယီတော်လှန်ကော်မတီ ဆိုသည့် ဗဟိုကော်မတီအား ဆန့် ကျင်သည့် စင်ပြိုင်လှုပ်ရှားမှုများလည်း ရှိနေသကဲ့သို့ ၎င်းကော်မတီမှ မကဒတ ဗဟိုဌာနချုပ်ကို လက်နက်နှင့်ဝိုင်းခဲ့သည့်ကိစ္စ ကိုလည်း ညီလာခံတွင် ဖြေရှင်းအရေးယူရန် ကျန်စခန်းများမှ တောင်းဆိုထားသည့်အခြေအနေများလည်း ရှိနေပါသည်။ ဤယာယီတော်လှန်ကော်မတီကို တပ်ရင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့်နှင့် ကိုဇော်ထွန်း (၂ ယောက်စလုံး ပျောက်ဆုံး) တို့က ဦးဆောင်ခဲ့ပါသည်။ သံလွင်စခန်းတွင် စတင်ကျင်းပပြုလုပ်ခဲ့သော မကဒတ တတိယအကြိမ်ညီလာခံ၏ (၁၆၊ ၈၊ ၁၉၉၁) တတိယမြောက်နေ့ (နေ့လည်ပိုင်း) အစည်း အဝေးတွင် တပ်ရင်း(၂၀၈) ယာယီတော်လှန်ကော်မတီ၏ အယူခံလွာကိစ္စကို စတင်ဆွေးနွေးရာ တပ်ရင်းမှူးကိုမျိုးသန်.က ယာယီတော်လှန်ကော်မတီ၏နောက်ကွယ်တွင် ဥက္ကဌဖြစ်သူ ကိုမိုးသီးဇွန်ကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း၊ ထုတ်ဖေါ်ပြောဆိုသွား ခဲ့ပါသည်။
ဤအခြေအနေများအောက်တွင် ကျင်းပ ခဲ့ရသောထိုညီလာခံ၌ မိမိအနေဖြင့် တပ်ရင်း(၁၀၁)မှ သာမန် ညီလာခံ ကိုယ်စား
လှယ်တစ်ဦးအနေဖြင့်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်. ကိုနေ၀င်းအောင် (သံလွင်စခန်းကိုယ်စားလှယ်)နှင့် ကိုစိုးလင်း(မြောက်ပိုင်းကော်မတီကိုယ်စားလှယ်) တို.လည်း ယင်းညီလာခံသို့ တက်ရောက်ခဲ့ကြပါသည်။ မကဒတ၏ ဖွဲ.စည်းပုံ အခြေခံဥပဒေအရ ညီလာခံတွင် အသစ်ရွေးချယ်တင်မြောက်ခံရသည့် ဗဟိုကော်မတီသစ်မှ ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် အာဏာ လွဲပြောင်းရယူသည်.အချိန်အထိ ယခင်ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည်.အ၀ ရှိပါသည်။
မြောက်ပိုင်းကိစ္စနှင့်တတိယအကြိမ်ညီလာခံ(သြဂုတ်လ ၁၄ ရက်နေ့ မှ အောက်တိုဘာလ ၂၅ရက်နေ့
၁၉၉၁ခုနှစ်)
သံလွင်စခန်းညီလာခံအတွင်း တင်းမာမှုများပေါ်ပေါက်နေစဉ် တရက်၌ ဥက္ကဌ ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟို၌ ရန်သူ သူလျှိုများကို ဖေါ်ထုတ်ဖမ်းဆီးရမိထားကြောင်း၊ ထိုသူများထဲတွင် ဗဟိုကော်မတီဝင်များလည်း ပါဝင်သည်ဟု ကြေးနန်းရရှိကြောင်း ညီလာခံခန်းမအတွင်း၌ ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။ ကိုမိုးသီးဇွန်၏ ထိုပြောဆိုချက်အပေါ် မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုစိုးလင်း အပါအ၀င် ကိုယ်စားလှယ်တချို.က အပြင်းအထန် ကန်.ကွက်ဆွေးနွေးခဲ့ကြပါသည်၊ ညီလာခံအတွင်း တင်းမာမူများလည်း ပိုမိုကြီးထွားလာခဲ့ပါသည်။ မကဒတ၏ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ညီလာခံတွင် အသစ်ရွေးချယ်တင်မြောက်ခံရသည် ဗဟိုကော်မတီသစ်မှကျမ်းသစ္စာ ကျိန်ဆိုပြီး တရားဝင် အာဏာလွဲပြောင်းရယူသည်.အချိန်အထိ ယခင်ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့်အပြည့်အ၀ ရှိပါသည်။ သို.ဖြစ်၍ မြောက်ပိုင်းဗဟို၏ ထိုကြေးနန်းအပေါ် ကိုမိုးသီးဇွန် ခေါင်းဆောင်သော ဗဟိုကော်မတီဟောင်း အနေဖြင့် မည်ကဲ့သို. ပြန်လည်ညွန်ကြားခဲ့ကြောင်းကို ထိုအချိန်က သာမန် ညီလာခံကိုယ်စားလှယ်တဦးသာ ဖြစ်သည့် မိမိအနေဖြင့် အတိအကျ မသိရှိခဲ့ပါ။ ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟိုကို ကြေးနန်းတစောင် ပြန်ကြားခဲ့သည်ဟုသာ မိမိအနေဖြင့် နောက်ပိုင်းတွင် ပြန်လည်ကြားသိခဲ့ရပါသည်။
စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖွဲ.စည်းပုံရေးဆွဲရေးအဖွဲ့၊ ရှေ့လုပ်ငန်းစဉ်ရေးဆွဲရေးအဖွဲ့နှင့် စစ်ရေးလမ်းစဉ်ရေးဆွဲ ရေးအဖွဲ.ဆိုသည်. အလုပ်အဖွဲ.(၃)ဖွဲ.ကို ဖွဲ.စည်းပေးပြီး ညီလာခံကို ခေတ္တရပ်နားခဲ့ပါသည်။ လုံခြုံရေးအခြေအနေအရ (၁၃)ရက်နေ့တွင် မဟာမိတ် ကေအင်န်ယူနှင့် ညီလာခံကောင်မရှင်တို.၏ ညှိနှိုင်းမှုဖြင့် မာနာပလောကို စတင်ပြောင်းရွေ့ခဲ့ပြီး (၁၆)ရက် တွင်မာနာပလော၌ ညီလာခံကို ဆက်လက်ကျင်းပခဲ့ပါသည်။ မာနာပလောတွင်လည်း ညီလာခံအတွင်း၌ တင်းမာမှုများ ဆက်လက်ပေါ်ပေါက်ခဲ့သဖြင့် ညီလာခံကို မကြာခဏ ရပ်နားလိုက် ပြန်စလိုက်ဖြင့် စခန်းသွားခဲ့ရပါသည်။ ရွေးချယ်တင်မြှောက်ပွဲပြုလုပ်မည်.် စက်တင်္ဘာ(၂၈)ရက်နေ.တွင် ကိုမိုးသီးဇွန်တို.ဘက်က အများစု၏ လျို.၀ှက်ဆန္ဒမဲဖြင့် ရွေးချယ်မည်.အစီအစဉ်ကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ရာမှ အခြေအနေ အတင်းမာဆုံးကို ရောက်ရှိခဲ့ရပြီး ညီလာခံကို တဖန် ရပ်နားခဲ့ရပြန်ပါသည်။ ကေအင်န်ယူ အပါအ၀င် ဒီအေဘီတပ်ပေါင်းစု ခေါင်းဆောင်များ၏ ကြားဝင်ပေးမှုဖြင့် စခန်းအသီးသီးမှ ကိုယ်စားလှယ် တဦးစီပါဝင်သောအဖွဲ.က ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ ညီလာခံကို အောက်တိုဘာလ ၈ ရက်နေ့တွင်ပြန်လည်ကျင်းပပြီး ၃ ရက်အကြာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏ သတင်းစာရှင်းလင်းပွဲကို ကြားသိရပါသည်။ မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော် အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန့် သေဆုံးသွားပြီဖြစ်ကြောင်း၊ အဆိုပါထွက်ပြေးလာသူ(၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရေဒီယိုမှတဆင့် ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။
မဟာမိတ်များမှလည်း မိမိတို့၏အခြေအနေကို ညှိနှိုင်းပေးရင်း လက်ပမ်းကြလာပြီး သံလွင်စခန်းတွင်ပြန်လည်ပြုလုပ်ကြရန်ပြောသဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင်မိမိတို့ ကျောင်းသားစခန်း၌ ဆက်လက်ကျင်းပခဲ့ကြပါသည်။ `မကဒတ´တတိယအကြိမ် ညီလာခံကြီးအနေဖြင့် ပြဿနာများဖြေရှင်းရင်းနှင့် အကွဲအပြဲဖြစ်သည်အထိ ရောက်ရှိသွား သောကြောင့် မြောက်ပိုင်းကိစ္စကို အလေးအနက် မဆွေးနွေးနိုင်ခဲ့ပါ။ ဆွေးနွေးရန်လည်း ထိုအချိန်က တာဝန်ရှိသူများအနေဖြင့် ညီလာခံသို. တင်ပြခဲ့ခြင်း မရှိပါ။
3
မိမိတို့ အနေဖြင့် ညီလာခံဆက်လက်ကျင်းပပြီး ဗဟိုကော်မတီသစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်မည်ဟု
ဆုံးဖြတ်နေချိန်တွင် ကိုမိုးသီးဇွန်တို့ ဦးဆောင်သောအဖွှဲ့က ညီလာခံကို လုံးဝ မတက်ရောက်တော့ပါ။ ဘုရားသုံးဆူစခန်းမှ ခွဲထွက်သွားသောအဖွဲ့များ၊ ယာယီတော်လှန်ကော်မတီအဖွဲ့များနှင့် ပထမအကြိမ်ညီလာခံသက်တမ်းမှ ဗဟိုကော်မတီဝင်ဟောင်းတချို့ ကိုမိုးသီးဇွန်ဘက်သို့ လိုက်ပါသွားကြပြီး ၎င်းတို့ဖာသာ သီးသန့်ညီလာခံ တခုကို စင်ပြိုင်ကျင်းပပြု လုပ်ခဲ့ပါသည်။မိမိတို့ကလည်း ကျန်ရှိနေသော ညီလာခံကိုယ်စားလှယ်အများစုနှင့် ညီလာခံကို ဆက်လက်ကျင်းပပြီး တတိယအကြိမ် ညီလာခံသက်တမ်း ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ အောက်တိုဘာ ၂၅ ရက်နေ့တွင် ညီလာခံ ပြီးဆုံးခဲ့ပါသည်။
ဤဗဟိုကော်မတီကို`မကဒတ´မြောက်ပိုင်းမှ ထောက်ခံခဲ့ပြီး ဖွဲ့စည်းမှုထဲတွင် ပါဝင်လာခဲ့ပါသည်။ ညီလာခံပြီးလျှင်ပြီးချင်း `န၀တ´ထိုးစစ်များကြောင့် မာနယ်ပလောတစ်ဝိုက်ရှိစခန်းများ ထိုင်းဖက်ကမ်းသို့ ရွှေ့ပြောင်းနေရပြီး၊ ယနေ့ DKBA ဟု ဖြစ်လာမည့် ပြဿနာအစကို မဟာမိတ်များနှင့် ၀ိုင်းဝန်းကူညီဖြေရှင်းနေချိန်မှာပင် မိမိတို့ ဗဟိုကော်မတီမှ မြောက်ပိုင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ ပြန်လည်စေလွှတ်လိုက်ပါသည်။ ၎င်းနှင့်အတူ မိမိတို့ထံသို့ စစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံးပေးပို့ပါရန်နှင့် မိမိတို့ ဗဟိုကော်မတီ၏ ဗဟိုဆုံးဖြတ်ချက်မပါဘဲ မည်သည့်အရေးယူမှုကိုမျှ မလုပ်ရန်၊ ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက်ထူထောင်ရန် ညွှန်ကြားချက်များ ပေးလိုက်ပါသည်။
၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတမြောက်ပိုင်း၌
စပိုင်များကို သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်း မိမိတို့ ဘန်ကောက်ရုံးမှ ပေးပို့သည့်ကြေးနန်း မိမိတို့ တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို့ သိရှိရခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက်နိုင်ငံခြားရေးရုံးမှ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ မိမိတို့လည်း မြောက်ပိုင်းသို့ မဟာမိတ် KIO ထံမှတဆင့် ကြေးနန်းဖြင့် ထပ်မံမေးမြန်းပြီး မတ်လ(၁၇)ရက်နေ့တွင် ကြေငြာချက်တစ်စောင် ထပ်မံထုတ်ပြန်ခဲ့ပါသည်။ မိမိတို့ တောင်ပိုင်းဗဟိုအနေနှင့် ဤသို့ အရေးယူဆောင်ရွက်လိုက်ခြင်းကို လုံးဝ မသိရှိရကြောင်း၊ ဆက်သွယ်မှုမှာလည်း အလှမ်းဝေးကြောင်းနှင့် ဤကိစ္စကို ဖြေရှင်းရာ၌လည်း နိုင်ငံတကာမှ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြပါရန် တောင်းခံ ရှင်းလင်းခဲ့ပါသည်။
၎င်းနောက်တွင် မြောက်ပိုင်းမှ ၎င်းတို့ဖေါ်ထုတ်တွေ.ရှိချက်များအရ တောင်ပိုင်းတွင်လည်း ရန်သူ့လူများ စိမ့်ဝင်နေကြောင်း၊`မကဒတ´ကို ဖြိုခွဲရန်အတွက် စီမံချက်ဖြင့် လှုပ်ရှားနေကြောင်း၊ ဗဟိုကော်မတီတခုလုံးအား ယုံကြည်ရန်ခက်ခဲနေခြင်းကြောင့် ၎င်းတို့၏ထုတ်ဖော်ရရှိမှုများကို မပေးပို့နိုင်ကြောင်း၊ ၎င်းတို့ မြောက်ပိုင်း၌ စစ်ဆေးတွေ့ရှိချက်များအရ မကဒတမြောက်ပိုင်း ကိုယ်စားလှယ် ကိုစိုးလင်းကို ထိန်းသိမ်းထားရန် တပြိုင်နက်တည်း အကြောင်းကြားခဲ့သဖြင့် ထိန်းသိမ်းပေးခဲ့သည်။ မြောက်ပိုင်း၏ ဤအရေးယူမှုများကြောင့် `မကဒတ´ အပေါ် ပြည်တွင်းပြည်ပမှ ရိုက်ခတ် သက်ရောက်မှုများ ရှိနေကြောင်း၊ မြောက်ပိုင်းမှလက်ခံနိုင်သည့် ကိုယ်စားလှယ်တစ်ဦးကို မိမိတို့ဗဟိုမှ စေလွှတ်ပေးမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း မည်သည့်အရေးယူဆောင်ရွက်မှုကိုမှ လုံးဝ (လုံးဝ) ထပ်မံမလုပ်ရန် အကြောင်းပြန်ခဲ့ပါသည်။ မိမိတို့ ဗဟိုကော်မတီအနေဖြင့် မြောက်ပိုင်း၌ ဖမ်းထားသူများမှာ ရန်သူ့စပိုင် ဟုတ်၊မဟုတ် အသေအချာ မသိရသေးသော်လည်း မကဒတ အကွဲအပြဲ နှင့် ရန်သူ့သူလျိုလုပ်ရပ်ဟု ဆက်စပ်ထားသောကြောင့် အလွန်သတိကြီးစွာဖြင့်ကိုင်တွယ်ခဲ့ရပါသည်။ မိမိအနေဖြင့်လည်း စေ့စပ်ကြေအေးရေးသမားဟု တချိန်လုံး စွပ်စွဲတိုက်ခိုက်ခံနေရသဖြင့် ပိုမိုသတိထားရပါသည်။ ဗဟိုဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ အဖမ်းခံနေရသူများသည် မည်သူပင်ဖြစ်စေ သေဒဏ်ပေးခြင်းမျိုးမလုပ်သင့်ကြောင်း၊ ရန်သူ့သူလျှိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ `မကဒတ´အတွင်းတွင် နေထိုင်ရန် ခက်ခဲသွားပြီဖြစ်သဖြင့် လုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ရန်နှင့် မြောက်ပိုင်းသို့ သွားရောက်ရန် မိမိအား တာဝန်ပေးခဲ့ပါသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် မိမိတို့`မကဒတ´အား စိတ်ဓါတ်ထက်သန်စွာ ကူညီနေသည့် USB မှ ဦးစိုင်းထွန်းက မြောက်ပိုင်းတွင် သူ့တူမဖြစ်သူတစ်ဦး (ယခု သြစတြေးလျတွင်ရောက်ရှိနေသော နန်းအောင်ထွေးကြည်)ပါ အဖမ်းခံနေရကြောင်း၊ သူ့အနေဖြင့် အာမခံဖြင့် ခေါ်ထုတ်လိုကြောင်း၊ ကုန်ကျမှုများအတွက် တာဝန်ယူပေးမည်ဟု ပြောကြားကမ်းလှမ်းလာသောကြောင့် မိမိအနေဖြင့် သူနှင့်အတူ မြောက်ပိုင်းသို.သွားရောက်ရန် စီစဉ်ခဲ့ပါသည်။ ဤကာလမတိုင်မီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊အပြင် သံရုံးတချို့နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ ပြီး စစ်သုံ့ပမ်း (သို့မဟုတ်) အခြားသင့်တော်ရာပုံစံတခုဖြင့်လက်ခံပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် မေးမြန်း အကူအညီ တောင်းခံခဲ့သော်လည်း အိမ်ရှင်တရုတ်နိုင်ငံ၏ သဘောဆန္ဒမပါဘဲ မဆောင်ရွက်နိုင် ကြောင်း၊ စစ်သုံ့ပန်းများ မဟုတ်၍ ကိုင်တွယ်ဆောင်ရွက်ရန် ခက်ခဲကြောင်း တုံ့ပြန်ခဲ့ကြပါသည်။ နိုင်ငံတကာအနေဖြင့် တရုတ်ပြည်ကိုဖြတ်ြ၍ ကြားဝင် ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်းသိရှိခဲ့ရပြီးနောက် မကဒတအနေဖြင့်သာ တာဝန်ခံ ဖြေရှင်းရတော့မည်ဟူသောအသိဖြင့် မိမိသည် ဦးစိုင်းထွန်း၊ ဗိုလ်မှူကြီးစိုင်းလိတ်(SSPP ဥက္ကဌဟောင်း-ကျဆုံး) တို့နှင့်အတူ တရုတ်ပြည်သို့ သွားရောက်ခဲ့ရာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ပါဂျောင်သို့ ရောက်ရှိခဲ့ပါသည်။
ကချင်၊ ပါဂျောင်ဒေသ၌ မြောက်ပိုင်းကိစ္စကို ဖြေရှင်းခြင်း
KIO နှင့် `မကဒတ´(မပ)ရှိရာဒေသသို့ ဦးစိုင်းထွန်းနှင့်အတူ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရောက်ရှိခဲ့ပါသည်။မိမိအနေဖြင့် `မကဒတ´(မြောက်ပိုင်း) ဗဟိုကော်မတီဝင်များ၊ တပ်မှူးများ (ရှေ့တန်းရောက်နေသော ကိုမျိုးဝင်းနှင့် တပ်မှူး အချို့မပါ)နှင့် တောက်လျှောက်ဆွေးနွေးရင်း ယုံကြည်မှု တည်ဆောက်ခဲ့ရပါသည်။ မကဒတ မြောက်ပိုင်း၌ သေဒဏ်ပေးအရေးယူမှုကြောင့် `မကဒတ´(ဗဟို) အပေါ်သို့ သက်ရောက်လာသည့်အဖွဲ့တွင်း၊နှင့် ပြည်တွင်းပြည်ပမှ ရိုက်ခတ်သက်ရောက်မှုများ၊ တောင်ပိုင်း ဗဟိုကော်မတီ၏ အခြေအနေနှင့် တည်ဆောက်မှုများ၊ အခက်အခဲများ ကို နားလည်လက်ခံလာအောင် ခက်ခက်ခဲခဲ ရှင်းလင်းဆွေးနွေးပြခဲ့ရပါသည်။ မြောက်ပိုင်းမှလည်း မိမိတို့၏အခက်အခဲများ အပေါ် နားလည်မှုရှိလာသည်နှင့်အတူ စစ်ဆေးချက်များ၊ သက်သေခံပစ္စည်းများ ထုတ်ပြခဲ့ပါသည်။
မိမိအနေဖြင့် မြောက်ပိုင်းတွင် ဖမ်းဆီးခံနေရသူများအနက် နန်းအောင်ထွေးကြည် အပါအ၀င် မြောက်ပိုင်းမှ ရဲဘော်တချို.နှင့်မြောက်ပိုင်းစစ်ဒေသတွင် တပ်ရင်းသစ်များဖွဲ.စည်းထူထောင်ရန် မကဒတ တောင်ပိုင်း(ဗဟို)မှ တာဝန်ပေးစေလွတ်ခဲ့သောရဲဘော်များအနက် ဖမ်းဆီးခံရသူတချို.တိုကို မြောက်ပိုင်းတာဝန်ခံ ရဲဘော်တချို့ရှေ့မှောက်တွင် မေးမြန်းခွင့်ရရှိခဲ့ပါသည်။ ထို့နောက် မိမိမှ မြောက်ပိုင်းဗဟိုကော်မတီနှင့် အခြေအနေတစ်ခုလုံးအပေါ် သုံးသပ် ဆွေးနွေးခဲ့ပါသည်။
- မကဒတ(မြောက်ပိုင်း)၏ ဖေါ်ထုတ်တွေ့ရှိချက်များအရ ရန်သူ့လူများ ထိုးဖေါက်ဝင်ရောက်ပြီး ဖြိုခွဲရန် ကြိုးစားသည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊
- သို့သော်လည်း ဤမျှ များပြားသည့်အရေအတွက်ဖြင့် ထိုးဖေါက်ဝင်ရောက်သည်ဆိုသည်.အချက်မှာလည်း
လောဂျစ်အရ မဖြစ်နိုင်ကြောင်း၊
- ရန်သူ၏စီမံချက်များကို သိသင့်သလောက်လည်း သိပြီးဖြစ်၍ `မကဒတ´အတွက် အကောင်းဆုံး နည်းလမ်းမှာ
ဖမ်းဆီးခံထားရသူများအား ဘေးကင်းရာနေရာတခုသို. ပို.ဆောင်ပေးရေးပင်ဖြစ်ကြောင်း
ဆွေးနွေးတင်ပြခဲ့ပါသည်။
မြောက်ပိုင်းမှ လုံခြုံရေးအနေအထားအရ ချက်ခြင်းလွှတ်ပေးရန် မဖြစ်နိုင်ကြောင်းနှင့် တနှစ်ပြည့်လျှင် မိဘများထံပြန်လည် အပ်နှံပေးမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ပါသည်။ သို့ဖြစ်၍ မဟာမိတ် KIO ခေါင်းဆောင်များနှင့်လည်း မကဒတအပေါ် နားလည်မှုမလွဲစေရန် ဆက်လက်ဆွေးနွေးခဲ့ပါသည်။ ဖမ်းဆီးခံရဲဘော်များအား သံခြေကျင်းများ မခတ်ရန် စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အခြားရဲဘော်များနည်းတူ ခံစားခွင့်ရှိစေရန် ညှိနှိုင်းခဲ့ပါသည်။ ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူ နန်းအောင် ထွေးကြည်ကို ပြန်လွတ်ပေးပြီး ၄င်းနှင့်အတူ တပါတည်း ထည့်ပေးလိုက်ရန် မြောက်ပိုင်းဗဟိုကော်မတီနှင့် ညှိနှိုင်းပေးခဲ့ပါသည်။
မိမိလည်း `မကဒတ´(ဗဟို)နှင့် မြောက်ပိုင်းအကြား ပုံစံတကျ ဆက်ဆံမှုရှိရေး၊ မြောက်ပိုင်းတွင် နိုင်ငံရေး သင်တန်းများပို့ချပေးရေး၊ တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ရန်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် မိမိလည်း ဗဟိုမှ တာဝန်ရှိသူများအား ဗဟိုကော်မတီကို အချိန်မှီတင်ပြရန်နှင့် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ်မေလ ၁၈ ရက်ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ မေလ ၃၁ ရက်နေ့တွင် ထိုင်း နိုင်ငံသို့် ရောက်ရှိခဲ့ပါသည်။
မိမိပြန်လည်ထွက်ခွာပြီး(၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံနေရသူအားလုံး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်းကြားသိရပါသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့် မိမိကြုံတွေ့ခဲ့ရသော အခြေအနေကို သဘောထားထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေများကို ဆက်လက်တင်ပြအစီရင်ခံခဲ့ပါသည်။ မြောက်ပိုင်းကော်မတီမှ ရန်သူ၏ ထိုးဖေါက်ဖြိုခွဲရေးစီမံချက်ဖြစ်သည့် ရေလှိုင်းစီမံချက် ကို စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့၏တွေ့ရှိချက်များကို အခြေခံ၍ ၎င်းတို.ထုတ်ပြန်ထားသည်. တည်ဆဲဥပဒေအရ မိမိတို့ ဗဟိုကော်မတီ၏သဘောထားမပါဘဲ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မိမိတို.ဗဟိုကော်မတီအနေဖြင့် နိုင်ငံရေးအရတာဝန်ခံပြီး ဦးဆောင်ကိုင်တွယ်ဖြေရှင်းသွားရန်၊ တောင်ပိုင်းတွင်လည်း ဆက်လက်စုံစမ်းစစ်ဆေး ဖေါ်ထုတ်ရန်၊ မြောက်ပိုင်းကိစ္စကိုအတွေ့အကြုံယူ၍ `မကဒတ´အတွင်း လူ့အခွင့်အရေးများအပေါ် ပြည့်စုံစွာ နားလည်နိုင်ရေးအတွက် ရဲဘော်များအား အသိပညာပေးမူများဆောင်ရွက်ရန်၊ ပြစ်မှုပြစ်ဒဏ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် သီးသန့်ကင်းလွတ်သော တရားစီရင်ရေးစံနစ်တစ်ရပ် ဖော်ထုတ်ကျင့်သုံးရန်တို.ကို ဆုံးဖြတ်ခဲ့ကြပါသည်။
မိမိမှတ်မိသလောက်ဆိုလျှင် ကိုခင်မောင်ဝင်း၊ ကိုဝင်းမင်း တို့နှင့်တကြိမ်၊ ကိုခင်မောင်ဝင်း၊ ကိုအောင်သူငြိမ်း တို့နှင့်တကြိမ်။ မြောက်ပိုင်းသို့ နိုင်ငံရေးနှင့် လူ.အခွင့်အရေး၊ နိုင်ငံရေးအံတုမှုသင်တန်းများ သွားရောက်ပို့ချပေးနိုင်ခဲ့ပါသည်။ မြောက်ပိုင်းမှ ရဲဘော်များ ကိုလည်း တောင်ပိုင်းတွင်ဖွင့်လှစ်သော ကေဒါ သင်တန်းများနှင့် အခြားသင်တန်းများတွင် ပါဝင်တက်ရောက်စေခဲ့ပါသည်။ မြောက်ပိုင်းကိစ္စနှင့်ဆက်နွယ်၍ ကိုစိုးလင်းမှတစ်ဆင့် ကိုနေ၀င်းအောင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့၂ ဦးမှ တပ်ဖွဲ.၀င်အများအပြား '2Eဟ .ပ်မံအဖမ်းခံရစေရန် လုပ်ကြံထွက်ဆိုချက်များ ကို အသေအချာ သတိထားစီစစ်ခဲ့ပြီး ၎င်းတို့ ၂ဦးအပေါ် မှန်ကန်မျှတသော တရားစီရင်မှုနှင့် အကျဉ်းသားအခွင့်အရေးများကို ပေးခဲ့ပါသည်။ နိုင်ငံတကာအဖွဲ.အစည်းများနှင့် လွတ်လပ်စွာတွေ့ ဆုံခွင့်ပေးခဲ့ပါသည်။
ကျန်ရှိနေသော မေးခွန်းများ

၁။ မြောက်ပိုင်းတွင် ရန်သူသူလျှိုများ ၀င်ရောက်ထိုးဖေါက်မှုရှိမရှိ၊
မြောက်ပိုင်းကော်မတီ၏ တွေ့ရှိချက်များကို မှန်ကန်မှု ရှိမရှိ၊ စစ်ဆေးနိုင်ရန် အခြေအနေ၊ အချိန်အခါနှင့် ယန္တရား မိမိတို့ ဗဟိုကော်မတီတွင် မရှိပါ။ သို့သော်လည်း ၎င်းတို့ ပြသထားသော အထောက်အထားများ (ဥပမာ - ရန်သူ့ စစ်တပ်တွင်သာ အသုံးပြုသောလက်နက်၊ ဆက်သွယ်ရေးကိရိယာများနှင့် ဆက်သွယ်ရေးဝှက်စာများ)မှာ တစ်ယောက်ချင်းခွဲခြား စစ်ဆေးထားခြင်းဖြစ်သော်လည်း အတော်များများ တူညီနေသည်ကို အံ့သြဘွယ် တွေ.ရှိခဲ့ရပါသည်။ ဤကိစ္စ စတင် ပေါ်ပေါက်ရခြင်းမှာလည်း မကဒတမြောက်ပိုင်းတပ်မှ ထွက်ပြေးသော တပ်ပြေးတစ်ယောက်ကို မြောက်ပိုင်းကော်မတီက ပြန်လည်ဖမ်းမိရာမှ အစပြုပေါ်လာခြင်း ဖြစ်ပါသည်။ တချို့ရေးသား ပြောဆိုနေကြသကဲ့သို့ မြောက်ပိုင်းကော်မတီအတွင်း အာဏာလုရင်း ဖြုတ်၊ ထုတ်၊ သတ် လုပ်ခြင်းတော့မဟုတ်ပါ။ ရန်သူ့ ထောက်လှမ်းရေးအဖွဲ့ အသီးသီးမှ စေလွတ်ထားသော ထောက်လှမ်းရေးသမားများကို အချင်းချင်းချိတ်ဆက်ပေးရမည့် မိမိတာဝန် အောင်မြင်ပြီးဆုံးပြီဖြစ်သဖြင့် ပြည်တွင်းသို့ ပြန်ဝင်ရန် ထွက်ပြေးရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း တပ်ပြေးရဲဘော်က၀န်ခံထွက်ဆိုရာမှ ဆက်လက်ဖေါ်ထုတ်အရေးယူမူများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်းတွေ့ ရှိခဲ့ရပါသည်။
ဤသို့ အမြောက်အများ ထိုးဖေါက်ဝင်ရောက်ခြင်းမှာလည်း မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို့ ရန်သူက အသုံးချ ထိုးဖေါက်ဝင် ရောက် ခြင်း မရှိနိုင်ဘူးလားဟုမေးလျှင် ဖြစ်နိုင်မှန်း လူတိုင်းနားလည်နိုင်ပါသည်။ ဤသို့ အမြောက်အများ ထိုးဖေါက်ဝင်ရောက်ခြင်းမှာ မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို. တော်လှန်ရေးအင်အားစုများ၊ အတိုက်အခံအင်အားစုများကို ဖြိုခွဲရန်၊ ရန်သူက လေ့ကျင့်သင်တန်း ပေးထားသူများကို တာဝန်ပေးစေလွတ်ခြင်းများလည်း မရှိနိုင်ဘူးလားဟု မေးမြန်းလာလျှင် ရှိနိုင်မှန်း စစ်အာဏာရှင်စနစ်အောက် တွင် ရှင်သန်ရပ်တည်ခဲ့ကြရသော မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါလိမ့်မည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံ ကာလအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများသည် လူထုလူတန်းစား အလွာအသီးသီးအတွင်းသို. အသွင်သဏ္ဍန်မျိုးစုံ ဖြင့် ထိုးဖေါက်ဝင်ရောက်ခဲ့ကြပြီး အဖျက်အမှောင့်လုပ်ငန်းများကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြသည်. သာဓကများလည်း အများအပြား ရှိခဲ့ကြပါသည်။ မဆလ စစ်အစိုးရခေတ်ကတည်းက ကျောင်းသားထုအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများကို စနစ် တကျ မွေးမြူမြှပ်နှံထားခဲ့သဖြင့် ၄င်းတို.ကို ခွဲခြားသိရှိနိုင်ရန် အလွန်ခက်ခဲမည်ကို တွေးတောဆင်ချင်ကြည်.နိုင်ပါသည်၊ (မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆို ချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။ ၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)
၂။ မြောက်ပိုင်း ကော်မတီမှ စစ်ဆေးသောအခါ ညှင်းပမ်းနှိပ်စက်သည်များကို တောင်ပိုင်းဗဟိုမှ မသိဘူးလား၊ ခေါင်းဖြတ် သတ်
လိုက်သည်များကို အရေးမယူဘူးလား၊

မြောက်ပိုင်းကိုယ်စားလှယ်များ၊ ဗဟိုသို့ရောက်လာခြင်းများရှိခဲ့ကြသော်လည်း မိမိတို့တောင်ပိုင်းဗဟိုမှ ၎င်းတို့ထံရောက်ရှိခဲ့ခြင်း မရှိပါ။ ပလောင်ဒေသ တွင် `မကဒတ´တပ်ရင်း (၄၀၁) ဖွဲ့စည်းရန် စေလွတ်လိုက်သော ကိုသိုက်ထွန်းဦးတို့အဖွဲ့သာလမ်းချော်၍ ရောက်သွားခဲ့ခြင်း ရှိခဲ့ဘူးပါသည်။ တတိယအကြိမ်ညီလာခံအထိ မြောက်ပိုင်းသည် `မကဒတ´နာမည်ကို ခံယူထားသော်လည်း သီးခြားဖွဲ့စည်းပုံဥပဒေနှင့် လွတ်လပ်သောအုပ်ချုပ်ပုံဖြစ်ပြီး တောင်ပိုင်းဗဟို၏ အမိန့်ပေးမှု၊နှင့် စီမံခန့်ခွဲမှုအောက်တွင် မရှိပါ။ ၎င်းတို့၏ စည်းမျဉ်းဥပဒေနှင့် အုပ်ချုပ်နေခြင်းဖြစ်ပါသည်။ မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ ရောက်ရှိလာခြင်းများရှိသော်လည်း တောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။ `မကဒတ´မြောက်ပိုင်းသည် မဟာမိတ် KIO ထံတွင် စစ်ပညာများကို သင်ကြားခဲ့ကြပြီး မဟာမိတ်တပ်ကဲ့သို့ စစ်တပ်ပုံစံဖြင့် စည်းကမ်းတင်းကြပ်စွာ အုပ်ချုပ် ခဲ့ပါသည်။ အထက်အမိန့်များကိုလည်း ဦးလည်းမသုံ ခံယူရမည်ဟု လက်ခံထားသော စခန်းဖြစ်ပါသည်။ ရန်သူကိုလည်း ထူးထူး ချွန်ချွန် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူများ ဖြစ်ပါသည်။ မိမိ ဧပြီလပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှ ထုတ်ဖေါ်မပြောခဲ့ကြပါ။ မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကိုယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှ တစစဖြင့် စိတ်မကောင်း ဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။
မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်က ဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ ဗဟိုအနေဖြင့် မြောက်ပိုင်းကော်မတီမှ ထုတ်ဖေါ်တွေ့ ရှိမှုများ မှန် မမှန်၊ ၎င်းတို့ လုပ်နည်း မှန် မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။ မိမိတို့အကောင်းဆုံး လုပ်နိုင်ရန်ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ အသတ်မခံရရေး၊ ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့်`မကဒတ´မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏ လမ်းညွှန်မှုကို ခံယူနိုင်ရေးကိုသာ အဓိက ကြိုးစားခဲ့ပါသည်။ ဤကဲ့သို့ ဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက် ထင်သာမြင်သာဆောင်ရွက်နိုင်သော အခြေအနေ အချိန်အခါတွင် ဤကိစ္စများ ပြန်လည်ဖြေရှင်းကြရမည်ဟု မိမိတို့ ဗဟိုကော်မတီနှင့် မြောက်ပိုင်းကော်မတီ တို.အနေဖြင့် သိရှိခံယူထားပြီး ဖြစ်ပါသည်။
၃။ မတရားနစ်နာခဲ့သူတွေအတွက် မည်သို့ လုပ်ဆောင်ပေးမည်နည်း။
မကဒတ မြောက်ပိုင်းကိစ္စတွင် ၀င်ရောက်သွေးခွဲသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူများရှိသကဲ့သို့ မဟုတ်မမှန် စွပ်စွဲခံရ၍ နစ်နာခဲ့ရသူများလည်း ရှိနိုင်ပါသည်။ ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။ သို့သော်လည်း အမှားများကိုပုံဖေါ်ရင်း အမှန်ကိုမေ့သွား ဖုံးကွယ်သွားသည်များလည်း မဖြစ်သင့်ပါ။ ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတ နှင့် ကျောင်းသားတပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို မှေးမှိန်ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။ မိမိတို့အားလုံးသည် ပေးဆပ်ရပုံခြင်း မတူသော်လည်း စစ်အာဏာရှင် စံနစ်၏ သားကောင်များဖြစ်နေပါသည်။ မိမိတို့ အဖိနှိပ်ခံပြည်သူများအချင်းချင်း ဆန့်ကျင်ဖက်ပုံစံဖြင့် ပြုမူဆက်ဆံနေကြသမျှ၊ စစ်အာဏာရှင်စံနစ်၏ အကျိုးစီးပွားအတွက် အမြဲဖြစ်နေပါ လိမ့်မည်။ ထို့ကြောင့်
(၁) `မကဒတ´ထဲတွင် စစ်အစိုးရမှ စပိုင်များထည့်၍ ဖြိုခွဲရန် ကြံစည်ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးသင့်ပါသည်။
(၂) `မကဒတ´ထဲတွင် ဖမ်းဆီးစစ်ဆေးခံရမှုများ၌ လူသားဆန်မှု ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိမရှိ၊ သီးခြားလွတ်လပ်သူများဖြင့် ဖွဲ့စည်းစစ်ဆေးသင့်ပါသည်။
(၃) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။
မြောက်ပိုင်းသူလျိုများအား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ရဲဘော်၊ ရဲမေများအားလုံးကို မကဒတ ဥက္ကဋ္ဌ ဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။ အဖြစ်မှန်ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင် မိမိသိသမျှ၊ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်းဆောင်ရွက်ပေးပါမည်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမှန်တကယ် သူလျိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွားသူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ကိုယ်ချင်းစာမှုအခြေခံဖြင့် လေးနက်စွာ တောင်းပန်အပ်ပါသည်။
မိမိဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည်။
လေးစားစွာဖြင့်
နိုင်အောင်
မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်__
http://www.scribd.com/dna_freeburma/d/86622098-DNA-s-Testimony-on-ABSDF-s-Northern-Case
Facebook မှာ ဒေါက်တာနိုင်အောင် တင်ထားတဲ့ ဖိုင်ကို Ex-ABSDF မှာ ကိုလူဗိုလ်က Note - အဖြစ် ပြန်တင်ထားတာကို ပြန်လည် ကူးယူဖေါ်ပြထားပါတယ်။ စာသားအားလုံး မူရင်းအတိုင်း ဖြစ်ပေမဲ့ သတ်ပုံတလုံးစ နှစ်လုံးစနဲ့ အောက်ကမြစ်သုံးပုံသုံးနည်းတွေ မှားနေတာ တချို့ကို ပြန်ပြင်ထားပြီး စာတကြောင်း နှစ်ကြောင်းနဲ့ နံပါတ်တပ်ပြီး စာတပိုဒ်လုပ်ထးတာတွေကို နံပါတ် တွေ ဖြုတ်ပြီး စာပိုဒ်အကြီးအနေနဲ့ ပြန်လုပ်ထားပါတယ်။ ဓါတ်ပုံက ဒေါက်တာနိုင်အောင် facebook မှ ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ...

88 comments:

Finally, at least one has came forward (after more than 3 months)
Come on, where is Ko Moe Thee? Where is Ronald Naing Aung? We want to hear from you.
We reserve our right to comment on your explanation because we want to hear what they say

ဟူးးးးးးးးးးးးးမောလိုက်တာအစ်မရယ်....၊

နိင်အောင်.
မြန်မာစစ်အစိုးရတောင်အပြစ်ကျူုးလွန်သူတစ်ဦးတစ်
ယောက်ကိုစစ်ဆေး၇င်တောင်အမျိုးသားခြင်း။အမျိုးသမီးချင်းစစ်ဆေးကြသည်.(ခင်ချိုဦး)ရဲ.မိန်မကိုယ်ကိုအတွင်းထိ
စစ်ဆေးတာသင့်လျော်ရဲ.လား။မြန်မာအမျိုးသမီးများသည်
အရှက်ကြောက်အလွန်ကြီးမားသူများဖြစ်သည်။မယုံရင်ခင်
ဗျားမိန်းမ။ခင်ဗျားညီမတွေမေးကြည်ပါ။မိမိလုပ်ခဲ့သည်အ
တိုင်းသင်။သင်၏ဇနီး။သင်၏သမီးတိုသည်လည်းပြန်လည်

ငြိမ်းနိုင်ရေ ဖတ်တဲ့သူတွေတောင် ဒီလောက်မောရင် တကယ်ဖြတ်သန်းလာတဲ့သူတွေဆို ဘယ်လောက်မောမယ်ဆိုတာ စဉ်းစားသာကြည့်တော။

- ကိုကို အမည်နဲ့ရေးတဲ့သူ ကျေးဇူးပြုပြီး ဘာတွေရေးထားတယ်ဆိုတာ ဖတ်ပြီးမှ မှတ်ချက်ပေးပါ။

They are group cheat ,not truth. Anybody understand they are wicked and inferiority.

၁၉၈၈ ကနေ ယနေ့အထိ တရားတဲ့ တော်လှန်စစ် ကို ဆင်နွဲနေတဲ့ ABSDF ရဲ့ သမိုင်းဟာ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ သေချာတာကတော့ ABSDF ရဲ့ သမိုင်းဟာ ABSDF ကနေဖြတ်သန်းခဲ့ကြသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ မှတ်တမ်းတခု မဟုတ်ဘူး။

ABSDF ကနေ အချိန်ကာလတခုကို ဖြတ်သန်းခဲ့ကြသူတွေဟာ (ဆက်လက်ပါဝင် ပံ့ပိုးပေးနေသူတွေကလွဲလို့) သူတို့ရဲ့ ABSDF နဲ့ ပါတ်သက်တဲ့ ပြန်လည် ပြင်ဆင်လို့မရနိုင်တော့တဲ့ သမိုင်းကို ရေးပြီးခဲ့ကြပါပြီ။

မြန်မာပြည်မှာ စစ်အာဏာရှင် စနစ် မကျဆုံးသေးသ၍၊ ဒီမိုကရေစီ စနစ် မရှင်သန် နိုင်သေးသ၍ ၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တခု မပေါ်ထွန်းသေးသ၍ ABSDF ကတော့ သူ့ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ သမိုင်းကို ဆက်ရေးနေအုန်းမယ်လို့ ယုံကြည်ပါတယ်။

Aung Naing
Facebook


(
Facebook မှတ်ချက်တချို့ )


Kyi Kyi Khin - ဖတ်ပြီး။ ဒီစာထဲက အတိုင်းဆို ငယ်နိုင် ပြောတာ မှန်သွားပြီ။ ဧပြီမှ သွားတယ် ဆိုတာလေ။

Nge Naing - အစ်မကလည်း ဟုတ်ပါတယ် ဆိုမှပဲ။ အဲဒါ ဒေါက်တာနိုင်အောင်တယောက်တည်း ကျွန်မကို ပြောတာမဟုတ်ဘူး။ ကျွန်မ လူအတော်များများကို လိုက်မေးပြီးမှ ပြောတာပါ။

Nge Naing - အခု ဒေါက်တာနိုင်အောင် ရေးထားတဲ့အထဲမှာ နန်းအောင်ထွေးကြည် ဦးလေး အကြောင်းတခုပဲ ကျွန်မ မသိတာ။ အဲဒီသတင်းတွေ စထွက်ကတည်းက ကျွန်မ လိုက်မေးမြန်း စုံစမ်းထားလို့ ကျန်တာ အကုန် သိပြီးသားတွေချည်းပဲ။

Kyi Kyi Khin - ဟိုလူတွေ ဘာပြောကြဦးမလဲပဲ စောင့်ဖတ်ရမယ်။ မဲဆောက် ဖုန်းမော်နေ့ လုပ်တုန်းက ကိုသံခဲကလဲ ပြောတယ် သူ့ကို ပြောတဲ့အချက်တွေ အမှားတွေချည်းပဲ တဲ့။

Kyi Kyi Khin - အမလဲ အဲလိုပဲ လိုက်မေးထားပြီးသား။ အဲဒီကိစ္စလဲ သိထားတယ်။ ခြေကျင်း ဖြုတ်ခိုင်းထားခဲ့တာတွေရော။ ခပ်စောစောကတည်းက သိတယ်။ ဘယ်သူမှ မရေးသေးလို့တောင် စိတ်ထဲ ဘာလို့ သူတို့မရေးပါလိမ့်လို့ တွေးမိသေးတယ်၊

Kyi Kyi Khin - တို့တွေလဲ အချက်အလက် စုဆောင်းသူပါပဲ။ ဘာမှ မသိခဲ့တာမို့ နီးစပ်သမျှ လိုက်မေးကြည့်မိတာ။

Nge Naing - ဗဟိုအုပ်ချုပ်မှု အောက်မှာ ရှိတဲ့ မြောက်ပိုင်းမပြောနဲ့၊ အဲဒီတုန်းက တပ်ရင်းတွေကို အမိန့်ပေးလို့ရမရဆိုတာ ကျွန်မတို့တပ်ရင်း ဗဟိုအောက်မှာ ရှိနေတဲ့တပ်ရင်းတောင် တတိယအကြိမ် ညီလာခံမှာ ကိုယ်စားလှယ်တွေ ဟိုဘက်ဒီဘက် ရပ်ပြီးပြန်လာတယ်ဆိုတာ ကြားလို့ တပ်ရင်းထဲတောင် မရောက်သေးဘူး လမ်းမှာပဲ ရှိသေးတယ်။ အဖွဲအစည်း ကွဲအောင်လုပ်ပြီး ပြန်လာတဲ့ ကိုယ်စားလှယ်တွေ တယောက်မှာ စခန်းထဲ ၀င်ခွင့်မပေးဘူး၊ အ၀င်ဝမှာ သွားစောင့်ပြီး အကုန် မောင်းထုတ်မယ် လုပ်နေတာ။ တပ်မဟာ ၄ ကရင်တွေကလည်း ကျွန်မတို့ တပ်ရင်းက ပြောရင် ဗဟိုကိုလည်း ဘာမှ အရာသွင်းတာ မဟုတ်ဘူး။ မြောက်ပိုင်းလို သူ့ဖွဲ့စည်းပုံနဲ့သူ ရှိတဲ့နေရာဆို စဉ်းစားကြည့်ပေါ့။

ဘရာဇီး ငှက်ရိုး -

http://www.facebook.com/permalink.php?story_fbid=357097321000461&id=100001005872314

(Nge Naing @ Facebook)

((
Nge Naing said...
ဘရာဇီးငှက်ရိုး - ဒေါက်တာနိုင်အောင် ရေးထားတဲ့ရှင်းလင်းချက်ကို သေသေချာချာ ပြန်ဖတ်စေလိုပါတယ်။ အဲဒီအထဲမှာ မြောက်ပိုင်းကို ဇန်န၀ါရီလမှာ ကချင်ကျော်ကျော်ကို စေလွှတ်ပြီး ဗဟိုကလမ်းညွန်ချက်ပေးခဲ့ပါတယ်ဆိုတာ ပါတယ်။ ဗဟိုက မသတ်ဖို့ ဗဟိုက ပါဝင်ဆောင်ရွက်မှု မရှိဘဲ ဘာတခုမှ ဆက်မလုပ်ဖို့ ညွန်ကြားခဲ့တယ်ဆိုတာ ပါတယ်။ ဒေါက်တာမြင့်ချို ပြောတဲ့အထဲမှာလည်း ဒါပါတယ်။ ဒါမေပဲ့ မြောက်ပိုင်းဟာ ဗဟိုက ညွန်ကြားချက်မှာ မိဘတွေနဲ့ တွေ့ပေးတာတခုကိုတော့ လက်ခံပုံရတယ်၊ နန်းအောင်ထွေးကြည်တို့ သူ့မိဘတွေနဲ့ တွေ့ခွင့်ရခဲ့တာ မြောက်ပိုင်းက သူ့နဂိုရှိနေတဲ့ အစီစဉ် ဟုတ်ချင်မှဟုတ်မယ်။ မြောက်ပိုင်းနဲ့ ပတ်သက်ပြီး ဗဟိုက မြောက်ပိုင်းအတွက် ဘာတွေညွန်ကြားခဲ့တယ် ဘာတွေလုပ်ပေးခဲ့တယ်ဆိုတဲ့ အချက်ကို စုံစမ်းကြည့်တာ ဒီအချက်ဟာ ဗဟိုကလုပ်ပေးတဲ့အချက်ထဲမှာ ပါတယ်။ အဲဒီတော့ ဒေါက်တာနိုင်အောင် သွားပြီးမှဖြစ်စေ၊ မသွးခင်ဖြစ်စေ နန်းအောင်ထွေးကြည်တို့ သူတို့မိဘတွေနဲ့ တွေ့ခွင့်ရတာဟာ ဗဟိုရဲ့ ညွန်ကြားမှုထဲက အချက်တချက် ဖြစ်တယ်။ ဒါပေမဲ့ ဗဟိုမှာလည်း ရန်သူ့သူလျိုတွေ စိမ့်ဝင်နေတယ်လို့ ယုံကြည်ထားပြီး မြောက်ပိုင်းဟာ ဗဟိုကို မယုံဘူး။ ဗဟိုကို အကြောင်းလည်း ဘာမှမပြန်သလို သူတို့မြောက်ပိုင်းက ကိုင်စွဲထားတဲ့ ဥပဒေအတိုင်းပဲ ၁၅ ယောက်ကို သေဒဏ်ပေးခဲ့ပါတယ်ဆိုတာ ဒေါက်တာနိုင်အောင် ရှင်းလင်းချက်က သက်သေပြနေတယ်။ သေသေချာချာ ပြန်ဖတ်ဖို့ပဲ အကြံပြုပါတယ်။ နောက်ပြီးတော့ တခြား Link tag ပေးထားတဲ့ Link မှာ ဘရာဇီးငှက်ရိုး လာတင်ထားတဲ့ သူများပြောထားတာတွေကို ကူးလာတဲ့နေရာက လိပ်စာပါ ပြန်ထည့်ပေးပါ။ အစ်မဘလော့ဂ်မှာ ဖြစ်စေ၊ fb မှာဖြစ်စေ Reference မပါဘဲ သူများစာသားကို ယူလာတာကို လက်မခံဘူး။ အဲဒီမှာ tag ပေးထားတာက ဒေါက်တာနိုင်အောင် မြောက်ပိုင်းသွားတာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မဟုတ်ဘူးဆိုတာ သိစေချင်လို့ tag ပေးထားတာသာ ဖြစ်တယ်။ ))



ဘရာဇီးငှက်ရိုး ကို မငယ်နိုင် မေးထားတဲ့ လင့် က ဒီမှာပါ။

http://www.facebook.com/notes/%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%B1%E1%80%9D%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%98%E1%80%AC%E1%80%B8%E1%80%99%E1%80%AC%E1%80%B8/%E1%81%81%E1%81%89%E1%81%89%E1%81%82-%E1%80%B1%E1%80%96%E1%80%B1%E1%80%96%E1%80%AC%E1%80%B9%E1%81%80%E1%80%AB%E1%80%9B%E1%80%AE%E1%80%9C%E1%81%81%E1%81%82%E1%80%9B%E1%80%80%E1%80%B9-%E1%80%99%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%81%E1%80%84%E1%80%B9%E1%80%99%E1%80%BD%E1%80%AC-%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%80%E1%80%AD%E1%80%AF-%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%9C%E1%80%AC%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%90%E1%80%9A/10150592248080735


အိုးဝေအောင် အိုးဘားမား Facebook မှာ တင်ထားတဲ့ ပို့စ် အောက်မှာ Htar HtarLwin က မငယ်နိုင် အတွက် ရေးထားတဲ့ မှတ်ချက်ကို ဘရာဇီးငှက်ရိုးက ကူးလာတာပါ။

(( ၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင် လာသွားတယ် )) ပို့စ်

(February 28, 2012)

((
ဘရာဇီး ငှက်ရိုး -

http://www.facebook.com/permalink.php?story_fbid=357097321000461&id=100001005872314 ))


အိုးဝေအောင် အိုးဘားမား Facebook မှာ တင်ထားတဲ့ ပို့စ် (( ၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင် လာသွားတယ် )) အောက်မှာ Htar HtarLwin က မငယ်နိုင် အတွက် ရေးထားတဲ့ မှတ်ချက်ကို ဘရာဇီးငှက်ရိုးက ကူးပြီး ဘရာဇီးငှက်ရိုး Facebook မှာ
ပို့စ် တခု အဖြစ် သီးသန့် ပြန်တင်ထားပြီး မငယ်နိုင်ကို သူ့ Facebook က လင့် ကို လာပေးတာ ဖြစ်ပါတယ်။

http://www.facebook.com/permalink.php?story_fbid=357097321000461&id=100001005872314



(( ၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင် လာသွားတယ် )) ပို့စ်

(February 28, 2012 မှာ တင်ထားတဲ့ ပို့စ်)

http://www.facebook.com/notes/%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%B1%E1%80%9D%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%98%E1%80%AC%E1%80%B8%E1%80%99%E1%80%AC%E1%80%B8/%E1%81%81%E1%81%89%E1%81%89%E1%81%82-%E1%80%B1%E1%80%96%E1%80%B1%E1%80%96%E1%80%AC%E1%80%B9%E1%81%80%E1%80%AB%E1%80%9B%E1%80%AE%E1%80%9C%E1%81%81%E1%81%82%E1%80%9B%E1%80%80%E1%80%B9-%E1%80%99%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%81%E1%80%84%E1%80%B9%E1%80%99%E1%80%BD%E1%80%AC-%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%80%E1%80%AD%E1%80%AF-%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%9C%E1%80%AC%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%90%E1%80%9A/10150592248080735

(
ခေါင်းစဉ်ကို နှိပ်ပြီး ဒေါက်တာမြင့်ချို ပြောကြားချက် (ဗီဒီယို) ကို 50:35 မိနစ်မှ 56:48 အထိ ကြည့်နိုင်ပါတယ်။ )

by ဘရာဇီး ငှက်ရိုး
March 18, 2012

ABSDF မြောက်ပိုင်း ကချင်ပြည်နယ်၊ ပါဂျောင်ဒေသမှာ ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လဆိုင်း၊ သန်းဇော် အပါအဝင် အာဏာရူး လူသတ်သမား တစုက ကျောင်းသားတပ်မတော်ရဲဘော် ၁၀ဝ ကျော်ကို ထောက်လှမ်းရေး သူလျှိုတွေ လို့ စွပ်စွဲပြီး ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေ ဖြစ်နေတဲ့ အချိန် (၁၉၉၁ - ၁၉၉၂) မှာတုန်းက ဒေါက်တာမြင့်ချို (ယခု သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့) က ABSDF တောင်ပိုင်း (ABSDF ဗဟို) ရဲ့ ဗဟိုကော်မတီဝင် တဦး ဖြစ်ပါတယ်...


ABSDF ဗဟို (ABSDF တောင်ပိုင်း) ရဲ့ ဗဟိုကော်မတီဝင်ဟောင်း ဒေါက်တာမြင့်ချို က ဆစ်ဒနီမြို့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေကို ABSDF မြောက်ပိုင်း ညှင်းဆဲသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး ပြောပြသွားတာက -

"ကျနော်တို့ စစ်တပ်တွေမှာလို၊ အဖွဲ့အစည်းတွေမှာလို သူကအောက်၊ ငါကအထက် ဒီလို မရှိပါဘူး... ဒေသ ပထဝီ အနေအထားအရ တောင်နဲ့မြောက် ကွဲကွာနေတဲ့ အပေါ်မှာ သီးသန့် လှုပ်ရှားတယ်၊ သီးသန့် လုပ်ကိုင်တယ်၊ သီးသန့် ဆုံးဖြတ်တယ်... ကျနော်တို့ တတိယအကြိမ်ညီလာခံ တောင်ပိုင်းမှာ လုပ်တဲ့အချိန်က ၉၁ ခုနှစ်၊ သြဂုတ်လ... အဲဒီအချိန်မှာ မြောက်ပိုင်း ABSDF က တောင်ပိုင်းနဲ့ ပူးပေါင်းတဲ့ တဖွဲ့တည်းသော အဖွဲ့ ဖြစ်ချင်တယ် ဆိုပြီးတော့ ကိုယ်စားလှယ် လွှတ်လာတယ်... အဲဒီအချိန်က စပြီးတော့ ABSDF နှစ်ခြမ်းဟာ စပြီး သန္ဓေတည်တဲ့ အချိန်ကနေ သီးသန့်ဖြစ်ရာကနေ ပေါင်းပြီးတော့ တစ်ဖွဲ့တည်း ဖြစ်ဖို့ အတွက် ကျနော်တို့ ကြိုးစားခဲ့ကြတယ်...

အဲဒီအချိန်မှာပဲ ညီလာခံကာလမှာ မြောက်ပိုင်းမှာ လူပေါင်းများစွာကို သံသယနဲ့ "စပိုင်" ဆိုပြီးတော့ ဖမ်းတာတွေ ဖြစ်ခဲ့တယ်... အဲဒီအထိ ကျနော်တို့ ညီလာခံက မပြီးသေးဘူး... ပြောချင်တာက ဘာလဲ ဆိုတော့ မြောက်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စသည် တောင်ပိုင်းဗဟိုကော်မတီက ဘာမှ ကွန်ထရိုး (control) လုပ်လို့ မရဘူး... သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး... သူ့ရဲ့ command (အမိန့်အာဏာ) အောက်မှာ မရှိဘူး... constitution (ဖွဲ့စည်းပုံ) က သပ်သပ် ဖြစ်တယ်... အုပ်ချုပ်ပုံက သပ်သပ် ဖြစ်တယ်...

သို့သော် အဲဒီကိစ္စတွေ ဖြစ်သွားတဲ့ အပေါ်မှာတော့ တောင်ပိုင်းမှာ ရှိတဲ့ ရဲဘော်တွေ အကုန်လုံးက၊ တာဝန်ရှိသူ အကုန်လုံးက ဒီ ထိန်းသိမ်းထားတဲ့ လူတွေကို ဒီလောက် အများကြီး ဖြစ်နေတဲ့ ကိစ္စ အပေါ်မှာ မဖြစ်သင့်တာ မဖြစ်ရအောင် ဆိုပြီးတော့ "ဘာမှမလုပ်ပါနဲ့၊ ထိန်းထားပါ... ဒို့ အဖွဲ့အစည်းက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တိုက်တဲ့ အဖွဲ့အစည်း... မသတ်ပါနဲ့၊ မညင်းဆဲပါနဲ့... သူများ စားသလို စားရမယ်... နေမကောင်းထိုင်မကောင်း ဖြစ်ရင် စောင့်ရှောက်ရမယ်" ဆိုပြီးတော့ သဘောထား ပေးထားတာ ရှိပါတယ်...

အဲ့ဒီအချိန်မှာပဲ ကျနော်တို့ နှစ်ဖွဲ့ ကွဲသွားတယ်၊ ABSDF က... ကွဲသွားတော့ မြောက်ပိုင်းက ရဲဘော်တွေက ကျနော်တို့ တောင်ပိုင်းက ဘက်တဘက်ကို ထောက်ခံတယ်... ထောက်ခံတဲ့ ဘက်ကနေ message (သတင်း) ပို့တယ်... "ခဏ ထားထားပါ၊ ဘာမှ မလုပ်ကြပါနဲ့၊ စီစစ်မယ်" ဆိုပြီး ပြောတယ်... အဲဒီအချိန်က စပြီးတော့ တောင်ပိုင်းရဲ့ command (အမိန့်အာဏာ) က မြောက်ပိုင်းမှာ သွားပြီးတော့ သက်ရောက်မှု ရှိလာတယ်... သို့သော် တရားဝင် သက်ရောက်ပေမဲ့ လက်တွေ့မှာ သူ့နည်း သူ့ဟန်နဲ့ ဆက် သွားနေတယ်... သွားတော့ တောင်ပိုင်း မြောက်ပိုင်းဟာ ဆက်လဲ အဆက်အသွယ် မရှိဘူး... ဆက်လို့လဲ မရဘူး...

.
အဲဒီကာလမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ မြောက်ပိုင်းမှာ ၁၅ (၁၂) ယောက်ကို သေဒဏ် ပေးပြီးတော့၊ အမိန့်ချပြီးတော့ သတ်တယ်... ကျနော်တို့ မသိဘူး၊ တောင်ပိုင်းမှာ... ဘီဘီစီ တို့၊ ဘာတို့ ကနေ အသံလွှင့်တဲ့အခါကျမှ တောင်ပိုင်းကလူတွေ သိတာ... မြောက်ပိုင်းက ပြောတာက "မြောက်ပိုင်း ဗဟိုကော်မတီ၊ မြောက်ပိုင်းစည်းကမ်း၊ မြောက်ပိုင်းရဲ့ command (အမိန့်အာဏာ) နဲ့ပဲ ဗဟိုကော်မတီက မြောက်ပိုင်းမှာပဲ ဆုံးဖြတ်ပြီးတော့ ဒီလူတွေဟာ အထောက်အထားတွေ တွေ့ရှိလို့ သေဒဏ် ပေးလိုက်တယ်" ဆိုပြီးတော့ အဲဒီလို သူတို့ ဖော်ထုတ်လိုက်တယ်... မီဒီယာကို...

အဲဒါပဲ ကျနော်တို့ သိတယ်... သိတော့ ကျနော်တို့က ဘာစဉ်းစားလဲ ဆိုတော့ တောင်ပိုင်းမှာ ရှိတဲ့လူတွေက "ငါနဲ့မဆိုင်ဘူး" လုပ်လို့ မရတော့ဘူး... သိတာ၊ မသိတာ တကဏ္ဍပဲ... တာဝန်ခံရတော့မယ်... အဲဒီတော့ statement (ထုတ်ပြန်ချက်) တစောင် ထုတ်လိုက်တယ်... "ဒါတွေအားလုံးကို နိုင်ငံတကာ အကူအညီနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ လိုတယ်" ဆိုပြီးတော့...

အဲဒီပေါ်မှာ ကျနော်တို့က စာထုတ်လိုက်ပြီးတော့ ဒီကိစ္စကို ဥက္ကဌ ကိုနိုင်အောင်က မြောက်ပိုင်း သွားပြီးတော့ ဖြေရှင်းရတယ်... ကိုနိုင်အောင်က ဧပြီလမှာ ရောက်တယ်၊ မြောက်ပိုင်းကို... သတ်တာက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သတ်တာ... သို့သော် ကျနော်တို့ တာဝန်ရှိတဲ့ သူတွေ အကုန်လုံးက တာဝန် မရှောင်ကြဘူး... ဒီကိစ္စကို အမှန်အမှား ဖြစ်အောင် သေချာ စီစစ်ပြီးမှ ဖော်ထုတ်မယ်... တချိန်ကျရင် ဘက်မလိုက်တဲ့ ပညာရှင်တွေ၊ ကျွမ်းကျင်တဲ့ သူတွေနဲ့ အထောက်အထားတွေ အကုန်လုံးကို သေသေချာချာ... ခံစားရတဲ့ ရဲဘော်တွေရော၊ ကျဆုံးသွားပြီးတော့ ကျန်ခဲ့တဲ့ မိဘတွေရော၊ ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေ အကုန်လုံးရော၊ အမိန့်ပေးခဲ့တဲ့ သူတွေရော၊ ကိုယ်တိုင်ကိုယ်ကျ သတ်ခဲ့တဲ့ သူတွေရော၊ တာဝန်ခံရတဲ့ တောင်ပိုင်းက ဗဟိုကော်မတီရော၊ စသည်ဖြင့်ပေါ့ဗျာ... အားလုံး စုံစုံညီညီနဲ့ ဒီကိစ္စတွေကို မျက်နှာချင်းဆိုင် ရှင်းဖို့တော့ လိုတယ်...

အဲဒီအခါက ဘာလဲ ဆိုတော့ ဥပဒေ တကယ် မှန်မှန်ကန်ကန် ကြီးစိုးဖို့တော့ လိုတယ်၊ ဒီအချိန်မှာ... ဒီအချိန်မှာ သူလဲ မှန်တယ်၊ ငါလဲ မှန်တယ်... ကျနော်တို့ အမှန်တရား ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး... ဒါကြောင့်မို့လို့ လက်ရှိဗဟိုကော်မတီ အနေနဲ့ သူတို့အနေနဲ့ ဒါတွေနဲ့ မပတ်သက်ခဲ့သော်ငြားလဲပဲ ရှေ့က အဖွဲ့အစည်း ဖြစ်ခဲ့တဲ့ ကိစ္စ အပေါ်မှာ သူတို့ တာဝန်ယူပြီးတော့၊ ဒါကို ခေါင်းခံပြီးတော့ ထုတ်ပြန်ချက် ထုတ်ရတယ်၊ ကော်မရှင် ဖွဲ့ရတယ်... သူတို့နဲ့ ဘာမှ တိုက်ရိုက် မပတ်သက်ခဲ့ပါဘူး... သို့သော် အဖွဲ့အစည်းရဲ့ ထုံးစံအရ၊ အစဉ်အလာအရ ဆက်ခံလာတဲ့ အပေါ်မှာ ဒီတာဝန်ကြီးဟာ နောက်ထပ် ခေါင်းဆောင်သစ်တွေ အပေါ်မှာ သွားပြီးတော့ ပိနေတယ်...

.
ဒါကြောင့်မို့လို့ ကျနော် ပြောချင်တာက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ရင်နာစရာကောင်းတယ်၊ ကြေကွဲစရာကောင်းတယ်၊ ဝမ်းနည်းစရာကောင်းတယ်... အထစ်၊ အပိုင်းကြီး တခုလိုပဲ ခံစားနေကြရတယ်... ဒါပေမဲ့ ဒီအမှန်တရားကို တနေ့ ကျနော်တို့ ဖော်ထုတ်ကြမယ်... ဒီကာလမှာ အပြင်က ဘယ်လောက်ပဲ ရေး ရေးပါ... လက်ရှိ တိုက်ပွဲဝင်နေတဲ့ ABSDF ရဲဘော်တွေကို ခွဲခြားပြီး မြင်စေ့ချင်တယ်... မြောက်ပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ "အေဘီ တဖွဲ့လုံးကို ဖျက်သိမ်းလိုက်ပါ" ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ၊ ABSDF ရဲဘော်တွေကို "လူသတ်သမား" ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ မဖြစ်စေချင်ဘူး... ကနေ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေက နယ်စပ်မှာ အသက်စွန့်ပြီး တိုက်နေတာ တပြည်သား၊ တပြည်ထောင်လုံး အတွက် တိုက်နေတာ ဖြစ်တယ်၊ သူတို့ အတွက် မဟုတ်ဘူး...

ဒါကြောင့်မို့လို့ ကျနော် နောက်ဆုံး ပြောချင်တာက ဖြစ်ခဲ့တဲ့ဟာတွေ အမှန်ပဲ... သို့သော် အင်တာနက်မှာ ရေးသလိုတော့ မဟုတ်ဘူး... ဖြစ်ခဲ့တယ်... အဲဒါကို ဖြေရှင်းဖို့လဲ ကျနော်တို့ ပရောဆက်ကို ကျနော်တို့ လုပ်နေတယ်... အခု ဥက္ကဌ ကိုသံခဲတို့ ဖွဲ့ထားတဲ့ ကော်မရှင်ကို မယုံဘူး၊ ယုံတယ် ဆိုတာ တကဏ္ဍပေါ့ဗျာ... ဒါက ရဲဘော်တွေနဲ့ ဖွဲ့ထားတာ... ပတ်သက်ခဲ့သူ တယောက်မှ မပါဘူး... အဲဒီတော့ ပတ်သက်ခဲ့သူ အားလုံးက ဒီကော်မရှင်ကို ပူးပေါင်း ဆောင်ရွက်ပြီးတော့ အချက်အလက်တွေ ပေးမယ်...

အဲဒါ အားလုံး စုပြီးတော့ တချိန်ကျရင် အဲဒီကိစ္စကို တရားဝင် မြန်မာနိုင်ငံထဲမှာ ပြန်ရှင်းကြမယ်... အဲဒီအခါမှာ နစ်နာသူတွေ ကျုးလွန်သူတွေ ဘယ်လို ကျနော်တို့ အနေနဲ့ ကုစားကြမှာလဲ... လူမှုရေးအရပဲ ကျနော်တို့ ကုစားကြမှာလား၊ ဥပဒေကြောင်းအရ ကုစားကြမှာလား... ဒါကတော့ တချိန်ကျရင် အားလုံးက ဆုံးဖြတ်ကြပေါ့ဗျာ... ဒီအချိန်မှာတော့ ဒီရဲဘော်တွေ၊ ဒီခေါင်းဆောင်တွေ၊ သူတို့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေမှာ ဒီကိစ္စကြောင့်တော့ အမဲစက် မစွန်းထင်းစေချင်ဘူး... သူတို့အပေါ်မှာ အထင်မလွဲစေချင်ဘူး... ကျနော် အဲဒါကို တောင်းပန်ပါတယ်...

ABSDF ဗဟို (ABSDF တောင်ပိုင်း) ရဲ့ ဗဟိုကော်မတီဝင်ဟောင်း ဒေါက်တာမြင့်ချို က ဆစ်ဒနီမြို့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေကို ABSDF မြောက်ပိုင်း ညှင်းဆဲသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး ပြောပြသွားတာ ဖြစ်ပါတယ်...

(ဘရာဇီး ငှက်ရိုး facebook မှ ကူးယူ ဖော်ပြသည်။)


( "ABSDF မြောက်ပိုင်း ညှင်းဆဲသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး ABSDF ဗဟို ၏ ဗဟိုကော်မတီဝင်ဟောင်း ဒေါက်တာမြင့်ချို၏ ပြောကြားချက် (ဗီဒီယို)"
ခေါင်းစဉ်ကို နှိပ်ပြီး
ဒေါက်တာမြင့်ချို ပြောကြားချက် (ဗီဒီယို) ကို 50:35 မိနစ်မှ 56:48 အထိ ကြည့်ပါ။ )

.
(
ခေါင်းစဉ်ကို နှိပ်ပြီး ABSDF မြောက်ပိုင်း ရဲမေဟောင်း ခင်ရွှေလှိုင် ရဲ့ ဓါတ်ပုံကို ကြည့်နိုင်ပါတယ်။ )


မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ

ခင်ရွှေလှိုင်
၂၀၁၂ ခုနှစ်၊ မတ်လ (၂၇) ရက်

(၁)

မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ့ တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် …


ကျောင်းသားတပ်မတော်ဟာ နဖူးပေါ် စာတမ်းထိုး မလာကြတဲ့ ‘မ’ တထောင်သားတွေကြောင့် မိအေးနှစ်ခါ မက နာခဲ့ရတဲ့ အဖွဲ့အစည်းပါ။ အင်အားစုတစု ဖြိုခွဲခံခဲ့ရတယ် ဆိုတာ ကျောင်းသား တပ်မတော်အနေနဲ့ရော တော်လှန်ရေးအတွက်ပါ ကြီး မားတဲ့ နစ်နာဆုံးရှုံးမှုတခု၊ စနစ်ဆိုးတခုအောက်က မိခင်တွေ အတွက်တော့ သားသမီးရတနာများအား တူညီသော ဆုံးရှုံးမှု တခုပါ။

ဒီအဖြစ်အပျက်တွေမှာ အတွင်းကျကျ အနေအထားမျိုးနဲ့ သိရှိ ပါဝင်ခဲ့သူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေးမေး မြန်းခဲ့ကြတယ် ဆိုတာ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတဦး မဟုတ်ခဲ့ပေမဲ့ အရိုးရှင်းဆုံး အနေအထားကနေ အစအဆုံး ကြုံတွေ့ခဲ့ရတဲ့ သာမန် ရဲမေ တယောက်အနေနဲ့ ကျမရဲ့အမြင်ကို ပြောပြခွင့် ရှိမယ် ထင်ပါတယ်။ မပြောခင်မှာ ကျမရဲ့ နောက်ခံ သမိုင်းကြောင်းကို သိချင်တဲ့သူတွေ ရှိနေနိုင်ပါတယ်။

အမေ ပေးထားတဲ့ ကျမရဲ့နာမည်က ခင်ရွှေလှိုင်၊ ဖြတ်သန်းခဲ့တဲ့တလျှောက် အခုချိန်ထိ ဒီနာမည်နဲ့ပဲ နေပါတယ်။ မမွေးခင် ကတည်းက “လူထု” ဆိုတဲ့ စကားလုံးက ကျမနဲ့ ရင်းနှီးပြီးသားပါ။ အဲဒီ စကားလုံးလေးကို ကျမအဖေ မြတ်နိုးလွန်းလို့ လူထု ဦးလှနဲ့ ဒေါ်အမာတို့ဆီက ခွင့်ပြုချက်တောင်းပြီး မိသားစုနာမည် အဖြစ် အသုံးပြုခဲ့တာမို့ "မန္တလေး၊ နန်းရှေ့၊ လူထုမိသားစုက" လို့ သိလိုရင် မေးကြည့်နိုင်ပါတယ်။

.
၈၈ မှာ နန်းရှေ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ မန္တလေးတက္ကသိုလ် (ပင်မ) မှာ ပူးပေါင်းပါဝင် ချီတက် ဆန္ဒပြခဲ့တယ်၊ အာဏာသိမ်းပြီးတဲ့နောက် “အမျိုးသားနိုင်ငံရေးကျောင်းသားလူငယ်အဖွဲ့ (အနကလ)” ရဲ့ ဆိုင်းပုဒ်အောက်မှာ အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (မနတ)၊ လူ့ဘောင်သစ်၊ ဒီမိုကရက်တစ်ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (ဂေါစတာ) တို့နဲ့ လက်တွဲပြီး အဖွဲ့ရဲ့လှုပ်ရှားမှု။ ဗကသလှုပ်ရှားမှု။ ယူဂျီလုပ်ငန်း တချို့မှာ ပါဝင် ဆောင်ရွက်ခဲ့တယ်။ တောထဲမှာ ဘယ်လို နေခဲ့သလဲ သိလိုရင်တော့ ရှမ်းပြည်မြောက်ပိုင်း (၄၀၁) တပ်ရင်းက ရဲဘော်တွေ။ မြောက်ပိုင်းကချင်ကျောင်းသားတပ်မတော်က ရဲဘော် ရဲမေတွေကို မေးကြည့်နိုင်ပါတယ်။

ကေအိုင်အေ အပစ်အခတ် ရပ်ဆဲပြီးနောက် (၁၉၉၆ ၉၇) မှာ ကျမ အမေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ အိမ်က လာခေါ်တဲ့အတွက် မြောက်ပိုင်းမှာ လုပ်သက် (၅) နှစ်ပြည့် ရဲမေများကို တရားဝင် အိမ်ပြန်ခွင့်ပြုချက် အရ အမှောင်ပြန်ဝင်ခဲ့တယ်။ အဲဒီအချိန်မှာ မန္တလေးလှုပ်ရှားမှုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ကျမနဲ့ တွေ့ခဲ့တယ်။ “မင်းမှာလည်း တာဝန်ရှိတယ်၊ ဘာလို့ မတားမြစ်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းအပေါ် “ကိုယ်တိုင် လာနေကြည့်မှပဲ သိနိုင်မယ်” လို့ ဖြေခဲ့တယ်။ “မင်းရဲ့အမြင်တွေကို ရေးပေးနိုင်မလား” လို့ တောင်းခံလာခဲ့တဲ့အပေါ် “အခုချိန်မှာ ဘယ်သူ့ကိုမှ ဘာမှ ရေး မပေးနိုင်ဘူး” လို့ ဖြေခဲ့တယ်။ သိချင်လို့ မေးလာတဲ့ သူငယ်ချင်းတွေကိုတော့ “တချို့လူတွေ ဖြစ်နိုင်တယ်” လို့ ဖြေခဲ့တယ်။

၁၉၉၈ မှာ အိန္ဒိယ (မဏီပူကန့်) ကို ရောက်တယ်။ (လူလိမ္မာ အခါခါမိုက်)။ အေဘီ (အနောက်ပိုင်း) တာဝန်ရှိသူက ရဲမေ လုပ်မလား၊ အိမ်ထောင်သည်လုပ်မလား မေးခဲ့တဲ့အပေါ် အထဲကို ပြန်ဝင်ခဲ့တဲ့ သူတယောက် အဖြစ် ကိုယ့်ကိုယ်ကို လိပ်ပြာ မသန့်တဲ့အတွက် အိမ်ထောင်သည်ကို ရွေးချယ်ခဲ့တယ်။ နောက်ပိုင်းမှာ ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့ အိန္ဒိယက ရဲဘော် ရဲမေတွေ၊ ထိုင်းနယ်စပ် လက်ရှိ ကျောင်းသားတပ်မတော်က ရဲဘော်တွေနဲ့ သူတို့ရဲ့မိန်းမတွေ၊ နိုင်ငံတကာမှာ ရောက်နေတဲ့ ရဲဘော်တွေနဲ့ မိသားစုတွေ၊ ဒုက္ခသည်စခန်းမှာ ကျမစာသင်ပေးခဲ့တဲ့ ကလေးတွေကို မေးနိုင်ပါတယ်။

၂၀၁၀ လက်ရှိမှာ ကျမသမီးရဲ့ ပညာရေးနဲ့အနာဂတ်အတွက် သြစတေးရီးယားကို ရောက်တယ်။ ကျမဟာ မြို့မှာက တည်းက ကိုထွန်းအောင်ကျော် (GTI မန္တလေး၊ အသတ်ခံရ) ၊ ကိုအောင်နိုင် (MC မန္တလေး၊ လက်ရှိ ချင်းမိုင်) ၊ ကိုစိုးလင်း (RIT မန္တလေး၊ တောင်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်မြောက်) တို့နဲ့အတူ လက်တွဲ လုပ်လာခဲ့သူ တယောက် ဖြစ်သလို သူတို့ (၃) ယောက် ရှောင်ပုန်းနေခဲ့ရာကတဆင့် တောထဲကို သွားရမှာဖြစ်လို့ ကျမ (ရုက္ခဗေဒ ဒုတိယနှစ်၊ ဂုဏ်ထူးတန်း၊ မန္တလေး) ကို မြို့လမ်းကနေတဆင့်သွားဖို့ ကိုညီညီရဲ့အကို ကိုမောင်မောင် (ရွှေကရ၀ိတ်) နဲ့ ကိုထွန်းအောင်ကျော်ရဲ့ အကိုဝမ်းကွဲ ကိုချိုကြီး (မန္တလေး ယူဂျီ) တို့ စီစဉ်ပေးခဲ့ကြတာပါ။ တောထဲကို လာခဲ့တုန်းက တယောက်တည်းပါ။ ဘယ်အဖော်မှ မပါပါဘူး။ တောထဲရောက်မှ ကိုသံချောင်း (မြစ်ကြီးနားတက္ကသိုလ်၊ မိုးညှင်း မိုဟန်)၊ ကိုမျိုးဝင်း (RIT ၊ မိုးညှင်း၊ နမ္မား) ဒေသခံ ခေါင်းဆောင်တွေနဲ့ ဆုံတွေ့ခဲ့တယ်။

.
ကျမကိုယ်ကျမ တာဝန်ခံရဲတာက ကျမ တောထဲကို လာခဲ့တာ တော်လှန်ရေးလုပ်ဖို့ ဆိုတာကိုပါ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ၊ ဒေသစွဲတွေ လုပ်ဖို့မဟုတ်ဘူး ဆိုတာကိုပါ။ လုပ်တဲ့သူတွေဘက်ကလည်း "ဒီလူတွေအားလုံးဟာ ရန်သူ့သူလျိုတွေပါ" လို့ စွပ်စွဲခဲ့သလို "သူတို့မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှိတယ်၊ တချိန်ချိန်မှာ ဒီအတွက် ကြိုးစင်တက်ရမယ် ဆိုရင်လည်း ကြိုးစင်တက်မယ်" လို့ ပြောခဲ့ကြတယ်။

ခံရသူတွေဘက်ကလည်း "ငါတို့အားလုံးဟာ တယောက်မှ ရန်သူ့သူလျှိုမဟုတ်ဘူး၊ မတရားလုပ်တာ ခံခဲ့ကြရတဲ့ ကျောင်းသား အစစ်အမှန်တွေပါ" လို့ ပြောခဲ့ကြတယ်။

ကျမကတော့ နှစ်ခုစလုံးကို လက်မခံချင်တဲ့သူ။ "၅၀၀ လောက် ရှိတဲ့တပ်ကို ဖြိုဖို့ ရန်သူ့သူလျှို ၅ ယောက်တောင် မလိုသလို ရန်သူ့လူ အမှန်တကယ် မပါခဲ့ရင် ဒါတွေလည်း ဖြစ်လာစရာ အကြောင်းမရှိဘူး" လို့ ကျမ ယူဆတယ်။ "ရန်သူ့သူလျှို တယောက်မှမပါဘဲ သူတို့အချင်းချင်း တောထဲမှာ အာဏာလုခဲ့ကြတာပါ" ဆိုတဲ့ ပုံပြင်က ရိုးစင်းလွန်းအားကြီးပါတယ်။ အာဏာလုတာ မှန်ရင် အမျိုးသမီးရဲမေတွေ နဲ့ အောက်ခြေက ရဲဘော်တွေ အများကြီးကို ဖမ်းစရာအကြောင်း မရှိပါဘူး။

သေချာတာကတော့ ကျောင်းသားလူငယ်တွေရဲ့ အတွေ့အကြုံနုနယ်မှုနဲ့ ရဲစိတ်ရဲမာန်ထက်သန်နေကြမှုကို အသုံးချပြီး တိုက်စရာမလိုဘဲ " `ကိုယ့်လူ ကိုယ်ပြန်စားနည်း´ (ရန်သူ့သူလျှိုကို ထွက်ပေါက် အသင့်ပေးထားပြီးသား၊ ကာကွယ်ထားပြီးသားဖြစ်တဲ့ `ကျောင်းသားကို ကျောင်းသားက သတ်တဲ့ အဖြစ်မျိုး´ ဖန်တီးခြင်း) နဲ့ ဖြိုခွဲဖို့ ဆင်ထားတဲ့ ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်" ဆိုတာပါပဲ။

အစီစဉ်ရှိရှိ လုပ်ခဲ့ကြတဲ့အပေါ် အစီစဉ်ရှိရှိ ပြန် အသုံးချနိုင်ဖို့ ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေ ထဲမှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ၊ ဓါတ်ပုံမှတ်တမ်းတွေ၊ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ် ဆိုတဲ့ လူတချို့ရဲ့ လက်ထဲကနေ အလျှိုလျို ပလူပျံပြီး ထုတ်ဝေဖို့ စာအုပ် အသင့် နဲ့အတူ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း “ဒါကို စနစ်တကျ လုပ်သွားခဲ့တဲ့ `သူလျှိုတစု´ ရှိနေတယ်” ဆိုတဲ့ သင်္ကေတကို ညွန်ပြနေပါတယ်။


ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇) ရက်၊ လူထုတော်လှန်ရေးနေ့


( ခေါင်းစဉ်ကို နှိပ်ပြီး ABSDF မြောက်ပိုင်း ရဲမေဟောင်း ခင်ရွှေလှိုင် ရဲ့ ဓါတ်ပုံကို ကြည့်နိုင်ပါတယ်။ )

-
OLD STUDENT COMRADES
ကျောင်းသားရဲဘော်ဟောင်းများ တွေ့ဆုံပွဲ

၂၇.၃.၂၀၁၂၊ နေ့ ၂းဝဝ
ဘုရားကြီးတိုက်၊ အလယ်တိုက်ကြီး
မန္တလေးမြို့

We're citizens of FUTURE.
We're within one's reach.
Nobody can prohibit the prediction of the presence of FUTURE.

ဘရာဇီး ငှက်ရိုး ကျနော်မေးချင်တာက--- (နှိပ်စက်စစ်ဆေးခံရလို့ဖော်ထုတ်ပြောဆိုလိုက်တဲ့နာမည်တွေဟာ ယခုတိုင် လှုပ်ရှားနေသူများဖြစ်သောကြောင့် မသင့်တော်ဟု= ဒေါ်အောင်ဆန်းစုကြည်, ကိုမင်းကိုနိုင်, ကိုကိုကြီး, ကိုဌေးကြွယ်, ကိုမင်းဇေယျာ,.... ဘယ်သူ့ကို ညွှန်းချင်တာပါလိမ့်... အခု လှုပ်ရှားနေတဲ့ ရဲတိုက်တို့ ဇေယျာသော်တို့ များလား????
ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စားရမှာ ဖြစ်လို့ အဆိပ်တော့ မဖော်မိစေနဲ့.... သေနေဦးမယ်....

http://www.facebook.com/messages/1357340814#!/notes/nge-naing/%E1%81%81%E1%81%89%E1%81%89%E1%81%82-%E1%80%81%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%80-%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%90%E1%80%AC-%E1%80%B1%E1%80%96%E1%80%B1%E1%80%96%E1%81%9A%E1%81%80%E1%80%AB%E1%80%9B%E1%80%AE%E1%80%99%E1%80%BD%E1%80%AC-%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9%E1%80%95%E1%80%AB/379690695384520

This comment has been removed by the author.

ဘရာဇီး ငှက်ရိုး လက်ရှိဥက္ကဌကြီးရဲ့ ဇနီးမဒမ်သံခဲပို့စ်လဲ ဖတ်ပြီးရော အော်... လက်ရှိ အေဘီအက်စ်ဒီအက်ဖ်ကလဲ ဒီပြသနာ ပြေလည်အောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်ပေးတာ ဒါကြောင့်ကိုးလို့... ခုတော့ သိသွားပြီ။ စည်းစည်းလုံးလုံးနဲ့ ပျော်စရာကြီး၊ သင်္ကြန်ရထားလိုပေါ့ အတွဲလိုက်ကြီး... အေဘီအက်စ်ဒီအက်ဖ် အတွက်တော့ စိတ်မကောင်းစရာပါ... (ကင်ဆာဖြစ်နေတာကိုး)
(From Face book)

အမှန်ကို သိစေချင်လို့ Link ထည့်ပေးလိုက်ကာမှ အတင်းပြောစရာတခု ထပ်တိုးပြီး အကုသိုလ်ထပ်ရအောင် လုပ်ပေးသလို ဖြစ်သွားတာ စိတ်မကောင်းပါဘူး။ မျက်စိနှစ်ဖက်ရှိတာ နှစ်ဘက်စလုံး မဖွင့်နိုင်သရွေ့ တကယ်အလုပ်လုပ်လာသူတွေ ပြောတာကို မယုံ လေနဲ့ တော်လှန်ရေးလုပ်လာတ...ဲ့သူတွေ ပြောတာကိုပဲ ယုံနေသရွေ့တော့ ဒီလိုပဲဖြစ်နေမှာ သေချာပါတယ်။ ဒါကလည်း မျက်စိနှစ်လုံးရှိတာ တလုံးပဲ အသုံးပြုနိုင်တဲ့သူတွေ နားနှစ်ဖက်ရှိတာ တဖက်ဘဲ အသုံးပြုနိုင်သူတွေလို ရှေးဘ၀၀ဋ်ကြွေးပါလာတဲ့ နာတာရှည် ရောဂါတမျိုးလိုပဲ ဖြစ်မယ်ထင်ပါတယ်။

အခု မခင်ရွှေလှိုင်ရဲ့ အရေးအသားနဲ့ ဒီကေ့စ်ကို ချဉ်းကပ်ပုံက အမှုမှန် ပေါ်စေချင်ပုံ မရဘူးခင်ဗျ... ဒါမျိုးက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ရေးခဲ့ရင်တော့... အော်... မဒမ်လေးလဲ ရေးခဲ့ဖူးပါလားလို့ ထောက်ခံရတာပေါ့... အခုက မီးလောင်နေတုန်း ဓါတ်ဆီလောင...်းပေးနေသလို ဖြစ်မနေဘူးလား... စကတည်းက ယဉ်သကိုကို ဆိုလာတာကိုး... သို့သော် စောင့်ဖတ်ပေးမှာပါ... မခင်ရွှေလှိုင်ကို မဒမ်သံခဲလို့ မခေါ်တော့ဘူး... လက်ရှိဥက္ကဌကတော်လို့ ပြောင်းခေါ်နေပါပြီ...

"သူတို့မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေရှိတယ်။ တချိန်ချိန်မှာ ဒီအတွက် ကြိုးစင်တက်ရမယ်ဆိုရင်လည်း ကြိုးစင်တက်မယ်လို့ ပြောခဲ့ကြတယ်"

"ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေထဲမှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ။ ဓါတ်ပုံမှတ်တမ်းတွေ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူ တချို့ရဲ့ လက်ထဲကနေ အလျှိုလျှို ပလူပျံပြီး ထုတ်ဝေဖို့စာအုပ်အသင့်နဲ့အတူ"

ဒီအရေးအသားလေးတွေက ရင်ခုန်ဖို့ မကောင်းဘူးလား... ဗီဒီယို ဖိုင်များရှိရင် နိုင်ငံတကာ စာမျက်နှာပေါ် ရောက်နေပြီးတော့ အကုန်ကြည့်ပြီးသား ဖြစ်မှာပါ... မရှိလို့ တောင်းနေရတာ... တရားဝင် တောင်းကြည့်လို့ ရမဲ့ လမ်းကြောင်းရှိရင်ပြောပါခင်ဗျာ... ကြည့်ချင်ပါတယ်... ဒီလိုမျိုး အရေးအသားက ဓားဆွဲလာတဲ့ လူလိုပဲ... ဓားဆွဲပြီး လာတဲ့ ရန်သူကို ပန်းစည်းနဲ့ ကြိုမှာ မဟုတ်ဘူး... ဓားနဲ့ခုတ်ပြီး ပန်းခွေချပေးလိုက်ပါ့မယ်... ဒါလူသတ်မှု့ပါ... သူလျိုမို့လို့ သေဒဏ်ပေးတယ် ဆိုရင်တောင် အာဏာရှင်ဆန့်ကျင်သူတွေရဲ့ မူဝါဒကို စိတ်ပျက်စရာပါ... ဒီမိုကရေစီ ရရှိရေး လက်နက်ကိုင်တိုက်နေတဲ့ အဘီအက်စ်ဒီအက်ဖ် အတွက် အင်မတန်မှ အရှက်ရစရာ ကောင်းပါတယ်... သေဒဏ်အပြစ်ပေးမှု ရှိနေသေးသလားလဲ သိချင်ပါသေးတယ်...

မြောက်ပိုင်းကိစ္စကို အစကတည်းက မရှင်းကြဘူးလို့ ပြောနေကြဆဲပဲဖြစ်တယ်။ အစကတည်းက ဘယ်လိုရှင်းခဲ့တယ်ဆိုတာ ဒေါက်တာနိုင်အောင် ရှင်းတဲ့အထဲမှာ ပါပြီးတာကိုလည်း သေသေချာချာ မဖတ်ကြဘူး။ ကျွန်မသိရသလောက် ရန်သူ့သူလျှိုတွေ ဖြစ်လို့ သူတို့ပေါ်လစီအတိုင်း သေဒဏ်ပေးလ...ိုက်တယ်လို့ ပြောတဲ့ ကိုရော်နယ်အောင်နိုင်တယောက်ကလွဲရင် ကျန်တဲ့သူေ...တွက ဖြစ်သွားခဲ့တဲ့ ပြဿနာကို မှန်တယ်လို့ ဘယ်သူတဦးတယောက်မှ ပြောနေတာ မတွေ့ဘူး။ ဗဟိုဟာ ဖြစ်သွားပြီးမှ သိတယ်။ ဖြစ်သွားတဲ့ကိစ္စကို ဘယ်လိုတာဝန်ခံလိုက်ရတယ်။ ကျန်တဲ့ အစွပ်အစွဲခံထားရသူတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လက် ဖြေရှင်းသင့်တယ်ဆိုတာကို နိုင်ငံတကာက အကြံဥာဏ်ယူတယ်။ Amnesty International တို့ Red Cross တို့ကို တိုင်ပင်တယ်။ အကူအညီတောင်းတယ်။ နောက်ဆုံး ဘယ်သူမှ တာဝန်မယူလို့ ကိုယ့်ဖာသာကိုယ်ပဲ တနှစ်ကြာရင် တနည်းနည်းနဲ့ ပြန်လွတ်ပေးမယ်လို့ မြောက်ပိုင်းနဲ့ ရအောင်ညှိပြီး ဆုံးဖြတ်ခဲ့တယ်။ ဗဟိုဟာ ဒီအထိ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မတို့ တပ်ရင်းတွေမှာလို တပ်တွင်းဒီမိုကရေစီ မရှိတဲ့ မြောက်ပိုင်းလို နေရာမှာ တခြားခေါင်းဆောင်တွေဆိုရင်ကော ဒါမှမဟုတ် ကိုယ်ဆိုရင်ကော ဘယ်လိုနည်းနဲ့ ချည်းကပ်ပြီး ဒီပြဿနာကို ဖြေရှင်းမမလဲဆိုတာ တခါမှ မစဉ်းစားကြည့်ကြဘူးလား။ ဒေါက်တာနိုင်အောင် ရှင်းလင်းချက် မတက်လာခင်ကတော့ မကဒတ ဗဟိုကော်မတီက သတ်မိန့်ပေးဖို့ ဆုံးဖြတ်ပြီး ဒေါက်တာနိုင်အောင်က ဖေါ်ဖေါ်ဝါရီ ၁၂ ရက်နေ့မတိုင်ခင် သွားပြီး အမိန့်ပေးသတ်ဖြတ်ခဲ့ပါတယ်လို့ မဟုတ်မဟပ် ရမ်းတုတ်ပြောပြီး ABSDF တခုလုံးကို သိက္ခာလိုက်ချကြတယ်။ အခုကပြန်ျတောလည့်း မြောက်ပိုင်းကိစ္စကို မြောက်ပိုင်းက သူ့ဖါသာသူ ဆုံးဖြတ်ပြီး ကွပ်မြစ်စီရင်ခဲ့ပါတယ်ဆိုတာ မြောက်ပိုင်းဥက္ကဌဟောင်း ကိုရော်နယ်အောင်နိုင်က မီဒီယာတွေမှာ ပြောထားပြီး ဖြစ်လျှက်၊ ဒေါက်တာနိုင်အောင်နဲ့ ဒေါက်တာမြင့်ချိုတို့ရဲ့ ပြောကြားချက်တွေမှာလည်း ဗဟိုဟာ ဖြစ်ပြီးမှ သိရပါတယ်ဆိုတာ ပြောထားလျှက်နဲ့ အရင်စွပ်စွဲထားတာတွေ မဟုတ်တာကို မှားကြောင်း ၀န်မခံဘဲနဲ့ နောက်တမျိုး ထပ်ပြောပြီး စော်ကားကြပြန်တယ်။ အဲဒီတော့ ရှင်းပြလေ အတွန့်တက်ပြီး ပြဿနာ ထပ်ရှာလေဆိုတာ တချို့ပြောတာ အမှန်ပဲ ဖြစ်နေတယ်။ ဒီပြဿနာ ဘယ်တော့ သွားပြီးတော့မလဲဆိုရင် မြောက်ပိုင်းမှာ အစွပ်စွဲခံရတဲ့သူတချို့ လုပ်ကြံပြောပြီး ဖြောက်ချက်ပေးသလို အဲဒီတုန်းက မကဒတ ဗဟိုကော်မတီ CEC တွေအားလုံးကလည်း ကျွန်တော်တို့ဟာ ခင်ဗျားတို့ ပြောနေကြသလို မြောက်ပိုင်းက ကိုထွန်းအောင်ကျော်နဲ့ ၁၅ ယောက်ကို မကဒတ ဗဟိုက အစည်းအဝေးဆုံးဖြတ်ချက်နဲ့ သတ်ဖို့ဆုံးဖြတ်ပြီး မြောက်ပိုင်းကို ဥက္ကဌကိုယ်တိုင်သွားပြီး ဦးဆောင်သတ်ဖြတ်ခဲ့တာ မှန်ကန်ပါတယ်။ သံသရာကြွေးတွေကို တမလွန်ဘ၀အထိ မသယ်သွားချင်တဲ့အတွက် ကျနော်တို့ အခုလက်ရှိ လုပ်နေတဲ့ နိုင်ငံရေး ပါဝင်လှုပ်ရှားမှုတွေ အားလုံးကို ရပ်ဆိုင်းပြီး ကျနော်တို့ အဖမ်းခံပါတော့မယ် ခင်ဗျားတို့ အစွမ်းအစ အရည်အချင်းမရှိလို့ ၀င်တိုးလို့ မပေါက်တဲ့ အခုလက်ရှိ ကျနော်တို့ အရည်ချင်းရှိလို့ ကျနော်တို့ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေး လှုပ်ရှားမှု နယ်ပယ်က နေရာတွေ အားလုံးကို ခင်ဗျားတို့ ပေးပြီး ကြိုးစဉ်ပေါ် တက်ပါတော့မယ်။ ခင်ဗျားတို့ မြန်မာ့နိုင်ငံရေးကို လေပေါပြီးဆက်လုပ်ကြတော့လို့ လုပ်ကြံဖန်တီး ပြောပြီး ဖြောက်ချက်ပေးရမလိုလို ဖြစ်နေတယ်။

အနှစ်နှစ်ဆယ်ကျော် အတွင်းမှာ ဒီကေ့စ်နဲ့ ပါတ်သတ်ပြီး ဆရာဝန်နိုင်အောင် အပါအဝင် တာဝန်ရှိသူတွေ ဘာတွေ လုပ်ကိုင်ပြောဆိုခဲ့ကြဖူးသလဲ... သိချင်ပါတယ်... ကိုအောင်နိုင်ဦး နဲနဲပါးပါး ရေးတင်တာ အေရာဝတီဆိုဒ်မှာ ပြန်ရှာပြီး ဖတ်ရဖူးပါတယ်... အခုရှင်းလင်းချက်က... ပထမဆုံး ဥက္ကဌကိုထွန်းအောင်ကျော်(၇၄)ကနေ အခုလက်ရှိ ဥက္ကဌကိုသံခဲအထိ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြသူတွေ အဆက်ဆက် ဒီကေ့စ်မှာ ပါဝင်ခဲ့သလို လုပ်ပြီး ကိုယ်အလွတ်ကလေး ဖော်သွားတယ်... ဖေဖော်ဝါရီ ရောက်ခြင်း မရောက်ခြင်းထက် စသိကတည်းက ဘယ်လိုဖြေရှင်းလဲ... လူတိုင်းမြင်သားပဲ... ဘာမှ ထိထိရောက်ရောက် မလုပ်ခဲ့ဘူးကိုး... ဒေါက်တာမြင့်ချိုနဲ့ ဆရာနေဝင်းအောင်က အပြင်းအထန် ကန့်ကွက်ကြတယ်ဆိုတာ အားလုံးသိပါတယ်... ကန့်ကွက်ပြီး သိပ်မကြာခင်မှာ ကိုနေဝင်းအောင် ဖမ်းခံထိပြီး (၈နှစ်ကျော်ထင်ပါတယ်) အကျဉ်းသားဘဝ ဖြစ်သွားတယ်... ဒေါက်တာမြင့်ချို ပါးစပ်က ကိုနေဝင်းအောင် ဖမ်းခံထိပြီး ကတည်းက ပိတ်သွားလိုက်တာ ဟိုနေ့က အမလင့်ခ်တဲ့ ဆစ်ဒနီပွဲ ကျမှ "တနေ့တော့ ဖြစ်လာမှာပါ" "တနေ့တော့ ဖြစ်လာမှာပါ" ပြောသွားတာပါ... အဲ့ဒီတနေ့နေ့ကို (မသေခင်) ကျနော် မျှော်နေပါ့မယ်...

ဘရာဇီးငှက်ရိုး မင်းမှာလည်း ရှေးဘ၀က ပါလာတဲ့ ၀ဋ်ကြွေးပဲ ဖြစ်မယ်။ ABSDF မှာ တနှစ်နှစ်နှစ်တည်းလုပ်ပြီး ခြင်ကိုက်ဖြုတ်ကိုက်ဒဏ်ကိုတောင် မခံနိုင်လို့ အပြင်ရောက်သွားပြီး အပြင်မှာ လေလျှောက်ပန်းပြီး အလုပ်လုပ်နေတဲ့သူတွေကို မကျေမနပ်နဲ့ အနှစ်နှစ်ဆယ်လုံး... အတင်းထိုင်ပြောလို့ မ၀နိုင်မခပ်နိုင် ဖြစ်နေသူတွေ ပြောစကားတွေကိုပဲ ယုံပြီး တကယ်လက်တွေ့ကျကျ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ဖြတ်ကျော်လာသူတွေရဲ့ Fact ကို ပြောထားတာကို လက်မခံနိုင်တာ အဲဒါ ၀ဋ်ကြွေးမှ ၀ဋ်ကြွေးအစစ်ပဲ။ ဗဟိုဦးဆောင်မှု အောက်မှာ ရှိတဲ့ မြောက်ပိုင်း မဟုတ်သေးဘူး မြောက်ပိုင်းနဲ့ တပ်ဖွဲ့ဝင် ဦးရေ အတူတူ (သို့) များရင်များနိုင်တဲ့ တပ်ရင်း၊ ဗဟိုရဲ့ဦးဆောင်လမ်းညွန်မှု အမိန့်တိုက်ရိုက်စီးဆင်းမှု အောက်မှာ ရှိတဲ့ အစ်မတို့တပ်ရင်း ၂၀၁ မှာတောင် ဗဟိုက အပေါ်စီးကနေ ဆရာကြီးလာလုပ်ပြီး ဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီး လာလုပ်လို့ ရတာမဟုတ်ဘူး။ မကဒတ တပ်ရင်းအားလုံးဟာ သူ့နယ်မြေမှာရှိတဲ့ သူ့မဟာမိတ်နဲ့ အဆင်ပြေနေရင် ဗဟိုကို ဘာမှသိပ်ပြီး ခေါင်းထဲထည့်ကြတာ မဟုတ်ဘူး။ ဒါပေမဲ့ ဗဟိုမှာ တခုခု ချွတ်ယွင်းပြီ မဟုတ်တာ လုပ်ပြီဆိုတာ ကြားတာနဲ့ ချက်ချင်းကို ကန့်ကွက်ရှုပ်ချတတ်ပါတယ်။ ဗဟိုမပြောနဲ့ ညီလာခံဆိုတာ အမြင့်ဆုံး အာဏာ ရှိတယ်။ ဒါတောင်မှ အဲဒီညီလာခံလုပ်တဲ့ နယ်မြေခံတပ်ရင်းက သြဇာကို ထည့်သွင်းစဉ်းစားရတယ်။ မင်းသမီးစခန်းမှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ညီလာခံတုန်းက အဖြစ်အပျက်တခုကို အားလုံးလည်း ပြန်သတိရအောင် တောတွင်းက အခြေအနေနဲ့ သဘောသဘာဝကို နားမလည်သူတွေလည်း ဗဟိုဆိုပြီး တပ်ရင်း (သို့) နယ်မြေတခုခုမှာ ဆရာကြီးလုပ်ချင်တိုင်းလုပ် အမိန့်ပေးချင်တိုင်း ပေးလို့ မရဘူးဆိုတာ သိခွင့်ရအောင် ပြန်ပြောပြလိုက်မယ်။ အဲဒီ ညီလာခံကာလက ပထမအကြိမ် ညီလာခံသက်တမ်းမှာ ထိပ်ပိုင်းခေါင်းဆောင် တာဝန်ယူလာခဲ့တဲ့ ပုဂ္ဂိုလ်တဦး အဲဒီတုန်းကတော့ ဒုတိယအကြိမ် ညီလာခံ မပြီးသေးဘူးဆိုတော့ လက်ရှိခေါင်းဆောင်ထဲကလို့ ပြောရမှာပေါ့ အဲဒီပုဂ္ဂိုလ်က အရက်ခိုးသောက်ရာကစပြီး ညီလာခံ အထောက်အကူပြုအဖွဲ့က ရဲဘော်တွေဟာ မကျေမနပ်ဖြစ်ကြရာက စလို့ တပ်ရင်းတခုလုံးကို ပြန့်နှံ့သွားခဲ့တယ်။ မင်းသမီးစခန်းမှာ ဗဟိုကော်မတီဝင်ကအစ အောက်ခြေရဲဘော်အဆုံး အားလုံးက တခါတလေ ကြုံတဲ့ပွဲတော် အခမ်းအနားတွေမှာပဲ အရက်သောက်လို့ရတယ်။ တခြားအချိန်မှာ သောက်ရင် ဗဟိုကော်အတီဝင်တွေ ဘာတွေ နားမလည်ဘူး သောက်တဲ့သူ အကုန်လုံး အပြစ်ခံရတယ်။ အခု ဒီတပ်ရင်းမှာ လာကျင်းပတဲ့ ညီလာခံကာလမှာ ဗဟိုက ခေါင်းဆောင်တဦးက အချိန်မဟုတ် အခါမဟုတ် အရက်သောက်တယ်ဆိုတော့ ရဲဘော်တွေက မကျေနပ်ဖြစ်ကြတယ်။ ဆက်ရန် အဲဒီကတဆင့် မကဒတ ပထမအကြိမ် ညီလာခံသက်တမ်းမှာ ထိုင်းပြည့်တန်ဆာခန်းသွားတဲ့ ခေါင်းဆောင်နဲ့ အလုပ်မလုပ်ဘဲ စကားပဲပြောတဲံခေါင်းဆောင်တွေ၊၊ ငွေအလွဲအသုံးစားလုပ်တဲ့ ခေါင်းဆောင်တွေ ရှိနေကြတယ်ဆိုတာကိုပါ သိထားတော့ ဒီလိုခေါင်းဆောင်တွေ ဒုတိယအကြိမ် ညီလာခံသက်တမ်းမှာ ပြန်ပါလာမှာကို အရမ်းစိုးရိမ်ပြီး တပ်ရင်းက ရဲဘော်တွေဟာ အားလုံးနီးပါးသွားပြီး ညီလာခံ ကျင်းပနေတဲ့ ခန်းမရှေ့မှာ ဒီလိုခေါင်းဆောင်တွေ လုံးဝပြန်မရွေးဖို့နဲ့ အဖွဲ့အစည်းအတွက် ဘယ်လိုကောင်းအောင်လုပ်ဖို့ သွားပြီး ကန့်ကွက်တာ အကြံပြုတာ လုပ်ခဲ့တယ်။ ဆက်ရန်

အပေါ်က အဆက် ----- > အဲလို ဖြစ်သွားတာ ညီလာခံကြီးမှာနော် ဥက္ကဌ တယောက်တည်းလည်း မဟုတ်ဘူး၊ ဥက္ကဌထက်မြင့်တဲ့ EC အဖွဲ့အ၀င်တွေပဲမဟုတ်ဘူး။ EC ထက်မြင့်တဲ့ ဗဟိုကော်အတီ တခုလုံးတင်မကဘူး အဖွဲ့အစည်းတခုလုံးရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ညီလာခံမှာ အဲဒီတပ်ရင်းက... ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေ မပါဘဲ တပ်ရင်းက အောက်ခြေရဲဘော်တွေ သက်သက်စာသွားတင်တာ။ ဒီတပ်ရင်းအတွက် ကိုယ်စားလှယ်တွေ ရွေးထားပြီးသား ဖြစ်တယ်။ ရွေးထားတဲ့ ကိုယ်စားလှယ်တွေကတဆင့် မဟုတ်ဘဲ အဲလိုအောက်ခြေက သွားလုပ်တာဟာ ဖွဲ့စည်းပုံအရ လုံးဝ လုပ်ပိုင်ခွင့် မရှိဘူး။ အဲလိုလုပ်သူတွေကို နှစ်ရှည်ထောင်ဒဏ် ချပစ်လို့ရတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်သူတွေက တပ်ရင်းတရင်းလုံး ဖြစ်နေတယ်။ ညီလာခံက ဒီတပ်ရင်းကို အရေးယူကြည့် ဘာဖြစ်သွားမယ်ထင်လဲ စဉ်းစားကြည့်။ ညီလာခံလည်း ပျက်သွားနိုင်ပြီး အဖွဲ့အစည်းတောင် ဖရိုဖရဲ ဖြစ်ပြီး သွားနိုင်တယ်။ ဒါပေမဲ့ ဒီလိုသွားလုပ်လိုက်လို့ ရလာတဲ့ ရလဒ်ကောင်းအနေနဲ့ ခုနက ပြောတဲ့ အလုပ်မလုပ်ဘဲ စကားပဲများနေတဲ့၊ ပြည့်တန်ဆာခန်းသွားခဲ့တဲ့၊ ငွေအလွဲသုံးစားလုပ်ခဲ့တယ်လို့ အစွပ်အစွဲခံရတဲ့ ခေါင်းဆောင်တွေဟာ ဒုတိယအကြိမ် ညီလာခံသက်တမ်းမှာ ဗဟိုကော်မတီဝင်တွေအဖြစ် ပြန်မပါလာတော့ဘူး။ မြောက်ပိုင်းမှာကော ဗဟိုဟာ အခုလို ညင်ညင်သာသာ မကိုင်တွယ်ပဲ သွားလုပ်ကြည့်ပါလား အကျိုးဆက်အနေနဲ့ ညှင်းဆဲခံရမှာစိုးလို့ ဖေါ်တဲ့သူတွေက မဟုတ်တဲ့ ထပ်ဖေါ် ထပ်ဖမ်းဖြစ်ပြီး နောက်ထပ် ၁၅ ယောက်မက ဆယ်ဆမက အယောက် ၁၅၀ လောက်တောင် ထပ်သေလောက်တယ်။ ဆိုလိုချင်တာက မြောက်ပိုင်းလို သူ့အုပ်ချုပ်မှုနဲ့ သူ သူ့ဗဟိုနဲ့သူဖြစ်နေတဲ့ နေရာမပြောနဲ့ ဗဟိုအုပ်ချုပ်မှု အောက်မှာ ရှိနေတဲ့တပ်ရင်းတရင်းကိုတောင် ဗဟိုမကလို့ ညီလာခံကြီးကတောင် လုပ်ချင်သလို လုပ်လို့မရဘူး။ ဒီနယ်မြေမှာ ဒီတပ်က ရဲဘော်တွေက ဗဟိုထက် ပိုပြီး ဒီနယ်မြေခံတွေကို သြဇာညောင်းတာ ဘယ်သူမှ ငြင်းလို့မရဘူး။ ဒါကြောင့် ဗဟိုဟာ အသင့်တော်ဆုံး၊ အကောင်းဆုံး ဖြစ်မယ်ထင်တာကို ရွေးချယ်ရတာတွေ ရှိတယ်ဆိုတာပဲ ဖြစ်တယ်။ ဒါကို အပြင်လူတွေပဲ မသိတာပါ။ မကဒတ တပ်ဖွဲ့ဝင်ဟောင်းဆိုသူတွေ အကုန်သိပ်တယ်။ သိလျက်နဲ့ မနာလိုဝန်တိုစိတ်ကြီးစွာနဲ့ ချောက်တွန်းချင်လို့ ပြောနေတာသာ ဖြစ်လို့ အခု ဒီမှတ်ချက်ကလည်း အပြင်လူတွေကို သိစေချင်လို့ တပ်ဖွဲ့ဝင်ဟောင်းဆိုသူတွေကိုကျတော့ ပြန်လည်သတိရစေချင်လို့ ရေးတာဖြစ်တယ်။ အတင်းပြောတာကို ယုံပြီး Fact ကို မယုံတဲ့ ဘရာဇီးငှက်ရိုးကို ထပ်ရှင်းနေလို့လည်း လက်ညောင်းရုံ အချိန်ကုန်ရုံပဲ အဖတ်တင်မယ်ဆိုတာ သိလို့ နောက်ထပ် ဘာမှ ထွေထွေထူးထူး ပြန်ရှင်းပြနေဖို့တော့ မရှိဘူး အကြံပြုလိုတာက နားနှစ်ဖက်ရှိ၊ မျက်စိနှစ်လုံးရှိတာ တဘက်တည်း တလုံးတည်းကို အသုံးမပြုနဲ့ နှစ်ဘက်စလုံးကို အသုံးပြုပါလို့ပဲ တိုက်တွန်းပါတယ်။

အပေါ်က အမတို့ အကိုတို့ ဘယ်နှစ်ခုနှစ်က ဒီလို အဖြစ်မျိုး အေဘီမှာ ဖြစ်တာ စပြီးသိခဲ့ကြားခဲ့လဲ... သူလျိုလို့ ယုံကြည်နေဆဲပဲ မှတ်လား... အမတို့ အကိုတို့လို နောက်ပိုင်း အေဘီရဲဘော်တွေ လက်ထက်မှာ သေဒဏ်အပြစ်ပေးတာကော ရှိသေးပါသလား... ရှိရင် ဘယ်လိုပြစ်မှုမျိ...ုးကို သေဒဏ်ပေးပါသလဲ... ဒီကေ့စ်နဲ့တော့ မဆိုင်ပါဘူး... ထိုင်းစစ်သားဆီက သေနတ်လုခဲ့လို့ သေဒဏ်ပေးတာ အကိုတို့ အမတို့ အေဘီမှာ ရှိစဉ် ဖြစ်တာလား... အကိုတို့ အမတို့ နောက်ပိုင်းရဲဘော်တွေက သေဒဏ်ပေးတာကို ရဲရဲတောက် ကန့်ကွက်ကြပါသလား... အကိုတို့ အမတို့ အေဘီမှာ ရှိစဉ်က (ခေါင်းဆောင်တွေ ဗဟိုတွေ) မတရားမှုတွေကို အမပြောသလို ကန့်ကွက်ခွင့် ငြင်းခွင့်ရကြပြီး အခုလိုမျိုး ရဲရဲတောက် ပြောဖူးသလား... ကျနော်က မြောက်ပိုင်းက ကေ့စ်ကို ဖော်ကြ ရေးကြတာမှာ မခင်ရွှေလှိုင်လို အရေးအသားကို ကျနော် ငြင်းခွင့် မရှိဘူးလား... ဒါမျိုးကို အကိုတို့ အမတို့ ရဲရဲတောက် အေဘီတွေက လက်မခံ နိုင်ဘူးလား မျှမျှတတ မစဉ်းစားပေးသင့်ဘူးလား... ကျနော်က မတရားသဖြင့် ဘာမှ မပြောဘူး... ပြောမိရင်လဲ အတိအကျ ထောက်ပြပါ ရိုးသားသူတွေကို မထိခိုက်စေချင်ဘူး... မှားသွားရင် ပေါ်တင်ပဲ တောင်းပန်မှာပါ... သူ့အရေးအသားအရ ဒီလူတွေထဲမှာ စပိုင်တွေ ပါမှာပဲ ဆိုတော့... နိုင်အောင့်လက်ထက် အခုကိုသံခဲ လက်ထက်ထိ မပါနိုင်ဘူးလား... ပါချင်ပါနိုင်တာပေါ့... အဲ့အချိန်ကနေ အခုထိ သူ့လူကိုယ်လူ စစ်ဆေးကြစေချင် ပါသေးတယ်... အမတို့ အကိုတို့က ဒီအဖြစ်အပျက်ရဲ့ အမှန်တရား ပေါ်ပေါက်ရေးကို လက်မခံချင်သူ ဖြစ်နေပြီလား... ဒီကေ့စ်ကို ဝမ်းနည်းကြောင်း၊ စာနာကြောင်း တခါမှ မရေးဖူးပဲနဲ့... ကျနော့်ကို ပြောတာ အကြောင်းမဟုတ်ဘူး ခင်ဗျ... တကယ့်ကို ဆိုးဆိုးဝါးဝါး ခံစားရဖူးသူတွေ အတွက် စာနာမပေးနိုင်ဘူးလား... အမတို့ အကိုတို့က နိုင်အောင်ကို ကာကွယ်ပေးသလိုမျိုး ကြုံတွေ့ခံစားရသူတွေ မိသားစုဝင်တွေ နေရာကနေ ခံစားပေးဖူးလို့လား... နိုင်အောင်လို သွေးမတော် သားမစပ်ကြီးကို ငါ့ဆရာ မှားမှားမှန်မှန် ဘာပဲဖြစ်ဖြစ် ငါကာကွယ်မယ် ဆိုရင် တရားတယ်... မတရားသဖြင့် ကျဆုံးသွားသူတွေ နစ်နာသူတွေကို ကျနော်က အပြတ်အသတ် ကာကွယ်တယ် ဆိုတော့ စိတ်ခုကြ စိတ်ဆိုးကြတာ တရားသလား... လူသတ်မှုကို လက်စဖျောက်ပေးသူတွေ ကာကွယ်သူတွေ ရေငုံနေသူတွေကကော အပြစ်မခံယူ ထိုက်ဖူးလား သန့်ရှင်းစင်ကြယ်သူကြီးတွေလား... မခင်ရွှေလှိုင်ကော အင်မတန် ရိုးသားပါသလား... ကျနော်ကတော့ ရှင်းတယ် မရိုးသားဘူး... သေစားသေစေအထိ ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်... ဒီကေ့စ်မှာ အဲ့လို စိတ်ရှိလို့ ငရဲသွားရရင် ပျော်ပျော်ကြီး သွားမယ်... ငရဲမှာ ဆုံကြတာပေါ့... အရေးအသား ရိုင်းတယ်ထင်ရင် စိတ်မဆိုးကြေးဗျာ... အမှန်အကန် လုပ်ကိုင်ခဲ့တဲ့ ရဲဘော်ရဲမေတွေကို အားနာပါတယ်... တချို့က ဒီပြသနာဟာ ကောင်းသည် ဆိုးသည် ဘာမှ မပြောဘူး... သူတို့ဘဝကို သူတို့ ရုန်းကန်နေရတုန်း... တချို့ဆို အကိုတို့ အမတို့လိုတောင် မိမွေးတိုင်း ဖမွေးတိုင်း မရှိတော့ဘူး... အေဘီအတွက် လုပ်ကိုင်ရင်း ခန္ဓကိုယ် အစိတ်အပိုင်း ပေးလိုက်ရသူတွေ၊ ကျဆုံးသွားရသူတွေ ဘဝ ရောက်ကုန်တယ်... အဲ့ဒီထဲမှာ မင်းသမီးစခန်းက ရဲဘော်ဟောင်းတွေ တင်ပေးတဲ့ ကျဆုံးသွားသူများ စာရင်းဝင်ဖတ်ရင်းနဲ့ ဘယ်သူတွေ ဘယ်လိုတိုက်ပြီး ကျဆုံးတယ်... ဘယ်လို ရန်သူ့လက်ထဲမှာ ကျသွားတယ်က အစ သေချာ မှတ်တမ်းတင်ပေးထားကြတာ မြင်ရ ဖတ်ရတယ်... အဲ့ဒီလိုမျိုးပဲ မြောက်ပိုင်းက လူတွေကရော မဖြစ်သင့်ဘူးလား... သူလျိုဆိုတာကြီးကို မေ့ထားလိုက်ကြပါတော့... ပါချင်ပါနိုင်ပါတယ်လို့ ပြောနေကြတာကိုက မရေမရာကြီးနဲ့ ထမင်းရေပူ လျှာလွှဲ လုပ်ရပ်ကြီးပါ...

ဒီကေ့စ်ကို ပြည်သူတွေကြားထဲ ချပြလိုက်ရင် ဘယ်လောက် ပေါက်ကွဲ သွားကြမလဲ စဉ်းစားကြည့်ကြပါဦး... လွန်ခဲ့တဲ့ ၃လလောက် ကတည်းက စခဲ့တဲ့ ဇာတ်လမ်းကို အခုလို စာမျက်နှာ ၃ရွက် ၄ရွက်နဲ့ ဘာအထောက်အထားမှလဲ မပါပဲ... ဘယ်သူက ယုံမှာလဲ... စဖြစ်ကတည်းက နိုင်အောင့် ဆီ...က ဒီစာထွက်လာရင် အခြေအနေက တမျိုး စဉ်းစားပေးလို့ ရတယ်... အော်... သူတို့ မသိပဲ ဖြစ်သွားတာပါလား... ဒါဆိုရင် မြောက်ပိုင်းက ကောင်တွေချည့်ပဲ ကြိတ်လုပ်သွားတာလို့ ပြောလို့ ရပေမဲ့... ဒီလိုပြသနာက အချိန်က တအား စကားပြောတယ်... ပူးပေါင်းပါဝင်ချိန် နောက်ကျသွားတာနဲ့ တရားခံဖြစ်ဖို့ လမ်းပိုနီးသွားတာပဲ အဖတ်တင်သွားရော... အခုတောင် သူလျိုတွေ ဆိုတာကို ဆီမန်းမန်းသလို ပြောနေတုန်း ဆိုတော့ ကိုယ့်ဟာကိုယ် ပြန်မေးလိုက်စေချင်ပါသေးတယ်... ငါသူလျိုလား... ဒါမှမဟုတ်... ငါတို့ တောထဲ အတူနေခဲ့ကြဖူးသူတွေကော မဖြစ်နိုင်ဘူးလား... နဝတ.. နအဖ.. အခု သမ္မတကြီး လက်ထက်အထိ သတင်းစာ ရှင်းလင်းပွဲ လုပ်တိုင်း အေဘီက ရဲရဲတောက်တွေရဲ့ ပုံတွေ စာတွေကရော ဘယ်စစ်တပ်က အရာရှိ.. တပ်သားတွေက လာရိုက်ပေးမတုန်းဗျ... ခေါင်းဆောင်ပိုင်းကပဲ သိပြီး အောက်ခြေက အေဘီက ရဲဘော်တွေ မသိတဲ့ လျို့ဝှက်စာရင်းတွေ၊ လျို့ဝှက်ဓါတ်ပုံတွေ အချက်အလက်တွေ တိတိကျကျ ထွက်လာနေသေးတာပဲ မဟုတ်လား... စစ်တပ်က နှုတ်သီးကောင်း လျှာပါး မောင်ကျော်ဆန်းကိုယ်တိုင်တော့ လာမထောက်လှမ်းလောက်ပါဘူး... နိုင်အောင် ကိုယ်တိုင်တောင် သူလျို မဖြစ်နိုင်ဘူးလား... ကျနော်လဲ ဖြစ်နိုင်ပါသေးတယ်... စုံစမ်းကြပါဦး... ရမ်းမယုံကြပါနဲ့... သူလျိုဆိုတဲ့ စကားလုံးက အေဘီတွေ ထဲမှာ အခုထိ ခောတ်စားတုန်း... ပြည်သူတွေကတော့ ကျောင်းသားတပ်က ရဲရဲတောက်တွေကို ကြိုဖို့ ပန်းတွေ သီကုံးထားတာ အခုတော့ ပန်းခွေတွေ ဖြစ်ကုန်ပြီ... သူများ လက်ညိုးတချောင်း ထိုးချင်တာနဲ့ ကိုယ့်ဘက်ကို လက်လေးချောင်း ပြန်ထိုးခံနေရတာလဲ သတိရသင့်ပါသေးတယ်... ကျနော်ကိုယ်တိုင်လဲ ဆင်ခြင်ပါ့မယ်... နိုင်အောင်ကို ပြောလိုက်ပါဦး... မငယ်ရဲ့ စိန်ခေါ်သံ ပို့စ်မှာ "နိုင်အောင် ခင်ဗျား မိန်းမလောက်တောင် သတ္တိမရှိဘူး"လို့ ပြောတဲ့ ကိုသိန်းထွန်း မသေသေးတဲ့ အပြင်... ကိုကျော်စွာဝင်းမောင်(ရန်ကုန်)လဲ ဖေ့စ်ဘွတ်ခ် ယူ့စ်နေပြီ ဆိုတာ ပြောပြလိုက်ပါဦး... အကိုတို့ အမတို့ကို တခုပြောလိုက်ပါ့မယ် မြောက်ပိုင်းကေ့စ်က သစ်ပင်တပင်ဆိုရင် တာတီးတို့ နင်ဂျာတို့လို နှိပ်စက် ရိုက်နှက်သူတွေက သစ်ရွက်လောက်အဆင့်ပါ... မျိုးဝင်း(သေ) သံချောင်း(ထောင်ကျ) ရော်နယ်အောင်နိုင်(ချင်းမိုင်)တို့လို ပါဝင် သတ်ဖြတ်သူတွေက ကိုင်းဖျားကိုင်းနားလေးတွေပါ... အမိန့်ပေး စေခိုင်း ခေါင်းရှောင်တဲ့ နိုင်အောင်က သစ်ကိုင်းကြီး တကိုင်းအဆင့်လောက်ပဲ ရှိပါသေးတယ်... နောက်ထပ် သစ်ကိုင်းကြီးတွေ ပင်စည်တွေ ရှိနေပါသေးတယ် ဆိုတာလောက်တော့ အကြမ်းဖျင်း သိထားပေးပါ... နိုင်အောင့် စာမျက်နှာပေါ်မှာတောင် ဒီမြောက်ပိုင်းကေ့စ်ကို ဘာမှ တက်မရေးရဲလောက်အောင် ရဲရဲတောက်တွေက ဖြဲခြောက်နေတော့ ပြည်သူတွေ ကြောက်နေပါဦးမယ်... မငယ်နိုင်ကိုလဲ... အားနာပါရဲ့... နောင်များလဲ အဆင်ပြေရင် တက်(Tag)လုပ်ပေးပါ... မလုပ်လဲ မြောက်ပိုင်းကိစ္စဆို ဝင်ပြောမှာပါပဲ... အကိုတို့ အမတို့ရေ... မြောက်ပိုင်းမှာဆို ဒီလို ရဲရဲတောက် ခွန်းတုံ့ပြန်ချက်တွေက ခေါင်းပြတ်လောက်တဲ့ အကွက်တွေပါ... မန်းလေးဗကသဥက္ကဌကို ချစ်ခင်ကြသူတွေ ယုံကြည်ကြသူတွေ လေးစားကြသူတွေ... ခေါင်းနဲ့ကိုယ် အိုးစားကွဲကုန်ကြတာပဲ မှတ်လား... အဟတ်... ဟတ်... ဒီလောက်ပါပဲ....

ဘရာဇီး ငှက်ရိုး မင်းလည်း တော်တော်လေးကို ၀ဋ်ကြွေးပါလာတယ်ဆိုတာ အဟုတ်ပဲ။ Fact ကိုပြောတာကိုမယုံ လေဖမ်းတရားနာပြီး ရမ်းတုတ်ကြတာကို ယုံနေတဲ့သူကို ဘာမှထပ်ပြောဖို့ မရှိပဘူး။ ဘရာဇီးငှက်ရိုး ယုံတာ မယုံတာ ထားလိုက်ပါ။ မကဒတမှာ သေဒဏ်ကို ဒီလိုလက်လွတ်စပယ် သ...တ်လို့မရဘူး။ ညီလာခံအထိ အယူခံတင်လို့ရတယ်။ အခု ဒီကိစ္စဟာ သေဒဏ်ကို ပေးလိုက်တဲ့ တာဝန်အကြီးဆုံးပုဂ္ဂိုလ် ကိုရောနယ်အောင်နိုင်က သူတို့မြောက်ပိုင်းက သူတို့ဖွဲ့စည်းပုံနဲ့ သူတို့ရှိပြီး သူတို့ လုပ်ပိုင်ခွင့်နဲ့ သူတို့သေဒဏ်ပေးလိုက်တယ် ပြီးမှ ဗဟိုကို အကြောင်းကြားတယ်ဆိုတာ မီဒီယာမှာ အတိအကျ ပြောပြီးသွားပြီးပြီ။ သတ်တဲ့သူက သူတို့သတ်ပါတယ် ဗဟိုနဲ့မဆိုင်ဘူးလို့ ပြောတယ်။ မဆီမဆိုင် မကဒတမှာ ဘာတခုမှ ကောင်းအောင်မလုပ်ဖူးတဲ့ သူတွေက ဒါကို ဗဟိုကအမိန့်ပေးတယ်လို့ စွပ်စွဲနေတယ်။ ဒါကို မင်းတို့လို ဘုမသိဘမသိတွေက ဒါကိုယုံပြီး ဗဟိုကိုထပ်စွပ်စွဲတယ်။ မကဒတမှာ လေနဲ့ ခဏတာတော်လှန်ရေး လုပ်သွားသူတွေက ပြည်သူလူထုနဲ့ မကဒတကို ရန်တိုက်ပေးကြတယ်။ အဲဒီတော့ မကဒတမှာ တကယ် အလုပ်လုပ်လာတဲ့ အစ်မတို့က မြောက်ပိုင်းကိစ္စကြောင့် ABSDF တခုလုံးကို ထိခိုက်လာတာကို မခံနိုင်ဘူး။ ဒါကို လူသတ်သူကို ကာကွယ်တယ်လို့ ပြောကြပြန်တယ်။ သတ်တဲ့သူက မြောက်ပိုင်းက ကိုရော်နယ်အောင်နိုင်နဲ့ သူတို့ဗဟိုဖြစ်တယ်။ အခုစွပ်စွဲနေတာ မကဒတ ဗဟိုကော်အတီတခုလုံးကို စွပ်စွဲနေလို့ ပြောနေရတာ။ အဲဒါအပြင် အခုဆိုရင် လက်ရှိ ABSDF ကိုပါ ထိခိုက်လာတော့ ပိုဆိုးလာတယ်။ လူသတ်သူက သူတို့သတ်ပါတယ်လို့ အတိအကျ ပြောထားပြီး ဖြစ်လို့ ဘာမှကာကွယ်နေစရာလည်းမလိုတော့လောက်အောင် ရှင်းနေပါပြီ။ တရားခံဘယ်သူဆိုတာ သိနေပြီ။ သတ်တဲ့သူကလည်း လူသိရှင်ကြား ပြောပြီး ဖြစ်ပါလျှက်နဲ့ ကျန်တဲ့သူတွေကို ဘာကြောင့် ဆွဲထည့်နေရတာလဲ။ ဆွဲထည့်ရင်လည်း အတိအကျ သိလို့ ဟုတ်နေလို့ အချက်အလက်အခိုင်အမာရှိလို့ ဆွဲထည့်ရင် ဟုတ်သေးတယ်။ အခုကျတော့ တောင်တလုံးမြောက်တလုံးနဲ့ ရမ်းတုတ်ပြီး ဘယ်လိုအစည်းအဝေး ဆုံးဖြတ်လိုက်တယ်၊ ဖေဖေါ်ဝါရီမှာ သွားပြီး သတ်မိန့်ပေးလိုက်တယ်နဲ့ ပြောလာတယ်။ တခုမှလည်း မဟုတ်ဘူး။ နောက်တော့ မသတ်ခင်ဖြစ်စေ၊ သတ်ပြီးမှ ဖြစ်စေ အမိန့်ပေးသူက အဓိကကတဲ့ ဖြစ်ပြန်ရော။ အဖြေက ရျင်းမနေဘူးလား အဲဒီလူတွေရဲ့ သူ့အရည်အချင်းနဲ့သူ နိုင်ငံရေးမှာ ပါဝင်နေတဲ့ အခန်းကဏ္ဍကိုဘာအရည်အချင်းမှ မရှိလို့ အတင်းပြောနေသူတွေက မနာလိုလို့ မဆိုင်ဘဲနဲ့ ဆွဲထည့်နေကြတယ်ဆိုတာ ရျင်းနေတဲ့ကိစ္စပဲ။ အဲဒီမှာ ကြားက မင်းတို့က ဘုမသိဘမသိနဲ့ ၀င်ပြောနေတဲ့သူတွေ ဖြစ်လာတယ်။ မင်းတို့ မကျေနပ်ရင် တိုင်လို့ရပြီ သတ်ခဲ့သေခဲ့တာလည်း အမှန်ပဲ၊ သတ်တဲ့သူကလည်း သူသတ်ပါတယ်လို့ စာနယ်ဇင်းသတင်းထောက်ကိုရော ရေဒီယိုသတင်းထောက်ကိုပါ ပြောထားပြီးပြီ။ မြောက်ပိုင်းက ဥက္ကဌဟောင်း အခုချင်းမိုင်မှာ ရှိတယ်။ ဖမ်းချင်ရင်ဖမ်းလို့ရပြီ။ တရားစွဲချင်ရင် စွဲလို့ရပြီ မဆီမဆိုင် အဖွဲ့အစည်းတခုလုံးရဲ့ ရန္တရားကြီးကို ကောင်းစွာလည်ပတ်လာခဲ့တဲ့ မကဒတတခုလုံးရဲ့ ဗဟိုကိုတော့ လာဆွဲမထည့်နဲ့။ လက်ရှိ မကဒတအလံကို ထမ်းထားတဲ့ စစ်မှန်သော ဒီမိုကရေစီ ရရှိပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းတဲ့အထိ ဆက်သွားနေတဲ့ လက်ရှိမကဒတကိုလည်း လာမထိနဲ့။ မကူညီ မပံ့ပိုးရင်နေ မကဒတသမိုင်းကို လာဖျက်ဖို့ ခြင်ကိုက်ဖြုတ်ကိုက်ဒဏ်ကိုတောင် မခံနိုင်လို့ အပြင်ရောက်သွားသူတွေ ပြောစကားနဲ့ အဟုတ်လုပ်ပြီး တကယ်လုပ်လာသူတွေကို လာမစော်ကားနဲ့လို့ပဲ ပြောချင်တယ်။

သေဒဏ် အပြစ်ပေးမှု ရှိနေသေးတယ်ဆိုတာကိုက စိတ်ပျက်စရာ... ကျနော် အေဘီအက်စ်ဒီအက်ဖ်ကို ထိခိုက်စေတဲ့စကား မသုံးသေးဘူးနော်... အေဘီက ကင်ဆာ ဖြစ်နေတာလို့ပဲ ပြောမိတာပါ... ဒေါက်တာနိုင်အောင် လုပ်ခဲ့တဲ့ ကောင်းတဲ့ သမိုင်းတွေ ရှိတယ် ဆိုတာ သိသားပဲ... လူတိုင်း ...အသေခံပြီး အေဘီအတွက် ပြည်သူ့အတွက် လုပ်နေတာပဲ... သူ့ချည့်သွား ချီးကျူးနေလို့ ရမလား... ဒါပေမဲ့ အမသိထားဖို့က ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် အောက်ခြေရဲဘော်တွေ နာမည်က သမိုင်းမကျန်ခဲ့ဘူး... ကာလအပိုင်းအခြားအလိုက် ခေါင်းဆောင်တွေသာ နာမည်ခံရတာပါ... ကောင်းတာလေးတော့ လက်ခံချင်ပြီး မကောင်းတာလေးတော့ လက်မခံဘူး... သူများလုပ်တာ ဆိုတာ ဖြစ်မှ မဖြစ်သင့်တာ... ဒါဆို ဟိုးးးး အနှစ်နှစ်ဆယ်က ဘာလို့ စာထုတ်ခဲ့သလဲ... အဲ့ဒီကတည်းက အောင်နိုင်ကို အမအထက်က ပြောသလို ညီလာခံတွေ ဘာတွေ လုပ်ပြီး နောက်ဆုံးဆုတောင်းလေး ဘာလေး တောင်းခိုင်းပြီး သေဒဏ် ပေးသင့်တာပေါ့... ဟုတ်ဖူးလား... လူတွေ အများကြီး သတ်ပစ်တာကိုး... ၁၉၉၂ကအောင်နိုင့်ကို ထောက်ခံခဲ့ပြီး အခုကျတော့ သူ့ချည့် ထိုးချနေကြတော့ ရော်နယ်ကြီး သနားပါတယ်... စိတ်တောင် မကောင်းဘူး... ဒီလိုလုပ်ဗျာ... ကျနော် ရော်နယ်ကြီးကို အရှင်လိုချင်တယ်... ဘယ်လိုလုပ်ရင် ကောင်းမလဲ... အကြံလေးပေးပါဦး......

AB က ဘာမှမဖြစ်ဘူး မင်းတို့ကပဲ အလုပ်မလုပ်တဲ့သူတွေရဲ့ လေမိနေလို့ လေဖြတ်ခံနေရတာ။ အဲဒါ ထုတ်ပြီးသား ညီလာခံတွေမှာ ရှင်းပြီးသား။ ဗဟိုကော်မတီအစည်းအဝေးတွေမှာ ပြောပြီးသားတွေပဲ။ အစ်မတို့မသိတာက အစ်မတို့က အဲဒီအချိန်က ဘယ်ဘက်ကမှမပါဘူး ဘက်မလိုက် ညီညွတ်ရေးဆ...ိုပြီး ဗဟိုနှစ်ခု ကွဲတာကို ပြန်ပေါင်းအောင် ဖိအားပေးဖို့ဆိုပြီး အစ်မတို့ တပ်ရင်း ၂၀၁ မင်းသမီးစခန်းက အများစု တပ်ဖွဲ့ဝင် သုံးပုံနှစ်ပုံကျော်က ဘယ်ဘက်ကမှမရပ်ဘူး။ အဲဒါကြောင့် ဒီကိစ္စကို အသေးစိတ်မသိတာ။ အခု မင်းတို့ကို လေနဲ့ပေါပြီး လေဖြတ်အောင် လုပ်ထားတဲ့ သူတွေက မင်းတို့လို မျိုးဆက်သစ်တွေ၊ ပြည်သူလူထုတွေနဲ့ ABSDF မှာ တကယ်လုပ်လာတဲ့သူတွေကို ရန်တိုက်ပေးလို့ ဖြေစ်လာရတဲ့ လေဖြတ်တဲ့ ပြဿနာကို Rehabilitation နဲ့ ကုလို့ရပါတယ်။ မင်းက AB အကြောင်း ဘာမှမပြောသေးဘူးလို့ ပြောတယ်။ ((((ဘရာဇီး ငှက်ရိုး
ဟိုးးးး မြစ်ကူးချောင်းဖျားက အူနေတဲ့ ခပ်တုံးတုံးခွေးအတွေ နေမှာပါ အကိုတို့ရာ... လေ့လာသူတွေ ဖတ်လို့ရအောင်သာ ကျနော့်စာမျက်နှာမှာ တင်ထားတာ မသတီပါဘူးဗျာ... တွေ့ဆုံဆွေးနွေး အဖြေရှာချင် သတဲ့ဗျာ ပြည်တွင်းက ဘယ်မြို့မှာ တွေ့ချင်တုန်း... ပြည်ပမှာကော ဘယ်မြို့မှာ တွေ့ချင်တာ တုန်းမသိဘူး... နောင်တချိန်မှာ အဘွားအိုတယောက်က မြေးတွေကို အဘွားတို့ ငယ်ငယ်တုန်းက ကျောင်းသားတပ် ကလူတွေ ရွာကိုဝင် လူသတ် ဒမြတိုက် ရွာမီးရှို့သွားတယ်... လို့များ ပြောလာကြရင် ဒီကောင်တွေ အားလုံး တရားခံ.......))) အဲဒါ မင်းနဲ့ ငါတို့ ABSDF တပ်ဖွဲ့ဝင်ဟောင်းဆိုသူတချို့ မြိန်ရည်ရှက်ရည် ပြောနေတဲ့အထဲက တခုပဲ။ အဲဒီ Group ကို ၀င်လို့မရတော့လို့ လိပ်စာတော့ အတိအကျ မပေးနိုင်တော့ဘူး။ မင်းထင်သလိုမဟုတ်ဘူး သွားမေးကြည့်လိုက်ပါ။ ABSDF တပ်တွေ လှုပ်ရားဖူးတဲ့ ကျေးလက်ဒေသတွေမှာ ABSDF တပ်တွေ ပြည်သူလူထုအတွက် ဘယ်လိုလုပ်ပေးခဲ့တယ်ဆိုတာ။ အခြေချဖူးတဲ့ ရွာတွေမှာ ဆေးမှူးတွေ၊ ကျောင်းဆရာတွေ အများကြီး ပြည်သူလူထုအတွက် အလုပ်အကျွေးပြုခဲ့တယ်။ အခြေမချပေမဲ့ စစ်ကြောင်းအဖြစ် သွားတဲ့ လမ်းတလျှောက် တွေ့တဲ့ရွာတွေမှာ ရှိတဲ့ဆေးတွေ အကုန်ရဲဘော်တွေအတွက်တောင် မချန်ဘဲ ကုပေးဖူးတယ်။ ငှက်ဖျား နာတာရှည်ကြီးတွေကို ပြတ်အောင် လုပ်ပေးနိုင်ခဲ့တာ ကျောင်းသားဆေးမှူးတွေ။ အဲဒီတော့ မင်းဘာမှမသိဘဲနဲ့ လေဖမ်းတရားနာသူတွေ ရှေ့တန်းတခါမှ မရောက်ဖူးသူတွေ ပြောတာကို ယုံပြီး ခုနက အပေါ်မှာ ပြောထားတဲ့ မှတ်ချက်လိုမျိုး ဘယ်တော့မှ မပြောနဲ့။ တကယ်လုပ်လာတဲ့ အစ်မတို့က လေပေါတဲ့ခေါင်းဆောင်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်။ အလုပ်လုပ်တဲ့ ခေါင်းဆောင်နဲ့လည်း အလုပ်အတူလုပ်ဖူးလို့ ရင်းနှီးတယ်။ ဘယ်သူက ဘယ်လိုရှိတယ်ဆိုတာ မင်းတို့ထက်ပိုသိတယ်။ အလုပ်လုပ်တဲ့သူဟာ စကားနည်းနည်းပဲ ပြောတတ်တာ သဘာဝဖြစ်တယ်။ ဒါကြောင့် အလုပ်လုပ်တဲ့သူတွေရဲ့ သဘောထားကို မင်းတို့မသိတိုင်း လေပေါသူတွေ ပြောတာနဲ့ပဲ အတည်ယူရင် မှားသွားမယ်ဆိုတာ အသိပေးချင်တယ်။

‎(((ဘရာဇီးငှက်ရိုးကို တနေရာက စာသားကို ကူးလာတာဆိုရင် အဲဒီကူးလာတဲ့နေရာရဲ့ လိပ်စာကိုပါ ကူးလာပေးစေချင်တယ်။ အစ်မဘလော့ဂ်မှာ ဖြစ်စေ၊ fb မှာဖြစ်စေ သူများစာသားကို Reference မပါဘဲ လာထည့်တာ လက်မခံဘူး။)))
အထက်က အတိုင်း ကျနော် ကျောင်းသားတပ်လို့ ဝိနည်းလွ...တ်ကလေး ပြောခဲ့ပါတယ်... ဘာတခုမှ ဖျက်မပစ်ပါဘူး... လင့်ခ်လေးပါ စာဖတ်သူတွေကို ချပြစေချင်ပါတယ်... ကျနော့်စာမျက်နှာမှာ ရှိပါတယ်... လင့်ခ်ပါတွဲ တင်ပေးလိုက်ရင် ဘာကြောင့်ပြောတယ်... အခုအခြေအနေထိ ပြောခဲ့သူတွေ ဘာတွေလုပ်ပြီးပြီလဲ သိသွားရအောင်ပါ... နိုင်အောင့်အခုထုတ်တဲ့စာနဲ့ ပတ်သတ်ပြီး ပြောရရင် အစကတည်းက ဘာလို့ စာထုတ်ခဲ့ပါသလဲ... ကိုအောင်ထူးကရော ဘာလို့ စာထုတ်ခဲ့ပါသလဲ... အနှစ်နှစ်ဆယ်အတွင်း ရော်နယ်အောင်နိုင်တို့(မြောက်ပိုင်းက တာဝန်ရှိသူအားလုံး)ကို အရေးမယူခဲ့တာလဲ... လူ့အခွင့်အရေး တောင်းခံသူတွေက ကိုယ့်ရဲဘော်ချင်း ပက်ပက်စက်စက် လုပ်တာကို ထောက်ခံတာ မြုံနေတာ လှီးလွှဲပြောနေတာ အံ့သြစရာ မကောင်းဘူးလား... ဒေါက်တာမြင့်ချိုအပါအဝင် ကော်မတီက လူတွေကရော အနှစ်နှစ်ဆယ်အတွင်း ဒီကေ့စ်ကို မှန်သည်မှားသည် မပြောကြတာ ဘာကြောင့်ပါလဲ... အခုလို အပုပ်သတင်း ထွက်လာမှ ကျနော်မသိဘူး လုပ်နေကြတာ... အမတို့ အနှစ်နှစ်ဆယ်အတွင်းမှာ လုပ်ကိုင်လာတာကို ထောက်ခံပါတယ်... ဒုက္ခခံပြီး ပြည်သူ့အတွက် ဆိုပြီး လက်နက်စွဲကိုင် တိုက်သွားလိုက်တာ အမအခုရောက်နေတဲ့မြို့အထိ တိုက်တုန်း... အာဏာရှင်က အဲ့ဒီ အထိရောက်သွားပြီလား... မကဒတ သမိုင်း ညစ်နွမ်းအောင် လုပ်တာ ဘယ်သူတွေလဲ... မြောက်ပိုင်းကေ့စ်ကို စိတ်ဝင်တစား ဖတ်ကြသူတွေ ပြောကြမှာပါ... ကျနော် ပြောတာ မှားသွားရင် အမှားနဲ့ ထပ်တူညီမျှတဲ့ အပြစ်ခံသွားမှာပါ... အဓိကက တရားခံ အစစ် ပေါ်စေချင်တယ်... တရားခံ မဟုတ်သူကို သံတိုင်နောက်ကို မပို့ချင်ပါဘူး... တရားခံ အစစ်တွေ ထပ်တူညီမျှနီးပါး(သေဒဏ်မပေးစေချင်ပါ) အပြစ်ဒဏ် ခံသွား စေချင်တယ်... မတော်တဆ မြောက်ပိုင်းကိစ္စကို မတရားမှုတခုအဖြစ်နဲ့ ၁၉၉၂ ပြည်ထောင်စုနေ့က စပြီး (သူလျိုဆိုရင်တောင်) ဒီလို အပြစ်ပေးတာ မတရားဘူးလို့ ထင်ခဲ့သူတွေ... အသက်ဘေးကြောင့် နှုတ်ဆိတ်နေခဲ့ ကြရသူတွေကို မထိခိုက်စေချင်ဘူး... အမတို့ အေဘီက လူတော်တော်များများ မြောက်ပိုင်းကေ့စ်မှာ မှားခဲ့ပြီးပြီ... အဲ့ဒါကို ကျနော်တို့က ထပ်မမှားမိချင်ဘူး...

ဒါကြောင့် အခုအခြေအနေက ဘယ်သူတွေပါဝင် ပတ်သတ်လဲ... ဘယ်သူတွေ နောက်ကွယ်က ကြိုးကိုင်လဲ... ဘယ်သူတွေ လက်ခုပ် လက်ဝါး တီးပြီး အားပေးသလဲ... အဲ့ဒီလို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးနဲ့ ပါဝင် ပတ်သတ်သူတွေကို စနစ်တကျ ဖော်ထုတ်နေတာပါ... အမတို့က အေဘီ အေဘီသာ... ပြောနေတာ... တကယ်တော့ အမှန်တရားကို ငြင်းဆန်ချင်သူတွေ ဖြစ်မှန်းမသိ ဖြစ်နေပြီ အမ... အမှန်တရား အတိုင်း အနှစ်နှစ်ဆယ် ကတည်းက ဖြစ်သင့်တာ... အမှန်အတိုင်း မဖြစ်ခဲ့လို့ ဒီလိုတွေ ပြောဆိုနေရတာပါ... ဘယ်လိုမှ အရေးမယူကြပဲ ထောက်ခံခဲ့ကြပြီးမှ အခုလိုမျိုးဆိုတော့ စိတ်မဆိုး စိတ်မနာ သင့်ဘူးလား... ကျနော်ကတော့ ဒေါသတောင် ဖြစ်မိပါတယ်... မျက်စိကိုမှိတ်ပြီး အာရုံပြုလိုက်တိုင်း ကိုကျော်ဝေလေး အော်ခဲ့တာမျိုး "ကျော်ဝေကွ စမ္မစစ် ကျောင်းသားကွ သတ်လိုက် ရတယ် မင်းတို့ သတ်လို့ ငါသေပေမဲ့ ငါ့ဝိညာဉ် မသေဘူးကွ သတ်လိုက် ရတယ်..." ဆိုတာကြီးပဲ အာရုံထဲ ပေါ်လာလို့ လုံးဝ မအေးချမ်းနိုင်ဖြစ်နေပါတယ်... နောက်ပြီး အာဏာရှင် ဆန့်ကျင်သူတွေ ဖြစ်ကြတဲ့ အေဘီအက်စ်ဒီအက်ဖ်အရိပ်အောက်က လူတချို့ကြောင့် အေဘီအက်စ်ဒီအက်ဖ်ကို ထိခိုက်လာနေတာ မဖြစ်သင့်ပါဘူး... အဖွဲ့ဝင်တိုင်းရဲ့ အမှန်အတိုင်း လုပ်ဆောင်သင့်တဲ့ အချက်က ဒီကေ့စ်မှာ ပါဝင်သူတွေ အားလုံး ပြစ်ဒဏ်ကျခံစေဖို့ပါ... အခုတောင် တော်တော်လေး နောက်ကျနေပြီအမ... ယုံကြည်မှု ရှိစေချင်ရင် ယုံကြည်မှု ရှိအောင် လုပ်ဆောင်ပြကြရစမြဲပါ... ဒီကေ့စ်ကို အမှန်အတိုင်း ဆောင်ရွက်ပေးနိုင် ကြပါစေ... ဟို အကိုလေး ပြောသလို လူသတ်ဝါဒ ကျဆုံးပါစေ... အေဘီအက်စ်ဒီအက်ဖ်ထဲမှာ လည်ပတ်နေဆဲ (မကောင်းတဲ့ သွေးတွေ) သန့်စင်ပြီး အေဘီအက်စ်ဒီအက်ဖ် အဓွန့်ရှည်ပါစေ... နောက်တကြိမ် မဖြစ်ကောင်း ဖြစ်ကောင်း လက်နက်များ စွဲကိုင်ဖို့ လိုအပ်လာရင် အထက်က အမ ရှင်းပြတာလေးတွေ အတိုင်း အမှုထမ်းမဲ့ နောင်မျိုးဆက်သစ်တွေကို လမ်းညွှန်မှုပေးနိုင်ပါစေ... (အာဏာရှင်ကို လိုက်တိုက်ရင်း ကျွန်းကြီး(တိုက်ကြီး) တခုပေါ် သောင်တင်နေတာ အံ့သြလိုက်ထှာ -

ဘရာဇီးငှက်ရိုး မင်းလည်း ပြောလေ နားတွေမျက်စိတွေက ပိုကျဉ်းလာလေ ဖြစ်နေတယ်နော်။ အဲဒါ ဒေါက်တာနိုင်အောင် မြောက်ပိုင်းသွားတာ ဒီမှာပြောနေကြသလို ဖေဖေါ်ဝါရီမှာ မဟုတ်ဘူး ဧပြီမှာပါလို့ ပြောမိလို့ ထုတ်ပစ်ထားခြင်းခံရတဲ့ မင်းတို့ Group မှာ မင်းရေးထားတဲ့မှတ...်ချက်ပါ။ အဲဒါ မင်းရေးတဲ့အချိန်တုန်းက ကူးထားတာ။ အဲဒီတုန်းက ဘယ်သူဘာပြောထားတယ်ဆိုတာပဲ ကူးဖြစ်သေးတယ်။ ပို့စ်လိပ်စာ မကူးဖြစ်ခင် အိပ်ချိန်ရောက်လို့ အိပ်လိုက်တာ မအိပ်ခင်က ရှိသေးတယ် မနက် ထကြည့်တော့ မပေါ်တော့ဘူး။ မင်းဖါသာမင်း မင်းဘယ်နားမှာ ရေးထားတဲ့ လိပ်စာဆိုတာ သိအောင် ပြန်သွားရှာကူးပြီး ထည့်ပေးရင်တော့ ကျေးဇူးတင်မယ်။ (((အမတို့ အနှစ်နှစ်ဆယ်အတွင်းမှာ လုပ်ကိုင်လာတာကို ထောက်ခံပါတယ်... ဒုက္ခခံပြီး ပြည်သူ့အတွက် ဆိုပြီး လက်နက်စွဲကိုင် တိုက်သွားလိုက်တာ အမအခုရောက်နေတဲ့မြို့အထိ တိုက်တုန်း... အာဏာရှင်က အဲ့ဒီ အထိရောက်သွားပြီလား.)))) အော်စီမှာမှမဟုတ်ဘူး နိုင်ငံတကာမှာ အဖွဲ့အစည်းထဲကနေ အပြင်ရောက်နေတဲ့သူချင်းတူရင် အစ်မတို့က အဖွဲ့အစည်းကို အပြင်ရောက်ပြီး အဖွဲ့အစည်းနဲ့ အဖွဲ့အစည်းက လူတွေအကြောင်း အတင်းထိုင်ပြောနေသူတွေ မဟုတ်ဘူး။ အဖွဲ့အစည်းကို နိုင်ရာနဲ့ ပြန်ပံ့ပိုးနေသူတွေ။ မင်းပတ်ဝန်းကျင်မှာ ရှိနေတဲ့ မင်းယုံနေတဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်း ဆိုသူတွေနဲ့ လုံးဝမတူဘူး။ မင်းရေးတာကို လက်ခုပ်တီး သြဘာပေးနေသူတွေအပါအ၀င် ABSDF မှာ တကယ်လုပ်လာတဲ့သူတွေကို စော်ကားပြီး ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ဖူးသူတွေက အဖွဲ့အစည်းထဲမှာတုန်းက ဘာမှလက်ကျောမတင်းသူ၊ ခြင်ကိုက်ဖြုတ်ကိုက်ဒဏ်တောင် မခံနိုင်လို့ မြို့မှာပဲ တက်နေသူ၊ ကိုယ်တိုင်တော့ ဘာမှမဟုတ်ဘဲ လုပ်နေသူတွေအတင်းကို အခုတမျိုး တော်ကြာတမျိုး ဗလောင်းဗလဲ လုပ်ပြောတတ်သူ၊ အဖွဲ့အစည်းပိုက်ဆံ အလွဲသုံးစားလုပ်ပြီး ပြည့်တန်ဆာခန်းမှာ သုံးဖြုန်းပျော်ပါးလို့ ပြုတ်သွားသူ၊ သောက်စားမူးယစ် လင်ရှိမိန်းမတွေ လိုက်ရှုပ်တာ အတိုင်ခံရလို့ ၀ိုင်းရိုက်သတ်လုနီးပါး အဖြစ်ခံရသူတွေ၊ မုဒိန်းမှုနဲ့ ထောင်ကျဖူးသူတွေ အားလုံး ပြင်ပမှာ သွားစုပေါင်းမိပြီး အဖွဲ့အစည်းမှာ တကယ်နှစ်ရှည်လများ ကြိုးစားအလုပ်လုပ်ခဲ့သူတွေကို အတင်းထိုင်ပြောနေတာ၊ တကယ်လုပ်လာသူတွေနဲ့ ပြည်သူလူထုကို ရန်တိုက်ပေးနေတာကို မင်းယုံပြီး ABSDF ကို မင်းကြိုက်သလိုထင် ဒါပေမဲ့ ABSDF ဆိုတာ မင်းထင်သလိုမဟုတ်ဘူး။ မင်းက ဘုမသိဘမသိနဲ့ လေနဲ့ တော်လှန်ရေးလုပ်လာသူတွေရဲ့ လေမိပြီး ပြောနေတဲ့စကားတွေကို မသိလို့ပြောတယ်လို့ပဲ သဘောထားပြီး နားလည်ပေးလိုက်တယ်။ အဖွဲ့အစည်းထဲကထွက်သွားတဲ့ သူတွေ ပြောတာနဲ့စာရင်တော့ မသိလို့ ပြောတာက အများကြီး တော်ပါသေးတယ်လို့ပဲ သတ်မှတ်ပါတယ်။ မင်းထပ်ပြောနေတဲ့စကားတွေနဲ့ ပါတ်သက်ပြီးလည်း အရင်ရေးထားတဲ့ မှတ်ချက်ကို ကုန်စင်အောင်သာ ပြန်ဖတ်လိုက်ပါလို့ပဲ ပြောချင်တယ်။ ပြောရင်လည်း ဒီစကားဒီစကားပဲ ထပ်ပြောရမှာမို့ မင်းမျက်စိတွေ နားတွေကို အပြည့်မဖွင့်မချင်း၊ ရေးထားတဲ့စာကို ကောင်းကောင်း မဖတ်မချင်း ဒီလိုသာ လိုက်ကပ်နေရင် ဘယ်တော့မှ ပြီးမှာ မဟုတ်လို့ အချိန်ကုန်ခံ လက်ညောင်းခံပြီးလည်း။ ထပ်ပြောဖို့မရှိတော့ဘူး။ ဒီမှတ်ချက်နဲ့ ပတ်သက်ပြီး ခုနက အပေါ်မှာ ပြောတဲ့ တပ်ဖွဲ့ဝင်ဟောင်းဆိုသူတွေက ဘယ်သူ့ကိုဆိုလိုလဲဆိုတော့ မမေးနဲ့ ကာယကံရှင်တွေက Nge Naing ဘယ်သူ့ကိုဆိုလိုတယ်ဆိုတာ သူတို့ကိုယ်တိုင် သိကြပါတယ်။

အမရေ... ကျနော်က ပြေရာ ပြေကြောင်းလေး ပြောနေတာပါ... အမှန်အတိုင်း ဖြစ်တဲ့နေ့ (တရားစီရင်တဲ့နေ့) ကျရင် အဲ့လိုလေး ပြောနိုင်ပါစေ... တရားကို နတ်စောင့်ပါတယ်... ဘုရားကိုတော့ ခြင်္သေ့စောင့်ပါတယ်... လူသတ်သမားတွေကို ထောင်တွေက စောင့်နေပါတယ်... မခင်ရွှေလှိုင်ကတော့ ဗန်းမော်မြို့သိမ်း တိုက်ပွဲအကြောင်းကို အပိုင်း၂မှာ ပြောသွားပါတယ်... အမတို့ လက်ထက်က မြို့သိမ်းတိုက်ပွဲပုံပြင်လေး နားထောင်ချင်လို့...

မြို့တော့ မသိမ်းဖူးဘူး ရန်သူစခန်းတော့ သိမ်းဖူးတယ်။ http://nge-naing.blogspot.com.au/2011/07/7-july.html အဲဒီမှာ သွားဖတ်ပါ။

.
ကိုမိုးသီးဇွန် ဖြေရှင်းချက်

March 29, 2012

.
မြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များ

(မတ်လ ၂၈ ရက်၊ ၂၀၁၂)


ရဲဘော်များနှင့် မိတ်ဆွေများ ခင်ဗျား

မြောက်ပိုင်းကိစ္စကို ကျနော် သိပ်မပြောလိုတော့သော်လည်း ကိုနိုင်အောင် ရဲ့ မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် နေ့စွဲပါ စာ ( http://nge-naing.blogspot.com.au/2012/03/absdf.html ) မှာ အေဘီအက်စ်ဒီအက်ဖ် မကွဲခင်က ကျနော် "(မိုးသီးဇွန်) က ဘာညွှန်ကြားခဲ့သလဲ မသိပါ" လို့ ကောက်ချက်ဆွဲထားပြန်သဖြင့် ဒီဖြစ်ရပ်ကို မသိသူများ အနေနဲ့ ဖြစ်ရပ်မှန်အပေါ် သို့လောသို့လော ဖြစ်ဖွယ် သူ ရေးထားတဲ့အတွက် ကျနော့် အနေနဲ့ ရှင်းလင်း တင်ပြဖို့ လိုလာပါတယ်။

မြောက်ပိုင်းသတ်ဖြတ်မှုဟာ ကိုနိုင်အောင်အဖွဲ့မှာသာ လုံးဝ တာဝန်ရှိနေပါတယ်။ ဖမ်းဆီးမှုများကို ကျနော်တို့ သတင်းရရှိစဉ်က ကျနော်တို့ ကန့်ကွက်ခဲ့တယ်။ သူလျှိုလို့ ဖမ်းထားသူတွေကို မသတ်ဖို့၊ သူလျှိုလို့ ယူဆရင်တောင် မသတ်ဘဲ လွှတ်ပေးဖို့ ကချင်ခေါင်းဆောင်တွေကတဆင့် ကြေးနန်း ပေးပို့ခဲ့တယ်။ ဖမ်းဆီးမှု ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ နှစ်ဖွဲ့ ကွဲသွားပါ တယ်။ မြောက်ပိုင်းကော်မတီက ကိုနိုင်အောင် အဖွဲ့ကို ထောက်ခံခဲ့ကြပါတယ်။ နှစ်ဖွဲ့ကွဲပြီးနောက် မြောက်ပိုင်းကော်မတီ က ကိုနိုင်အောင် ဗဟိုကို ထောက်ခံပြီးနောက်ပိုင်းမှာ သတ်ဖြတ်မှုများ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။

ကျနော်တို့ အနေနဲ့ နိုင်ငံတကာတရားရုံး အပါအ၀င် ဘယ်တရားရုံးမှာမဆို သက်သေခံ (Testimony) လုပ်ပေးနိုင်ပါတယ်။

.
လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များ၊ မိတ်ဆွေများ အတွက် အောက်ဖေါ်ပြပါ အချက်အလက်များကို ပြန်လည် အမှတ်ရစေနိုင်ဖို့အတွက် တင်ပြလိုက်ပါတယ်။

(၁) ကျနော်တို့ ကျောင်းသား နှစ်ဖွဲ့ ပြန်လည် ပေါင်းစည်းရေးလုပ်စဉ်က ဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ် (DAB) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ခေါင်းဆောင်များရှေ့တွင် သဘောတူစာချုပ်တခု လက်မှတ် ရေးထိုးထားခဲ့ပါတယ်။

ဒီသဘောတူညီချက်မှာ မြောက်ပိုင်းကိစ္စကို ကိုနိုင်အောင်နှင့်တကွ သူတို့အဖွဲ့မှ တာဝန်ရှိခေါင်းဆောင်များက တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း အချက်တချက် ပါဝင်ပါတယ်။ ဒီအချက်ကို ပေါင်းစည်းရေးမတိုင်မီ ကျနော်တို့အဖွဲ့က တောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအချက်ကို သူတို့ သဘောတူ လက်ခံခဲ့ကြရပါတယ်။

(၂) ကိုနိုင်အောင် အဖွဲ့က မြောက်ပိုင်းသတ်ဖြတ်မှုဟာ မှန်ကန်ကြောင်း နဲ့ ဒီကိစ္စကို သူတို့ တာဝန်ယူကြောင်း ၁၉၉၂ မေလ ၃၁ ရက် နေ့စွဲပါ ထုတ်ပြန်ကြေညာချက်မှာလဲ အခိုင်အမာ ဖေါ်ပြထားပါတယ်။

(၃) ကိုအောင်ထူး ဦးဆောင်တဲ့ မြန်မာနိုင်ငံ ရှေ့နေများအဖွဲ့ (Burma Lawyer Council) ကလဲ ၁၉၉၂ မတ်လ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်နဲ့ ကိုနိုင်အောင် တို့ ကြေညာချက်ကို မှန်ကန်ကြောင်း၊ သူတို့လုပ်ရပ်ဟာ တရားဝင်မှုရှိကြောင်း ထောက်ခံ ဖေါ်ပြထားတယ်။

ဒီကြေညာချက်နှစ်စောင်ဟာ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိသူတွေအဖြစ် အခိုင်အမာသက်သေတွေ ဖြစ်ပါတယ်။ ကိုအောင်ထူးဟာ ထိုစဉ်က ကိုနိုင်အောင် အဖွဲ့မှာ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် တဦးလည်း ဖြစ်၊ ရှေ့နေအဖွဲ့မှာလည်း ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ မတရားမှုတွေကို ဥပဒေအရ တာဝန်ယူ ဖြေရှင်းပေးရမယ့် ရှေ့နေအဖွဲ့ဟာ ဘာကြောင့် မြောက်ပိုင်းလူသတ်မှု ကျူးလွန်သူတွေဖက်က ကာကွယ်ပေးခဲ့တာက အလွန် ရုပ်ဆိုးတဲ့ ဖြစ်ရပ် ဖြစ်တယ်။

(၄) ၁၉ ၉ ၂ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ သူလျှိုမှုနှင့် သတ်ဖြတ်မှုများကို ကျနော်တို့ ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ကျန်ရှိသူတွေကို ပြန်လွှတ်ပေးဖို့ အတိအလင်း တောင်းဆိုခဲ့ပါတယ်။ ကြေညာချက်မူရင်းကို အောက်မှာ ဖေါ်ပြထားပါတယ်။

(၅) မြောက်ပိုင်းကိစ္စနှင့် ပတ်သက်ပြီး ဘီဘီစီက အင်တာဗျူးတခု ပြုလုပ်ခဲ့ပါတယ်။ (အသံဖိုင်တွေ ဘီဘီစီမှာ ရှိနိုင်ပါသေးတယ်။) ကိုနိုင်အောင်နှင့် ကိုအောင်ထူး က တဖက်၊ ကိုအောင်နိုင်ဦး (ABSDF – Moe) က တဖက် အခြေအတင် ဆွေးနွေးခန်းမှာ ကိုနိုင်အောင်နှင့် ကိုအောင်ထူး က မြောက်ပိုင်းကိစ္စကို တာဝန်ယူ ဖြေရှင်းနိုင်ကြောင်း ဆွေးနွေးခဲ့တယ်။ ကိုအောင်နိုင်ဦး ကတော့ သတ်ဖြတ်မှုကို ကန့်ကွက် ဆွေးနွေးခဲ့ပါတယ်။

(၆) ပြန်လည်ပေါင်းစည်းရေး လုပ်ပြီးနောက် ကိုနိုင်အောင်တို့အဖွဲ့မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းကိစ္စ အလွတ်သဘောမျိုး ဆွေးနွေးခဲ့စဉ်များမှာလည်း သူတို့ တာဝန်ယူ ဖြေရှင်းပေးနိုင်ကြောင်းကိုသာ တလျှောက်လုံး ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

(၇) ရော်နယ်အောင်နိုင်၊ ကိုနိုင်အောင်တို့ အာအက်ဖ်အေ၊ ဧရာဝတီ သတင်းဌာနများနဲ့ အင်တာဗျူးများမှာလဲ သူတို့မှာသာ တာဝန်ရှိကြောင်း ဖေါ်ပြ ပြောဆိုခဲ့ပါတယ်။

(၈) အေဘီအက်စ်ဒီအက်ဖ် မကွဲခင် အချိန်ကလေးမှာ ကချင်ကိုယ်စားလှယ်အဖွဲ့က တဆင့် ကျနော် ပေးပို့ခဲ့တဲ့ ကြေးနန်းမှာ

(က) သူလျှိုဟု အစွပ်စွဲခံရသူများကို စစ်ဆေးလျှင် ကျောင်းသားနှင့် ကချင်အဖွဲ့မှ တာဝန်ရှိသူများ ပူးတွဲ စစ်ဆေးပါ။ ရိုက်နှက် ညဉ်းပန်းမှုများ မပြုလုပ်ရန်။

(ခ) သူလျှိုများ ဖြစ်ခဲ့ရင်တောင် နိုင်ငံတကာကြက်ခြေနီ တဖွဲ့ဖွဲ့ထံ အကူအညီ တောင်းပြီး လွှတ်ပေးလိုက်ရန်။

ဒီလို မသတ်ဖို့ လွတ်ပေးဖို့ ညွှန်ကြားခဲ့သော်လည်း ရော်နယ်အောင်နိုင်နဲ့ အဖွဲ့ဟာ မလိုက်နာကြတဲ့အတွက် အပြစ်မဲ့ ရဲဘော်တွေ ကြွေလွင့်ခဲ့ရတယ်။

(ဂ) သူတို့မှာ တာဝန်ရှိကြောင်း ၀န်ခံခဲ့ပြီးမှ ဘာကြောင့် အဖြစ်မှန်ကို ဖုံးကွယ်ပြီး အပြစ်မရှိသူများကို အပြစ်မကင်းသလိုလို ပြောဆိုခဲ့ခြင်း၊ ရေးသားခြင်းဟာ မကောင်းပါ။ ရိုးသားမှု မဟုတ်ပါ။ ကိုနိုင်အောင် အနေနဲ့ ဖြစ်ရပ်မှန်များကိုသာ ဖေါ်ထုတ်ပေးဖို့ တိုက်တွန်းပါတယ်။

မိုးသီးဇွန်
မတ်လ ၂၉ ၊ ၂၀၁၂ခုနှစ်။

moetheezun@hotmail.com
08 9542 7837

(နေ့သစ် မှ ကူးယူ ဖော်ပြသည်။)

အစ်မ နန်းအောင်ထွေးကြည်ရဲ့ ဒေါက်တာနိုင်အောင်ကြီးရဲ့ကြေငြာချက်အပေါ် ချေပစာလေးလဲ ဖတ်ကြည့်ကြပါဦး။ ဦးဦး ဒေါ်ဒေါ်တို့ရဲ့။ https://www.facebook.com/notes/nang-aung-htwe-kyi/%E1%80%85%E1%80%A5%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%B1%E1%80%85%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%90%E1%80%9A%E1%80%B9-%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC-%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-absdf-%E1%80%A5%E1%80%80%E1%81%A0%E1%80%8C%E1%80%B1%E1%80%9F%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/372148162820107

(
ခေါင်းစဉ်ကို နှိပ်ပြီး အင်္ဂလိပ်ဘာသာနဲ့ ကိုအောင်ထူး လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် မူရင်း ကို ဖတ်ရှု လေ့လာနိုင်ပါတယ်။ )


၁-၃-၁၉၉၂ ရက် နေ့စွဲနှင့် ABSDF (ဒေါက်တာနိုင်အောင် ဗဟို) မှ ကိုအောင်ထူး (လက်ရှိ - မြန်မာနိုင်ငံ၊ ရှေ့နေများကောင်စီ၊ BLC အတွင်းရေးမှူး) ၏ လက်မှတ်နှင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက် (မြန်မာ ဘာသာပြန်)


ABSDF
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
ဗဟိုကော်မတီ (ဋ္ဌာနချုပ်)
သတင်း ထုတ်ပြန်ချက်

ABSDF (မြောက်ပိုင်းဒေသ) မှ ခိုင်လုံသော စာရွက်စာတန်း အထောက်အထားများနှင့် ပူးတွဲပြီး တင်ပြသော အစီရင်ခံစာအရ စစ်အစိုးရ၏ သူလျှို (၁၅) ဦးကို သေဒဏ်ပေးပြီး ကွပ်မျက်ခဲ့ပါသည်။

(၁) သေဒဏ်ပေးပြီး ကွပ်မျက်ပစ်လိုက်သည့် ရန်သူ့သူလျှို (၁၅) ဦးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ အဖွဲ့ဝင် အဖြစ် ဝင်ရောက်ခဲ့သည့် စစ်အစိုးရ၏ ထောက်လှမ်းရေး တိုက်ပိတ် (ခေါ်) သန်းထွန်းစိုး ၏ ကြံရာပါများ ဖြစ်ပါသည်။ သန်းထွန်းစိုး ဆိုသူသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရင်းနှီး ကျွမ်းဝင်အောင် လုပ်ခဲ့ပြီး နောက်ပိုင်းတွင် ကျောင်းသားတပ်မတော် (မြောက်ပိုင်း) သို့ ဝင်ရောက် လှုပ်ရှားခဲ့ပါသည်။ နောက်မကြာခင်မှာ စစ်အစိုးရ (SLORC) ထံသို့ လက်နက်ချသယောင်ယောင် ဟန်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းသားတပ်မတော် (မြောက်ပိုင်း) နှင့် အမြဲမပြတ် ဆက်သွယ် လှုပ်ရှားနေသည်ဟု ထွက်ဆိုခဲ့ပါသည်။ စစ်အစိုးရ၏ စစ်ထောက်လှမ်းရေးဗျူရို (MIS) နှင့် အမျိုးသားထောက်လှမ်းရေးဗျူရို (NIB) တို့၏ ညွှန်ကြားချက်အရ တိုက်ပိတ် (ခေါ်) သန်းထွန်းစိုး နှင့် အပေါင်းပါ သူလျှို (၁၅) ဦးသည် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်မှု ဥပဒေ နှင့် ဆက်နွယ် ဖမ်းဆီးနိုင်ရန် အလို့ငှာ “ဒေါ်အောင်ဆန်းစုကြည် သည် လက်နက်ကိုင်သူပုန်များ နှင့် ဆက်သွယ်ခဲ့သည်” ဆိုသည့် လုပ်ကြံဇာတ်လမ်းအတု တခုကို ဖန်တီးခဲ့သည်မှာ သိသာထင်ရှားသည်။

(၂) ၁၉၈၈ အရေးတော်ပုံ ကာလအတွင်း စစ်အစိုးရ၏ ထောက်လှမ်းရေးများသည် အပြစ်မဲ့ ပြည်သူများကို လုယက်ခြင်း ကဲ့သို့ မငြိမ်မသက်မှုများတွင် ပါဝင်လုပ်ဆောင်ကြစေရန် ကျူးလွန်အောင် လှုံ့ဆော်ခဲ့ကြသည်။ ရာဇဝတ်သားများကို ထောင်မှ လွှတ်ပေးပြီး အစားအစာနှင့် သောက်ရေထဲတွင် အဆိပ်ခပ်ခြင်း စသည့် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်ရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။ ထို လုယက်မှု၊ အဆိပ်ခပ်မှု ကျူးလွန်သူများကို ဖမ်းဆီးမိပြီး ပြည်သူ့ခုံရုံးမှာ တင်သည့်အခါ သာမန်ပြည်သူများကဲ့သို့ ဝတ်စားဆင်ယင်ထားသည့် စစ်ထောက်လှမ်းရေးများသည် ဒေါသထွက်နေသည့် ပြည်သူလူထုကြီးကို ခေါင်းဖြတ်သတ်သည့် ဖြစ်ရပ်များ ကျူးလွန်အောင် သွေးထိုးလှုံ့ဆော်ကြသည်။ မတည်ငြိမ်မှုများ ဖြစ်လာပြီး စစ်တပ်မှ အာဏာသိမ်းခွင့် ရစေရန် အကြောင်းပြချက်ကောင်း ရရန် လမ်းခင်းပေးခြင်းပင် ဖြစ်သည်။ ထိုစစ်ထောက်လှမ်းရေးများသည် စစ်အာဏာမသိမ်းမီ နှင့် စစ်အာဏာသိမ်းအပြီး ဒေါသထွက်နေသည့် ပြည်သူလူထုကြီး၏ ဖမ်းဆီးထိန်းသိမ်းခံရသူများ လွတ်မြောက်အောင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင် အနေဖြင့် ဘာတခုမှ မလုပ်ပေးနိုင် ဟု ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ ထိခိုက်အောင် ပြုလုပ်ခဲ့ကြသည်။ ABSDF (မြောက်ပိုင်း) မှာ သေဒဏ်ပေးပြီး ကွပ်မျက်ခဲ့သည့် ရန်သူ့သူလျှို (၁၅) ဦးသည် အဆိုပါ ထောက်လှမ်းရေးများ၏ တစိတ်တပိုင်း ဖြစ်ပြီး MIS (စစ်ထောက်လှမ်းရေးအဖွဲ့) နှင့် NIB (အမျိုးသားထောက်လှမ်းရေးအဖွဲ့) တို့၏ အမိန့်ပေး စေခိုင်းချက်အရ ကျောင်းသားတပ်မတော်ကို ဖျက်ဆီးချေမှုန်းရန် ABSDF (မြောက်ပိုင်း) ကျောင်းသားတပ်မတော် စခန်းများသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

.
(၃) မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲရန်အတွက် စစ်အစိုးရသည် "ရေလှိုင်းစစ်ဆင်ရေး" ကို ဆင်နွှဲခဲ့သည်။ ထို ရေလှိုင်းစစ်ဆင်ရေး အရ ထောက်လှမ်းရေးများသည် ရန်ကုန်ကျောင်းသားအုပ်စု၊ မန္တလေးကျောင်းသားအုပ်စု၊ ... စသည့် မတူ ကွဲပြားသည့် နယ်မြေအသီးသီးမှ ကျောင်းသားအုပ်စုများ၏ ဒေသစွဲစိတ်ကို ပိုမို ပြင်းထန်လာစေရန် သွေးထိုးပြီး ဒေသ အခြေခံ ကျောင်းသားအုပ်စုများကို သွေးခွဲခဲ့ကြသည်။ ရန်သူ့သူလျှိုများသည် မတူ ကွဲပြားသည့် အတွေးအခေါ်များကို မေးခွန်းထုတ်လာခဲ့ကြသည်။ ABSDF ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များ၏ နေထိုင်မှုပုံစံများကို ဝေဖန်လာခဲ့ကြသည်။ စစ်အစိုးရ ပြုလုပ်သည့် အမျိုးသားညီလာခံ မစတင်မီမှာ ABSDF နှင့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ အကြားမှာ အထင်အမြင် လွဲမှားအောင် ဖန်တီးပြီး ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်များ စိတ်ဓာတ် ကျဆင်းကာ စစ်အစိုးရ၏ အမျိုးသားညီလာခံ မတိုင်မီမှာ လက်နက်ချ အညံ့ခံလာစေရန် လုပ်ဆောင်ခဲ့ကြသည်။ စစ်အစိုးရ၏ အစီအစဉ်အတိုင်း ဆိုလျှင် အမျိုးသားညီလာခံ ကျင်းပနေချိန် အတွင်းမှာ လက်နက်မချသေးသည့် ကျောင်းသားများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးမည့် အစီအစဉ်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ ထိုအစီအစဉ်သည် ABSDF ကို ကွဲပြဲအောင် ထောက်လှမ်းရေးများက ဆောင်ရွက်သည့် စစ်အစိုးရ၏ နိုင်ငံရေး အစီအစဉ်ပင် ဖြစ်ပါသည်။

(၄) တခြားတဘက်တွင် "ရေလှိုင်းစစ်ဆင်ရေး" အရ ရှစ်လေးလုံးအရေးတော်ပုံ သုံးနှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ ရန်သူ့သူလျှိုများသည် ကျောင်းသားခေါင်းဆောင်များနှင့် မဟာမိတ်ခေါင်းဆောင်များကို အဆိပ်ခတ်ပြီး လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားခဲ့ကြပါသည်။ တချိန်တည်းမှာပင် ရန်သူ့သူလျှိုများထဲမှ အချို့ (ကွန်မန်ဒို များ) သည် ရေလှိုင်းစစ်ဆင်ရေးကို ဆင်နွှဲရန်အတွက် အသေးစားလက်နက် (၁၅) လက်နှင့် ခဲယမ်းမီးကျောက်များကို သယ်ဆောင်လာခဲ့ကြပါသည်။ ထို လက်နက် ခဲယမ်းမီးကျောက်များကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်။

(၅) ဤဖြစ်ပျက်မှုသည် စစ်ပွဲတခု အခြေအနေ ဆိုသော်လည်း သူလျှို ဟု စွပ်စွဲခံရသူများသည် ခုခံကာကွယ်ပိုင်ခွင့် ရှိခဲ့ပါသည်။ ရန်သူ့သူလျှိုများ၏ အမှုကို တရားရုံးမှာ ကြားနာခဲ့ပါသည်။ စွပ်စွဲခံရသူများထံမှ ထင်ရှားသည့် သက်သေ အထောက်အထားများကို တွေ့ရှိခဲ့ပြီး စွပ်စွဲခံရသူများ ကိုယ်တိုင်ကလည်း သူတို့သည် ရန်သူ့သူလျှိုများ ဖြစ်ကြောင်း သူတို့ကို ကွပ်မျက် သတ်ဖြတ်ခြင်း မပြုမီမှာ ဝန်ခံ ထွက်ဆိုခဲ့ပါသည်။

အောင်ထူး

အတွင်းရေးမှူး (၁)
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)

၁၉၉၂ ခုနှစ်၊ မတ်လ (၁) ရက်

.
(
ခေါင်းစဉ်ကို နှိပ်ပြီး ကိုမိုးသီးဇွန် လက်မှတ်နဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် မူရင်း ကို ဖတ်ရှု လေ့လာနိုင်ပါတယ်။ )


၈-၃-၁၉၉၂ ရက် နေ့စွဲနှင့် ABSDF (မိုးသီးဇွန် ဘက်ခြမ်း) မှ ကိုမိုးသီးဇွန်၏ လက်မှတ်နှင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက် (မြန်မာ ဘာသာပြန်)


၈ ရက်၊ မတ်လ၊ ၁၉၉၂

မြန်မာစစ်ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော (၁၅) ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ABSDF မှ သဘောထားထုတ်ပြန်ကြေငြာချက် (ABSDF led by Moe Thee Zune)

(ABSDF (မိုးသီးဇွန် ဘက်ခြမ်း) မှ ထုတ်ပြန်ကြေငြာချက်)


ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့် ကျောင်းသားတပ်မတော်၏ ညီညွတ်မှုကို အလေးထားသောအားဖြင့် ဦးစွာ (ကျနော်တို့သည်) ကျောင်းသားတပ်မတော် နှစ်စု ကွဲသွားပြီ ဖြစ်ကြောင်းကို ၀မ်းနည်းစွာ အသိပေးပြီး ယခု ကြေညာချက်ကို ထုတ်ပြန်ရပါသည်။

သို့သော် မြန်မာပြည် ဒီမိုကရေစီရေး တိုက်ပွဲကို ထောက်ခံစာနာ နားလည်ပေးသော ပြည်တွင်းပြည်ပအင်အားစုများ၏ အရည်အသွေးကို နိမ့်ကျ တန်ဖိုးမဲ့စေသော အကြောင်းရင်းများကို ဖြေရှင်းရန် ဆန္ဒထားပြီး ဒီမိုကရေစီတော်လှန်ရေး ရေရှည် အကျိုးစီးပွားရေးကို ဦးထိပ်ထားသော (ကျနော်တို့သည်) ABSDF ကျောင်းသားတပ်မတော်၏ မူရင်းအခြေခံဥပဒေတွင် ဗဟိုကော်မတီအဆင့်ထက် အဆင့်နိမ့်သော လက်အောက်ခံစခန်းများ၊ တပ်ရင်းများတွင် လူသတ် အပြစ်ပေးခြင်းအား တားမြစ်ထားသောအချက်ကို ထောက်ပြ သုံးသပ်ရမည် ဖြစ်သည်။

မြန်မာပြည်သားတို့၏ လူ့ဂုဏ်သိက္ခာ၊ လူသားဘ၀၊ လူ့တန်ဖိုးနှင့် လူ့အခွင့်အရေးများကို (ကျနော်တို့သည်) တန်ဖိုးထားသောကြောင့် လူအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာနှိပ်စက်ဖျက်ဆီး၊ ဂုဏ်သိက္ခာမဲ့စေသော ဆက်ဆံခြင်း၊ အပြစ်ပေးခြင်းများကို ဆန့်ကျင်ရမည် ဖြစ်သည်။

လူအချင်းချင်း ရက်စက် ကြမ်းကြုတ်စွာ လူမဆန်စွာ နှိပ်စက်ခြင်း၊ ဂုဏ်သိက္ခာ မဲ့စေသော ဆက်ဆံခြင်း၊ အပြစ်ပေးခြင်းများ ကို ဆန့်ကျင်ပြီး ထိုသို့ ဆက်ဆံခံရသူများအား ကာကွယ် စောင့်ရှောက်မှု ပေးသော ကုလသမဂ္ဂ၏ အထွေထွေဆုံးဖြတ်ချက် အမှတ် - ၃၄၅၂ (၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်) ကို ကျနော်ထောက်ခံသည်။ ကျောင်းသားတပ်မတော် အဖွဲ့ဝင် အားလုံး သဘောတူညီမှု၊ နားလည်မှု မပါဘဲ သူလျှိုဟု စွပ်စွဲခံရသူများအား သတ်ဖြတ်ခြင်း၊ အရေးယူခဲ့သော ကိစ္စနှင့် စပ်လျဉ်း၍ တခြား အောက်ခြေရဲဘော်များ လုံခြုံရေးကိုပါ ကျနော်တို့ အထူး စိုးရိမ်ကြောင်း ပြောကြားလိုသည်။

.
ဘန်ကောက် နေးရှင်းသတင်းစာ (မတ်လ ၁၊ ၁၉၉၂) အရ သူလျှိုဟု စွပ်စွဲ၍ အသတ်ခံရသော လူ ၁၅ ယောက်တွင် အမျိုးသမီးရဲမေတဦး ပါဝင်ခဲ့ခြင်းနှင့် သက်ဆိုင်ပြီး (အောင်ထူး – ယခု BLC ထုတ်ပြန်သော March 1, 1992 ကြေငြာချက်) တွင် အတည်ပြုခဲ့ပါသည်။

ကျနော်တို့သည် လက်ရှိ ကျောင်းသားတပ်မတော်မြောက်ပိုင်း အကျဉ်းထောင်တွင် ဆက်လက် ဖမ်းဆီးထားသော လူ ၆၅ ဦးကို ညှဉ်းပမ်းနှိပ်စက် တရားစီရင်ခြင်းများ ချက်ချင်း ရပ်တန့်ရန် ကျနော်တို့မှ တောင်းဆိုလိုက်ပါသည်။

အလားတူပင် DAB အဖွဲ့ဝင်များကလည်း အားလုံး အတည်ပြု ထောက်ခံသည့် DAB တရားစီရင်မှုများကို စံထား၍ (ဖြစ်ပျက်ခဲ့သောကိစ္စကို DAB ခေါင်းဆောင်များမှ ပြန်လည် သုံးသပ်ပေးပါရန် ကျနော်တို့မှ တောင်းဆိုလိုက်ပါသည်။)

လူ့အခွင့်အရေး ချိုးဖောက်သည့် မြန်မာစစ်အာဏာပိုင်များကို ကျနော်တို့ တွန်းလှန် တိုက်ပွဲဝင်ရာတွင် လူ့အခွင့်အရေး ဆိုသော စကားလုံးသည် စကားလုံး သက်သက်မျှမဟုတ်ဘဲ လူမျိုးမရွေး၊ ဒေသမရွေး လက်တွေ့ ကျင့်သုံးရမည်ဟု ကျနော်တို့မှ ယုံကြည်ပါသည်။

သို့ကြောင့် ကျောင်းသားတပ်မတော်အတွင်း ပိုမို မြင့်မားသော ဗဟိုတရားရုံး၏ ခွင့်ပြုချက်နှင့် သိနားလည်မှု မပါဘဲ တပ်ဖွဲ့ဝင် အမြောက်အများကို သူလျှိုဟု စွပ်စွဲပြီး အလျင်စလို သတ်ဖြတ် အရေးယူခြင်းအပေါ် ကျနော်တို့ (မိုးသီးဇွန်) ဦးဆောင်သော ကျောင်းသားတပ်မတော်အဖွဲ့မှ အထူး သံသယ ဖြစ်မိပါသည်။

ထို့ကြောင့် ဖြစ်ပျက်ခဲ့သောကိစ္စများကို သွေးရိုးသားရိုး ပုံမှန်မဟုတ် ဟု ကျနော်တို့မှ ထင်မြင်ဖြစ်သည်။ အလားတူပင် ယုံကြည် အားထားလောက်သည့် ခိုင်မာသော အထောက်အထား မရှိဘဲ သူလျှိုဟု စွပ်စွဲခံရသော ရဲဘော်များအား ကွပ်မျက်သည်အထိ လုပ်ဆောင်မှုများ အားလုံးတွင် အမှားပေါင်း များစွာ ပါဝင်နေသည်။

အထက်မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် အလွန် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်အား စွပ်စွဲခံရသောသူများ၏ သူလျှိုခေါင်းဆောင်ဟု သတ်မှတ်ခဲ့ခြင်းသည် ကြီးမားသော အမှားတခု ဖြစ်သည်။

စစ်အာဏာရှင်အကြိုက် ဖြစ်မည့် မိမိ ကျောင်းသားတပ်မတော် အဖွဲ့ဝင် အချင်းချင်း မညီညွတ်ရာမှ တဦးနှင့်တဦး သားကောင်ပြု အနိုင်ကျင့်ခြင်းကို ဒီမိုကရေစီ လိုလားသော ပြည်သူများနှင့် ကျောင်းသားတပ်မတော် အဖွဲ့ဝင် အားလုံး သတိကြီးစွာ ထားရန် မိမိတို့မှ တိုက်တွန်းလိုက်သည်။

နောက်ဆုံးအနေဖြင့် မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကြီး၏ ဂုဏ်သိက္ခာနှင့် အတူတကွ ကျောင်းသားတပ်မတော်အဖွဲ့ဝင်အားလုံး၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ကြီးမားသည့် အမဲစက် ဖြစ်စေခဲ့သည့် ကိစ္စအပေါ်တွင် ကျနော်တို့ဖက်မှ အထူး စိုးရိမ်မိကြောင်း ပြောကြားရင်း ယခု သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ပါသည်။

မိုးသီးဇွန်
ဥက္ကဋ္ဌ
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
မာနယ်ပလောရုံးချုပ်

Ph: 662 318 0593 fax 662 318 8697 PO BOX 42 Hua mark, P.O.BKK 10243, Thailand

၁၉၉၂ ခုနှစ်၊ မတ်လ (၈) ရက်

(
ခေါင်းစဉ်ကို နှိပ်ပြီး ဒေါက်တာနိုင်အောင် လက်မှတ်နဲ့ အင်္ဂလိပ်ဘာသာနဲ့ ၃၁-၅-၁၉၉၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် မူရင်း ကို ဖတ်ရှု လေ့လာနိုင်ပါတယ်။ )


၃၁-၅-၁၉၉၂ ရက် နေ့စွဲနှင့် ABSDF (ဒေါက်တာနိုင်အောင်) မှ ဒေါက်တာနိုင်အောင် ၏ လက်မှတ်နှင့် ထုတ်ပြန်ခဲ့သည့် ABSDF (ဗဟို) ၏ ကြေညာချက် (မြန်မာ ဘာသာပြန်)

၁၉၉၂ ခုနှစ်၊ မေလ (၃၁) ရက်

မြောက်ပိုင်း ကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံရသော သူလျှိုများနှင့် ပတ်သက်ပြီး ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ (ဒေါက်တာနိုင်အောင်) ၏ ၁၉၉၂ ခုနှစ် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ

ကချင်ပြည်နယ်ကို တလ သွားရောက်ခဲ့ပြီးနောက် စစ်အာဏာရှင်အစိုးရ၏ ရက်စက်မှုကို ယခင်ကထက် ပိုပြီး ခါးသီး မုန်းတီးမိပါသည်။ မြောက်ပိုင်းတွင် ဖမ်းဆီးခံရသူတို့၏ ထွက်ဆိုချက်များ၊ သက်သေခံပစ္စည်းများကို ဖတ်ရှုခဲ့ရပါသည်။

အထူးသဖြင့် နအဖ၏ အဓိက ဖိနှိပ်ရေးယန္တရား တခု ဖြစ်သော အမျိုးသားထောက်လှမ်းရေးဗျူရိုတွင် အဓိက တာဝန်ရှိပါ သည်။ အတိုက်အခံအဖွဲ့များအကြား သပ်လျှိုရန်၊ အထင်အမြင်မှားစေရန်အတွက် စနစ်တကျ စီမံထားသော အစီအမံများ စီမံထားပြီး ဖြစ်သည်။ နအဖသည် သတင်းပေးများ၊ ထောက်လှမ်းရေးများကို ရည်ရွယ်ချက်မျိုးစုံဖြင့် အသုံးချခဲ့သည်။

ကျောင်းသားတပ်မတော်သည် အဓိကပစ်မှတ် တခု ဖြစ်လာခဲ့သည်။ သူလျှိုများကို "ရေလှိုင်း (water wave) စီမံကိန်း" ဟု အမည်ရသော စစ်ဆင်ရေးဖြင့် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ

- အဖွဲ့အတွင်း တည်ငြိမ်မှု ပျက်ပြားစေရန်
- ထောက်ပံ့သည့် အုပ်စုနှင့် မဟာမိတ်အဖွဲ့များ အကြား နားလည်မှု လွဲမှားစေရန်
- စိတ်ဓာတ်ကျပြီး လက်နက်ချလာစေရန်
- အတိုက်အခံ ခေါင်းဆောင်များကို သုတ်သင်ရန် ဖြစ်သည်။

အပြီးသတ် ဆောင်ရွက်ရမည့်နေ့မှာ အမျိုးသားညီလာခံ ကျင်းပနေမည့် ၁၉၉၂ နှစ်ကုန်ပိုင်းတွင် ဖြစ်သည်။ တချို့အဖွဲ့များ က အမျိုးသားညီလာခံ မတိုင်မီ လက်နက်ချရန်နှင့် ကျန်ရှိသောအဖွဲ့များက အမျိုးသားညီလာခံအပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အချိန်တွင် လက်နက်ချရန် ဖြစ်သည်။

(သူလျှိုအုပ်စု၏ ခေါင်းဆောင်များသည် အမျိုးသားညီလာခံကို ၁၉၉၂ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ကို သိရှိကြပြီး ဖြစ်သည်။) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပြီးနောက် ကျန်ရှိသောအဖွဲ့မှာ စစ်တပ်၏ ချေမှုန်းခြင်းကို ခံကြရမည် ဖြစ်သည်။

(အောက်တွင် ဆက်ဖတ်ပါ။)

.
၃၁-၅-၁၉၉၂ ရက် နေ့စွဲနှင့် ABSDF (ဒေါက်တာနိုင်အောင်) မှ ဒေါက်တာနိုင်အောင် ၏ လက်မှတ်နှင့် ထုတ်ပြန်ခဲ့သည့် ABSDF (ဗဟို) ၏ ကြေညာချက် (မြန်မာ ဘာသာပြန်) (အထက်မှ အဆက်)


သူလျှို ၁၅ ဦးကို သုတ်သင်ခဲ့မှုအပေါ် လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး ထပ်မံ အငြင်းမပွားလိုတော့ပါ။ ဆုံးဖြတ်ချခဲ့သည့် ဖြစ်စဉ်တွင် ဗဟိုကော်မတီအနေဖြင့် မပါဝင်ခဲ့သော်လည်း ဗဟိုကော်မတီ၏ကိုယ်စား ကျနော့်တွင် တာဝန်ရှိပါသည်။ ကျနော်တို့အနေဖြင့် ကျန်ရှိသည့် သူလျှိုများနှင့်ပတ်သက်၍ အပြုသဘော ဆောင်ပြီး ဖြေရှင်းလိုကြောင်း နိုင်ငံတကာကို ရှင်းလင်းလိုပါသည်။

လတ်တလော ABSDF (Nothern)၊ KIO တို့နှင့် ကျနော် ဆွေးနွေးခဲ့ပြီး အောက်ပါ ဆုံးဖြတ်ချက်များကို ချခဲ့ပါသည်။

၁။ အေဘီအက်စ်ဒီအက်ဖ် သည် ကျန်ရှိသည့် သူလျှိုများကို သေဒဏ်ပေးတော့မည်မဟုတ်။

၂။ သဘောထား ပြောင်းလဲ၍ ကျနော်တို့၏ လှုပ်ရှားမှုတွင် ပါဝင်လိုသူများကို အဖွဲ့ဝင်အဖြစ် လက်ခံမည်။

၃။ အဖွဲ့ဝင်အဖြစ် ကျနော်တို့မှ လက်မခံသောသူများကို ၎င်းတို့၏ လုံခြုံရေးနှင့် အနာဂတ်အတွက် နိုင်ငံတကာအဖွဲ့အစည်း များသို့ လွှဲပြောင်းပေးသွားမည်။ ထို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအစိုးများအနေဖြင့် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ချိန်ထိ လက်ခံထားရန် မေတ္တာရပ်ခံပါသည်။

အကယ်၍ မြန်မာပြည် ပြင်ပတွင် ထိုသူလျှိုများကို လက်ခံထားနိုင်ရန် အနေအထား မရှိပါက တနှစ် ထိန်းသိမ်းပြီးနောက် ၎င်းတို့၏ မိဘ(သို့မဟုတ်) ဆွေမျိုးသားချင်းတို့၏ အာမခံချက်ဖြင့် ပြန်လွှတ်ပေးမည် ဖြစ်သည်။

သူလျှိုများကို ရန်သူအဖြစ် သတ်မှတ် ဆက်ဆံရန် သဘောထား ရှိသော်လည်း ၎င်းတို့သည် စစ်အာဏာရှင်စနစ်၏ သားကောင်များ ဖြစ်သည်ဟု ကျွန်ုပ်တို့ လက်ခံသည်။ ထို့ကြောင့် ကျနော်တို့သည် ရေရှည်အကျိုးစီးပွားနှင့် လူသားချင်း စာနာ ထောက်ထားမှုကို မျှော်ရှုပါသည်။ သူလျှိုများ၏ ထွက်ဆိုချက်များနှင့် အသေးစိတ် အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် သူလျှိုများ၏ အနာဂတ် အခြေချ နေထိုင်ရေး အတွက် နည်းလမ်း ၀ိုင်းဝန်း ရှာဖွေပေးကြရန် ကျနော်တို့အနေဖြင့် မေတ္တာရပ်ခံပါသည်။

လေးစားစွာဖြင့်

ဒေါက်တာနိုင်အောင်
ဥက္ကဋ္ဌ
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

၁၉၉၂ ခုနှစ်၊ မေလ (၃၁) ရက်
(နေ့သစ် မှ ကူးယူ ဖော်ပြသည်။)

(ခေါင်းစဉ်ကို နှိပ်ပြီး ဒေါက်တာနိုင်အောင် လက်မှတ်နဲ့ အင်္ဂလိပ်ဘာသာနဲ့ ၃၁-၅-၁၉၉၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် မူရင်း ကို ဖတ်ရှု လေ့လာနိုင်ပါတယ်။ )

UZa Wana
http://www.naytthit.net/?p=25912
ကိုမိုးသီးဇွန် ဖြေရှင်းချက်
www.naytthit.net
မြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များ
LikeUnlike · · Unfollow postFollow post · Share · Yesterday at 14:25

*


*
Maung Than Swe likes this.
*

*
o
Soe Lwin ကိုမိုးသီး...မြောက်ပိုင်းကိစ္စ..ကိုနေ၀င်းအောင်.ကိုစိုးလင်း.ကိုအောင်သူ ကိစ္စသည် ကိုမိုးသီးနဲ့မဆိုင်ဘူးဆိုတာ ကျနောနဂိုကထဲက ယုံကြည်ထားပြီးသာပါ..ကိုမိုးသီးရှင်းရမှာက ကိုဌေးနိင်ကိစ္စတခုထဲပါ..အမြန်ဆုံးရှင်းပေးဖို့ တောင်းဆိုပါရစေ....
Yesterday at 14:53 · UnlikeLike · 2
o
Nge Naing
မြောက်ပိုင်းကိစ္စက မြောက်ပိုင်းကော်မတီက သူတို့ဖါသာသူတို့ ဆုံးဖြတ်ပြီး လုပ်ခဲ့ပါတယ်လို့ မြောက်ပိုင်းဥက္ကဌဟောင်း ကိုရော်နယ်အောင်နိုင်က အတိအကျ ပြောထားပြီးသားဖြစ်လို့ ဘယ်သူ့ကိုမှ လိုက်ပြီး ထပ်စွပ်စွဲနေဖို့ မလိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ ပို့တဲ့ကြေးန...န်းကတော့ ကျွန်မ သိထားတာ အဲလို လုံးဝမဟုတ်ဘူး။ မြောက်ပိုင်းကိစ္စ သတင်းရတဲ့အချိန်မှာ သူ့သဘောထားက အဲလိုမဟုတ်ဘူးဆိုတာလည်း အတိအကျ ဖြစ်တယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တရားခံက ဦးမိုးသီးဇွန်လည်း မဟုတ်ဘူး ဒေါက်တာနိုင်အောင်လည်း မဟုတ်ဘူး၊ မြောက်ပိုင်းကော်မတီသာ ဖြစ်တယ်။See more
Yesterday at 15:16 · LikeUnlike · 2
o
Htay Tint
မြောက်ပိုင်း ဗဟိုကော်မီတီက သူတို့ ဖါသာ ဆုံးဖြတ်ခဲ့တာကို တောင်ပိုင်းက နိုင်အောင်တို့ က ယုံတယ် ။ ကာကွယ်တယ် စာထုတ်တယ် ။စိုးလင်းနဲ့  နေဝင်းအောင်ကိုဖမ်းတယ် ။ မိုးသီးက သန်းဝင်း ကိုကိုဦးတို့ တွဲနေချိန်မှာ စာထုတ်ကန့် ကွက်ပြီး ကွဲသွားတော့ ဌေးနိုင်...ကို သူလျှိုလို့ စွပ်စွဲတယ် ။ ဝင်းနိုင်ဦးနဲ့  အဖွဲ့ က ရန်သူ့ လူလို့ ရအောင်နှိပ်စက်ပြီး ဗီဒီယိုမှတ်တမ်း ယူပြီး သတ်ပစ်တယ် ။ တဖြေးဖြေးတော့ ဇတ်ရည် လည်လာပါပြီ ။ ကျန်နေသေးတာတွေ ရှိသေးတယ် ။See more
Yesterday at 18:23 · LikeUnlike
o
Nge Naing
ဦးဌေးတင့် ဘာမှကာကွယ်တာ မရှိဘူး ဖြစ်ြ့ပီးတဲ့ကိစ္စကို တနေ့ရှင်းရမယ်ဆိုတာပဲ ရဲဘော်တွေကို အသိပေးတယ်။ အဲဒီလို ကိစ္စမျိုးကို ဦးဌေးတင့်ဆိုရင်ကော ဘယ်လိုဖြေရှင်းမလဲ။ မင်တို့ကောင်တွေ လုပ်တာ လုံးဝအသုံးမကျဘူး၊ လူ့အခွင့်အရေးချိုးဖေါက်တယ်။ ABSDF အတွက် ဒါ...ရှက်စရာဖြစ်တယ်။ ဗဟိုက မင်းတို့ကို စုံစမ်းစစ်ဆေးရေးပြန်လုပ်မယ်ဆိုတဲ့ လေသံနဲ့ သွားပြောလို့ ဟိုကလက်ခံမယ်လို့ ဦးဌေးတင့်ထင်လား။ သူ့ဗဟိုနဲ့သူသွားနေတဲ့ မြောက်ပိုင်းမပြောနဲ့ ကျွန်မတို့ ဗဟိုဦးဆောင်မှုနဲ့ သွားနေတဲ့ မင်းသမီးစခန်းမှာတောင် အဲလိုလာလုပ်ရင် ဗဟိုလူကြီးမကလို့ ဘာကြီးပဲဖြစ်နေနေ ပြေးစရာလမ်းမှားသွားမယ်။ ဦးဌေးတင့် မှတ်မိလား မင်းသမီးမှာ ကျွန်မတို့ အောက်ခြေရဲဘော်တွေ ညီလာခံကိုလာပြီး ဆန္ဒပြကြတာ ဥက္ကဌတယောက်၊ EC အဖွဲ့လုံး၊ ဗဟိုကော်အတီတခုလုံးတဲ့ ထက်မြင့်တဲံ ညီလာခံကြီးတခုလုံးက ကျွန်မတို့ကို ဘာအရေးယူလို့ရခဲ့လဲ။ အဲဒီတုန်းက အရေးယူရင်ရော ဘာဖြစ်သွားမယ်ထင်လဲ။ ကိုယ်စားလှယ်တွေ ရှိလျှက်နဲ့ တပ်ရင်းအောက်ခြေရဲဘော်ထုက ညီလာခံကြီးကို မလေးမခန့်လာလုပ်တယ်ဆိုပြီး ဦးဌေးတင့်တို့ အဲဒီတုန်းက အရေးယူလို့ ရခဲ့လား။See more
Yesterday at 18:29 · LikeUnlike
o
Nge Naing
မြောက်ပိုင်းကိစ္စလည်ူး အဲလိုပဲ ဦးဌေးတင့်၊ အခုဦးဌေးတင့်တို့ ပြောနေတဲ့လေသံနဲ့ ဗဟိုကသွားလုပ်ကြည့် ဗဟိုကသွားတဲ့သူတွေ အကုန်လုံးပါ ရန်သူလူဆိုပြီး ဖြစ်ကုန်ပြီး နောက်မသတ်ဘဲ ကျန်နေတဲ့ ဖမ်းထားတဲ့အထဲကပါ ထပ်သေနိုင်၊ ထပ်ဖေါ်ထပ်ဖမ်း သွေးချောင်းက ဒီထက်ပို...စီးသွားနိုင်တယ်။ ၁၅ ယောက် သေထားတဲ့ တရှက်ကနေ ဆယ်ဆမက ထပ်ရှက်စရာ ရုပ်ပျက်ဆင်းပျက် ထပ်ဖြစ်သွားမှာ သေချာတယ်။ ကိုယ်ဆိုရင် ဒီနေရာမှာ ဘယ်လိုကိုင်တွယ် ဖြေရျင်းမလဲဆိုတာလည်း စဉ်းစားပြီး ပြောကြပါ။ ဗဟိုလုပ်ပြီး နင်တို့ဟာ နင်တို့သတ်တာ ငါတို့နဲ့ မဆိုင်ဘူး၊ ငါတို့ တာဝန်မယူနိုင်ဘူးဆိုပြီး လုပ်လာလို့ကော ခေါင်းရှောင်လာလို့ဖြစ်မလား။ သေဒဏ်ပေးတာ မဖြစ်သင့်ဘူး ကျန်တဲ့သူတွေကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းဖို့အဆင့်တောင် မနည်းညှိလာခဲ့ရတဲ့သူတွေကို ထိုင်ပြီး အပြစ်တင်ဖို့ပဲ မစဉ်းစားဘဲ ကိုယ်ဆိုရင် ဒီလိုအခြေအနေမှာ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ကိုယ်ချင်းစာစိတ်နဲ့ ပြောသင့်ပါတယ်။See more
Yesterday at 18:36 · LikeUnlike
o
Htay Tint ကျွန်တော် နားလည်မှုပေးနိုင်ပါတယ် ။ ၂၀၁၀ အထိ မိုးသီးက ကျွန်တော့ကို ရန်သူ့ လူလို့  IFBNC နဲ့  ၈၈GSC မှာပြောနေတာ နားမလည်ဖူး
* http://www.facebook.com/messages/787759806#!/groups/friendsofabsdf/277789372295682/?comment_id=277868752287744

((((((Aung Naing, who has close ties with the former chairman, told The Irrawaddy that Dr Naing Aung had nothing to do with the executions: "The capital... punishment was ordered by the central committee of the northern ABSDF though we informed the ABSDF central headquarters," explained Aung Naing. "We had our own authority and the capital punishment was decided by eight members of the central committee of northern ABSDF, including Kyaw Kyaw, Than Chaung, Myo Win, Sein Aye, Aung Gyi, Nay Tun, Labya Laseng and myself." ))))))

SPECIAL REPORT

It’s a Jungle Out There

By Kyaw Zwa Moe, Naw Seng, and Ko Thet JUNE, 2002 - VOLUME 10 NO.5

http://www2.irrawaddy.org/article.php?art_id=2669&page=3

http://www.facebook.com/oway.aung.hittai#!/oway.aung.hittai

.
(ခေါင်းစဉ်ကို နှိပ်ပြီး မူရင်းဆောင်းပါး The "Kachin Massacre" or "It’s a Jungle Out There" (1) - (7) အပြည့်အစုံ ကို "သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂)" ပို့စ် အောက်က COMMENTS မှာ ဖတ်ရှု လေ့လာနိုင်ပါတယ်။)


Aung Naing, who has close ties with the former chairman, told The Irrawaddy that Dr Naing Aung had nothing to do with the executions:

"The capital punishment was ordered by the central committee of the northern ABSDF though we informed the ABSDF central headquarters," explained Aung Naing.

"We had our own authority and the capital punishment was decided by eight members of the central committee of northern ABSDF, including Kyaw Kyaw, Than Chaung, Myo Win, Sein Aye, Aung Gyi, Nay Tun, Labya Laseng and myself."

(Kyaw Zwa Moe, Naw Seng, and Ko Thet
Irrawaddy
JUNE, 2002
VOLUME 10 NO.5)


ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် နဲ့ ရင်းနှီးတဲ့ အောင်နိုင် က "ဒေါက်တာနိုင်အောင် ဟာ သေဒဏ်ပေး ကွပ်မျက်ခဲ့မှုတွေနဲ့ မပတ်သက်ဘူး" လို့ ဧရာဝတီကို ပြောပါတယ်။

"ကျနော်တို့က ABSDF ဗဟိုကို အကြောင်းတော့ ကြားတယ်၊ ဒါပေမယ့် ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေက သေဒဏ်ပေးပြီး ကွပ်မျက်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်" လို့ အောင်နိုင် က ရှင်းပြပါတယ်။

"ကျနော်တို့မှာ ကိုယ်ပိုင် အမိန့်အာဏာ ရှိပါတယ်။ သေဒဏ်ပေးပြီး အပြစ်ပေးဖို့ ကျော်ကျော်၊ သံချောင်း၊ မျိုးဝင်း၊ စိန်အေး၊ အောင်ကြီး၊ နေထွန်း၊ လဗျာလဆိုင်း နဲ့ ကျွန်တော် ကိုယ်တိုင် ပါဝင်တဲ့ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ၈ ယောက်က ဆုံးဖြတ်ခဲ့တာပါ။"

(ကျော်စွာမိုး၊ နော်ဆိုင်း၊ ကိုသက်
ဧရာဝတီ (အင်္ဂလိပ်ဘာသာ)
၂၀ဝ၂ ခုနှစ်၊ ဇွန်လ
အတွဲ ၁၀၊ အမှတ် ၅)


( "သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂)" http://nge-naing.blogspot.de/2012/03/blog-post_17.html ပို့စ် အောက်က COMMENTS မှ ကူးယူ ဖော်ပြသည်။ )

.
(ခေါင်းစဉ်ကို နှိပ်ပြီး မူရင်းဆောင်းပါး The "Kachin Massacre" or "It’s a Jungle Out There" (1) - (7) အပြည့်အစုံ ကို "သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂)" ပို့စ် အောက်က COMMENTS မှာ ဖတ်ရှု လေ့လာနိုင်ပါတယ်။)


ABSDF မြောက်ပိုင်းမှာ ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် ၁၅ ယောက်ကို စစ်အစိုးရက စေလွှတ်ထားတဲ့ သူလျှို ထောက်လှမ်းရေးတွေ လို့ မဟုတ်မမှန် စွပ်စွဲ ဖမ်းဆီးပြီး လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (၁၉၉၂ ခုနှစ်၊ ပြည်ထောင်စုနေ့) မှာ ABSDF မြောက်ပိုင်း ကချင်ပြည်နယ်၊ ပါဂျောင်ဒေသမှာ သေဒဏ်ပေးပြီး ကွပ်မျက်ဖို့ ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လဆိုင်း အပါအဝင် ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ၈ ယောက်က ဆုံးဖြတ်ခဲ့တာပါ။


ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် ၁၅ ယောက်ကို ၁၂-၂-၁၉၉၂ ရက်မှာ သေဒဏ်ပေးပြီး အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ၈ ယောက်က -

(၁) ရော်နယ်အောင်နိုင်
(၂) ကျော်ကျော်
(၃) သံချောင်း
(၄) မျိုးဝင်း
(၅) စိန်အေး
(၆) အောင်ကြီး
(၇) နေထွန်း
(၈) လဗျာလဆိုင်း

တို့ ဖြစ်ပါတယ်။


ကိုးကား - ကျော်စွာမိုး၊ နော်ဆိုင်း၊ ကိုသက်
ဧရာဝတီ (အင်္ဂလိပ်ဘာသာ)
၂၀ဝ၂ ခုနှစ်၊ ဇွန်လ
အတွဲ ၁၀၊ အမှတ် ၅)


( "သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂)" http://nge-naing.blogspot.de/2012/03/blog-post_17.html ပို့စ် အောက်က COMMENTS မှ ကူးယူ ဖော်ပြသည်။ )

.
(( Nge Naing said...

မြောက်ပိုင်းကိစ္စက "မြောက်ပိုင်းကော်မတီက သူတို့ဖါသာ သူတို့ ဆုံးဖြတ်ပြီး လုပ်ခဲ့ပါတယ်" လို့ မြောက်ပိုင်းဥက္ကဌဟောင်း ကိုရော်နယ်အောင်နိုင်က အတိအကျ ပြောထားပြီးသား ဖြစ်တယ်။

ကိုပြုံးတို့ဟာ ဟာသပဲ။ အခုထိ "ဒေါက်တာနိုင်အောင် ဖေဖေါ်ဝါရီမှာ မြောက်ပိုင်းသွားတယ်" လို့ လုပ်တုန်း။ ကိုယ်မှားသွားတာကိုလည်း မှားသွားတယ်လို့ ၀န်ခံရဲတဲ့ သတ္တိ မရှိဘဲနဲ့။ "ဒီကိစ္စတွေကို ကျွန်မ မှားနေရင် ကျွန်မ ၀န်ခံပါ့မယ်၊ ကျွန်မကို ခိုင်လုံတဲ့ သက်သေသာ ပေးပါ" လို့ ဟို Group မှာ ကျွန်မ အားလုံးကို စိန်ခေါ်ခဲ့တဲ့ အချိန်က စပြီး ကိုပြုံး Agitated ဖြစ်နေတာ အခုထိ မပြီးနိုင်၊ မကျေချမ်းနိုင် ဖြစ်နေတယ်။ "ကိုပြုံးတို့ ပြောနေတာတွေ မှန်ရင် ကျွန်မ ၀န်ချ တောင်းပန်မယ်" လို့ ကျွန်မ အခုထိ စိန်ခေါ်ထားတုန်းပဲ။ ပြောပြီးရင် မေ့သွားတတ်တဲ့ သူလည်း မဟုတ်ဘူး။ ကိုယ်ပြောတဲ့ စကားကို ကိုယ် အားလုံး တာဝန်ယူတယ်။

ရဲဘော်မြင့်သိန်း.. ကျွန်မ အကျိုးမရှိတဲ့ စကားကို မပြောတတ်ပါဘူး။ မဟုတ်တာကိုလည်း မပြောတတ်ပါဘူး။

(((((( Aung Naing, who has close ties with the former chairman, told The Irrawaddy that Dr Naing Aung had nothing to do with the executions: "The capital... punishment was ordered by the central committee of the northern ABSDF though we informed the ABSDF central headquarters," explained Aung Naing. "We had our own authority and the capital punishment was decided by eight members of the central committee of northern ABSDF, including Kyaw Kyaw, Than Chaung, Myo Win, Sein Aye, Aung Gyi, Nay Tun, Labya Laseng and myself." )))))) ))



Friends of ABSDF @ facebook
http://www.facebook.com/#!/groups/friendsofabsdf/ မှာ
Nweni Tun (March 28 at 2:01pm) တင်ထားတဲ့
(( မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၂) ))
ပို့စ် အောက်မှာ မငယ်နိုင်က ရှင်းပြထားတာပါ။

.
ABSDF မြောက်ပိုင်းကိစ္စ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ အချက်အလက်မှန်တွေကို ရှာဖွေတဲ့ နေရာမှာ ကိုယ် ဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဝင်အောင် အတင်း ဆွဲညှိယူတာမျိုး မဖြစ်သင့်ပါဘူး။ အဖြေမှန် ရဖို့ ဆိုတာ တွက်နည်း မှန်ဖို့ လိုပါတယ်။ အမှုတခုမှာ အဲဒီလို ကိုယ်ထင်တဲ့ အဖြေ တခုခုကို ကြိုတင် သတ်မှတ်လိုက်ရင် ရေလိုက်လွဲသွားမှာပါ။ ဒါကြောင့် အဖြေ မထွက်ခင်မှာ အဖြေကို ကြိုတင် သတ်မှတ်ထားလို့ မရပါဘူး။ တွက်နည်း မှန်ဖို့၊ အချက်အလက် မှန်ဖို့ကို အာရုံစိုက်ရပါမယ်။

ဖြစ်ရပ်တခုတည်းကို အစီရင်ခံရာမှာတောင် လူတယောက်နဲ့တယောက်ရဲ့ အစီရင်ခံပုံ ဟာ မတူပါဘူး။ အစီရင်ခံသူရဲ့ ခံစားချက်၊ အမြင်၊ အယူအဆ ပေါ်မှာ မူတည်ပြီး အစီရင်ခံပုံဟာ ကွဲပြား ခြားနားသွားနိုင်ပါတယ်။ အနေအထား အခြေခံချင်း၊ ဖြတ်သန်းပုံချင်း တူညီတဲ့ အုပ်စုတစုတည်း၊ အတန်းအစားတရပ်တည်းက အစီရင်ခံစာကိုချည်း ဘုရားဟောလို အကြွင်းမဲ့ အတည်ယူလို့ မရပါဘူး။ အနေအထား အခြေခံချင်း၊ ဖြတ်သန်းပုံချင်း မတူ ကွဲပြားတဲ့ အုပ်စု ပေါင်းစုံ၊ အတန်းအစားပေါင်းစုံက ရှုထောင့်အမျိုးမျိုးက အစီရင်ခံတာ၊ သုံးသပ်တာတွေကိုလဲ ဂရုတစိုက် လေ့လာပြီး စနစ်တကျ သုံးသပ်မှ အဖြေမှန် ရမှာ ဖြစ်ပါတယ်။

ပြည်သူ့ဘလော့ဂါ မငယ်နိုင်ဟာ ABSDF မှာ ကိုယ်တိုင် ဖြတ်သန်းလာတဲ့ ရဲမေ ဖြစ်လို့ မငယ်နိုင်က ကိုယ်တွေ့ အတွေ့အကြုံကို အခြေခံပြီး တင်ပြချက်တွေကိုလည်း ABSDF မြောက်ပိုင်းကိစ္စ ဖြစ်ရပ်မှန် ဖော်ထုတ်နေသူတွေ အနေနဲ့ လေ့လာသင့်ပါတယ်။

မငယ်နိုင် နဲ့ တခြား မှတ်ချက်ပေးသူတွေနဲ့ အပြန်အလှန် ဆွေးနွေးထားတဲ့ မှတ်ချက်တွေကို အောက်မှာ လေ့လာ ဖတ်ရှုနိုင်ပါတယ်။

.
BarBu Abnb said...

ရှေ့က အရက်သမားတွေ အာဏာလုနေကြတာ ကြာပါပြီ။ အပတ်စဉ် (၂) မှာလည်း သင်တန်းသားတွေကို သတိပေးထားပြီး တစ်ဖက်နဲ့တစ်ဖက် သေနတ်နဲ့ ချိန်ကြပါတယ်။ ကြားက ကျွန်တော်တို့ က ကြောက်နေရတယ်။

ထူးခြားတာက ပထမ အာဏာလုနေတာက ကချင်ပြည်နယ် အချင်းချင်းပါဘဲ။ နောက်အပတ်စဉ် (၅) မှာတော့ ရန်ကုန် မန္တလေး စစ်ကိုင်းတိုင်းတွေနဲ့ ဖြစ်တာပါ။ ဖမ်းခံရတဲ့သူ တော်တော်များများကလည်း ဒီတိုင်းတွေကပါဘဲ။ ကချင်ပြည်နယ်ကတော့ တပ်အပြင်မှာ အကြွေးကျန်သူနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့သူတွေဘဲ ပါပါတယ်။

အပတ်စဉ် (၁) ပြီးထဲက တစ်ချို့ က သူတို့ ရဲ့ အခြေအနေတွေ သိပြီး ထွက်ပြေးသွားကြပါတယ်။

မခင်ဆွေလိုင် တို့ လို အခြား တိုင်းနဲ့ပြည်နယ်တွေက မဖမ်းခံရတဲ့သူတွေဟာ အာဏာရူးတွေနဲ့ တစ်ခုမဟုတ်တစ်ခု ပတ်သက်နေတဲ့ ဒုတိယအဆင့် အာဏာရူးအသေးစားလေး တွေဘဲ ဖြစ်ပါတယ်။

မခင်ဆွေလှိုင်ရေ... ခင်ဗျားလို မဟုတ်တဲ့ သူတွေက ခင်ဗျားနာမည်ကို မပြောရက်ခဲ့ကြလို့ အခုလို ခင်ဗျားက ကျွန်တော်တို့ အကြောင်းတွေ ပြန်ရေးနေနိုင်တာပါ။ သူတို့ ပြောတဲ့အတိုင်း ဆိုရင် ခင်ဗျားလဲ spy ပါဘဲ။

အဲဒီ စကားလုံးကို ကြားရတဲ့အချိန်မှာ ခင်ဗျား ဘယ်လို ခံစားရသလဲ?

အဲဒီခံစားမှုဟာ နေ့စဉ် ညစဉ် ကျွန်တော်တို့ အားလုံးမှာ ခံစားနေရပါတယ်။

ကျွန်တော် ဆက်မရေးနိုင်တော့ပါဘူး။ စာတွေရေးတိုင်း မျက်ရည်လည်လာလို့ ပါ။ မျက်ရည်ကျလို့ "တော်လှန်ရေးသမားက ပျော့လှပါလား" လို့ မထင်ပါနဲ့ ။ အဲဒီ ထောင်ထဲက ခင်ဗျားတို့ လို့ လူတွေအတွက် သက်သေတွေကို ကျွန်တော် ဦဲးဆောင်ပြီး သွေးအေးအေးနဲ့ ထုတ်ပေးခဲ့တာပါ။

အဲဒါ ပထမ ကျတဲ့ မျက်ရည်အတွက်ပေါ့။ အခုပြန်ပြီး ဒုတိယမျက်ရည်တွေ ကျနေပြန်ပြီဗျာ -

???????????????????????

ရဲဘော်မြင့်သိန်း


(ရဲဘော်မြင့်သိန်းဟာ အေဘီ မြောက်ပိုင်း ကချင်ပြည်နယ်၊ လိုင်စင်စခန်းမှာ လူမဆန်အောင် နှိပ်စက်ခံနေရတဲ့ ကျောင်းသားရဲဘော် ၅၅ ယောက်ကို ၁၉၉၂ ခု၊ မေလမှာ ဦးဆောင် ခေါ်ထုတ်ပြီး ထွက်ပြေးလာသူ ဖြစ်ပါတယ်။)

.
Min Tharr said...

ခင်ရွှေလှိုင်က ဒီမိုကရေစီအရေး လူ.အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို. လက်နက်ကိုင်သတဲ့လား။ အဖွဲ.အစည်းအတွင်း လူမဆန်စွာ သတ်ဖြတ် ညှင်းပမ်းနေတာကို လက်ခုပ်တဖြောင်းဖြောင်း မတီးရုံတမယ် အားပေး ရေးထားတဲ့စာကို ဖတ်ရတော့ အံ့သြမိပါတယ်။

ABSDF အဖွဲ.အစည်းဆိုတာ အဲဒီအချိန်တုန်းက ဖွဲ.ထားတာ ဘာမှ မကြာသေးပါဘူး။ ကိုယ့်အထဲမှာ သူလျှိုပါ မပါ သိနိုင်တဲ့ စွမ်းရည်လဲ မရှိသေးပါဘူ။ ရန်သူ.ထောက်လှမ်းရေးအဖွဲ.ထဲမှ ကိုယ့်ဒလန်တွေ ထည့်ထားနိုင်တဲ့ အရည်အချင်းလဲ မရှိသေးပါဘူး။ သူလျှိုလို. အတည်ပြုပေးနိုင်မယ့် သတင်းပေးနိုင်မယ့်သူလဲ မရှိသေးပါဘူး။

အမြင်မကြည်လင်တဲ့သူကို နှိပ်စက်မှုတွေနဲ. သူလျှိုလို. ၀န်ခံခိုင်းပြီး စွပ်စွဲသတ်ဖြတ်ခဲ့တာဟာ မင်းတို.သံချောင်းတို. မျိုးဝင်းတို. ရော်နယ်အောင်နိုင်တို.ရဲ. ကျောင်းသားတော်လှန်ရေးလား။ မင်းပြောသလိုပေါ့.. "တော်လှန်ရေး" ဆိုတာ စာလုံး ၃ လုံးထဲပါ။ ဒါပေမယ့် "မှန်ကန်တဲ့တော်လှန်ရေး" ဖြစ်ဖို. လိုတယ်။ တော်လှန်ရေးကို ဗန်းပြပြိး လူမဆန်စွာ နှိပ်စက် ညှင်းပန်းတာတို. လူသတ်တာကိုတော့ ဘယ်သူမှ လက်မခံဘူး၊ ခင်ရွှေလှိုင်။

စစ်အစိုးရရဲ. လူ.အခွင့်အရေး ချိုးဖေါက်မှု တရားမဲ့ ရမ်းကားမှု နှိပ်စက် သတ်ဖြတ်တာတွေကို ဆနု.ကျင်လို. လက်မခံလို. တောခိုလက်နက်ကိုင်လာကြတာ သူတို.ထက် ပိုဆိုးတဲ့ နှိပ်စက်နည်း ရက်စက်ပုံတွေ လုပ်ပြပြီး မင်းတို.ထက် သာတယ် ဆိုပြီး လူယုတ်မာ အမည်ခံဖို. တော်လှန်ရေးလုပ်တာ မဟုတ်ဘူး။

ခင်ရွှေလှိုင်ရေ.. မင်းဖက်က သေချာတယ်ဆိုရင် ပြောလိုက်စမ်းပါ။ ဘယ်သူက ဘယ်ထောက်လှမ်းရေး၊ ကိုယ်ပိုင်နံပါတ် ဘယ်လောက်ပါ၊ ဘယ်အဆင့်ပါ ဆိုတာ၊ ဘယ်လို မင်းတို.သိတယ် ဆိုတာတွေကို ပြောလိုက်စမ်းပါ။

ဒီလို လူမဆန်တဲ့ ယုတ်မာတဲ့ နှိပ်စက်သတ်ဖြတ်မှုတွေကို ကာကွယ်ပြီး မင်း ရေးတဲ့စာဟာ မင်းသမိုင်းပဲ။ မင်းရဲ. အသိဥာဏ်အဆင့်ကို ဖေါ်ပြလိုက်တာပါပဲ။

.
Thit Moe ‎said...

"ရန်သူ့ဘက်က စစ်ဗိုလ် တယောက်ကျဆုံးပြီး (ကျန်ရစ်ခဲ့တဲ့ အဲဒီစစ်ဗိုလ်ရဲ့ ကျောပိုးအိတ်ထဲက ရွှေတိဂုံဘုရားပုံ၊ မိဘနှစ်ပါးပုံ၊ ချစ်သူပုံနဲ့ သိမ်းထားတဲ့ စာလေးတွေ ကျမတို့ ရဲမေတစု ဖတ်ကြည့်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ "

အမ ဒေါ်လှိုင်ရေ (ဒီလိုခေါ်ရတာက ကျွန်တော် တွေ့ဖူးတဲ့ မြောက်ပိုင်းပြန်တွေက အမကို ဒီလိုပဲခေါ်လို့ ကျွန်တော်လဲ ဒီလိုပဲ သိနေလို့ပါ)

သေသွားတဲ့ စစ်ဗိုလ်ရဲ့ စာတွေ ဖတ်ပြီး အမ စိတ်မကောင်း ဖြစ်ရသလို အမအကြောင်း ဘယ်တုန်းကမှ မကောင်း မပြောခဲ့ကြဖူးတဲ့ ကိုထိန်းလင်း၊ ကိုရဲလင်း၊ ကိုမိုးကြီး၊ ကိုဘိုဘို၊ မနန်းစော၊ မသင်းသင်းတို့ အမ စာဖတ်ပြီး စိတ်မကောင်း ဖြစ်နေကြမယ် ဆိုတာရော အမ တွေးကြည့်မိလား။

"အရှင် ဖမ်းမိတဲ့ ရန်သူ့တပ်သား တယောက်ကိုတော့ ဗန်းမော်ရင်းမှာပဲ ခေါ်ယူ စစ်ဆေးမေးမြန်းပြီးနောက် လမ်းစရိတ် ပေးပြီး ပြန်လွတ်ပေးခဲ့တယ်။ "

ရန်သူ့ လူ စစ်စစ်ကိုတောင် လမ်းစရိတ်ပေးပြီး ပြန်လွှတ်ခဲ့တဲ့ ခေါင်းဆောင်တွေက
ကျောင်းသားအချင်းချင်း ဘာကြောင့် ရက်ရက်စက်စက် စစ်ဆေးခဲ့ကြတာလဲ?
ဘာကြောင့် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ကြတာလဲ?
ဘာကြောင့် အယောက်တရာလောက် ဖမ်းခဲ့တာလဲ?
ဘာကြောင့် မိဘတွေ လာခေါ်တဲ့အခါမှာ ပြန်မလွှတ်ခဲ့ရတာလဲ?
ဘာကြောင့် ထွက်ပြေးမှ လွတ်မြောက်ခဲ့ရတာလဲ?

ဒီလူတွေကိုရော ဘာကြောင့် လမ်းစရိတ်ပေးပြီး ပြန်မလွှတ်တာလဲဗျာ

.
Moe Zaw Aung said...

(( ရန်သူ့လူ စစ်စစ်ကိုတောင် လမ်းစရိတ်ပေးပြီး ပြန်လွှတ်ခဲ့တဲ့ ခေါင်းဆောင်တွေက
ကျောင်းသားအချင်းချင်း ဘာကြောင့် ရက်ရက်စက်စက် စစ်ဆေးခဲ့ကြတာလဲ?
ဘာကြောင့် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ကြတာလဲ?
ဘာကြောင့် အယောက်တရာလောက် ဖမ်းခဲ့တာလဲ?
ဘာကြောင့် မိဘတွေ လာခေါ်တဲ့အခါမှာ ပြန်မလွှတ်ခဲ့ရတာလဲ?
ဘာကြောင့် ထွက်ပြေးမှ လွတ်မြောက်ခဲ့ရတာလဲ?

ဒီလူတွေကိုရော ဘာကြောင့် လမ်းစရိတ်ပေးပြီး ပြန်မလွှတ်တာလဲဗျာ??? ))


Thit Moe ရဲ့ စနစ်တကျ ဝေဖန် ထောက်ပြမှုများကို အရမ်း သဘောကျမိတယ်။

.
Nge Naing said...

မြောက်ပိုင်းကိစ္စက "မြောက်ပိုင်းကော်မတီက သူတို့ဖါသာ သူတို့ ဆုံးဖြတ်ပြီး လုပ်ခဲ့ပါတယ်" လို့ မြောက်ပိုင်းဥက္ကဌဟောင်း ကိုရော်နယ်အောင်နိုင်က အတိအကျ ပြောထားပြီးသား ဖြစ်တယ်။ ပြဿနာက မဆိုင်တဲ့သူတွေကို ထပ်ပြီး ဘာအချက်အလက်မှလည်း မရှိဘဲနဲ့ ကိုယ် ဖြစ်ချင်တဲ့အတိုင်း လိုက် စွပ်စွဲနေကြတယ်။ အဲဒါနဲ့ပဲ ပြဿနာ ဖြေရှင်းဖို့ လိုရင်းမရောက် ဖြစ်နေကြတာ။

.
Nge Naing said...

ကိုမင်းသားရေ..
အဖမ်းခံရတဲ့အထဲမှာလည်း မပါတဲ့ ၊ ဖမ်းဆီးညှင်းဆဲ သတ်ဖြတ်တဲ့အထဲမှာလည်း မပါတဲ့ သာမန်ရဲမေတဦးရဲ့ သူ့ တွေ့ကြုံခဲ့တွေနဲ့ သူ့အမြင်ကို လွတ်လွတ်လပ်လပ် ပြောပါစေလား။ ကျွန်မတို့က ဘက်ပေါင်းစုံရဲ့ အသံကို နားထောင်မှ အမှန်ကို ရနိုင်မှာလေ။ ဘာဖြစ်လို့ သူများ ဘ၀ဖြတ်သန်းမှုနဲ့ သူများပြောတာကို မပြီးခင် သွားပြီး အပြစ်ပုံချနေရတာလဲ။

.
Min Tharr said...

ငယ်နိုင်ရယ် ၊ မင်းလဲ ကလေးမှ မဟုတ်တော့ပဲ။ သူ ရေးတဲ့စာ ဘယ်လမ်းကြောင်းကို သွားနေတယ် ဆိုတာ မြင်နေ၊ သိနေရတာပဲ။

.
Nge Naing said...

အဲဒါ သူ့ရဲ့ ဘ၀ဖြတ်သန်းမှုမှာ သူကြုံရာကို ရေးတာပဲလေ။ ကိုမင်းသားတို့ လိုချင်သလို မဟုတ်တာကို အဟုတ်လုပ်ပြီးတော့ သူ ဘယ်ရေးမလဲ။ သူကြုံရတာကို သူ ရေးပြီး သူရှုဒေါင့်ကသူ သုံးသပ်မှာပေါ့။ ဒါကို ကျွန်မတို့က အဘက်ဘက်က သုံးသပ်ရဖို့ လိုတာပေါ့။ ကိုယ် သတ်မှတ်ထားတဲ့ ပုံစံခွက်ထဲ ၀င်အောင် သူများကို ရေးစေချင်လို့ ဘယ်ဖြစ်မလဲ။ သူများ တကယ် ဖြတ်သန်းရတာကိုပဲ သူများ ရေးမှာပေါ့။

.
BarBu Abnb said...

မငယ်နိုင်ရေ..
ခင်ဗျားက နိုင်အောင်နဲ့ ဘာတော်သလဲ?
ဆွေမျိုးလား? မြို့ပေါ်ထဲက ဘာတော်တာလဲ?
ဒါမမဟုတ် တောထဲရောက်မှ တော်တာလား?
သူ့ ကိစ္စ သူ့ ဘာသာ ပြောပါစေ။
အရင်ထဲက သတိပေးထားပါတယ်။
ကိုမိုးသီး ရေးထားတာကိုတော့ ဘာမှ ပြန်မပြောရဲဘူးလား။
ေ -ာက်သုံးမကျတဲ့ ခေါင်းဆောင်ကို ဘယ်တော့မှ အသိအမှတ် မပြုပါဘူး။

ရဲဘော်မြင့်သိန်း (မပ)

.
Nge Naing said...

ရဲဘော်မြင့်သိန်း -
ကျွန်မက မကဒတ ဥက္ကဌဟောင်း သုံးဦးမှာ ဒေါက်တာနိုင်အောင်ထက် ကျန်တဲ့ ဥက္ကဌဟောင်း နှစ်ယောက်နဲ့ ပိုရင်းနှီးပါတယ်။ မယုံရင် ဦးထွန်းအောင်ကျော်ကို မေးကြည့်ပါ။ ခေါင်းဆောင်ဟောင်းတွေထဲက ကိုသန်းဝင်းတယောက်ပဲ သိပ်မရင်းနှီးတာ။ ကိုဆလိုင်းကိုကိုဦး ဆိုရင် ပိုတောင် ခင်မင် ရင်းနှီးသေးတယ်။ မောင်နှမအရင်းတွေလိုပဲ။ ဒါပေမဲ့ ကျွန်မဟာ မဟုတ်ရင် မိတ်ဆွေ မကလို့ အဖေတွေ၊ အစ်ကိုတွေကိုတောင် မျက်နှာထောက်တတ်သူ မဟုတ်ဘူး ဆိုတာ ရဲဘော်မြင့်သိန်း သိအောင် ပြောပြချင်တယ်။

ဦးမိုးသီးဇွန် ရေးထားတာ ပြောမယ်ဆို ပြောစရာ အများကြီး ရှိပါတယ်။ မပြောရဲလို့ မဟုတ်ဘူး။ ပြောလည်း ဘာအကျိုးမှ အကျိုးမထူးဘူး ထင်လို့ မပြောတာ။ ကျွန်မဟာ ဗုဒ္ဓဘာသာကို သိပ်ပြီး ယုံကြည်ကိုင်းရှိုင်းသူ ဖြစ်လို့ ဘုရားဟောတွေကို အတတ်နိုင်ဆုံး လိုက်နာပါတယ်။ ဘုရားက မှန်တဲ့စကားတိုင်းလည်း အကျိုးမရှိရင် မပြောသင့်ဘူး၊ စကား ၆ မျိုးမှာ ၂ မျိုးပဲ အကျိုးရှိတယ် ဆိုလို့ ဘုရား ဟောထားတာကို နှလုံးမူပြီး မပြောသင့်လို့ မပြောတာပါ။

"ဒေါက်တာနိုင်အောင်နဲ့ ဘယ်လို ပတ်သက်လဲ၊ ရင်းနှီးလား" ဆိုတော့ ဘာမှလည်း မပတ်သက်ဘူး၊ ပုဂ္ဂိုလ်ရေးအရလည်း မရင်းနှီးဘူး။ ဒါပေမဲ့ သူ ဦးဆောင်မှုအောက်မှာ အောက်ခြေတပ်ဖွဲ့ဝင်တယောက်အနေနဲ့ တာဝန်ထမ်းဖို့လို့ လုပ်ရည်ကိုင်ရည် အရည်အချင်းနဲ့ စီမံခန့်ခွဲတတ်တာကိုတော့ သိပါတယ်။ ဒါ ကျွန်မ တယောက်တည်း သိတာတော့ မဖြစ်နိုင်ဘူး၊ မကဒတ ကြီး တတိယအကြိမ် ညီလာခံမှာ ကွဲကြတော့ ညီလာခံကိုယ်စားလှယ် ၈၁ မှာ ရဲဘော်မြင့်သိန်းတို့ဆီက လာတဲ့ ကိုယ်စားလှယ်တွေ အားလုံး အပါအ၀င် ၆၅ ဦးက ထောက်ခံပြီး မကဒတ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းအတိုင်း ရွေးကောက်တင်မြှောက်ခံရပြီး ဥက္ကဌ ဖြစ်လာသူ ဖြစ်တယ်။ စီမံခန့်ခွဲမှုနဲ့ လုပ်ငန်း အကောင်အထည်ဖေါ်မှုတွေ ကောင်းခဲ့လို့ သူ့အောက်က တပ်ရင်းတွေ တပ်ခွဲတွေဟာ လုပ်ရည်ကိုင်ရည်တွေ တိုက်ခိုက်ရေးတွေ ကောင်းပြီး DAB စစ်ကြောင်းတွေမှာ ရန်သူတပ်ကုန်းတွေကို မကြာခဏ သိမ်းနိုင်ပြီး နာမည်ကောင်းတွေ ရှိခဲ့ပါတယ်။ ဒါကျွန်မတို့ တပ်ရင်း တခုတည်း ကြည့်ရင်တောင် အနီးကပ်ဆုံး သိသိသာသာ မြင်နိုင်တဲ့အချက်ကို ပြောတာပါ။

တခြားဘက်မှာ ပါသွားတဲ့ တပ်မှူးတွေကျတော့ လေနဲ့ပဲ တော်လှန်ရေး လုပ်ပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ တော်ကြာ အလင်းဝင်သွားပြီ ဆိုတာ ကြားရတာပဲ။

သူ့ဘက်ကို ပါသွားတဲ့ တပ်မှူးကောင်းတွေ ကျွန်မတို့တပ်ရင်းက ကိုဖုန်းကျော်တို့၊ ကိုလှဦးတို့ ဆိုတာ အခု US မှာ ရှိပါတယ်။ ဒီလူတွေ ဘယ်လို တိုက်လာတယ်ဆိုတာ စုံစမ်းကြည့်နိုင်ပါတယ်။ အဲသည်လို ဦးဆောင်မှု၊ စီမံခန့်ခွဲမှု ကောင်းခဲ့လို့ အစိတ်အစိတ် အမွှာမွှာ ဖြစ်နေတဲ့ မကဒတဟာ ၁၉၉၄ မှာ ဟိုဘက် ပါသွားတဲ့ တပ်ရင်း ၂၀၈ ခွဲထွက်သွားပြီး မကဒတ အပြင်ဘက်ကို ရောက်နေတဲ့ တပ်တွေ၊ တပ်ရင်း ၂၉၈ နှင့် တပ်ရင်း ၂၁၄ နှစ်ရင်းလုံး၊ ကွဲတုန်းက ဗဟိုနှစ်ခု ပြန်လည် ပေါင်းစည်းဖို့ ရည်ရွယ်ချက်နဲ့ ဘက်မလိုက် ညီညွတ်ရေးအဖြစ် ရပ်တည်ခဲ့တဲ့ ကျွန်မတို့ တပ်ရင်း (၂၀၁) က အများစု ပါတဲ့ ဘက်မလိုက်တပ်ရင်း စတဲ့တပ်ရင်း ၄ ရင်းဟာ ဒေါက်တာနိုင်အောင် ဦးဆောင်မှု အောက်မှာ ပြန်လည် စုစည်းနိုင်ခဲ့ပါတယ်။ ၁၉၉၆ မှာ မကဒတ တခုလုံးကို ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပြီး ဥက္ကဌ ထပ်ဖြစ်လာတယ်။ ကျွန်မ ၅ နှစ်ခန့် ဒေါက်တာနိုင်အောင်ရဲ့ ဦးဆောင်မှုအောက်မှာ အလုပ် လုပ်ဖူးလို့ သူ့ရဲ့ အရည်အချင်းနဲ့ ရိုးသားမှုကို တွေ့ရတယ်။

မြောက်ပိုင်းနဲ့ ပတ်သက်ပြီး သူ့ကိုစွပ်စွဲနေတာတွေလည်း တခုမှ မဟုတ်ဘူး ဆိုတာ ကျွန်မ သိလို့ ထောက်ခံတယ်။ သူ မဟုတ်ဘဲ တခြား ခေါင်းဆောင်တွေသာ ဆိုရင် ရဲဘော်မြင့်သိန်းတို့ အခုလောက်ဆို ရှိချင်မှ ရှိတော့မယ်။ ရဲဘော်မြင့်သိန်းတို့ ထင်နေသလို ဒေါက်တာနိုင်အောင် မြောက်ပိုင်းကို သွားပြီး အဲဒီမှာ ရှိတဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုကို ပြေလည်အောင် မလုပ်ဘဲ မင်းတို့ လူ့အခွင့်အရေးချိုးဖေါက်တယ် ဆိုပြီး သွားကြမ်းပြီး အရေးယူမယ်၊ ဘာလုပ်မယ် ဆိုပြီး သွားလုပ်ရင် ၁၅ ယောက်မကဘူး၊ ရဲဘော်မြင့်သိန်းတို့ အသတ်မခံရသေးတဲ့သူတွေတောင် ထပ်ပြီး သေနိုင်တယ်။ မြောက်ပိုင်းဟာ ၁၅ ယောက် သေပြီး တရှက်ကနေ ၁၀ ရှက်လောက် ဖြစ်သွားပြီး သွေးချောင်းစီးသွားနိုင်တယ်လို့ ကျွန်မ ထင်တယ်။

ဒါ ကျွန်မရဲ့ သဘောထားအမှန် ဖြစ်တယ်။ အလုပ်သွားလိုက်ဦးမယ်..

.
Friends of ABSDF @ facebook က မှတ်ချက် တချို့

http://www.facebook.com/#!/groups/friendsofabsdf/


Hmone Shwe Yi - ကိုမင်းသားတို. မပ ဂရု (မြောက်ပိုင်း group) မှာ ၀င်ဝင် ရေးနေတဲ. ဘရာဇီးငှက်ရိုး က ဘယ်ကလဲ--


Hmone Shwe Yi - ကိုမင်းသားတို.က တော်တော် ရီရတယ် သူတို.နဲ. အမြင်တူရင် ဘယ်ကမှန်း မသိလဲ သဘောကျနေကြတယ်-
အမြင်မတူရင် မပ ဂရုကပါ ကန်ထုတ်ကြတယ်-အဲဒါမျိုးနဲ. ဘယ်လို အမှန် ရှာဖွေကြမှာလဲ--- အားလုံး ပြောတာကို နားထောင်ရမှာပေါ.---
သတ်ဖြတ်မှု.က ဆိုးခဲ.တာ လက်ခံတယ် ဒီလို ပြသနာက ရိုးရိုးသားသား ဖြစ်ခဲ.တာ မဟုတ်ဘူး- မပကို ကြိုတင်ကြံစည် ဖြိုခွဲခံရတာကိုတော. A B S D F ကျောင်းသားဟောင်း ဆိုတဲ. သူတွေ မမေ.နဲ.--- မပ ကို လုပ်ကြံတာဟာ အားလုံးကို လုပ်တာဘဲ- သေဘောဘိုးက ဆရာကြီးတွေ မမေ.နဲ.---


Thet Kl Lwin - ငုံးပုရေ.. နင် ပြောတာ အမှန်ဆုံးဘဲ...


Min Tharr - ငုံးပု... အရမ်း ပြောမနေနဲ.။ ဘရာဇီးငှက်ရိုးက မြောက်ပိုင်း ဂရု ထဲမှာ မပါဘူး။ ကိုယ်က အမြင်မတူတဲ့ သူကို ကန်ထုတ်ရအောင် ကိုယ်က admin လဲ မဟုတ်ဘူး။ မင်းတို. အကန်ခံရတာ မကျေနပ်ရင် admin တွေကို သွားပြော။

.
Nge Naing said...

ယဉ်ယဉ်ကျေးကျေး ပြောနေတဲ့ နေရာမှာ ရဲဘော်မြင့်သိန်း ရဲ့ေ-ာက် တွေ ဘာတွေလည်းပါ၊ ကျွန်မကိုလည်း ဒေါက်တာနိုင်အောင်နဲ့ ခနဲ့တဲ့တဲ့ ရေးထားတဲ့ မှတ်ချက်ကို Like လာပေးထားတာ ဘယ်သူလဲလို့ ကြည့်လိုက်တော့ မနန်းအောင်ထွေးကြည် ဖြစ်နေတာကို တွေ့ရလို့ တော်တော်လေး အံ့သြသွားပါတယ်။

ကျွန်မက ဘုရားဟောတရားကို လုံးဝ ယုံကြည်လို့ ယုံကြည်တဲ့အတိုင်း ကျင့်သုံးတယ် ဆိုတာ အကြိမ်ကြိမ် ပြောပြီးပါပြီ။ ကိုယ့်ကို လက်ဆောင်တခုခု၊ စကားရိုင်းရိုင်းပဲ ဖြစ်ဖြစ်၊ နှစ်လိုဖွယ်ရာပဲ ဖြစ်ဖြစ် တခုခု လာပေးတာကို ကိုယ်က လက်မခံရင် ဒီလက်ဆောင်ဟာ ပေးသူကပဲ ပြန်ရတယ် ဆိုတာ ဘုရားဟောတဲ့ တရားကို သိပ် သဘောကျတယ်။ အခုလည်း ကျွန်မကို ဘာပဲ လာပြောပြော ကျွန်မ လက်မခံလို့ ကျွန်မှာ ဘာမှ မကျန်ခဲ့ဘူး။ လာပေးတဲ့သူဆီပဲ ပြန်ရောက်မှာ ဖြစ်တယ်။

တခြားသူ ဆိုရင်တော့ သတိ လက်လွှတ်သွားရင် ပက်ကနဲ ပြန်ပေးရင် ပေးလိုက်မယ်။ ဒီနေရာမှာတော့ ကျွန်မဟာ ကျန်းမာရေးလုပ်သား တဦး ဖြစ်လို့ Trauma ဖြစ်ထားတဲ့ သူတွေရဲ့ စိတ်တွင်းခံစားမှုနဲ့ ရေရှည် စိတ်ဒဏ်ရာအကြောင်းကို လုံးဝ နားလည်ထားသူ ဖြစ်လို့ စိတ်ထဲကို ဘာမှကို မထည့်ဘူး။

ဒီပို့စ်ဟာ မိုးသီးဇွန်တွေ၊ ဒေါက်တာနိုင်အောင်တွေနဲ့ ဘာမှမဆိုင်ဘဲနဲ့ ဒေါက်တာနိုင်အောင် အကြောင်း လာမေးထားတာကို စိတ်ရှည်လက်ရှည် ပြန်ဖြေပေးထားတာကိုသာ ကြည့်တော့။

"ကိုမိုးသီး ရေးထားတာကိုတော့ ဘာမှ ပြန်မပြောရဲဘူးလား" ဆိုတာကို အနည်းငယ်တော့ သိအောင် ပြောပြလိုက်မယ်။ ကိုမိုးသီးဇွန်က အားပေးအားမြှောက် မပြုခဲ့ရင် မြောက်ပိုင်းမှာ အဲလောက်အထိ အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။

Smile Pyone said...

nge naing,

you answered to me that you arrived to AB 212 in 1993, you stayed there 3/4 months and jumped out to naing aung's side.

how do you know that naing aung didn't go to ABSDF-NB in Feb 92 and he went only in April 92 ?

i think at that time you still lived in minthamee.

how ridiculous

.
Nge Naing said...

ကိုပြုံး -
ဟိုဘက် Group မှာ ကိုပြုံး မေးလို့ ဒါကို ကျွန်မ ဖြေထားပြီးပြီလေ။ ဒီကိစ္စ မေးတုန်းပဲလား။ ကျွန်မက လေ့လာပြီးမှ ပြောတတ်တယ် ကိုပြုံး။ ကိုပြုံး တို့လို ရမ်းမတုတ်ဘူး။ သူများ ပြောတိုင်း အခြေအမြစ်မရှိ မယုံတတ်ဘူး။

အဲဒီကိစ္စမှ မဟုတ်ဘူး၊ အခု ကိုးကွယ် ယုံကြည်နေတဲ့ ကျွန်မ တသက်တာ ဘယ်တော့ မှ အယူမှားပြီး ဘာသာ ပြောင်းစရာ အကြောင်း မရှိတော့တဲ့ ဗုဒ္ဓဘာသာကိုတောင် လေ့လာပြီးမှ နက်နက်ရှိုင်းရှိုင်း ယုံကြည်ခဲ့သူ။ ဘယ်တော့မှ ဘယ်အရာကိုမှ ရမ်းယုံပြီး ရမ်းတုတ် လုပ်တတ်သူ မဟုတ်ဘူး။ ကိုပြုံးတို့ ရမ်းတုတ်လာတာတွေ အခု တခုပြီးတခု လွဲပြီးရင်း လွဲနေတာပဲ မဟုတ်လား။

ကျွန်မက အခုကိစ္စတွေမှာ မသိလို့ကို လေ့လာတာ။ လေ့လာပြီးမှ အချက်အလက်ကို Information ကို ပြောတာ။ အတင်း မဟုတ်ဘူး၊ ကိုပြုံး။ အတင်း တုတ်နေတဲ့သူတွေ ပြောတာ မဟုတ်ဘူး ဆိုတဲ့အကြောင်းကို အချက်အလက်နဲ့ပဲ ထောက်တာ။

ကျွန်မ အတင်း မတုတ်တတ်ဘူး၊ အတင်း ပြောတာ ၀ါသနာပါတဲ့သူ မဟုတ်ဘူး ဆိုတာ ကျွန်မ ဘယ်လို နေထိုင်လေ့ရှိတယ် ဆိုတာလည်း ကိုပြုံး တို့ဆီ ရောက်တဲ့ခဏမှာ ကိုပြုံး တို့ဆီက လူတွေ ကောင်းကောင်း သိပြီးသား။ မေးကြည့်ပါ။ ကိုပြုံးက ရှေ့တန်း ရောက်နေလို့ သိပ်မတွေ့လိုက်ရလို့ သိပ်မသိဘူး။ ဘာသာရေး ကိုင်းရှိုင်းလို့ ကိုပြုံးတို့ ရဲရဲတောက် နီကြောင်ကြောင်ဆီက လူတွေရဲ့ "အယူသီးတယ်" လို့တောင် အပြောခံရတာ။

အဲလို ဘာသာရေး ယုံကြည် ကိုင်းရှိုင်းမှုကြောင့်ပဲ ကျွန်မဟာ လှဝင်းလေးတို့၊ ကိုဌေးနိုင်တို့လို ဖြစ်မသွားဘဲ သေ့လောထက လွတ်မြောက်ခဲ့တယ်လို့ အခုထိ ယုံကြည်နေဆဲပဲ။ ကျွန်မ ဟိုရှုပ်ရှုပ် ဒီရှုပ်ရှုပ် ပြောလည်း မပြောတတ်ဘူး၊ လုပ်လည်း မလုပ်တတ်ဘူး ဆိုတာ ကိုပြုံးတို့ တပ်ရင်းကတွေ အကုန် သိတယ်။ အခု ပြောနေတာတွေဟာ မဟုတ်တာတွေကို ပြောပြောနေတာ တွေ့နေရလို့ အမြင်မတော်လို့ ဟုတ်တာတွေကို ၀င်ပြောပေးနေသာ ဖြစ်တယ်။

ကိုပြုံးတို့ဟာ ဟာသပဲ။ အခုထိ "ဒေါက်တာနိုင်အောင် ဖေဖေါ်ဝါရီမှာ မြောက်ပိုင်းသွားတယ်" လို့ လုပ်တုန်း။ ကိုယ်မှားသွားတာကိုလည်း မှားသွားတယ်လို့ ၀န်ခံရဲတဲ့ သတ္တိ မရှိဘဲနဲ့။ "ဒီကိစ္စတွေကို ကျွန်မ မှားနေရင် ကျွန်မ ၀န်ခံပါ့မယ်၊ ကျွန်မကို ခိုင်လုံတဲ့ သက်သေသာ ပေးပါ" လို့ ဟို Group မှာ ကျွန်မ အားလုံးကို စိန်ခေါ်ခဲ့တဲ့ အချိန်က စပြီး ကိုပြုံး Agitated ဖြစ်နေတာ အခုထိ မပြီးနိုင်၊ မကျေချမ်းနိုင် ဖြစ်နေတယ်။ "ကိုပြုံးတို့ ပြောနေတာတွေ မှန်ရင် ကျွန်မ ၀န်ချ တောင်းပန်မယ်" လို့ ကျွန်မ အခုထိ စိန်ခေါ်ထားတုန်းပဲ။ ပြောပြီးရင် မေ့သွားတတ်တဲ့ သူလည်း မဟုတ်ဘူး။ ကိုယ်ပြောတဲ့ စကားကို ကိုယ် အားလုံး တာဝန်ယူတယ်။

ဗုဒ္ဓဘာသာကို စယုံတဲ့ အချိန်ကစပြီး မဟုတ်တာ ဆိုလို့ ထိုင်းမှာ ရောက်နေစဉ်က ကိုယ့်ကိုယ်ကိုယ် ဗမာမှန်း သိရင် ထိုင်းပုလိပ် လက်တို့မှာစိုးလို့ သူများ မေးရင် "ဖိလစ်ပိုင်ပါ" လို့ လိမ်ဖူးတာကလွဲရင် ကျန်တာ မဟုတ်တာ ဘာတခုမှ မပြောဖူးဘူး။ ကိုယ် ပြောတဲ့စကားကို ကိုယ် တိတိကျကျ တာဝန်ယူတယ်။

.
Nge Naing said...

ရဲဘော်မြင့်သိန်း -
ကျွန်မ အကျိုးမရှိတဲ့ စကားကို မပြောတတ်ပါဘူး။ မဟုတ်တာကိုလည်း မပြောတတ်ပါဘူး။

(((((((((((( Aung Naing, who has close ties with the former chairman, told The Irrawaddy that Dr Naing Aung had nothing to do with the executions:

"The capital punishment was ordered by the central committee of the northern ABSDF though we informed the ABSDF central headquarters," explained Aung Naing.

"We had our own authority and the capital punishment was decided by eight members of the central committee of northern ABSDF, including Kyaw Kyaw, Than Chaung, Myo Win, Sein Aye, Aung Gyi, Nay Tun, Labya Laseng and myself." ))))))

အဲဒါ ကိုအိုးဝေအောင် ကျွန်မ စာမျက်နှာမှာ လာ tag ထားပေးတဲ့ ဧရာဝတီသတင်းမှာ ပြောထားတာ။ မြောက်ပိုင်းမှာ ဖြစ်သွားတာ ကျွန်မတို့ ဗဟိုနဲ့ ဘာမှဆိုင်ဘူး။ ဗဟိုဟာ ဖြစ်သွားပြီးတဲ့ ကိစ္စကို တာဝန်ခံပေးပြီး နောက်ထပ် မဖြစ်သင့်မဖြစ်ထိုက်တာကို ထပ်မဖြစ်အောင် ဖြစ်ပြီးအကောင်းဆုံး သွားလုပ်ပေးလိုက်ရတာပဲ ရှိတယ်။ ဒါကို အကြိမ်တရာလည်း ကျွန်မ ထပ်ပြောရဲတယ်။ ဘယ်သူ့ကိုမှ သွားပြောခိုင်းစရာမလိုဘူး ကျွန်မ သိတာကို ကျွန်မ ပြောတာ ဖြစ်တယ်။ အတင်း ပြောတာလည်း မဟုတ်ဘူး။ ခနဲ့တဲ့တဲ့ ပြောတာလည်း မဟုတ်ဘူး။ ဗြောင်ပြောတာ ဖြစ်တယ်။

.
ABSDF မြောက်ပိုင်း သတ်ဖြတ်မှု သတင်းစာရှင်းလင်းပွဲ

(တော်ဝင်နှင်းဆီစားသောက်ဆိုင်၊ ရွှေဂုံတိုင်၊ ရန်ကုန်)


ရန်ကုန်
၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

ယနေ့ နံနက် ၁၀ နာရီခွဲခန့်မှ စတင်ပြီး ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မြန်မာပြည်မြောက်ပိုင်း-ပါဂျောင်) ဒေသတွင် ၁၉၉၁ - ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ကြေညာချက်တွင်

- "၁၉၉၂ အောက်တိုဘာလအတွင်း ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ပါဂျောင်ဒေသရှိ ABSDF (NB) စခန်းအကျဉ်းထောင်၌ ထောက်လှမ်းရေးဟု မတရား စွပ်စွဲခံရကာ ညှဉ်းပန်း နှိပ်စက်ခံရပြီး ကျဆုံးသွားသော ဦးစိန်၏ သမီးဖြစ်သူ မစန်းစန်းအေးက ၄င်း၏ ဖခင် သေဆုံးမှုကို မြောက်ဥက္ကလာပ ရဲစခန်း၌ သြဂုတ်လ (၁၉) ရက်နေ့တွင် ပ/၈၆၉/၁၂/၃၀၂ ဖြင့် အမှုဖွင့် တိုင်ကြားခြင်းကို မြန်မာပြည် မြောက်ပိုင်း ရဲဘော်ဟောင်းများ အနေဖြင့် တာဝန်ရှိစိတ်ဖြင့် ထောက်ခံကြောင်း၊

- ၁၉၉၂ ခုနှစ် မြန်မာပြည်မြောက်ပိုင်း၌ မတရား ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များမှ တရားဥပဒေရေးရာ လမ်းကြောင်းများဖြင့် ဖြေရှင်းမှု များ ဆောင်ရွက်လုပ်ကိုင်ခဲ့သော် မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ အနေဖြင့် မိသားစုများနှင့်အတူ လက်တွဲ ကူညီရန် အဆင်သင့် ရှိနေမည် ဖြစ်ကြောင်း၊

- မြန်မာပြည်မြောက်ပိုင်း အမှုနှင့် စပ်လျဉ်း၍ အတိတ်ကာလ၌ ကြုံတွေ့ခဲ့ရသည့် ခါးသီးသော အတွေ့အကြုံများ ဆုံးရှုံး နစ်နာမှုများအပေါ် အခြေပြုပြီး အမုန်းတရား အငြှိုးအာဃာတတရားများ မွေးဖွားနေခြင်းထက် ယနေ့ အချိန်အခါတွင် နောင်မျိုးဆက်သို့ သမိုင်းသင်ခန်းစာ မျှဝေရန်နှင့် တရားရေးမဏ္ဍိုင် ခိုင်မာ တောင့်တင်းစေရန်အတွက် မြန်မာပြည်မြောက်ပိုင်း အမှုနှင့် ဆက်နွယ် တာဝန်ရှိသော သက်ဆိုင်သူများ အနေဖြင့် မိမိတို့ မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများနှင့် အတူ လက်တွဲ ဆောင်ရွက်ရန် လေးစားစွာ တိုက်တွန်းကြောင်း"

ဖေါ်ပြ ပါရှိခဲ့ပါသည်။


(Credit - EMG)

.
ရန်ကုန်၊ သြဂုတ် ၃၀


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ခေါင်းဆောင်များ အဖြစ် တာဝန်ယူခဲ့သော ဒေါက်တာနိုင်အောင်နှင့် အဖွဲ့ဝင် အချို့ ဩဂုတ်လ (၃၁) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်တွင် ညှပ်ပမ်း နှိပ်စက်ခံခဲ့ရသည် ဆိုသော မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ကချင်ပြည်နယ်၊ ကျောင်းသားတပ်မတော်၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အကြောင်း ရှင်းလင်းမည် ဖြစ်သည်။

အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါက်တာနိုင်အောင် အပါအ၀င် အခြားအဖွဲ့ဝင် နှစ်ဦး ဩဂုတ်လ (၃၁) ရက်နေ့တွင် နိုင်ငံအတွင်း ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မိုးသီးဇွန်က စက်တင်ဘာလ (၁) ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ ရောက်ရှိမည် ဖြစ်သည်။

ထို့အတူ ဩဂုတ်လ (၃၁) ရက်နေ့တွင် မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်မြို့တော်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည် ဖြစ်သည်။

အစိုးရသူလျှို ဟု စွပ်စွဲခံရပြီး တောတွင်းရောက် ကျောင်းသားဒါဇင်ပေါင်းများစွာ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ချိန်တွင် ဒေါက်တာနိုင်အောင်သည် ABSDF ဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ရော်နယ်အောင်နိုင်က မြောက်ပိုင်း ABSDF ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

“တရားစွဲတာတို့ကတော့ သက်ဆိုင်ရာ မိသားစုဝင်တွေရဲ့ ဆန္ဒပါပဲ။ ကျွန်တော်တို့ကတော့ ဘယ်လိုနေရာမှာပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အမည်းရောင်နယ်မြေ၊ အညိုရောင်နယ်မြေတွေမှာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ တရားရေးမဏ္ဍိုင်ရဲ့ မျှတမှု၊ မှန်ကန်မှု၊ တောင့်တင်းမှု လိုအပ်ပါတယ်” ဟု မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးညီညီကျော်က The Voice Weekly သို့ ပြောကြားသည်။

ယင်းအချိန် (၁၉၉၂ ခုနှစ်) က သတ်ဖြတ်ခံခဲ့ရသော ကျောင်းသားရဲဘော်တစ်ဦး ဖြစ်သော ဦးစိန် ၏ သမီးဖြစ်သူ ဒေါ်စိမ့်စိမ့်သူ မှာ ဦးစိန် သတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ယင်းအချိန် (၁၉၉၂ ခုနှစ်) က မြောက်ပိုင်း ABSDF ဥက္ကဋ္ဌ ရော်နယ်အောင်နိုင်နှင့် အခြားသူများကို မြောက်ဥက္ကလာရဲစခန်းတွင် သြဂုတ်လ ၁၉ ရက်နေ့ညက တရားဝင် အမှုဖွင့်ထားပြီးဖြစ်ကြောင်း ကာယကံရှင် ဒေါ်စိမ့်စိမ့်သူက ပြောကြားသည်။

နိုင်ငံအတွင်း ပြန်ရောက်သည်နှင့် တပြိုက်နက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရှင်းလင်းပြောကြားလိုကြောင်း ဒေါက်တာနိုင်အောင်က The Voice Weekly သို့ ပြောကြားသည်။

“ကျွန်တော် ဥက္ကဋ္ဌဖြစ်နေချိန်မှာ ကျွန်တော်ကိုယ်တိုင် သိတာ၊ နောက် ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်တာ ဘာတစ်ခုမှ မရှိပါဘူး။ နောက်တစ်ခုက မြောက်ပိုင်းကိစ္စလို ဟာမျိုးက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ် ဆိုတာတွေကို တရားဥပဒေ စိုးမိုးချိန်မှာ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တွေ ဖွဲ့စည်းပြီး ပြန်လည် ဖော်ထုတ်သင့် တယ်လို့ ယူဆပါတယ်” ဟု ဒေါက်တာနိုင်အောင်က ဆိုသည်။

ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိမည် ဖြစ်သည်။


(The Voice Weekly)



.
ရန်ကုန်
၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်


ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့် နှင့် ဒေါက်တာသောင်းထွန်းတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ မွန်းလွဲ (၂) နာရီခန့်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။


၁၉၉၁ - ၁၉၉၂ ခုနှစ်တွင် ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော် အချင်းချင်း လူမဆန်စွာ ညှဉ်းပန်း သတ်ဖြတ်မှု ကိစ္စများနှင့် ပတ်သက်ပြီး သတင်းသမားများ၏ မေးမြန်းမှုများအပေါ် ဒေါက်တာနိုင်အောင် က ယခုလို ဖြေကြားခဲ့သည်။

"တရားဥပဒေစိုးမိုးမှု ပွင့်လင်း ထင်သာမြင်သာမှု ဖြစ်တဲ့ အခြေအနေ ရောက်ရင် အဲ့ဒီ ABSDF မြောက်ပိုင်း ကိစ္စနှင့် ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေ လုပ်ဆောင်ချင်ပါတယ်။

အဲ့ဒီ ABSDF မြောက်ပိုင်း ကိစ္စ အဖြစ်မှန်ပေါ်ပေါက်ရေး အတွက် အပြည့်အ၀ ပူးပေါင်း ပါဝင်မယ် လို့ ကျွန်တော် ပြောလိုပါတယ်။

နောက်ပြီးတော့ အဲ့ဒီအချိန် (၁၉၉၁ - ၁၉၉၂ ခုနှစ်) မှာ ABSDF မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံနေခဲ့ရတယ် ဆိုတဲ့ ကိစ္စတွေအပေါ် ကျွန်တော် ၀မ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး" ဟု ပြန်လည် ဖြေကြားခဲ့သည်။


ဒေါက်တာနိုင်အောင်သည် နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Blacklist စာရင်းမှ ပယ်ဖျက်ခံရသူများ စာရင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။


(EMG)

.

By Popular Myanmar News Journal


ABSDF မြောက်ပိုင်းကျောင်းသားများ လူသတ်မှုနှင့် ပတ်သက်၍ မှန်ကန်သော စစ်မှန်တဲ့ တရားစီရင်ရေးအောက်တွင် မှန်မှန်ကန်ကန် ဖြေရှင်းရန်သာ ရှိကြောင်း ယနေ့  မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ABSDF ကျောင်းသားဟောင်း ဒေါက်တာနိုင်အောင် မှ ရန်ကုန်လေဆိပ်တွင် ပြောသည်။

ဒေါက်တာနိုင်အောင်သည် ယနေ့ နေ့လည် ၂ နာရီခန့်က မြန်မာနိုင်ငံသို့ နှစ် ၂၀ ကျော်ကာလ ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ABSDF မြောက်ပိုင်းကျောင်းသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ဒေါက်တာနိုင်အောင်က အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

“ကျွန်တော် အဲ့ဒီတုန်းကထဲကလည်း ဖြေရှင်းပြီးပါပြီ။ အဲ့ဒီ ဖြေရှင်းချက်ထဲမှာလဲ ပါဝင်ပါတယ်။ ဖြေရှင်းချက်လဲ ထုတ်ထားပါတယ်။ အဲ့ဒီ ABSDF မြောက်ပိုင်း လူသတ်မှု ဖြစ်တုန်းက (၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) တုန်းက) ကျွန်တော် ABSDF တောင်ပိုင်းမှာ ရှိနေပါတယ်။ အဲ့ဒီ ABSDF မြောက်ပိုင်း လူသတ်မှု ကိစ္စတွေလဲ ဖြစ်ပြီးမှသာ သိရတာပါ” ဟု ပြောသည်။

ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ယနေ့တွင် ABSDF မြောက်ပိုင်းကျောင်းသားများ လူမဆန်သောနည်းမျိုးစုံဖြင့် ညှဉ်းပန်း သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းကျောင်းသားများ အသတ်ခံရမှု တရားခံမှာ ဒေါက်တာနိုင်အောင် သာ ဖြစ်ကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။

ထိုစွပ်စွဲချက်အပေါ် ဒေါက်တာနိုင်အောင်က “သူတို့လည်း သူတို့အမြင် ပြောခွင့် ရှိတယ်လေ။ ကျွန်တော်လဲ ကျွန်တော့် သဘောထားကို ရှင်းရှင်း ပြောပြခဲ့ပြီးပါပြီ။ အဲ့ဒါလဲ အခုမှ ပြောတာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ ထဲက အားလုံးကို ပြောပြထားတာပါ” ဟု ABSDF မြောက်ပိုင်းကျောင်းသားများ လူသတ်မှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဒေါက်တာနိုင်အောင်က ဖြေကြားခဲ့သည်။

(Popular Myanmar News Journal)


.
(အပြာရောင် ခေါင်းစည်းစာသား "ဦးညိုအုန်းမြင့်၊ ဒေါက်တာသောင်းထွန်း နှင့် ဒေါက်တာနိုင်အောင် (ဓါတ်ပုံများ)" ကို နှိပ်ပြီး ကိုဟိန်းထက် (မဇ္ဈိမ) ရန်ကုန်လေဆိပ်မှာ ရိုက်ကူးလာတဲ့ ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။)


ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD/LA)မှ ဦးညိုအုန်းမြင့်၊ ဒေါက်တာသောင်းထွန်း နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB မှ ဒေါက်တာနိုင်အောင် တို့အား ၂ဝ၁၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်နေ့ မွန်းလွဲ ၂း၁ဝ အချိန်တွင် တွေ့ရစဉ်။

(Credit - Mizzima)



.
(အပြာရောင် ခေါင်းစည်းစာသားကို နှိပ်ပြီး ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။)


August 31, 2012

ပြည်ပရောက် ထင်ရှားတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၃ ဦး ဒီကနေ့ ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိသွားပါတယ်။

သူတို့ကတော့ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ကိုညိုအုန်းမြင့် (NLD-LA) တို့ ဖြစ်ပါတယ်။

ကြိုဆိုသူများထဲမှာ လူရွှင်တော်ကြီးဇာဂနာကိုလည်း တွေ့ရပါတယ်။

(Credit - Irrawaddy blog)

.
2012-08-31

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ လိုင်စင်စခန်း ဌာနချုပ်မှာ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တပ်ဖွဲ့ဝင် အမြောက်အမြား ရက်စက်စွာ နှိပ်စက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲကို ၁၉၉၂ ခုနှစ်အတွင်း ABSDF မြောက်ပိုင်း သတ်ဖြတ်မှုကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်း ၂၀ လောက်က ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်းစခန်းမှာ သေဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေရဲ့ ဖြစ်ရပ်ကို ပြည်သူလူထု အမှန်အတိုင်း သိစေဖို့ ရည်ရွယ် ဆောင်ရွက်တာ ဖြစ်တယ်လို့ ABSDF မြောက်ပိုင်း ကျောင်းသားဟောင်း ကိုဘိုဘိုက ပြောပါတယ်။

"ကျွန်တော်တို့ ဒီပွဲလေးကို ကျင်းပရခြင်း ရည်ရွယ်ချက် အနေနဲ့ဆိုလို့ရှိရင် မြောက်ပိုင်းမှာ ကျဆုံးသွားသူများ၏ မိသားစုဝင်များမှ တရားရေးဆိုင်ရာ လမ်းကြောင်းများမှ ချဉ်းကပ်ဖြေရှင်းမှုတွင် ပူးပေါင်းကူညီ ဆောင်ရွက်ရန်၊ ဒီမိုကရက်တစ် လူ့ဘောင် တည်ထောင်ရာတွင်၊ တည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်သော တရားစီရင်ရေး မဏ္ဍိုင်၏ အရေးပါမှုနှင့် တရားဥပဒေ စိုးမိုးမှုကို အလေးထားသော လူ့အဖွဲ့အစည်း ဖြစ်ကြောင်း သက်သေပြရန်၊ မြောက်ပိုင်း ဖြစ်စဉ်အား နှစ်ရှည်လများ ထိန်းသိမ်းရသော အကြောင်းကို ရှင်းလင်းတင်ပြရန် ဖြစ်ပါတယ်။"

.
အခုလို ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင် အမြောက်အမြား ရက်စက်စွာ နှိပ်စက် သတ်ဖြတ်ခံရမှုတွေအတွက် အဓိက တာဝန်ရှိသူတွေထဲမှာ ABSDF တောင်ပိုင်းက ခေါင်းဆောင်တွေလည်း ပါဝင်တယ်လို့ ABSDF မြောက်ပိုင်း ကျောင်းသားဟောင်း ကိုစိုးလင်းက သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

"ဒါတွေက ဒီဘက် ABSDF မြောက်ပိုင်းက ခေါင်းဆောင်တွေတင် တာဝန်ရှိသလား ဆိုရင် ABSDF တောင်ပိုင်းက ခေါင်းဆောင်တွေမှာလည်း လုံးဝကို တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ABSDF တစ်ခုလုံးကို ABSDF တောင်ပိုင်းက ခေါင်းဆောင်တွေက ဦးစီးဦးဆောင် လုပ်နေတာကိုး။ လုပ်နေတဲ့အတွက် သူတို့မှာ လုံးဝ အပြည့်အဝ တာဝန်ရှိတယ်လို့ ပြောချင်တယ်။

ဒေါက်တာနိုင်အောင် လာတုန်းကလည်း ထိုနည်း၎င်း ပါပဲ၊ ပိုပြီးတောင် ဆိုးလာတဲ့ အတိုင်းအတာမျိုးလေးတွေ ရှိတာပေါ့ဗျာ။ ဒါမျိုးတွေက ကျွန်တော်တို့က မှန်လား၊ မှားလား ဆိုတာ ပွင့်လင်းမြင်သာမှု အဆင့်ဆင့် ဖြစ်လာလို့သာ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း ပြောနိုင်တာပေါ့။ ABSDF တောင်ပိုင်းက ခေါင်းဆောင်တွေမှာ လုံးဝ အပြည့်အဝ တာဝန်ရှိတယ်"

.
ကချင်ပြည်နယ်၊ ပါဂျောင်စခန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ABSDF မြောက်ပိုင်းဗဟိုကော်မတီဝင် ဦးစိန်ရဲ့ သမီးဖြစ်သူက အဲဒီအချိန်က တာဝန်ရှိတဲ့ ABSDF ခေါင်းဆောင်ပိုင်းကို တရားဥပဒေအရ အရေးယူပေးဖို့ မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတဲ့ ကိစ္စကိုလည်း ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းတွေက ကူညီ ပံ့ပိုးပေးသွားမယ်လို့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြပါတယ်။

ကချင်ပြည်နယ်၊ ပါဂျောင်စခန်းမှာ ABSDF မြောက်ပိုင်း ခေါင်းဆောင်တွေက မြောက်ပိုင်း ကျောင်းသား ၁၀ဝ ကျော်ကို စစ်ထောက်လှမ်းရေးလို့ စွပ်စွဲ ဖမ်းဆီးပြီး ရက်စက်စွာ နှိပ်စက် သတ်ဖြတ်ခဲ့တဲ့အတွက် ကျောင်းသား ၃၉ ဦးခန့် သေဆုံးခဲ့ရပြီး ထွက်ပြေး လွတ်မြောက်သွားသူ ၇၀ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

(RFA)

.
01 September, 2012


၁၉၉၁ - ၁၉၉၂ ခုနှစ်များအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ပါဂျောင်ဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း) တွင် တပ်ဖွဲ့ဝင်ကျောင်းသား (၁၀၇) ဦး ဖမ်းဆီးခံခဲ့ရပါသည်။

ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများအနက် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား (၁၅) ဦးကို သတ်ဖြတ်ခဲ့ပြီး ABSDF စစ်ကြောရေး၌ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး သေဆုံးခဲ့ရသူ ကျောင်းသား (၁၄) ဦး၊ တစ်ဦးချင်းစီအလိုက် သတ်ဖြတ်ခံရသူ (၉) ဦး စုစုပေါင်း (၃၈) ဦး သေဆုံးခဲ့ရပါသည်။

သတ်ဖြတ်ခံရသူများမှာ ABSDF တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ထိုကျောင်းသားများသည် စစ်တပ်မှ စေလွှတ်ထားသော ထောက်လှမ်းရေးများဟု စွပ်စွဲခံခဲ့ရပြီး ABSDF (မြောက်ပိုင်း) စစ်ကြောရေး၌ လည်းကောင်း၊ အကြောင်းအမျိုးမျိုးဖြင့်လည်းကောင်း သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အဖမ်းခံခဲ့ရပြီး မသေဘဲ ကျန်ရစ်ခဲ့ရသူများမှာ နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့ကြပါသည်။

ABSDF (မြောက်ပိုင်း) ၌ ညှင်းဆဲနှိပ်စက်ခံခဲ့ရပြီး လွတ်မြောက်လာခဲ့သာ မြောက်ပိုင်းပြန်ကျောင်းသားများ၏ အဆိုအရ မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့မှုများသည် မတရားစွပ်စွဲခံခဲ့ရသည့် ကိစ္စရပ်ဖြစ်ပြီး ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်လည်း ဖြစ်သည်ဟု ဆိုကြပါသည်။ ၎င်းတို့အနေဖြင့် သမိုင်းအမှန်ကို ပြန်လည်ဖော်ထုတ်ရန်နှင့် မတရားစွပ်စွဲမှုများကို ချေဖျက်ရန် အသင့်ရှိနေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာခဲ့ပါသည်။

.
ABSDF မြောက်ပိုင်း ညှဉ်းပန်းသတ်ဖြတ်မှု ကိစ္စများတွင် အဓိက တာဝန်ရှိသူများမှာ အောက်ပါအတိုင်း ဖြစ်သည် ဟု မြောက်ပိုင်းကျောင်းသားဟောင်းများက ဆိုသည်။

(၁) ထိုအချိန်က ABSDF (မြောက်ပိုင်း) ဥက္ကဋ္ဌ ရော်နယ်အောင်နိုင် (ယခု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ နေ) ၊
(၂) ဒုတိယ ဥက္ကဋ္ဌ-၁ နှင့် စစ်ရေးတာဝန်ခံ သံချောင်း (ခ) ကိုမြင့်စိုး (ခ) စပ်ခွန်ကျော် (ယခု သာယာဝတီ အကျဉ်းထောင်အတွင်း)၊
(၃) ကိုမျိုးဝင်း (ဒုတိယ စစ်ရေးတာဝန်ခံနှင့် တွဲဖက် အထွေအထွေအတွင်းရေးမှူး-၁ (ကွယ်လွန်)၊
(၄) တွဲဖက် အထွေအထွေ အတွင်းရေးမှူး-၂ ကိုလှဆိုင်း (ယခု ABSDF (မြောက်ပိုင်း) )၊
(၅) ကျောင်းသား ထောက်လှမ်းရေး တာဝန်ခံ ကိုသန်းဇော် (ယခု မန္တလေးမြို့ နေ)
နှင့်

(၆) ABSDF (ဗဟို) ၏ ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင် (ယခု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ နေ)

- တို့မှာ ABSDF မြောက်ပိုင်း ညှဉ်းပန်းသတ်ဖြတ်မှုများအတွက် အဓိက တာဝန်ရှိသူများ ဖြစ်ကြသည်ဟု ABSDF မြောက်ပိုင်းမှ ထွက်ပြေး လွတ်မြောက်လာသော မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများက ပြောဆိုထားကြပါသည်။

အထက်ပါ အဓိက တာဝန်ရှိသူ (၆) ဦး အပြင် အောက်တွင် ဖော်ပြထားသူများကိုလည်း မြောက်ပိုင်း ညှဉ်းပန်းသတ်ဖြတ်မှုများအတွက် တာဝန်ရှိသူများအဖြစ် မြောက်ပိုင်းကျောင်းသားဟောင်းများက သတ်မှတ်ထားသည်။

(၇) ဒုတိယ ဥက္ကဋ္ဌ-၂ ကိုကျော်ကျော် (ယခု ABSDF (မြောက်ပိုင်း) )၊
(၈) ဗဟိုကော်မတီဝင် ကိုအောင်ကြီး (ယခု SSA (တောင်ပိုင်း) )၊
(၉) ဗဟိုကော်မတီဝင် ကိုစိန်အေး (ယခု ABSDF (မြောက်ပိုင်း) )၊
(၁၀) ကျောင်းသား ထောက်လှမ်းရေး ဒုတိယ တာဝန်ခံ ကိုဇော်ဇော်မင်း (ယခု မိုးညှင်း-နမ်းမား နေ)၊
(၁၁) ကျောင်းသား ထောက်လှမ်းရေး အဖွဲ့ဝင် ကိုအောင်စိုးမြင့် (ယခု မိုးညှင်း နေ) နှင့်
(၁၂) ကျောင်းသား ထောက်လှမ်းရေးအဖွဲ့ဝင် ကိုကျော်ထင်ဦး (ကွယ်လွန်)

တို့ကိုလည်း တာဝန် ရှိသူများအဖြစ် မြောက်ပိုင်းပြန် ကျောင်းသားများက ပြောဆိုခဲ့သည်။

.
ABSDF (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ ရှင်းလင်းမှု မရှိသေးချိန်တွင် ထိုဖြစ်စဉ်၌ အဓိက တာဝန်ရှိသူတစ်ဦးအဖြစ် မြောက်ပိုင်းပြန် ကျောင်းသားများမှ သတ်မှတ်ထားသော ABSDF (ဗဟို) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာနိုင်အောင် (ယခု အထွေထွေ အတွင်းရေးမှူး - မြန်မာနိုင်ငံ ဒီမိုကရက်တစ်တပ်ပေါင်းစု (FDB) ) သည် သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်မှုအရ ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ တွေ့ဆုံဆွေးနွေးရေး လေ့လာရေးခရီးစဉ် လာရောက်ခဲ့ပါသည်။

ထိုကဲ့သို့ ရောက်ရှိပြီးနောက် ခေတ္တတည်းခိုရာ ရှင်စောပုဟိုတယ်၌ သီးခြားတွေ့ဆုံခဲ့ပြီး ABSDF (မြောက်ပိုင်း) ကိစ္စနှင့် ပတ်သက်သော သဘောထားများကို မေးမြန်းခဲ့ခြင်းအား ဖော်ပြလိုက်ပါသည်။

"တရားဥပဒေ စိုးမိုးမှု ပွင့်လင်း ထင်သာမြင်သာမှု ဖြစ်တဲ့ အခြေအနေရောက်ရင် အဖြစ်မှန် ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေ လုပ်ဆောင်ချင်ပါတယ်။ အဲဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်"

ဟု ABSDF (ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် က ပြောကြားပါသည်။




.
ABSDF (ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် တွေ့ဆုံ မေးမြန်းခြင်း

မေး - မြန်မာနိုင်ငံကို ခြေချပြီးတဲ့အချိန်မှာ ABSDF (မြောက်ပိုင်း) ကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေက ကိုနိုင်အောင်ကို စောင့်ကြိုနေပါတယ်။ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်လို့ ဘာ ပြောချင်ပါသလဲ။

ဖြေ - ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီလို ကိစ္စမျိုးတွေကို ပွင့်လင်းမြင်သာတဲ့၊ တရားဥပဒေ စိုးမိုးတဲ့ အချိန် ရောက်လို့ရှိရင်တော့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် လိုဟာမျိုး ဖွဲ့ပြီးတော့မှ အဖြစ်မှန်ကို ဖော်ထုတ်သင့်တယ်လို့ ကျွန်တော် ထင်တယ်။ ABSDF မြောက်ပိုင်းဗဟိုကော်မတီကနေ စွပ်စွဲထားတဲ့ဟာ ဟုတ်လား၊ မဟုတ်လား ဆိုတဲ့ဟာကိုလည်း အားလုံး ပူးပေါင်း ပါဝင်မှ သိမှာလေ။ နောက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိလား ဆိုတာ သိမှာပေါ့။ နောက်ပြီး အဲလိုမျိုးတွေ လုပ်တဲ့အခါမှာ ကျွန်တော်ကိုယ်တိုင် ပူးပေါင်းပါဝင်မယ်လို့ ခဏ ခဏ ပြောဖူးပါတယ်။ နောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်တယ် ဆိုတာတွေ ကြားလာတော့ ကျွန်တော်တို့က ၀မ်းနည်းတယ်၊ စိတ်မကောင်းပါဘူး ဆိုတာလည်း ပြောပြချင်ပါတယ်။ တရားဥပဒေစိုးမိုးမှု ပွင့်လင်း ထင်သာမြင်သာမှု ဖြစ်တဲ့ အခြေအနေရောက်ရင် အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေ လုပ်ဆောင်ချင်ပါတယ်။ အဲဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

.
မေး - မြောက်ပိုင်းကနေ အနှိပ်စက်ခံပြီး ထွက်ပြေး လွတ်မြောက်လာတဲ့ ကျောင်းသားတွေက ပြောပါတယ်။ "မြောက်ပိုင်း ဖြစ်ရပ်အတွက် တာဝန်ရှိတဲ့လူတွေထဲမှာ ကိုနိုင်အောင်လည်း ပါဝင်တယ်၊ ကိုနိုင်အောင်မှာ တာဝန်ရှိတယ်" ဆိုတဲ့ အချက်ပါ။ "ကိုနိုင်အောင်မှာ တာဝန်ရှိတယ်" ဆိုတဲ့ အချက် အပေါ်မှာ ဘာပြောချင်ပါလဲ။

ဖြေ - အဖွဲ့အစည်းတစ်ခု အနေနဲ့ကတော့ တာဝန်ရှိတာပေါ့ဗျာ။ ဒါပေမဲ့ "တိုင်းပြည်တစ်ပြည်မှာ လူတစ်ယောက်ကနေပြီးတော့ ရာဇ၀တ်မှု ကျူးလွန်လို့ အဲဒီ တိုင်းပြည်ရဲ့ သမ္မတက အဖမ်းခံရမယ်" ဆိုတဲ့ ပုံစံမျိုး ပြောတာမျိုးကတော့ မဟုတ်သေးဘူး၊ သဘာဝမကျဘူး။

ကျွန်တော်က အဖွဲ့အစည်း တစ်ရပ်မှာ တာဝန်ရှိတဲ့ လူတစ်ယောက် အနေနဲ့ကတော့ တာဝန်ရှိတယ်။

"ကျွန်တော် ဘယ်လောက်အထိ တာဝန်ရှိတယ်" ဆိုတဲ့ ကိစ္စကိုလည်း တရားရုံးတွေ၊ ဘာတွေက စစ်လို့ အဲဒါမျိုး "ကျွန်တော် ပတ်သက်တယ်" ဆိုရင် ကျွန်တော်က ၀င်ပြီး ပူးပေါင်း ပါဝင်ရမှာပဲလေ။

ABSDF မှာ ဖြစ်တဲ့ကိစ္စကို ABSDF ဗဟိုဥက္ကဋ္ဌ အနေနဲ့ "ငါနဲ့ မဆိုင်ဘူး" လို့တော့ ကျွန်တော် ဘယ်ပြောလို့ ရပါ့မလဲ။

မေး - မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကိုနိုင်အောင် ပြောခဲ့ဖူးတာ ရှိပါတယ်။ "အကယ်၍ မြန်မာနိုင်ငံကို ပြန်ရောက်လို့ရှိရင် မြောက်ပိုင်းကိစ္စမှာ နစ်နာခဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ပြီး တောင်းပန်မယ်" လို့ ကိုနိုင်အောင် ပြောခဲ့ဖူးပါတယ်။ အခု မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အချိန်မှာ ဘာပြောချင်ပါလဲ။

ဖြေ - ဟုတ်တယ်။ ကျွန်တော် ပြောခဲ့ပါတယ်။ ပြောခဲ့တယ် ဆိုတော့ ကျွန်တော် ABSDF က ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်လေ။ ဒီကိစ္စကလည်း ကျွန်တော် မလွဲမသွေ ကြုံမှာပဲ ဆိုပြီးတော့။ ABSDF ကတော့ အခု ကျွန်တော် ပြောတဲ့ ဟာလေးပဲ ပြောပါ။ အဖွဲ့အစည်းအနေနဲ့ တာဝန် ရှိ တဲ့ အချိန်ကျရင်တော့ ပေးတွေ့မယ်။ သူတို့ပဲ စီစဉ်မယ်ပေါ့။ ဆိုတော့ သူတို့ အဖွဲ့အစည်းသဘောဖြစ်နေပြီး ကျွန်တော်က အပြင်လူ ဖြစ်နေတဲ့ သဘောမျိုး ဖြစ်နေတဲ့ အခါကျတော့ သူတို့ အဲလိုမျိုးဖြစ်စဉ်ကို သေသေချာချာ မှန်မှန်ကန်ကန် သိပြီး တောင်းပန်သင့်တာတွေ တောင်းပန်ရမယ်။ နစ်နာတာတွေကို ဖြေရှင်းသင့်တာ ဖြေရှင်းပေးရမယ်လို့ အဖွဲ့အစည်းက ပြောတာတော့ အဲဒီအတိုင်းပဲ နားလည်ထားပါတယ်။

.
မေး - ကိုနိုင်အောင်တို့ မြန်မာမြေကို ခြေမချခင် နာရီပိုင်းအလိုမှာ မြောက်ပိုင်းကျောင်းသားဟောင်းတွေရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ လုပ်ခဲ့ပါတယ်။ သူတို့က အမှန်တရား ပေါ်ပေါက်ရေးအတွက် လုပ်ခဲ့တာပါ။ အဲဒီပွဲမှာ မြောက်ပိုင်း ကျောင်းသားဟောင်းတစ်ဦးက ပြောခဲ့ပါတယ်။ "မြောက်ပိုင်းကိစ္စဟာ သံသယတွေ၊ နိုင်ငံရေး အားပြိုင်မှုတွေ၊ ဒေသစွဲ အငြိုးအတေးတွေကြောင့် ဖြစ်ခဲ့ရတယ်" လို့ ဆိုပါ တယ်။ မြောက်ပိုင်းကိစ္စ ဘာကြောင့် ဖြစ်ခဲ့တယ်လို့ ပြောချင်ပါသလဲ။

ဖြေ - ကျွန်တော်တို့ ABSDF (ဗဟို) ကို ABSDF (မြောက်ပိုင်း) က အစီရင်ခံတုန်းကတော့ "ABSDF (မြောက်ပိုင်း) မှာ ထောက်လှမ်းရေးသူလျှိုတွေ ထောက်လှမ်းပြီး ၀င်ထားတယ်" ဆိုတာနဲ့ သိတယ်။

ပွင့်ပွင့်လင်းလင်း တိတိကျကျ ပြောလို့ ရှိရင် ABSDF (မြောက်ပိုင်း) မှာ ထောက်လှမ်းရေး ဆိုပြီး ဖမ်းထားတဲ့ မြောက်ပိုင်းရဲဘော်တွေထဲက ၁၅ ယောက်ကို မြောက်ပိုင်းခေါင်းဆောင်တွေက ၁၂ ရက်နေ့ (၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့) က သတ်လိုက်တယ် ဆိုတဲ့ ဥစ္စာက သူတို့ သတ်ပြီးမှ ကျွန်တော်တို့ ABSDF (ဗဟို) က သိရတာ။

အဲဒီအချိန် (၁၉၉၁ ခုနှစ် နှောင်းပိုင်း) တုန်းက ကျွန်တော်တို့ ABSDF (ဗဟို) မှာက ABSDF တတိယအကြိမ်ညီလာခံ (၁၄-၈-၁၉၉၂ မှ ၂၅-၁၀-၁၉၉၂ ရက်နေ့) အကွဲအပြဲ နဲ့ မာနယ်ပလော ထိုးစစ်နဲ့ ဆိုတော့ ကျွန်တော်တို့ အဲဒီမှာပဲ အလုပ်ရှုပ်နေကြတာ။

အဲဒီ နောက်ပိုင်း ကျွန်တော် ABSDF (မြောက်ပိုင်း) သွားတဲ့အခါမှာ အခု လွတ်လာတဲ့ မြောက်ပိုင်းရဲဘော်တွေထဲက နှစ်ယောက်၊ သုံးယောက် လောက် ကျွန်တော် တွေ့တယ်။ သူတို့ ပြောသလိုပဲ။ နာမည်တွေတော့ မမှတ်မိဘူးဗျာ။ ကျွန်တော် နှစ်ယောက်၊ သုံးယောက် လောက် တွေ့တယ်။

မှတ်မိတာကတော့ နန်းအောင်ထွေးကြည်ကို ကျွန်တော် တွေ့တယ်။ မှတ်မိတာကတော့ အဲဒီအချိန်မှာ မှန်တယ်၊ မမှန်ဘူး ဆိုတာကို ကျွန်တော်တို့ဘက်က စစ်ဆေး သိရှိနိုင်ဖို့ တော်တော် ခက်တယ်။ တစ်ဖက် ပြောတာပဲ ကြားတာကိုး။

ဒါပေမဲ့ ဘာပဲ ပြောပြော ဖမ်းဆီး စစ်ဆေးနေတဲ့ မြောက်ပိုင်းခေါင်းဆောင်တွေနဲ့ အဖမ်းခံ၊ အစစ်ဆေးခံနေရတဲ့ မြောက်ပိုင်းရဲဘော်တွေ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တော့တာ မဟုတ်တော့တဲ့ အတွက်ကြောင့်မို့လို့ "ခင်ဗျားတို့ သူတို့ကို လွှတ်ပေးလိုက်ပါ။ မိဘတွေကို ပြန်အပ်လိုက်ပါ" ဆိုတာကိုပဲ ကျွန်တော်က ABSDF (မြောက်ပိုင်း) ခေါင်းဆောင်တွေကို အဓိက တိုက်တွန်းတာပါပဲ။

.
မေး - လက်ရှိအချိန်မှာ ကိုနိုင်အောင် ဟာ မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီ ဖြစ်တဲ့အတွက် ABSDF (မြောက်ပိုင်း) ညှဉ်းပန်း သတ်ဖြတ်မှုတွေမှာ ကိုနိုင်အောင်က အဓိက တာဝန်ရှိသူတစ်ဦး ဖြစ်တယ်လို့ မြောက်ပိုင်း ကျောင်းသားဟောင်းတွေက စွပ်စွဲမှုတွေနဲ့ စပ်လျဉ်းပြီး ဘာတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားလဲ။

ဖြေ - အခု ကျွန်တော် လာတဲ့ ခရီးစဉ်က မြောက်ပိုင်းကိစ္စကို ဖြေရှင်းဖို့ အဓိက လာတဲ့ ခရီးစဉ်တော့ မဟုတ်ဘူး။ ABSDF ကလည်း အဲဒီလိုတော့ တာဝန်မပေးလိုက်ဘူး။ သူတို့ သဘောမတူဘဲနဲ့ ကျွန်တော်တို့ ပြောလို့ မရဘူးပေါ့။

ကျွန်တော် ခုနက ပြောခဲ့သလို ပွင့်လင်းမြင်သာတဲ့၊ တရားဥပဒေ စိုးမိုးတဲ့ အချိန်မျိုး ဖြစ်လာလို့ရှိရင် စုံစမ်းရေး ကော်မရှင် လိုဟာမျိုး တစ်ခုဖွဲ့ပြီးတော့ ABSDF မြောက်ပိုင်းကိစ္စ အဖြစ်မှန်ကို ဖော်ထုတ်သင့်တယ်၊ အဖြစ်မှန်ကို ဖော်ထုတ်ရာမှာ ABSDF မြောက်ပိုင်းကိစ္စ ကာယကံရှင် အားလုံး ပါဝင်သင့်တယ်လို့ ကျွန်တော်ကတော့ အဲဒီလို တိုက်တွန်းချင်ပါတယ်။

(EMG)

ဒီပို့စ်အောက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြောက်ပိုင်းကိစ္စ နောက်ဆက်တွဲသတင်းတွေကို မှတ်ချက်နေရာမှာ လာထည့်ပေးနေသူတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အခုနောက်ဆုံးထည့်ထားတဲ့ ဒေါက်တာနိုင်အောင်နဲ့ EMG အင်တာဗျူးစာသားကို ကူးယူလာတဲ့ နေရာလိပ်စာလေး ပြန်ထည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

.
ဒေါက်တာနိုင်အောင် အင်တာဗျူး (EMG)


"အဖွဲ့အစည်းတစ်ခု အနေနဲ့ကတော့ တာဝန်ရှိတာပေါ့ဗျာ။

ဒါပေမဲ့ "တိုင်းပြည်တစ်ပြည်မှာ လူတစ်ယောက်ကနေပြီးတော့ ရာဇ၀တ်မှု ကျူးလွန်လို့ အဲဒီ တိုင်းပြည်ရဲ့ သမ္မတက အဖမ်းခံရမယ်" ဆိုတဲ့ ပုံစံမျိုး ပြောတာမျိုးကတော့ မဟုတ်သေးဘူး၊ သဘာဝမကျဘူး။


ကျွန်တော်က အဖွဲ့အစည်း တစ်ရပ်မှာ တာဝန်ရှိတဲ့ လူတစ်ယောက် အနေနဲ့ကတော့ တာဝန်ရှိတယ်။

"ကျွန်တော် ဘယ်လောက်အထိ တာဝန်ရှိတယ်" ဆိုတဲ့ ကိစ္စကိုလည်း တရားရုံးတွေ၊ ဘာတွေက စစ်လို့ အဲဒါမျိုး "ကျွန်တော် ပတ်သက်တယ်" ဆိုရင် ကျွန်တော်က ၀င်ပြီး ပူးပေါင်း ပါဝင်ရမှာပဲလေ။


ABSDF မှာ ဖြစ်တဲ့ကိစ္စကို ABSDF ဗဟိုဥက္ကဋ္ဌ အနေနဲ့ "ငါနဲ့ မဆိုင်ဘူး" လို့တော့ ကျွန်တော် ဘယ်ပြောလို့ ရပါ့မလဲ။"


ဒေါက်တာနိုင်အောင်
(၃၁-၈-၁၂ ရက်နေ့
ရှင်စောပုဟိုတယ်၊ ရန်ကုန်)


ဒေါက်တာနိုင်အောင် အင်တာဗျူး မူရင်း link မှာ -

http://www.news-eleven.com/index.php?option=com_content&view=article&id=15247:q-q-absdf-&catid=42:2009-11-10-07-36-59&Itemid=112


(ခေါင်းစဉ်ကို click လုပ်ပြီး ဒေါက်တာနိုင်အောင် ကို EMG က အင်တာဗျူး လုပ်ထားတာကို မူရင်း တင်ထားတဲ့ EMG ဝက်ဆိုက်မှာ ဖတ်နိုင်ပါတယ်။)

.
ဒေါက်တာနိုင်အောင် အင်တာဗျူး (EMG) မှ ကောက်နုတ်ချက်


"ABSDF (မြောက်ပိုင်း) မှာ ထောက်လှမ်းရေး ဆိုပြီး ဖမ်းထားတဲ့ မြောက်ပိုင်းရဲဘော်တွေထဲက ၁၅ ယောက်ကို မြောက်ပိုင်းခေါင်းဆောင်တွေက ၁၂ ရက်နေ့ (၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့) က သတ်လိုက်တယ် ဆိုတဲ့ ဥစ္စာက သူတို့ သတ်ပြီးမှ ကျွန်တော်တို့ ABSDF (ဗဟို) က သိရတာ။

အဲဒီအချိန် (၁၉၉၁ ခုနှစ် နှောင်းပိုင်း) တုန်းက ကျွန်တော်တို့ ABSDF (ဗဟို) မှာက ABSDF တတိယအကြိမ်ညီလာခံ (၁၄-၈-၁၉၉၂ မှ ၂၅-၁၀-၁၉၉၂ ရက်နေ့) အကွဲအပြဲ နဲ့ မာနယ်ပလော ထိုးစစ်နဲ့ ဆိုတော့ ကျွန်တော်တို့ အဲဒီမှာပဲ အလုပ်ရှုပ်နေကြတာ။


အဲဒီ နောက်ပိုင်း ကျွန်တော် ABSDF (မြောက်ပိုင်း) (ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ပါဂျောင်ဒေသ) ကို သွားတဲ့အခါမှာ အခု လွတ်လာတဲ့ မြောက်ပိုင်းရဲဘော်တွေထဲက နှစ်ယောက်၊ သုံးယောက် လောက် ကျွန်တော် တွေ့တယ်။ သူတို့ ပြောသလိုပဲ။ နာမည်တွေတော့ မမှတ်မိဘူးဗျာ။ ကျွန်တော် နှစ်ယောက်၊ သုံးယောက် လောက် တွေ့တယ်။

မှတ်မိတာကတော့ နန်းအောင်ထွေးကြည်ကို ကျွန်တော် တွေ့တယ်။ မှတ်မိတာကတော့ အဲဒီအချိန်မှာ မှန်တယ်၊ မမှန်ဘူး ဆိုတာကို ကျွန်တော်တို့ဘက်က စစ်ဆေး သိရှိနိုင်ဖို့ တော်တော် ခက်တယ်။ တစ်ဖက် ပြောတာပဲ ကြားတာကိုး။"


ဒေါက်တာနိုင်အောင်
(၃၁-၈-၁၂ ရက်နေ့
ရှင်စောပုဟိုတယ်၊ ရန်ကုန်)



ဒေါက်တာနိုင်အောင် အင်တာဗျူး အပြည့်အစုံကို အထက်မှာ တင်ထားတဲ့ မှတ်ချက်တွေမှာ ဖတ်နိုင်ပါတယ်။

"(မြောက်ပိုင်း) ညှဉ်းပန်း သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး (ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် နှင့် တွေ့ဆုံ မေးမြန်းခြင်း - (၁) မှ (၇)" မှာ ဖတ်နိုင်ပါတယ်။


"ဒေါက်တာနိုင်အောင် နှင့် တွေ့ဆုံ မေးမြန်းခြင်း - (၁) (September 1, 2012 4:44 PM မှာ တင်တဲ့ မှတ်ချက်)

"ဒေါက်တာနိုင်အောင် နှင့် တွေ့ဆုံ မေးမြန်းခြင်း - (၇) (September 1, 2012 5:29 PM မှာ တင်တဲ့ မှတ်ချက်)



Dr Naing Aung Interview Link လာထည့်ပေးသူကို ကျေးဇုးတင်ပါတယ်။ ကျွန်မ ဒါကို ဘလော့ဂ်မှာ သိမ်းထားချင်လို့ ပို့စ်အသစ်တခုအဖြစ် ပြန်တင်လိုက်ပါတယ်။ http://nge-naing.blogspot.com.au/2012/09/emg.html

.
ဒေါက်တာနိုင်အောင် အင်တာဗျူး (EMG) မှ ကောက်နုတ်ချက်


"ABSDF (မြောက်ပိုင်း) မှာ ထောက်လှမ်းရေး ဆိုပြီး ဖမ်းထားတဲ့ မြောက်ပိုင်းရဲဘော်တွေထဲက ၁၅ ယောက်ကို မြောက်ပိုင်းခေါင်းဆောင်တွေက ၁၂ ရက်နေ့ (၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့) က သတ်လိုက်တယ် ဆိုတဲ့ ဥစ္စာက သူတို့ သတ်ပြီးမှ ကျွန်တော်တို့ ABSDF (ဗဟို) က သိရတာ။

အဲဒီအချိန် (၁၉၉၁ ခုနှစ် နှောင်းပိုင်း) တုန်းက ကျွန်တော်တို့ ABSDF (ဗဟို) မှာက ABSDF တတိယအကြိမ်ညီလာခံ (၁၄-၈-၁၉၉၁ မှ ၂၅-၁၀-၁၉၉၁ ရက်နေ့) အကွဲအပြဲ နဲ့ မာနယ်ပလော ထိုးစစ်နဲ့ ဆိုတော့ ကျွန်တော်တို့ အဲဒီမှာပဲ အလုပ်ရှုပ်နေကြတာ။


အဲဒီ နောက်ပိုင်း ကျွန်တော် ABSDF (မြောက်ပိုင်း) (ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ပါဂျောင်ဒေသ) ကို သွားတဲ့အခါမှာ အခု လွတ်လာတဲ့ မြောက်ပိုင်းရဲဘော်တွေထဲက နှစ်ယောက်၊ သုံးယောက် လောက် ကျွန်တော် တွေ့တယ်။ သူတို့ ပြောသလိုပဲ။ နာမည်တွေတော့ မမှတ်မိဘူးဗျာ။ ကျွန်တော် နှစ်ယောက်၊ သုံးယောက် လောက် တွေ့တယ်။

မှတ်မိတာကတော့ နန်းအောင်ထွေးကြည်ကို ကျွန်တော် တွေ့တယ်။ မှတ်မိတာကတော့ အဲဒီအချိန်မှာ မှန်တယ်၊ မမှန်ဘူး ဆိုတာကို ကျွန်တော်တို့ဘက်က စစ်ဆေး သိရှိနိုင်ဖို့ တော်တော် ခက်တယ်။ တစ်ဖက် ပြောတာပဲ ကြားတာကိုး။"


ဒေါက်တာနိုင်အောင်
(၃၁-၈-၁၂ ရက်နေ့
ရှင်စောပုဟိုတယ်၊ ရန်ကုန်)



ဒေါက်တာနိုင်အောင် အင်တာဗျူး အပြည့်အစုံကို အထက်မှာ တင်ထားတဲ့ မှတ်ချက်တွေမှာ ဖတ်နိုင်ပါတယ်။

"(မြောက်ပိုင်း) ညှဉ်းပန်း သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး (ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် နှင့် တွေ့ဆုံ မေးမြန်းခြင်း - (၁) မှ (၇)" မှာ ဖတ်နိုင်ပါတယ်။


"ဒေါက်တာနိုင်အောင် နှင့် တွေ့ဆုံ မေးမြန်းခြင်း - (၁) (September 1, 2012 4:44 PM မှာ တင်တဲ့ မှတ်ချက်)

"ဒေါက်တာနိုင်အောင် နှင့် တွေ့ဆုံ မေးမြန်းခြင်း - (၇) (September 1, 2012 5:29 PM မှာ တင်တဲ့ မှတ်ချက်)

(( Nge Naing said...
September 2, 2012 2:46 AM

Dr Naing Aung Interview Link လာထည့်ပေးသူကို ကျေးဇုးတင်ပါတယ်။ ကျွန်မ ဒါကို ဘလော့ဂ်မှာ သိမ်းထားချင်လို့ ပို့စ်အသစ်တခုအဖြစ် ပြန်တင်လိုက်ပါတယ်။

http://nge-naing.blogspot.com.au/2012/09/emg.html ))



မငယ်နိုင်သို့ -

ဒေါက်တာနိုင်အောင် အင်တာဗျူး ကို ပို့စ်အသစ် တခု

("ဒေါက်တာနိုင်အောင်နှင့် EMG အင်တာဗျူး"
http://nge-naing.blogspot.de/2012/09/emg.html )

အဖြစ် ပြန်တင်လိုက်တာ ကောင်းပါတယ် ခင်ဗျာ။




အပေါ်က မှတ်ချက် (Dr. Naing Aung Interview - September 2, 2012 2:36 AM)

(ဒေါက်တာနိုင်အောင် အင်တာဗျူးမှ ကောက်နုတ်ချက်)မှာ
"ABSDF တတိယအကြိမ်ညီလာခံ (၁၄-၈-၁၉၉၂ မှ ၂၅-၁၀-၁၉၉၂ ရက်နေ့)"
ဆိုပြီး ABSDF တတိယအကြိမ်ညီလာခံ ကျင်းပတဲ့ နေ့စွဲတွေမှာ ၁၉၉၂ ခုနှစ် ဆိုပြီး မှားနေလို့

အဲဒီ ခုနှစ် အမှား (၁၉၉၂) တွေကို အမှန် (၁၉၉၁ ခုနှစ်) တွေလို့ ပြင်ပြီး အဲဒီ မှတ်ချက်ကို အောက်မှာ (Dr. Naing Aung Interview - September 2, 2012 4:13 AM) ထပ်ပြီး တင်ပေးလိုက်ပါတယ်။



အပေါ်က နေ့စွဲတွေ မှားနေတဲ့ မှတ်ချက် (ABSDF တတိယအကြိမ်ညီလာခံ ကျင်းပတဲ့ နေ့စွဲတွေမှာ "၁၉၉၂ ခုနှစ်" လို့ ရေးထားတဲ့ မှတ်ချက်) (Dr. Naing Aung Interview - September 2, 2012 2:36 AM) ကို ဖျက်လိုက်ပါ ခင်ဗျာ။

(
(ခေါင်းစဉ်ကို နှိပ်ပြီး "မျက်ရည်နှင့် ပြောသော
ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှု တရားဝင် တင်ပြချက် (ဗီဒီယို)" ကို ကြည့်နိုင်ပါတယ်။)


အေဘီမြောက်ပိုင်းမှာ ကိုယ်တိုင် လူမဆန်စွာ နှိပ်စက်ခံနေရာက ထွက်ပြေး လွတ်မြောက်လာသည့် မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများက ပြည်သူများကို ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှုများအကြောင်းကို တရားဝင် အသိပေး တင်ပြချက် (ဗီဒီယို)