မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အကြွေစောသူများ အမှတ်တရ (၁) ကိုဖေသင်




ခွဲမှူးကို သူတို့ လာဖမ်းတဲ့ နေ့က သူသာ အဖမ်းမခံရင် စစ်တပ်က ဘယ်လိုမှ မမိနိုင်ဘူး၊ ရွာသားတွေဘယ်သူမှ ပြောတာမဟုတ်ဘူး ခွဲမှူးက ရွာသားတွေကို ညှင်းဆဲနေတာ မကြည့်ရက်လို့ သွားအဖမ်းခံလိုက်လို့သာ မိသွားပါတယ်” လို့ အစချီပြီး တပ်ခွဲမှူး ဦးဖေသင်ကို ရွာထဲမှာ စစ်တပ် ၀င်ဖမ်းတုန်းက အကြောင်းကို အဲဒီတုန်းက ရှိနေတဲ့ရွာသား တယောက်က သူ့အတွေ့အကြုံကို ပြန်ပြောပြနေပါတယ်။ “စစ်တပ်က ရွာသားတွေ တယောက်ပြီးတယောက် ရမ်းပြီး မင်းကျောင်းသားတပ်ခွဲမှူး ဖေသင်လားလို့ မေးပြီး ရိုက်စစ်နေတယ်။ မဟုတ်ဘူးလို့ ပြောလည်းမရဘူး မင်းမဟုတ်ရင် ခွဲမှူးဖေသင် ဘယ်သူလဲပြ ငါတို့ သတင်း အတိအကျရထားတယ် ဒီလူအုပ်ထဲမှာ ခွဲမှူးဖေသင် အတိအကျရှိတယ်၊ မပြောပြရင် တရွာလုံးကို အကုန်သစ်ပစ်မယ် ရွာကိုလည်း မီးရှို့ပစ်ပြီးမှ ပြန်မယ်လို့ ပြောပြီး ရွာသားတွေကို တယောက်ပြီးတယောက် ဆွဲထိုးဆွဲရိုက်ပြီး အကြပ်ကိုင်ပေမဲ့ ဘယ်သူမှ မပြောခဲ့ကြဘူး၊ ခွဲမှူးက ရွာသားတွေ တားနေတဲ့ ကြားထဲက ငါဖေသင်ပဲ ရွာသားတွေကို ဘာမှမလုပ်နဲ့လို့ ပြောပြီး သွားအဖမ်းခံလိုက်တယ်” လို့ ဆက်ပြောပြတော့ ကျွန်မ နားထောင်နိုင်စွမ်း မရှိဖြစ်ခဲ့ရတယ်။ (ဘယ်ဘက် အပေါ်ဒေါင့်ကပုံက ဦးဖေသင်ဖြစ်ပါတယ်။)

ဦးဖေသင်ကို တပ်ရင်းက စခန်းကော်မတီအောက်မှာ တပ်ရင်းတခုလုံးကို စီမံခန့်ခွဲတဲ့သူ အဖြစ် Whistle တလုံးနဲ့ အလုပ်များနေခဲ့တာကို စတင်တွေ့ဖူးချိန်ကနေ ABSDF ဒုတိယအကြိမ် ညီလာခံကို ကျွန်မတို့ တပ်ရင်းမှာ ကျင်းအပြီးမှာတော့ တပ်ဖွဲ့စည်းပုံတွေ ပြန်ဖွဲ့ပြီး တပ်ခွဲ (၁) ရဲ့ တပ်ခွဲမှူး တာဝန်နဲ့ ရှေတန်းဆင်းသွားခဲ့တဲ့အထိ ဦးဖေသင်နဲ့ ပတ်သက်တာတွေကို မျက်စိထဲမှာ အကုန်လုံး ပြန်မြင်ယောင်နေမိတယ်။ ၁၉၈၉ ခုနှစ်မှာ တက်ရတဲ့ ကျွန်မတို့ရဲ့ အခြေခံစစ်ပညာသင်တန်း ပတ်စဉ် ၁/၈၉ မှာ ဒုသင်တန်းမှူးအဖြစ် သူတာဝန်ယူစဉ်က အဖြစ်အပျက်လေးတခုကို ကောင်းကောင်း ပြန်သတိရနေပါတယ်။ ၈၈ မှာ တောတွင်းရောက်ခါစက ကရင်တွေဆီမှာ ယောက်ျားလေးတွေပဲ တက်တဲ့ စစ်သင်တန်းပဲ ရှိခဲ့ပါတယ်။ ကျွန်မတို့ မိန်းကလေး ရှစ်ယောက်ပါတဲ့ စစ်သင်တန်းက ကျွန်မတို့ တပ်ရင်းမှာ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်တွေအချင်းချင်း ပေးတဲ့ ပထမဦးဆုံး စစ်သင်တန်း ဖြစ်ပါဖြစ်တယ်။ သင်တန်းသား ၃၈ ယောက်ရှိပြီး အမျိုးသားတွေထဲမှာ တချို့က KNU တွေဆီမှာ စစ်သင်တန်း တက်ထားပြီးသား ဖြစ်ပေမဲ့ သဘောတရားရေးရာတွေကိုလည်း လေ့လာချင်လို့ ပြန်တက်ကြသူ အနည်းငယ်မှအပ ကျန်တဲ့ သင်တန်းသား အားလုံးက စစ်သင်တန်းနဲ့ ပတ်သက်ပြီး အသစ်စစ်စစ်တွေ ဖြစ်ကြပါတယ်။ (ဓာတ်ပုံက မနက်ပိုင်း တန်းစီအလေးပြုပြီး သစ္စာအဓိဌာန်ဆိုတဲ့ချိန်ပါ)

သင်တန်းမှူးနဲ့ ဒုသင်တန်းမှူးတို့က မဆလ ပါတီဝင်ဟောင်းတွေ ဖြစ်ကြလို့ လမ်းစဉ်လူငယ် ဘ၀က စစ်ရေးပြနဲ့ သင်တန်းအတွေ့အကြုံ ရှိကြပါတယ်။ စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဆရာတွေကလည်း မဆလတပ်ကနေ ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သဘောတရားရေးရာတွေ သင်တဲ့ဆရာတွေကတော့ စခန်းကော်မတီထဲက လေ့လာမှု အားကောင်းသူတွေက သူတို့သိရှိထားတာကို ပြန်ဖြန့်ဝေတာ ဖြစ်တယ်။ KNU အကူအညီလုံးဝ မပါဘဲ ကိုယ့်ဒူးကိုယ်ချွန်ပြီး မိမိတပ်ရင်းမှာ ပေးတဲ့ ပထမဦးဆုံး သင်တန်းဖြစ်လို့ အားလုံးက တက်ကြွကြပါတယ်။ ဆရာတွေရော သင်တန်းသားတွေရော အားလုံးက ၈၈ က အတူထွက်လာသူတွေသာ ဖြစ်ကြလို့ စစ်ရေးနဲ့ ပတ်သက်ပြီး တယောက်မှ Professional တွေ မဟုတ်ကြပါဘူး။


ဒီသင်တန်းမှာ ဦးဖေသင်က ဒုသင်တန်းမှူး တယောက်ဖြစ်ပြီး မနက်အစောကြီး PT ထပြေးရာမှာနဲ့ စစ်ရေးပြဘာသာမှာ အဓိက တာဝန်ယူပြီး ကျန်ဘာသာတွေ အားလုံးအတွက်လည်း သင်တန်းဆရာအားလုံးကို ကြီးကြပ်ရသူ ဖြစ်ပါတယ်။ ကျွန်မတို့ကို မနက်တိုင်း ပီတီပြေးရာမှာ တာဝန်ယူပါတယ်။ P.T ပြေးရင် ဘယ်ညာဘယ် တိုင်ပေးတာတွေ မှတ်စဉ်တွေ ဆောင်ပုဒ်တွေ ဆိုဖို့တိုင်ပေးတာတွေ လုပ်ပါတယ်။ ကျောင်းသားတပ်ရင်း ရှိရာ အမရာရွာအနီးကနေ သုံးမိုင်ခန့် ဝေးမယ်ထင်ရတဲ့ KNU တပ်မဟာ ၄ ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဌာနတွေ ရှိတဲ့နေရာ ခရိုင်မြို့ဖြစ်တဲ့ ထီးထာ (ချောင်းရင်းလို့အဓိပ္ပါယ်ရ) အထိ မနက်အစောကြီး နေ့တိုင်း ထပြေးပြီး ထီးထာဆေးရုံကနေ ပြန်ကွေ့ပြီး စခန်းကို အပြန်မှာ ထီးထာနဲ့ ကျောင်းသားစခန်းကြား အလယ်လို့ပြောလို့ရတဲ့ KNDO (ကရင် ရဲတပ်ဖွဲ့) ကုန်းအောက်ဘက် မင်းသမီးချောင်းဘေးမှာ လေညှင်းခံရင်း ခဏနားလေ့ရှိပါတယ်။ ကျေးရွာကြီးကြီး တရွာစာလောက်တောင် အိမ်ခြေနဲ့ အကျယ်အ၀န်း မရှိတဲ့ ထီးထာတို့ ထီးခီးတို့ဆိုတဲ့ နေရာတွေကတော့ ကျွန်မတို့အတွက်တော့ အဲဒီအချိန်က တကယ်ကို ရွှေမြို့တော်ပါပဲ။ (ပီတီ ပြေးရာက အပြန် တပ်ရင်းထဲမှာ ရိုက်ထားတဲ့ပုံ။ ဓာတ်ပုံ - ကိုစိုးမင်းအောင် facebook မှ)

KNDO ကုန်းနဲ့ ကျွန်မတို့ ကျောင်းသားစခန်းကြားမှာတော့ စိမ်းစို အုပ်ဆိုင်းနေတဲ့ တောတောင်တွေသာ ရှိပြီး ထိုင်းက သစ်လာခုတ်တဲ့ ကားလမ်းမသာ မရှိခဲ့ရင် လူသူအရောက်အပေါက် ရှိတဲ့နေရာ ဟုတ်ပါ့မလားလို့ ထင်ရလောက်အောင် တောနက်လှပါတယ်။ အဲဒီလို အချိန်တွေမှာ သင်တန်းသားတွေရဲ့ ပီတီပြေးရင်ဆိုတဲ့ စလိုဂမ်တွေက အများတောင်ကြားလမ်းရှိ ရိုးမတောတခုလုံးကို ပဲ့တင်ထပ်ပြီး မြည်ဟီးစေပါတယ်။

ဘာ.လုပ်.နေ.လဲ……………………………….လေ့ ကျင့် နေ တယ်
ဘာ လုပ် ဖို့ လဲ………………………………………တိုက် ပွဲ ၀င် ဖို့
ဘယ် သူ့ အတွက် လဲ…………………………….ပြည် သူ့ အတွက် ပဲ
ဘာ စိတ် ဓါတ် လဲ..................................... ခွပ် ဒေါင်း စိတ် ဓါတ်
ငါ တို့ ဘာ လဲ ………………………………………ခွပ် ဒေါင်း စစ် သည်

(ဘယ် ညာ ဘယ် ညာ ဘယ် ညာ ဘယ်)၂

တိုင်ပေးသူက ပီတီပြေးတာကို တာဝန်ယူတဲ့ ဒုသင်တန်းမှူး ဦးဖေသင် ဖြစ်ပြီး ကျန်တာကို ဆိုတဲ့သူတွေကတော့ သင်တန်းသား အားလုံးနဲ့ တခြားသင်တန်းဆရာတွေ ဖြစ်ပါတယ်။ သင်တန်းဆရာတွေက အလှည့်ကျ တိုင်ပေးတာလည်း ရှိပါတယ်။

ကျွန်မတို့ ဒီလိုပဲ စလိုဂမ်တွေ မှတ်စဉ်တွေကို ဆိုရင်း ပီတီပြေးနေရာကနေ အခုပြောမည့် တနေ့မှာတော့ KNDO ကုန်းအောက်က နားနေကျ ချောင်းနံဘေးမှာ မနားဖြစ်တဲ့ အကြောင်းရင်းတခု ပေါ်ခဲ့ပါတယ်။ (ပတ်စဉ် ၂ မှာ ဦးဖေသင်က သင်တန်းမှူး ဖြစ်ပြီး သင်တန်းဆင်းပွဲမှာ ဆုရကျောင်းသား တဦးကို ဆုပေးနေတဲ့ပုံ ဖြစ်တယ်။ ဓါတ်ပုံ - ကိုစိုးမင်းအောင် face book)

မှတ်စဉ်.. မှတ်စဉ်.. မှတ်စဉ်ဆို… (ဦးဖေသင်)
တစ်…. နှစ်… သုံး… လေး… တစ်နှစ်သုံးလေး..
တစ်နှစ်သုံးလေး ပြည် သူ့ ကျောင်း သား.. ခွပ် ဒေါင်း စစ် သည်…
 ပြည် သူ့ ကျောင်း သား … ခွပ် ဒေါင်း စစ် သည် (အားလုံး)


ဆောင်ပုဒ်.. ဆောင်ပုဒ်.. ဆောင်ပုဒ်ဆို… (ဦးဖေသင်)
လေ့ ကျင့် ရေး မှာ ချွေး ထွက် များမှ စစ် မြေ ပြင် မှာ သွေး ထွက် နည်း မယ်.. စစ် မြေ ပြင် မှာ သွေး ထွက် နည်း မှ… လေ့ ကျင့် ရေး မှာ ချွေး ထွက် များ မယ် (သင်တန်းသားများ)

ကျွန်မတို့ ခါတိုင်းလိုပဲ ပါးစပ်ကလည်းအော် ခြေတောက်ကလည်း နားဖို့သတ်မှတ်ထားတဲ့ နေရာမရောက်မချင်း ပြေးနေတဲ့အချိန် လမ်းဆုံးဖြစ်တဲ့ ထီးထာဆေးရုံမှ ပြန်ကွေ့လာပြီး ထီးထာရွာလည် ကွင်းပြင်ကို အရောက်မှာတော့ ထီးထာ (ချောင်းရင်း) အသင်းနဲ့ စစ်ရေးနဲ့ဆိုင်တဲ့ ခရိုင်အဆောက်အဦးတွေ ပိုများပြီး နယ်စပ်နဲ့ ပိုနီးတဲ့ ခရိုင်စစ်ဌာနချုပ်ရှိရာ ထီးခီး (ချောင်းဖျား) အသင်းတို့ ဘောလုံးကန်နေကြတာနဲ့ ကြုံပါတယ်။ ကျွန်မတို့ သင်တန်းသားတွေကလည်း ဘယ်ညာမှန်အောင် တိုင်ပေးတာတွေနဲ့ မှတ်စဉ်တွေကို ဆိုကာ ဘောလုံးကွင်းနားရောက်တော့ မျက်နာတွေက ရှေ့တည့်တည့်ကို လှည့်နေပေမဲ့ မျက်လုံးတွေကတော့ လမ်းဘယ်ဘက်ဘေးရှိ ဘောလုံးကွင်းထဲကိုပဲ ရောက်နေပါတယ်။ ဘောလုံးပွဲရဲ့ ဖမ်းစားမှုကြောင့် ခြေတောက်တွေကလည်း ဘယ်ညာ မမှန်ချင်တော့ဘူး။ တိုင်ပေးနေတဲ့ ဦးဖေသင်ကိုယ်တိုင်ကလည်း အသံက ခါတိုင်းလောက် မအောင်ဘူးလို့ ထင်လာရတယ်။ ဒီအချိန်မှာ မမျှော်လင့်ဘဲ..

တန်း……. ရပ် (ဦးဖေသင်)
မှတ်.. တစ်.. နှစ်.. (အားလုံး မတ်တပ်ရပ်ဖြစ်သွားကြတယ်)

ခါတိုင်းဆို ဒီမှာ တခါမှ တန်းမရပ်ဘဲ ဘာကြောင့် ဒီနေ့မှာ ဒီမှာတန်းရပ်ရတယ် ဆိုတာကိုတော့ အားလုံးက ညှိထားစရာ မလိုဘဲ သဘောပေါက်ပြီးသား ဖြစ်ပါတယ်။

“ရဲဘော်တို့ ဒီမှာ ခဏနားမယ် KNDO ကုန်းအောက်က ချောင်းကမ်းနံဘေး ရောက်ရင် နားတော့မှာမဟုတ်ဘူး” လို့ ဦးဖေသင်က ပြောလိုက်တော့ အားလုံးက ဘယ်ပြောကောင်းမလဲ သင်တန်းစည်းကမ်း အချိန်ဇယားနဲ့ တချိန်လုံး သတိနဲ့ နေလာရာကနေ အခုလို ဘောလုံးပွဲ ကြည့်ရမယ်ဆိုတော့ ခဏပဲ ဖြစ်ပါစေတော့ အားလုံးက ပျော်ကြတာပေါ့။ တချိန်လုံး အိနြေ္ဒတခွဲသားနဲ့ နေလာတဲ့ ဒီသင်တန်းမှာ ဒုတိယ တာဝန်အကြီးဆုံး ကျွန်မတို့ကို စည်းကမ်းကို မသွေမတိမ်းလိုက်နာဖို့ အမြဲပြောနေတဲ့ ဒုသင်တန်းမှူး ကိုယ်တိုင်လည်း အိနြေ္ဒ မဆည်နိုင်တော့သလို အားလုံးက ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။ အိုလံပစ်တို့ ကမ္ဘာ့ဖလားတို့ဆိုတာ အဲဒီတုန်းက ကြည့်ရတဲ့ ဘောလုံးပွဲလောက် မပျော်ဘူးလို့တောင် ထင်ရပါတယ်။ တန်းဖြုတ်ပြီးတဲ့အချိန်ကစပြီး ကျွန်မတို့ သင်တန်းသားအဖွဲ့ တဖွဲ့လုံး ကြည့်ဖြစ်လိုက်တာ နားဖို့သတ်မှတ်ထားတဲ့ အချိန်ပြည့်သွားလည်း ဦးဆောင်လာတဲ့ ဒုသင်တန်းမှူးကြီးကိုယ်တိုင် ဘာမှမပြောဘဲ ဆက်ကြည့်နေတော့ ကျန်တဲ့သူတွေလည်း မေ့နေတယ်ထင်ပြီး သတိရရင် ထပြန်မှာစိုးလို့ တိတ်တိတ်နေပြီး သတိမပေးဘဲ ဆက်ကြည့်နေလိုက်တာ ဘောလုံးပွဲပြီးသွားမှပဲ ထဖြစ်တော့တယ်။ ဦးဖေသင်ကတော့ ဘောလုံးပွဲမှာ နစ်မြောပြီး နာရီကိုကြည့်ဖို့ မေ့သွားတာတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ကျွန်မထင်တယ်။

ကျွန်မတို့ တပ်ရင်းထဲ ပြန်ရောက်တော့ မနက်ပိုင်း တန်းစီအလေးပြုအချိန် ပြီးသွားပြီ။ တပ်ရင်းက ရဲဘော်တွေ အသီးသီး လုပ်စရာရှိတာ လုပ်ပြီး မနက်စာ စားချိန်တောင် နီးနေပြီ။ ခါတိုင်းဆိုရင် မနက်ခုနှစ်နာရီ တန်းစီအချိန်မီ တပ်ရင်းထဲကိုပြန်ရောက်ပြီး တပ်ရင်းက တခြားတပ်ဖွဲ့ဝင်တွေနဲ့ အတူ အလံအလေးပြု သစ္စာအဓိဌာန်တွေ ဆိုပြီးရင် ပြန်ကြားရေးဌာနက တင်ဆက်တဲ့ ဘီဘီစီနဲ့၊ ဗွီအိုအေ သတင်းတွေကို အလံတိုင်ရှေ့ရေဒီယိုယူလာပြီး လာဖွင့်ပြတာ ဖြစ်စေ၊ Record လုပ်ထားတာကို လက်ရေးနဲ့ ပြန်ရေးထုတ်ထားပြီး ပြန်ကြားရေး ရဲဘော်/ရဲမေ တယောက်ယောက်က ဖတ်ပြတာကို ဖြစ်စေ သတင်းနားထောင်ရတယ်။ ပြီးတာနဲ့ တပ်ရင်းမှာ ဘာလုပ်မယ် ဆိုတာကို ပြောပြီး လူစုခွဲကာ တပ်ခွဲ၊ တပ်စုအလိုက် လုပ်စရာရှိတာလုပ်ပြီး ကျွန်မတို့ သင်တန်းသားတွေအတွက်က စစ်ရေးပြအချိန် ရောက်ပါတယ်။ စစ်ရေးပြအချိန် ပြီးတာနဲ့ ရေမိုးချိုး မနက်စာစားပြီး မနက်ကိုးနာရီမှာ သဘောတရားရေးရာ အချိန်တွေအတွက် အတန်းတက်တယ်၊ နေ့လည် နားချိန်ပြီးတာနဲ့ စစ်ရေးပြနဲ့ လက်နက်ငယ်၊ ပြောက်ကျားတိုက်ပွဲ၊ အခက်အခဲ ကျော်ဖြတ်ခြင်း စတဲ့ အချိန်တွေ ဆက်သွားရပါတယ်။

အဲဒီနေ့ကတော့ ဘောလုံးပွဲကြည့်နေလို့ နောက်ကျသွားတဲ့အတွက် မနက်ပိုင်း စစ်ရေးပြအချိန် မရလိုက်ဘူး။ ဘောလုံးပွဲကြည့်လို့ အပြန်နောက်ကျတဲ့အတွက် ပီတီပြေးတဲ့ အဖွဲ့မှာ ပါဝင်တဲ့ ဒုသင်တန်းမှူးအပါအ၀င် တခြားသင်တန်းဆရာတွေပါ သင်တန်းသားတွေနဲ့အတူ သင်တန်းမှူးရဲ့ အပြစ်ပေးတာကို ခံခဲ့ရပါတယ်။ ကျွန်မတို့ သင်တန်းသားတွေ နေ့လည်စာစားပြီး ခါတိုင်း သင်တန်းခဏနားတဲ့အချိန်ကို ပေးမနားဘဲ တပ်ရင်းထဲရှိ ဘုန်းကြီးကျောင်းရှေ့က ကုဂ္ဂိုလ်ပင်အောက်မှာ မြက်ရှင်းခိုင်းတယ်။ ဦးဖေသင်ကတော့ သင်တန်းကာလ မဟုတ်တဲ့အချိန် စခန်းကော်မတီအောက်ကနေပြီး စခန်းတခုလုံးကို တပ်ရေးနေရာကနေ စီမံခန့်ခွဲခဲ့ရသလို သင်တန်းကာလမှာလည်း ဒုသင်တန်းမှူးဆိုတော့ သင်တန်းတခုလုံးကို သင်တန်းမှူးအောက်ကနေ စီမံခန့်ခွဲရပါတယ်။

တချိန်လုံး စခန်းကို စီမံခန့်ခွဲလိုက်၊ သင်တန်းသားတွေကို စီမံခန့်ခွဲလိုက်နဲ့ ခပ်တည်တည်နဲ့ပဲ နေလာခဲ့တဲ့ ဦးဖေသင်ဟာ အပြစ်ပေးခံရပြီး အဲဒီမြက်ရှင်းနေတဲ့ အချိန်မှာတော့ ကျွန်မ သူ့ကိုကြည့်တာ တကယ်ကို ပေါ့ပါးသွက်လက်နေပြီး တခြား သင်တန်းသားတွေနဲ့အတူ သင်တန်းသားတယောက်လို ဘောလုံးပွဲကြည့်လို့ အပြစ်ကျတာကို ပျော်ပျော်ပါးပါး တွေ့ရပါတယ်။ သူ့ကို အဲဒီလို ကလေးဆန်ဆန် ဒီတခါပဲ ကျွန်မတွေ့ဖူးပါတယ်။ သင်တန်းက စည်းကမ်းသေ၀ပ်မှုမရှိ၊ အမိန့်နာခံမှု မရှိရင် အမှတ်နှုတ်တဲ့ စနစ်နဲ့ သွားနေတော့ ခါတိုင်းဆို အမှတ်နှုတ်ခံရမှာစိုးလို့ သင်တန်းသားတွေက သင်တန်းဆရာတွေ ရှေ့မှာ အိနြေ္ဒရရနေကြတာပဲ များပါတယ်။ အခုတော့ သင်တန်းမှာ ကျွန်မတို့ သင်တန်းသားတွေ တခုခုမှားရင် သင်တန်းသားတွေကို အပြစ်ပေးလေ့ရှိတဲ့ သူနဲ့ တခြား သင်တန်းဆရာတချို့ကိုယ်တိုင် သင်တန်းသားတွေနဲ့အတူ ရောပြီးဘောလုံးပွဲ ကြည့်လို့အပြစ်ခံရတာ ဖြစ်တဲ့အတွက် အားလုံးက တသွေးတည်းတသားတည်းလို ပျော်ပျော်ပါးပါးပဲ ရယ်မောကာ အပြစ်ခံနေကြတယ်။

ကျွန်မတို့ ငြိမ်ပြီး မြက်နှုတ်နေရာကနေ ဦးဖေသင်က ဒီအတိုင်း နှုတ်နေရတာ ပြင်းစရာကောင်းလိုက်တာ ဆိုပြီး PT ပြေးရာမှာ အော်တဲ့ စလိုဂမ်ကို သူက အသံကျယ်ကြီးနဲ့ စတင်အော်ပြီး တိုင်ပေးလိုက်တယ်။

ဦးဖေသင်။ ။ ဘာ လုပ် နေ လဲ….
အားလုံး။ ။ လေ့ကျင့်နေတယ်…
ဦးဖေသင်။ ။ ဟာ…ဘာကို လေ့ကျင့်နေတာလဲ အဲဒါလေ့ကျင့်နေတာမှ မဟုတ်တာ အမှန်တိုင်း ဖြေလေ ပြန်အော်မယ် ကိုယ်လုပ်နေတာကို အမှန်အတိုင်း ဖြေကြနော့်၊ ဘာ လုပ် နေ လဲ…
အားလုံး။ ။ မြက် ရှင်း နေ တယ် (အားလုံး အသံညီသွားတယ်)
ဦးဖေသင်။ ။ ဘာ ဖြစ် လို့ လဲ
အားလုံး။ ။ ဘောလုံးပွဲကြည့်လို့ (ဒီမှာတော့ တခါတည်းနဲ့ အားလုံးညီတယ်)
ဦင်္းဖေသင်။ ။ ဘယ် သူ့ အတွက် လဲ…
အားလုံး။ ။ (အပြစ်ပေးခံရလို့ မြက်ရှင်းတာကို ပြည်သူ့အတွက်ပဲ ဖြေလို့မဖြစ်တာကိုတော့ အားလုံး သဘောပေါက်ပါတယ်။ ကျွန်မတို့ သင်တန်းသားတွေနဲ့ တခြားသင်တန်းဆရာတွေက ဘာဖြေရမှန်းမသိ ဖြစ်နေချိန်မှာ ဒီအပြစ်ကို ဘယ်သူပေးတာလဲလို့ ဦးဖေသင်က မေးလိုက်တော့ အားလုံးက သဘောပေါက်သွားကြပြီး ဖြေလိုက်တယ်) သင်တန်းမှူးအတွက်ပဲ…
ဦးဖေသင်။ ။ ငါ တို့ ဘာ လဲ
အားလုံး။ ။ ခွပ် ဒေါင်း စစ် သည်

ကျွန်မတို့ရဲ့ PT ပြေးရာမှာ အော်တဲ့ စလိုဂမ်ကို မြက်ရှင်းတဲ့နေရာမှာ ဖျက်ပြီး ခါတိုင်း စစ်ရေးပြနဲ့ ပီတီပြေးရာမှာ အော်တဲ့အသံထက် နှစ်ဆပိုကျယ်အောင် မြက်ရှင်းလို့ ပြီးတဲ့အထိ ထပ်ခါတလဲလဲ အော်လိုက်တာ တပ်ရင်းကွင်းရဲ့ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်အတွင်းဘက် အကျဆုံးနေရာ တပ်ရင်းရုံးအထိ အတိုင်းသား ကြားရပါတယ်။ နေမွန်းတည့်ချိန် တပ်ရင်းတရင်းလုံး အနားယူချိန်ဖြစ်လို့ တပ်ရင်းထဲမှာ ရှိတဲ့ ရုံးတိုင်း၊ ဗားတိုက်တိုင်းက ရဲဘော်တွေ အကုန်ကြားရပါတယ်။ အပြစ်ပေးခံရတဲ့အထဲမှာ ဒီလောက်ပျော်ပျော်ပါးပါး အပြစ်ပေးခံရတာမျိုးလည်း ကျွန်မ တခါမှ မကြုံဖူးပါဘူး။ ဒီအချိန်လေး ပြီးသွားတဲ့အချိန်မှာတော့ အပြစ်ပေးခံရသူ အားလုံးက ဒုသင်တန်းမှူး၊ သင်တန်းဆရာ၊ သင်တန်းသား ဆိုပြီး ပုံမှန်အတိုင်း ကွဲကွဲပြားပြား ဖြစ်ဖြစ်သွားပြန်တယ်။ ဒါက ဦးဖေသင်နဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ ရှိနေခဲ့တဲ့ သင်တန်းကာလ အဖြစ်အပျက်လေး တခုဖြစ်ပါတယ်။

ABSDF ရဲ့ ဒုတိယအကြိမ် ညီလာခံ အပြီးမှာတော့ တပ်ဖွဲ့စည်းပုံတွေ တိတိကျကျ ဖွဲ့ပြီးနောက်ပိုင်းမှာ ဦးဖေသင်က တပ်ခွဲ (၁) မှာ တပ်ခွဲမှူးအဖြစ် တာဝန်ကျပြီး ရှေ့တန်းဆင်းသွားခဲ့ပါတယ်။ သူ့လက်ထက်မှာ ရှေ့တန်း ပြောက်ကျားအခြေခံဒေသ အမာခံကျေးရွာတွေ အများကြီး စည်းရုံးနိုင်ခဲ့ပါတယ်။ ကျွန်မတို့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ ရှေ့တန်းဆင်းခွင့် တောင်းခဲ့တုန်းက တပ်ရင်းက အကန့်အသတ်အမျိုးမျိုးနဲ့ ကျွန်မတို့ကို ရှေ့တန်းပေးမဆင်းဘဲ အကြောင်းပြခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ ရှေ့တန်းမှာ ရှိနေတဲ့ တပ်မှူးတွေ လက်မခံရင် မဖြစ်နိုင်တာလည်း ပါပါတယ်။ နောက်တော့ သူ့တပ်ခွဲကို ကျွန်မတို့ ဆင်းခွင့်ရသွားပါတယ်။ သို့သော်လည်း ကျွန်မတို့ သူ့ကို မတွေ့လိုက်ရပါဘူး။

၁၉၉၁ ခုနှစ် နှစ်ဆန်းစ၊ တပ်ခွဲ (၁) ရှေ့တန်းနယ်မြေကို ကျွန်မတို့ ဆင်းခါနီးမှာ ဦးဖေသင်က ရှေ့တန်းကျေးရွာတရွာမှာ အရပ်ဝတ်နဲ့ သတင်းထောက်လှန်းရန် ရောက်နေချိန် သတင်းပေါက်ကြားသွားလို့ ရန်သူတပ်နဲ့ အ၀ိုင်းခံရပါတယ်။ အပေါ်မှာ ကျွန်မတို့ ရှေ့တန်းသွားစဉ် အဲဒီရွာဘေးကရွာကို ရောက်တုန်း ရွာသားက ပြောပြခဲ့တဲ့အတိုင်း တရွာလုံးကို ၀ိုင်းပြီး ညှင်းဆဲနေလို့ သူကိုယ်တိုင် အဖမ်းခံလိုက်ပြီး တောထဲမှာ သွားအသတ်ခံလိုက်ရပါတယ်။ ယေရှုခရစ်ကို ဖမ်းစဉ်က ယေရှုဘယ်သူလဲ ဘယ်မှာလဲလို့ မေးခဲ့တာကို လူအုပ်ထဲက ဘယ်သူမှ မဖြေခဲ့လို့ ညှင်းဆဲခံနေရတာကို မကြည့်ရက်လို့ ခရစ်တော်က ငါယေရှုပဲလို့ သွားအဖမ်းခံလိုက်တဲ့ ခရစ်တော် ဇာတ်တွေကို ကြည့်တိုင်း ဦးဖေသင်ကို အမြဲတမ်း ပြေးသတိရမိပါတယ်။ ဦးဖေသင်သာ အဲဒီရွာသားများအတွက် ယေရှုခရစ် နေရာကို မ၀င်ခဲ့ရင် နယ်မြေကျွမ်းကျင်ပြီးသား ဖြစ်လို့ တနည်းနည်းနဲ့ ပုန်းပြီး ထွက်ပြေးလို့ ရနိုင်မှာ သေချာပါတယ်။ ဒါပေမဲ့ ဒီရွာသားတွေရဲ့ ကံကြမ္မာကတော့ မတွေးဝံ့စရာ ဖြစ်လိမ့်မယ်။ မြန်မာပြည်မှာ ဦးဖေသင်လို အသတ်ခံရပြီး အသေဆိုးနဲ့ သေရတာတွေဟာ အာဏာရှင် ကြီးစိုးတဲ့ စနစ်ကြောင့်သာ ဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ် အမြန်မဆုံး ကျဆုံးပြီး နောင်လာနောက်သားများက အာဏာရှင်စနစ်ဆိုတာ ချိုနဲ့လားလို့ မေးရလောက်တဲ့ အခြေအနေကို ရောက်ရှိပါစေလို့ ဆုတောင်းရင်း…

ဦးဖေသင်နဲ့ ABSDF မှာ ကျဆုံးသွားသော ရဲဘော်များအားလုံး ကောင်းရာသုဂတိလားပါစေ။



44 comments:

ဘ၀တကွေ့ဝယ်ပေါ့ ... အမအတွေ့အကြုံတွေကို အခန်းဆက်လို ရေးသင့်တယ်

ညီမအတွေ့အကြုံ တွေ ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ... အဲ လို မျိုးတွေ ဖတ်ရတာလည်း ကြိုက်တယ်... ဒါပေမယ့် ဖတ်ပြီး စိတ်ထိခိုက်မိပြန်တယ် ... ဦးဖေသင် ကြီး ကောင်းရာသုဂတိ လားပါ စေ ....

mie nge

ဂုဏ်ယူပါတယ် ဦးဖေသင် လူဆိုး စနစ်ဆိုးတွေကျဆုံးပါစေ

အင်း...အနှစ်၂၀နီးပါးဖြစ်ပေမဲ့..
ဖတ်ရတော့လဲ အသစ်သဖွယ် ခံစားရတာပဲ...

အစ်မတို့ အတွေ့ အကြုံတွေကို သေသေခြာခြာ မှတ်တမ်းပြုစုထားသင့်ပါတယ်။

လက်အောက်ငယ်သားတွေ ဒုက္ခရောက်မယ့်အရေးနဲ့ မိမိအရေးနဲ့ယှဉ်ရင် ခေါင်းဆောင်က အနစ်နာခံပေးရမှာ ထုံးစံပဲ...ဒါမှမလုပ်ပေးနိုင်ရင် ခေါင်းဆောင်မလုပ်နဲ့...သေမှာကြောက်လို့ ထွက်ပြေးပုန်းရှောင်နေရင် ကို ကတော့ လွတ်သွားမယ် အောက်ကမဆိုင်တဲ့သူတွေက ခံရမယ်ဆိုရင် အဲဒီခေါင်းဆောင်က သူရဲဘောကြောင်တဲ့သူပဲဖြစ်မယ်...

ဘာပဲဖြစ်ဖြစ် ABSDF တို့ KNU တို့ဆိုတာ အကြမ်းဖက် အဖွဲ့တွေပါပဲ...တစ်ချိန်က အပြစ်မဲ့မြန်မာပြည်သူပြည်သားတွေကို KNU တို့ ဘယ်လိုယုတ်မာစွာ သတ်ဖြတ်ခဲ့တာလည်းဆိုတာ မြန်မာပြည်သူတိုင်းသိတယ်...ABSDF=KNU ဒီပုပ်ထဲက ဒီပဲတွေပဲ

ကက်သလစ်ဘကြမ်း

မနေ့ညက ပို့စ်တင်ပြီး ဒီနေ့တနေကုန် အလုပ်များနေတာ ဘလော့ဂ်ကို အခုမှ ပြန်စစ်ဖြစ်ပါတယ်။ စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

Little brook, UWW, မမီးငယ်၊ ရဲတာရာ၊ အန်ကယ်နိုင်၊ AATO - ဘလော့ဂ်မှာ ရေးထားတာတွေက ပြန်ဖေါ်ပြတာတွေကလွဲရင် ဘ၀ဖြတ်သန်းမှု မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။ ကျွန်မနဲ့ တွေ့ဆုံကြုံတွေ့ လက်တွဲ အလုပ်လုပ်ဖူးတဲ့ အကြွေစောသူတွေထဲက ရီစရာ၊ မှတ်သားစရာ၊ ၀မ်းနည်းစရာ တခုခု အမှတ်တရ ထင်ကျန်ခဲ့တဲ့ သူတွေ အကြောင်းကို ဆက်ရေးဖို့ ရှိပါတယ်။

Anonymous - ၀င်ထောက်ပြပေးတာ ကျေးဇူး။

ကက်သလစ်ဘကြမ်း - ABSDF က အပြစ်မဲ့ ပြည်သူတွေကို ယုတ်မာစွာ သတ်ဖြတ်နေရင် ပြည်သူလူထုက ဒီလို အကာအကွယ်ပေးပါ့မလား။ အကြမ်းဖက်တာကို လက်မခံရင် ABSDF နဲ့ KNU က အကြမ်းဖက်နေတယ်လို့ မပြောခင် ပြည်သူ့တပ်မတော်ဆိုပြီး လက်နက်နဲ့ ဘုန်းကြီးမရှောင်၊ ကျောင်းစိမ်းလုံချည်ဝတ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကလေးတွေကိုတောင် မရှောင်ဘဲ ရန်ကုန်မြို့တော် လူမြင်ကွင်းမှာ ဗြောင်ပစ်သတ်နေတဲ့ တကယ့် အကြမ်းဖက်သမားတွေကို အရင်ပြောပါ။ အဲဒါတွေက နိုင်ငံသိ၊ ကမ္ဘာသိမို့ ပြောတာ နယ်စပ်ဒေသတွေ ကျေးလက်ဒေသတွေမှာ လက်နက်ကိုင် သောင်းကျန်းနေတာကိုတော့ ပြောလည်း လက်ခံမှာ မဟုတ်လို့ မပြောတော့ပါဘူး။ အဲဒီရွာဟာ အိမ်ခြေ တထောင်ခန့်ရှိပြီး မြို့နဲ့သိပ်နီးတဲ့ဗမာရွာ၊ ကရင်ရွာမဟုတ် သူပုန်ရွာမဟုတ်ဘူး။ ဦးဖေသင်က အဲဒီရွာကနေ အဖမ်းမခံဘဲ ရှောင်ထွက်လာလည်း ဘယ်သူမှ ဘာမှပြောစရာ အကြောင်းမရှိဘူး ပြည်သူလူထုကို စစ်တပ်က ညှင်းဆဲတာဟာ ညှင်းဆဲတဲ့သူရဲ့ အပြစ်ပဲ ဖြစ်တယ်။ ဦးဖေသင် အပြစ်မဟုတ်ဘူး။ သူပုန်ကို ထောက်ခံတဲ့သူလည်း အဲဒီလို ညှင်းဆဲပိုင်ခွင့် မရှိဘူး။ ဘာလီမှာ ဗုံးဖေါက်တဲ့သူတွေနဲ့ ဘင်လာဒင်ကို ထောက်ခံတယ်ဆိုပြီး အော်စီက မူစလင်တချို့ ဆန္ဒပြကြတာကို အော်စီက ပုလိပ်တွေ မဖမ်းဘူး။ ထောက်ခံတာ ဘာမှလုပ်လို့မရဘူး လူတိုင်းမှာ အကြိုက်ကိုယ်စီ ရှိပါတယ်။ အကြိုက်ဆိုတာ လုပ်ကြံဖန်တီးလို့ မရသလို တားဆီးပိတ်ပင်လို့လည်း မရနိုင်ဘူး။ တစုံတယောက်ကို မကြိုက်လို့ ရှု့ပ်ချခြင်း ကြိုက်လို့ထောက်ခံခြင်း စတာတွေကို ဘာမှလုပ်လို့မရဘူး။ ဒါပေမဲ့ အဲဒီအကြိုက်က အများစုအတွက် (လက်တဆုပ်စာ အာဏာရှင်တွေအတွက်မဟုတ်) ထိခိုက်နေပြီး ဒါကို အကောင်ထည်ဖေါ်ရင်တော့ တားဆီးပိတ်ပင်တဲ့အနေနဲ့ အရေးယူလို့ရတယ်။ ဥပမာ ဘင်လာဒင်နဲ့ ဗုံးခွဲသမားတွေကို ထောက်ခံတယ်ဆိုတဲ့သူတွေ ကာရကံမြောက်ထလုပ်ဖို့ ကြိုးစားရင်တော့ လူအများစုကြီးကို ထိခိုက်နေတဲ့အတွက် ဖမ်းလို့ရတယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးကို ဦးတည်သွားနေတယ်ဆိုရင် ဒီသဘောတရားတွေကို နားလည်ဖို့လိုပါတယ်။

ကက်တလစ်ဘကြမ်း သို့
ABSDF ဆိုတာ ဘာကိုမှမျော်လင့်လို့ မွေးဖွားလာတာမဟုတ်ဘူး ၁၉၈၈ ကာလမှာ ကျောင်းသားတွေကို လမ်းပေါ်မှာခွေးလည်ပတ် အနီကြီးတွေ စည်းပြီး လုံစွပ်နှင့်ထိုးလို့ထိုး G3(BA63)မောင်းပြန်ရိုင်ဖယ်နှင့် ပစ်လို့ပစ်နေတဲ့ ခွေးဘီလူးအစိုးရ န၀တ အာဏာသိမ်းလိုက်တဲ့အချိန်မှာ တိုင်းပြည်ကို စစ်ခွေးတွေလက်အောက်က တွန်းလှန်ဖို့ ပေါ်ပေါက်လာတဲ့ တော်လှန်သောတပ်ဦး ဘာနိုင်ငံရေးအကျိုးခံစားခွင့်မျော်ကိုးပြီး ဘာအာဏာကိုမှ ရယူဖို့ရည်ရွယ်ဖွဲ့စည်းတာ မဟုတ်ဘူး ပြည်သူ့အစိုးရကို ဒီမိုကရေစီလမ်းစဉ်အတိုင်း ဖေါ်ဆောင်ခြင်တဲ့ ကျောင်းသားလူငယ်အရပ်သားတွေနှင့် ပေါ်ပေါက်လာတဲ့ ဘာမှတာဝန်မှမရှိတဲ့ဘ၀ကနေ ကိုယ့်အသက်ကိုယ်ပေးပြီး ယုံကြည်ချက်နှင့် တာဝန်ထမ်းဆောင်နေတဲ့ တပ်ဦး ကျနော်တခုဘဲ မေးခြင်တယ် ကက်သလစ်ဘကြမ်း က ကိုယ့်အမြင် ကိုယ့်ယုံကြည်ချက်ကိုတောင် တာဝန်ယူပြီး မဖေါ်ပြရဲဘူးဆိုတာကိုက အင်မတန်မှ ရှက်စရာကောင်းပါတယ် မြင့်မြတ်သောသူရဲကောင်းတွေရဲ့ ၀ိညဉ်တွေရှိတဲ့ သမိုင်းပုံရိပ်တွေနားကို ကက်သလစ်ဘကြမ်း မလာသင့်ဘူး သတ္တိရှိမှ စိန်ခေါ်ပါဗျ

ဦးဖေသင်လိုလူတွေဘယ်ဘက်မှာမဆို အများကြီးရှိနေ ကြပါတယ်။ မှန်တယ်မှားတယ်ဆိုတဲ့ဟါကိုဘါသါရေးရှုဒေါင့်ကကြည့်ရင်တမျိုး လေါကီဘက်ကကြည့်ရင်တမျိုး။ အဖြေရဘို့အဧိကဆိုတဲ့ နည်းကိုလက်စွဲကြတဲ့ အုပ်စုတစု အရာရှီတယေါက်အမိန့်ကြောင့် အကြောင်းရင်းမရှာနိုင်မဖြစ်စေချင်ပါဘူး မင်းကြည့်ရတါ တရားသဘေါလဲထိုက်သင့်သလေါက်ရှိ နေတါဘဲ။ မတရားဘူးဆိုတဲ့ဖြစ်ရပ်တွေ မဖြစ်တဲ့ ဖြစ်လါတဲ့အခါမထိန်းချုပ်တဲ့ အသက်ဟါဖက်ရွက်လေါက်တေါင်တန်ဘိုးမရှိတဲ့ဒေသတွေနေရာတွေ လူတွေအုပ်စုတွေမင်းကြုံဘူးမှာပါ။ယေါနီသေါမနသိကါယရှိပါစေလို့သါဆန်ဒပြုပါတယ်။ ငါက လူသတ်ဝါဒကိုဆန့်ကျင်တဲ့ကေါင်။ မတရားမှု့ကိုဆန့်ကျင်တဲကေါင်။ နိုင်ငံရေးနဲ့စစ်ရေးမှာ တချို့ကိစ်စတွေ မနှစ်မျို့စရာတွေများတယ်။ လေါကမှာမရုံးနိုင်သရွေ့တေါ့ မျှတအေါင်ကြည့်တတ်ရင် သက်သါမယ်။ နားလည်နိုင်မယ်ထင်ပါတယ်။ ဘယ်အဖွဲ့ကဘယ်လို ဘါတွေလုပ်ခဲ့တယ်ဆိုတါ သမိုင်းလဲရှိနေသလို အေဘီအက်စ်ဒီအက်စ်ဆိုတဲ့အဖွဲ့ဝင်ဟေါင်းတွေလဲ သိတဲ့သူသိကြပါတယ်။ ဆန်းစစ်တဲ့အခါမှာ လမ်းကြောင်းမှန်မှ အဖြေမှန်ရဘို့နီးမယ်လေ။ တိုင်းပြည်အေးချမ်းပြီးဘေါင်းဘီဝတ်မြင်တိုင်းမကြောက်ရတဲ့တနေ့ တို့တိုင်းသူပြည်သါးတွေ ရပါစေဆုတေါင်းပါတယ်။ အေးချမ်းသါယါစွါနဲ့ မြန်မါပြည်ဆိုတဲ့ တိုင်းပြည် ကမ်ဘါတည်သရွေ့တည်ပါစေ။

မြန်မာနိုင်ငံ ဗုံးခွဲတဲ့ဖြစ်စဉ်တိုင်းမှာ KNU နဲ့ ABSDF အဖွဲ့နှစ်ခုဟာ တစ်မျိုးမဟုတ် တစ်မျိုး ဆက်ဆက်နေတတ်တယ်...KNU ဆိုရင်လည်း သူတို့တပ်ရင်းမှာ အမေရိကန်နိုင်ငံသားတွေကနေပြီး မိုင်းခွဲ ဗုံးခွဲသင်တန်းမျိုးစုံသင်ပေးတယ်...ပြည်တွင်းမှာ ဗုံးခွဲမယ့်သူတွေကို KNUတပ်ရင်းတွေမှာသင်ကြားပေးပြီး ပြည်တွင်းကို ပို့လွှတ်တယ်...ကျိုက်ထီးရိုး ဘုရားပေါ်တတ် ပြည်သူတွေကိုသတ် ဘုရားပေါ်က အလှူငွေတွေကို ဓားမြတိုက်...ရထားကို မိုင်းခွဲ ပြည်သူတွေသတ် ဆက်ကြေးကောက်...

အဲဒီလိုအကြမ်းဖက်အဖွဲ့ဟာ ဘယ်တိုင်းရင်းသားပြည်နယ်မှာမှမရှိဘူး...ရွံ့ဖို့ကောင်းပါတယ်...အခြားတိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့အဖွဲ့တွေဟာ သူတို့ရည်ရွယ်ချက်တိုင်း တပ်မတော်ကိုပဲ တော်လှန်တယ် ပြည်သူကို လက်ဖျားနဲ့တောင်မထိဘူး..KNU တို့ ABSDF အကြမ်းဖက်အဖွဲ့တွေကတော့ နွားသိုးကြိုးပြတ်အလားပါပဲဗျာ....

မဟာသခင်ကြီး ကတ်သလစ်ဘကြမ်း

ကတ်သလစ် ဘကြမ်းရေ ကျွန်မ ဒီပို့စ်မှာ ဒီအကြောင်း အသသေးစိတ် ဘာမှ မဆွေးနွေးတော့ဘူး။ ကတ်သလစ်ဘကြမ်းလိုပဲ မောင်ပေါက်ကျိုင်းဆိုတဲ့ တယောက်ပြောလာတာကို ကျွန်မ ပြန်ဆွေးနွေးထားတာ ဒီမိုကရေစီကို လွဲမှားစွာ နားလည်နေသူများသို့ ဆိုတဲ့ပို့စ် http://nge-naing.blogspot.com/2010_04_01_archive.html ထဲမှာ ရှိပါတယ်။ အဲဒီက ဆွေးနွေးချက်တွေကိုပဲ ပြန်ပြောရမှာ ဖြစ်လို့ အဲဒီမှာ မောင်ပေါက်ကျိုင်းကို ကျွန်မ ပြန်ဆွေးနွေးထားတာကိုပဲ သွားဖတ်ကြည့်ဖို့ မေတ္တာရပ်ခံပါတယ်။ တခုတော့ ပြောထားမယ် ကျွန်မဘလော့ဂ်မှာ ဆွေးနွေးတာကိုပဲ လက်ခံပါတယ်။ အမြင်မတူတဲ့ သဘောထားတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ ကြိုက်သလို ဆွေးနွေးလို့ ရပါတယ်။ တဘက်သတ် တိုက်ခိုက်မှုကို ရှောင်ရှားပေးဖို့ စာဖတ်သူတိုင်းကို မေတ္တာရပ်ခံထားပါတယ်။

စိတ်မကောင်းစွာ ဖတ်သွားပါတယ်... ဦးဖေသင်ဆိုတာ အရင်က စာရေးဆရာလားဟင်?

KNU n ABSDF ဆိုတဲ့အဖွဲ့တွေဟာ ဘာတွေလဲဆိုတာ ခင်ဗျားသိသွားပြီမဟုတ်လား..ခင်ဗျားကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့တဲ့ ခင်ဗျားကတော့ ကိုယ့်ဘက်ကို ကာကွယ်ပြီး သူတော်ကောင်းပုံစံနဲ့ရေးမှာပဲ..ဘယ်လိုပဲဖုံးဖုံး ကျုပ်တို့ပြည်သူတွေကတော့ သိနေပြီးသားပါဗျာ

ကတ်သလစ်ဘကြမ်း

Rose ရေ ဦးဖေသင်က စာရေးဆရာ မဟုတ်ပါဘူး။ အရင်က ကျွန်မတို့ မြို့နယ်မှာ ဘောလုံးသမားတယောက်လို့ သိရတယ်။ ဒါကြောင့်ပဲ သင်တန်းမှူးလုပ်ပြီး ဘောလုံးပွဲတွေ့တော့ အိနြေ္ဒမဆည်နိုင် ဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။ ဦးတပ်ပြီးခေါ်ပေမဲ့ ကျွန်မတို့ထက် ၇ နှစ်ထက် ပိုကြီးမယ်မထင်ဘူး။ ကျွန်မတို့ဒေသမှာ မိန်းကလေးတွက မိမိထက် ကြီးတဲ့ ယောက်ျားလေးတွကို ကိုတပ်ပြီး သိပ်ခေါ်လေ့မရှိဘူး။ နောင်တို့ ဦးတို့ပဲ တပ်ပြီးခေါ်ကြတာ များပါတယ်။ ဒါကြောင့် ကိုဖေသင် မခေါ်ဘဲနဲ့ ဦးဖေသင် ဖြစ်နေတယ်၊ အသက်ကြီးလို့ ခေါ်တာမဟုတ်ဘူး။

Ye Min Tun - ၀င်ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။

Anonymous လိုပဲ ယူနီဖေါင်းဝတ်တွေကို အရပ်သားက ကြောက်စရာမလိုတဲ့ ခေတ်ရောက်ပါစေလို့ ကျွန်မလည်း ဆုတောင်းပါတယ်။

ကတ်သလစ်ဘကြမ်း- ကျွန်မက KNU တို့ ABSDF တို့ ဘာတွေလဲဆိုတာ အတူလက်တွဲပြီးလုပ်လာ၊ ကိုယ်တိုင်လည်း ပါဝင်လာလို့ သိပါတယ်။ ကတ်သလစ် ဘကြမ်းကိုယ်တိုင်ပဲ ဘယ်သူဘာလဲဆိုတာ သိအောင်ကြိုးစားဖို့လိုပါတယ်။ အကြမ်းဖက်တာကို ဆန့်ကျင်တဲ့သူဆိုရင် ဘယ်သူပဲဖက်ဖက် ဆန့်ကျင်ရမှာဖြစ်တယ်။ ကိုယ့်အဖေ၊ ကိုယ့်အရှင်သခင်၊ ကိုယ့်ဆရာသမား အကြမ်းဖက်တာကိုတော့ ကောင်းတယ် တခြားလူ အကြမ်းဖက်တာကိုတော့ မကောင်းဘူး လုပ်လို့မရဘူး။ ရှင်ပြောတဲ့ KNU နဲ့ ABSDF အကြမ်းဖက်တယ်ဆိုတာလည်း ရှင်ကိုယ်တိုင် သိတာထက် အပေါ်က ဗြောင်လိမ်ဗြောင်စား သခင်တွေ ပြောတဲ့အတိုင်း လိုက်ပြောတာပဲ ဖြစ်နိုင်လို့ အခြေအမြစ်မရှိဘူး။ ကျွန်မတို့ အဖွဲ့အစည်းတွေမှာ မူဘောင် အတိအကျရှိပါတယ်။ အဖွဲ့ကို ကိုယ်စားပြုပြီး အကြမ်းဖက်တယ်ဆိုတာ မရှိဘူး အဲဒီအောက်မှာ ရှိတဲ့ တချို့အစွန်းရောက်တဲ့ တပ်မှူးတချို့ကြောင့် ခြေလွန်လက်လွန် ဖြစ်တာမျိုးတွေကိုလည်း ဥပဒေအတိုင်း အရေးယူပါတယ်။ ခြောက်ပစ်ကင်း သဲလဲစင်လို့ ကျွန်မ မပြောလိုဘူး။ ကျွန်မ အတွေ့အကြုံအရ ရှေ့တန်းဒေသတွေမှာ အဲဒီလို အပြစ်မရှိတဲ့ ရွာသားတွေကို ရန်သူ့လူဆိုပြီး သတ်ခဲ့ဖူးတဲ့ ကျွန်မတို့အဖွဲ့အစည်းထဲက တပ်မှူးတွေဟာ အလင်းဝင်သွားတာပဲ များပါတယ်။ အဖွဲ့အစည်းတိုင်းမှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိပါတယ်။ ရန်သူကို ရန်ငါစည်း ပြတ်ရမယ်ဆိုပြီး ရန်သူ့လူအထင်နဲ့ သတ်ဖြတ်ခဲ့ဖူးတဲ့ တပ်မှူးတွေဟာ အဖွဲ့အစည်းထဲမှာ ရေရှည်မခံဘူး။ အဖွဲ့အစည်းထဲမှာ ဆက်ရှိနေရင် လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ အပြစ်ပေးအရေးယူခံရမယ်။ အလင်းဝင်သွားတော့ အကုန်လုံး အပြစ်ကင်းလွတ်သွားတယ် ဆိုတော့ နောက်ဆုံးတော့ ဒီလို ရန်ငါစည်းပြတ်ရမယ်ဆိုပြီး အကြမ်းဖက်တတ်တဲ့ သူတွေပဲ အလင်းဝင်သွားတာ များပါတယ်။ ကျွန်မဆိုလိုချင်တာ အကြမ်းဖက်တာ မရှိမဟုတ် ရှိပါတယ်။ အဖွဲ့နဲ့မဆိုင်ဘူး Individual နဲ့ပဲဆိုင်ပါတယ်။

စစ်တပ်က အကြမ်းဖက်တာကျတော့ရော အပေါ်ကနေ အမိန့်ပေးပြီးအကြမ်းဖက်တာ။ အဲဒါအဖွဲ့နဲ့ဆိုင်တယ်။ မြို့ပေါ်မှာ ဗြောင်ပစ်သတ်ဖို့ အမိန့်ပေးသလို နယ်တွေမှာ လူထုကို နယ်မြေသိမ်း၊ လျှော်ကြေးပေးဘဲ ဟိုရွှေ့ဒီရွှေ့လုပ်ခိုင်း၊ အဓမ္မခိုင်းစေ၊ ရှေ့တန်းဒေသတွေမှာ ထင်သလို လုပ်ခွင့်ပေးထားတာတွေ အဲဒါနိုင်ငံတော် အဆင့်ကနေ အားပေးအားမြှောက်လုပ်နေတာတွေ၊ ရှေ့တန်းမှာ စရိုက်ကြမ်းတဲ့ တပ်မှူးတယောက်က ကျူးလွန်ခဲ့တဲ့ အပြစ်တွေမဟုတ်ဘူး။ အဲဒီတော့ ကတ်တလစ်ဘကြမ်းကို ကျွန်မ အကြံပြုလိုတာက ငါ့သခင်မို့ အကြမ်းဖက်တာ အပြစ်မရှိဘူး ငါမုန်းသူမို့ အကြမ်းဖက်တာ အပြစ်ရှိတယ်ဆိုတဲ့သဘောထားက မမျှတဘူး။ တရားမျှတမှုကို လိုလားသူဖြစ်ရင် မျှမျှတတ ဖြစ်အောင် စစ်တပ်က လုပ်နေတာကိုပါ လေ့လာပါ။ အကြမ်းဖက်တာကို တဖက်တာ တဖက်ကိုအားပေးတယ် တခြားတဘက်ကိုကျတော့ မတရားဘူး ပြောတယ်။ အဲဒီလို သဘောထားနဲ့ တဖက်ကို နှိမ်နှင်းလည်း ခဏပဲရမယ် ရှင့်သားသမီးတွေ မြေးမြင့်တီတွတ်လက်ထက်အထိ တိုင်းပြည်တပြည်လုံး ဒုက္ခဆင်းရဲတွင်းက လွတ်မှာမဟုတ်သလို ရှင့်ရဲ့ နောက်ဖြစ်လာမဲ့ မြေးမြင့်တီတွတ်တွေအထဲမှာလည်း ကျွန်မတို့လို ရှင်လက်ခံနေတဲ့ စနစ်ကြီးကို ဆန့်ကျင်တဲ့ New generation တွေပေါ်လာဦးမှာဖြစ်တယ်။ ဒီအခြေအနေကြောင့် ဒါဖြစ်လာတာကို လယ်သူမှ တားလို့မရဘူး။ အဲဒီရဲ့ တရားခံဟာလည်း ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ကိုယ့်နဲ့ မဆိုင်တဲ့နေရာမှာ ၀င်ပါချင်တဲ့ ပါလေရာ စစ်တပ်သာလျှင်ဖြစ်တယ်။ ဒါကို ရှင်လေ့လာပါ။

Yes, you're right Catolit Bajarn.

All armed people are terrorists.

Hey, wait a second!

Who are you Catolit Bajarn?
This is not right. You should give your name and url address!
We should not hide ourselve under skirts while commenting others.

Anyway you don't need to give your effort to discredit those people!
We already lied everything in our 'Myanma Dark' newspaper!

By the way, visit my site to learn some dirty tricks so that we can join our hands to fight those snobs in future, bro.

ကဲကဲ ABSDF ကအပြစ်မဲ့ပြည်သူလူထုကို သတ်ခဲ့တယ် မသတ်ခဲ့ဘူး debate မလုပ်ခင် မြောက်ပိုင်း ABSDF မှာ အချင်းချင်း ဘာအပြစ်မှ ထင်ထင်ရှားရှားမရှိဘဲ ဘာမှန်းမသိတဲ့ဥပဒေနဲ့ မိန်းမတွေ ကိုပါ ရက်ရက် စက်စက် စစ်တပ် သူလျိုတွေလို့နာမည်တပ် သတ်ဖြတ်ခဲ့တာလေး လဲသိအောင် တင်ပေးပါဦး။
အဲ့ဒါသူတို့လုပ်တာ.. ABSDF မဟုတ်ဘူးလို့တော့ ထမင်းရည်ပူလျှာ မလွှဲပါနဲ့တော့။
အဲ့ဒီတုံးက ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဆိုသူ ABSDF ထိပ်ပိုင်းက တစ်ယောက် က အခုတော့လည်းနိုင်ငံတစ်ခုမှာ အကြမ်းမဖက်လူ့အခွင့်အရေးလှုပ်ရှားသူ ဆိုပြီးပိုက်ဆံတွေတောင်းနေပြန ပါပေါ့လား။
စစ်အာဏာရှင်ရက်စက် ကြမ်းကြုတ်တာတော့အားလုံးအသိမို့ စာရှည်မှာစိုးလို့ထည့်မရေးတော့ဘူး။ လူမဟုတ်တာ လူတိုင်းသိပြီးသားပါ။

အင်း မရေးချင်ပင်မင့် ရေးရအုံးမယ် မိငယ်နိုင်ရေ။ စစ်တပ်ကလုပ်တါကြတေါ့ အထက်ကအမိန့်ပေးလုပ်တါ တဲ့လါး၊ မင်းကက်သလစ်ဘကြမ်းကိုပြောသလိုဘဲပြန်စဉ်း စါးကြည့်ပါလေ။ တပ်မတော်တခုဟါမူနဲ့ဘေါင်နဲ့ရှိတယ်။ အစဉ်အလါလဲရှိတယ်။ဖွဲ့စည်းထါးတါလဲပြည်သူတွေရဲ့ သါးသမီးတွေနဲ့ဘဲ။ ဒီတပ်မတော်ဟါဒီလေါက်ရုပ်မါဆိုး သွမ်းနေရင်ကြာရှည်မခံပါဘူး။ အနှစ်ခြောက်ဆယ်မပြော နဲ့ ၁၀နှစ်တေါင်မခံပါဘူး။ ဒီစီဘေါက်ရေးတါလေါက်နဲ့ တေါ့ သမိုင်းစဉ်ချီမပြောနိုင်ဘူးလေ။ ပြောချင်တါအဓိက ကဘက်မျှအေါင်ကြည့်တတ်ပါစေ။ နိုင်ငံတော်တ၀ှမ်း လုံးအနေအထါးခေတ်ပြိုင်နိုင်ငံရေးဒေသန်တရနိုင်ငံရေးအခြေအနေအမှန်တွေကိုသုံးသတ်ပြီး ဖြစ်စဉ်တွေကို ဘါကြောင့်ဖြစ်လဲလို့အဖြေရှာရင်ကေါင်းမယ်။ မုန်းတီးရေးတရားတွင်တွင်ဟေါပြီး တပ်မတော်တခုလုံး အနေနဲ့ပြောရင် မင်းတို့အဖွဲ့တွေိကိုလဲပြန်လည်ဆန်းစစ်မှု့လုပ်ကြည့်ပါအုံး။လွတ်လပ်တဲ့ သတင်းဖြစ်ရပ်မှန်တွေနဲ့ညှိပြီးတေါ့ပေါ့ကွါ။ လါးရှိုးဘက်မှာတပ်ရင်းမှုးဖြစ်ခါနီးအရာရှိတယေါက် အမှားတခုလုပ်မိလို့(ရိုက်မိလို့)ဘ၀ပျက်လုနီးပါး တသက်စါအတွက်အရေးယူခံရတါတွေ သေချာလေ့လါ ကြည့်ပါအုံး တပ်မတော်ရဲ့စည်းမျဉ်းနဲ့ မူဝါဒကို။ အေး အဲဒီလိုပြောလို့ခြောက်ပြစ်ကင်းမထင် နဲ့ ရှေ့နေလိုက်တယ်လဲမထင်နဲ့။ တပ်မတော်ဟါ စင်းလုံးချောဖြစ်ရင်တေါ့အကေါင်းဆုံးပေါ့ မတထေါင်သါးနဲ့ဖွဲစည်းထါးပြီး စစ်ရေးကိုအဓိကထါး နေခဲ့ရတဲ့သမိုင်းဖြစ်စဉ်မှာ အသုံးမကျတဲ့အဖြစ်တွေ တပုံကြီးရှိခဲ့မယ်။ ခံယူချက်နဲ့ ခံစါးချက်ကွဲရင် နိုင်ငံရေးလုပ်တါပီပြင်ကြာရှည်တါပေါ့။
သါမန်လူသါးတဦး

ပထမ Anonymous - ကျွန်မက ကျွန်မတကယ်သိပြီး ကျွန်မနဲ့ အတူတိုက်ပွဲဝင်လာဖူးတဲ့ သူတွေနဲ့ ပတ်သက်လို့ အမှတ်တရလေးတွေ ရှိနေတာတွေကို ဘလောဂ်မှာ မှတ်တမ်းအဖြစ် သိမ်းထားရင်း မျှဝေတာသာ ဖြစ်တယ်။ ABSDF သမိုင်းကို ရေးနေတာ မဟုတ်ဘူး။ အဲဒီတုန်းက ကျွန်မတို့အဖွဲ့အစည်းမှာ သေဒဏ်ပေးရင် အဆင့်ဆင့် အယူခံဝင်ပိုင်ခွင့်ရှိလို့ မြောက်ပိုင်းမှာ ဖြစ်သွားတာနဲ့ ပတ်သက်ပြီး လုံးဝမှားတယ်၊ လုံးဝမဖြစ်သင့်ဘူး ကျွန်မတို့အဖွဲ့အစည်းမှာ တကယ်ကို ကြီးမှားတဲ့ မှားယွင်းမှု အမဲစက်ကြီးတခုဆိုတာ ကျွန်မလက်ခံတယ်။ ဒါပေမဲ့ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ လက်ညိုးထိုးဖို့ကျတော့ အဲဒီတုန်းက ညီလာခံသက်တမ်း နှစ်ခုကြား အဖွဲ့အစည်းကွဲတဲ့ စပ်ကူးမတ်ကူးမှာ ဖြစ်တော့ ခေါင်းဆောင်တွေကလည်း တဘက်ကိုတဘက် လွှဲချနေလို့ ရဲဘော်တွေကြားထဲမှာ အခုထိ မရှင်းဖြစ်နေခဲ့တာလည်း အမှန်ပဲ ဖြစ်တယ်။ အဲဒီတုန်းက ကျွန်မလည်း ဗဟိုမရောက်ဖူးသေးဘူး၊ ကျွန်မရဲ့ မိခင်တပ်ရင်းမှာတောင်မှ နောက်တန်းမှာ ရှိတဲ့အချိန်နည်းပြီး ရှေ့တန်းမှာပဲ ရှိတဲ့အချိန်ဖြစ်တယ်။ ကိုယ့်တပ်ရင်းမှာ ဖြစ်သွားတာမဟုတ် ဗဟိုမှာ ဖြစ်သွားတာလည်း မဟုတ် မြောက်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စဖြစ်လို့ တောင်ပိုင်းအစွန်ဆုံး တပ်ရင်းက သာမန် ဆေးမှူးရဲဘော်တယောက်သာ ဖြစ်တဲ့ ကျွန်မအနေနဲ့ မသိတာ မဆန်းပါဘူး။ ဒါကြောင့် ကျွန်မကို ဒီအကြာင်း လာမေးနေလို့ ဘာမှ မထူးပါဘူး။ ကျွန်မဘလော့ဂ်မှာ ရေးတာ ကျွန်မနဲ့ ဆိုင်တာ ပတ်သက်တာကိုပဲ ဘ၀ဖြတ်သန်းမှု အစိတ်အပိုင်းအနေနဲ့ ရေးပါတယ်။ အခု ကိုဖေသင်နဲ့ ပတ်သက်ပြီး ဖြစ်သွားတာကို ကျွန်မ အတိအကျသိလို့ ရေးပါတယ်။ မြောက်ပိုင်းက အကြာင်း သိချင်ရင်တော့ Anonymous က သိတယ်ထင်တဲ့သူတွေပဲ သွားမေးသင့်ပါတယ်။

သာမန်လူသားတဦးလို့ ပြောထားတဲ့ Anonymous - အခုချိန်မှာ ကျွန်မလည်း Anonymous လို သာမန်လူသားတဦးပါပဲ။ ကျွန်မက စစ်တပ်အကြောင်း ပြောတာတွေက မဟုတ်မဟတ် ပြောတာ တခုမှ မဟုတ်ဘူး။ မြို့လယ်ခေါင်မှာ အပြစ်မရှိတဲ့အရပ်သား၊ ဘုန်းကြီးတွေကို ပစ်သတ်တာ အမိန့်မပေးတာ မဟုတ်ဘူးလား။ အတင်းအဓမ္မ Relocation လုပ်တာ၊ မြေယာတွေ သိမ်းတာ၊ လုပ်အားပေးတွေ၊ ပေါ်တာတွေ စေခိုင်းလို့ မိမိစားဝတ်နေရေးကို ပစ်ပြီးလိုက်လုပ်နေရတာ အမိန့်အရ မဟုတ်ဘူးလား။ အမိန့်အရ မဟုတ်ဘူးဘဲ ထားလိုက်တော့ အမိန့်အရ မဟုတ်ရင် အဲဒါ Neglect ပဲ။ နယ်တွေမှာ စစ်တပ်က လုပ်ချင်သလို လုပ်နေတာကို ခုနက Anonymous ပြောသလို လားရှိုးမှာ အရေးယူတယ်ဆိုတာ အဲဒါကောင်းတယ်။ အဲသည်လိုမျိုး နေရာတိုင်းမှာ အရေးယူရမယ် အခုဘာမှ အရေးမယူတော့ စစ်တပ်က ရှေ့တန်းဒေသတွေမှာ လိုင်စင်ရ ရာဇ၀တ်မှု ကျူးလွန်သူတွေ ဖြစ်နေတယ်။ Anonymous ကို သေနတ်နဲ့ ထောက်ပြီး ဒါမှမဟုတ် ရင်ဝကို ဓါးမြှောင်နဲ့ ထောက်ပြီး မလှုပ်နဲ့လို့ ချိန်ထားရင် Anonymous က လှုပ်ရဲမှာ မဟုတ်ဘူး အခုလည်း အဲဒီလိုပဲ စစ်တပ်ကြာကြာ ခံနေတယ်ဆိုတာ ဒီလိုမလှုပ်ရဲအောင် သေနတ်နဲ့ ချိန်ထးလို့ဆိုတာလောက်တော့ သာမန်လူသားတဦးအနေနဲ့ သိသင့်ပါတယ်။

အမြင်တခုကိုဖွဲ့စည်းထါးပြီးပြီဆိုရင်တေါ့ အဲဒီအမြင်နဲ့သါ ဘါလါလါတို်င်းမယ်ဆိုရင်တေါ့ ဆွေးနွေးနေလဲအပိုပါဘဲ။ အမိန့်ပေးတယ်ဆိုတါအခြေအနေနဲ့အချိန်အခါရှိတယ်။ အထက်ကပြောခဲ့သလိုဘဲGeopolitical situation နဲ့တို့တိုင်းပြည်ရဲ့ခေတ်အဆက်ဆက် သေါင်းကျန်းသူတွေအကြောင်းလေ့လါမှပြည့်စုံလိမ့်မယ်။ စစ်တပ်လုပ်တါမြင်သါတယ်။တူညီဝတ်စုံဝတ်ထါးပြီးဥပဒေ ဆိုတဲ့ဘေါင်ကလွတ်တါနဲ့။ မှားတယ်မှန်တယ်ဆိုတါအမဲရောင်နယ်မြေမှာ စစ်ဆင်ရေး ဦးတည်ချက်နဲ့ဆုံးဖြတ်ကျတါများပါတယ်။ အမေရိကန်စစ်တပ်ဘဲဖြစ်ဖြစ် မြန်မါစစ်တပ်ဘဲဖြစ်ဖြစ်။ ဒါပေမဲ့အုပ်ထိန်းတဲ့အရာရှိ အကြပ်နဲ့ နယ်မြေအခြေအနေကိုထည့်စဉ်းစါဘို့လိုမယ်။ ဒီလေါက်ပါဘဲ။ သုံးသပ်ချက်ဟါဘက်မျှရမယ်။ ဆက်စပ်မှု့ရှိရမယ်။အဓိကနဲ့သါမည ဆက်စပ်နေတဲ့ variables တွေကိုတွက်ဆပြီးအဖြေထုတ်တါကေါင်းပါတယ်။ မုန်းတီးရေးဆန့်ကျင်ရေး အခြေခံသက်သက်နဲ့ ဒီစံနစ်ကို ပြောင်းချင်တယ်ဆိုရင်တေါ့ နောက် နှစ်ပေါင်း ၂၀၀၀ ကြိုးစါးကြည့်ကြပါ။
သါမန်လူသါး

သာမန်လူသားရေ
ကျွန်မလည်း မုန်းတီးရေးမှန်သမျှကို ဆန့်ကျင်သူဖြစ်တယ်။ ကျွန်မပြောနေတာတွေကလည်း အမြင်တခုတည်းကို ပြောနေတာမဟုတ် ပကတိဖြစ်နေတာကိုသာ ပြောတာဖြစ်တယ်။ တပ်မတော် အကြောင်းကို သာမန်လူသားထက် ကျွန်မက ပိုသိတဲ့အတွက် စစ်တပ် သူ့နေရာသူ ပြန်မရောက်မချင်း သူ့အလုပ် သူပြန်မလုပ်မချင်း တပ်မတော်ရဲ့ စေတနာတွေအကြောင်း ကျွန်မကို မဆွေးနွေးတာပဲ ကောင်းပါတယ် ဆိုတာ ကျွန်မလက်ခံတယ်။ သာမန်လူသား ဆွေးနွေးမည့်အရာတွေကိုလည်း ကျွန်မက သိထားပြီးသား ဖြစ်နေတယ်။ ကျွန်မကိုယ်တိုင်ကလည်း တပ်မတော်ရဲ့ စေတနာဆိုတာကို အမှန်အတိုင်း နားလည်သွားလို့ မိဘ ညီအစ်ကို မောင်နှမတွေနဲ့ ဆန့်ကျင်တဲ့ အလုပ်ကို ၈၈ ကစပြီး လုပ်ဖြစ်သွားခဲ့တာ ဖြစ်တယ်။ ဒါကြောင့် သာမန်လူသားမသိသေးတာကိုပဲ ဆက်လေ့လာဖို့ ကျွန်မအကြံပြုပါတယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။

အပေါ်ကပို့စ်မှ မှတ်ချက်တခု ထဲမှာ ကျွန်မဘလော့ဂ်က ခွေးချေးပုံဖြစ်နေပြီလို့ ပြောထားတာ ရှိပါတယ်။ အဲဒီလို ခွေးချေးပုံ ဖြစ်အောင်အောင်လည်း အဲဒီခွေးတွေကိုတိုင်က ချေးလာပါနေလို့ ချေးလာပါနေတဲ့ ခွေးတွေ အားလုံးကို မောင်းထုတ်လိုက်ပါတယ်။

လူမိုက်ကို ရှောင်ရမယ်ဆိုတဲ့ ဘုရားဟောအတိုင်းပဲ ကျွန်မအချိန်တွေကို ကုန်ခံပြီး လူမိုက်တွေကို အဖက်လုပ်ကာ ပြန်ဖြေရှင်းနေဖို့ အချိန်မပေးနိုင်ပါ။ ကြိုက်ရင်ဖတ် မကြိုက်ရင် ပြန်သွားနိုင်ပါတယ်။ သူများအိမ်ကို လာပြီးလူတွင်ကျယ်လာလုပ် ပို့စ်နဲ့ မဆိုင်ဘဲ စော်ကားမော်ကား လာပြောတာကို ဘယ်သူမှ ခွင့်ပြုမှာ မဟုတ်ဘူး။ အဲဒီတော့ ဆောရီးပဲသာမန်မဟုတ်သူနဲ့ ကတ်တလစ်ဘကြမ်း။ ရှင်တို့ အပေါ်မှာ ရေးထားတာတွတောင် ကျွန်မပို့စ်နဲ့ မဆိုင်တာတွေ အများကြီးပါနေပြီ။ ဖျက်လိုက်တဲ့အထဲမှာ မူရင်းပို့စ်နဲ့ ဘာမှမဆိုင်ဘဲ ဦးတည်ချက် ပြောင်းအောင် လျှောက်လုပ်နေတာတွေကြောင့် ဖျက်လိုက်တဲ့ မှတ်ချက်တွေမှာ ရှင်တို့ပေးလိုက်တဲ့ အချိန်တွေအတွက် စိတ်မကောင်းပါဘူး။ အပြုသဘောဆောင်တဲ့ စာမျိုး ရေးတတ်မှ ကျွန်မဆီမှာ လာရေးတော့။

အင်းဒို့ကတေါ့မင်းတို့လိုအတွေးအခေါ်လွဲမှားနေ တဲ့မိန်းကလေးမိုက်တွေကိုမေတ်တါရှေ့ထါးသင်ပြပေးဘို နိုင်ငံသါးတယေါက်အနေနဲ့တါဝန်ရှိတယ်လေ။
တခွန်းဘဲနားလည်အကျိုးရှိမယ် လါဖတ်တဲ့သူရှိလဲ တွေ့သိသွါးမယ်ဆိုတေါ့ အချိန်ကုန်ခံကုသိုလ်ယူတယ်ဘဲ သဘေါထါးပါတယ်။
တဘက်သတ်တိုက်ခိုက်မှု့မလုပ်ပါနဲ့တဲ့လါး။ ပြန်လဲစဉ်းစါး ကြည့်ကြပါဦးကွယ်တို့ရေ။ အများဆုံးဖြတ်နိုင်ဘို့သတ်တိ ရှိတယ်ဆိုရင် အါးလုံးကို အင်တါနက်မှာချပြကြည့်လေ။ဘယ်သူတွေ ကဘယ်လိုရေးထါးတယ်ဆိုတါသိရအေါင်။

တခုမေးချင်လို့ပါ။ အဲဒီစစ်တပ်ကတရွာလုံးကိုတနေ ရာထဲမှာစုပြီးရိုက်နှက်မေးတါလါး တအိမ်ဝင်တအိမ်ထွက် လုပ်နေတါလါး။ ရေးထါးပုံ အရဆိုရင်ရွာသါးအါးလုံးကို တနေရာထဲမှာစုပြီးမေးတဲ့သဘေါဘဲ အဲတါဆို အဲဒီကို ဖေသင်ကိုဘယ်ရွာသါးကတါးနေတါပါလိမ့် စစ်တပ်ရှေ့မှာဘဲတါးနေတါလါး
သါမန်လူသါး

သာမန်မဟုတ်သူရေ - အလှူမှာ ဖြစ်တာ။ မြန်မာပြည်မှာ နယ်က ရွာတွေမှာ အလှူလုပ်ရင် တရွာလုံး မီးခိုးတိတ် ဘယ်သူမှ ထမင်းမချက်စားဘူး အဲဒီအလှူအိမ်က မဏ္ဍတ်မှာ အကုန်ရှိကြတယ်။ အဲဒီမှာ စစ်တပ်က ၀င်သောင်းကျန်းတာ။ စစ်တပ်က စုမှတော့ ကိုဖေသင်က အရူးမှမဟုတ်တာ ထွက်ပြေးပြီပေါ့ ဘယ်သူက အဖမ်းခံမလဲ။ ရွာသားတွေက အကာအကွယ်ပေးထားကြတာ ကိုဖေသင်ကို စစ်တပ်က မတွေ့အောင် အရှေ့ကကာထားတာ အဲဒီအချိန်မှာ သူက ထွက်အဖမ်းခံတာ ရှင်းပြီထင်တယ်။ အခုလို ရှင်းပြခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒါ ပို့စ်နဲ့ ဆိုင်တဲ့ မေးခွန်းဖြစ်နေလို့ ဖြေပေးတာနော့်။ အတွန့်တက်လာပြီး မဆိုင်တာတော့ ထပ်လာမရေးနဲ့ လက်ခံမှာမဟုတ်ဘူး။ ကျွန်မက ရှင်တို့ ရိုင်းလို့ မဟုတ်တာ လာရေးပြီး ပြဿနာလာရှာလို့သာ ဖျက်ရတာ။ ကျွန်မ အတွေးအခေါ်မှားနေတယ် ထင်ရင်လည်း မှားနေတဲ့အတိုင်းပဲ ဥပက္ခာ ပြုထားလိုက်ပါ။ ဘုရားတောင်မှ ချွတ်လို့ ကျွတ်တဲ့သူကိုပဲ ချွတ်တယ်မဟုတ်လား။ ကျွန်မကို နအဖဘက်ကနေ ဘုန်းကြီးလိုလို ဘာလိုလို လာလုပ်နေလို့ အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။

သူရဲကောင်းဦးဖေသင်ကောင်းရာသုဂတိလားပါစေ။

ထပ်တူထပ်မျှဆုတောင်းပေးပါသည်။

ကိုခိုင်

ဒီတစ်ပုဒ်ဖတ်ပြီးတာကြာပေမယ့် ခုမှ မှတ်ချက်ရေးဖြစ်တော့တယ် အစ်မရေ။
တောတွင်းအတွေ့အကြုံလေးတွေ ဖတ်ရတာ စိတ်ဝင်စားပါတယ်။
အားရင်၊ သတိရလာရင် သတိရသလောက်လေးတွေ ရေးချထားပါလား..။

:) နဲ့ ကိုခိုင် လာအားပေးတာ ကျေးဇူးတင်ပါတယ်။ တော်လှန်ရေးမှာ ကျွန်မကို ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း ရသတွေ ပေးခဲ့ဖူးသူတွေ မရှိတော့တဲ့သူတွေရော သက်ရှိထင်ရှားရှိနေသူတွေပါ အများကြီး ရှိပါတယ်။ ဒီလူတွေအကြောင်း အမှတ်တရလေးတွေအဖြစ် အမှန်အတိုင်းရေးပြီး ဘလော့ဂ်မှာ သိမ်းထားဖို့ ရှိပါတယ်။ ဒီအမှန်တရားတွေ လူသိမှာစိုးလို့ စိုးရိမ်တကြီးနဲ့ ကျွန်မကို ပြဿနာ လာရှာနေတဲ့ ရုရှားက ကတ်တလစ်ဘကြမ်းနဲ့ ဘယ်ကမှန်းမသိတဲ့ သာမန်လူသားတို့လို အ၀ိဇ္ဇာ ဖုံးလွှမ်းနေတဲ့ သူတွေအတွက်တော့ ဆောရီးပဲ။

(((((ဒီလိုဆိုရင် ခင်ဗျားဟာ မိမိအမှားကိုလည်းထောက်ပြတာဝန်မခံ မှားနေတာကိုလည်းသိနေတယ်...ဒါကို ဘယ်သူပြောပြောလက်မခံဘူး မှားနေတယ်လို့မြင်နေတယ်...
နောက်ဆုံးတော့ ခင်ဗျားလည်း ဘုရားချွတ်တောင်မှ ကျွတ်မယ့်လူမျိုးမဟုတ်ဘူး...
ငါပြောတာပဲအမှန် ငါ့နဲ့အမြင်မတူရင် ငါ့ရန်သူလို့မြင်နေမှတော့ ခင်ဗျားက အမှန်တရားကို ဘယ်မြင်နိုင်ပါ့မလဲ...ခင်ဗျားဟာ ရိုးမလိုလိုနဲ့လည်သူ ယဉ်ကျေးမလိုလိုနဲ့ ရိုင်းနေသူတစ်ယောက်ဖြစ်နေတယဆိုတာခင်ဗျားစကားတွေကသက်သေခံနေတယ်...

ကျုပ်တစ်ခုဆုတောင်းပေးခဲ့ခြင်တာကတော့ ဘုရားချွတ်လို့မှမရတဲ့အထဲမှာ ခင်ဗျားမပါမိစေဖို့ပါပဲ...

မေတ္တာစေတနာဖြင့်
ကတ်သလစ်ဘကြမ်း ))))))

သူ့ဘက်ကကြည့်တော့ လက်ဖ၀ါး၊ ကိုယ့်ဘက်ကကြည့်တော့ လကဖမိုး၊ ကျွန်မ အမှန်တိုင်း ရေးထားတာကို ရှင်တို့က လက်မခံဘဲ ပြဿနာလာရှာနေတာကိုတော့ ကျွန်မ ပြန်လက်ခံစရာ အကြောင်း မရှိပါဘူး။ ဘလော့ဂ်မှာ စာလာဖတ်နေသူတွေကို ရှင်တို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပြီး မလာအောင် ရည်ရွယ်ချက် ရှိရှိနဲ့ လာလုပ်နေတဲ့ ရှင်တို့ရဲ့ မှတ်ချက်ကို ကျွန်မ လက်မခံဘူး။ သာမန်လူသားဆိုသူကလည်း ဦးဖေသင်ကို သတ်တဲ့ တပ်မှူးနဲ့ နာမည်နာမည် မေးထားပါတယ်။ သိချင်ရင်လည်း ၉၁ ခုနှစ်က ဒေါင်းအိုးဝေစာစောင်တွေ ရှာတွေ့ရင် တလချင်း ပြန်ရှာကြည့်ပါ။ ကျွန်မလည်း မမှတ်မိတော့ဘူး။ ဒီလိုအဖြစ်အပျက်တွေက ရှေ့တန်းစစ်မြေပြင်တွေမှာ စစ်တပ်က လုပ်နေကျ ပြည်သူကို ညှင်းဆဲနေကျ၊ ဒါကြောင့်ပဲ လူမျိုးစု တော်လှန်ရေးတွေ ပေါ်ပေါက်လာတယ်ဆိုတာ ရှင်တို့မှ မသိသေးတာ လေ့လာပါလို့ ကျွန်မ အကြံပြုချင်ပါတယ်။ တော်လှန်ရေးတပ်တွေလည်း မှားပြီးသတ်တာတွေ ရှိပါတယ်။ မဖြစ်သင့်ဘူးဆိုတာ ကျွန်မ လက်ခံတဲ့အကြောင်း ပြောထားပြီးသား။ ဒီအခြေအနေကြီး ဒီပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့ အကြောင်းအရင်းကို မဖြေရှင်းဘဲနဲ့ ဘာကြီးပဲ လုပ်လုပ် ဒီဒုက္ခတွေက မြန်မာပြည်သားတွေ မလွှတ်ကင်းနိုင်ဘူးဆိုတာပဲ ကျွန်မ ပြောချင်ပါတယ်။ ကျွန်မဘလော့ဂ်မှာ ပို့စ်နဲ့ မဆိုင်တာကို လာမရေးနဲ့ ဆိုင်တာကို ရေးရင်လည်း အပြုသဘောဆောင်တဲ့ စာအရေးအသားကို ရေးမတတ်ရင် ၀င်မမရေးပါနဲ့ ကျွန်မလက်ခံမှာ မဟုတ်ဘူး။ ကျွန်မကို ထင်ချင်သလိုထင် မကြိုက်ရင် လာမဖတ်နဲ့။ အနှောက်အယှက်ပေး ပြဿနာ လာရှာရင်တော့ အကုန်ဖျက်မယ်။ အချိန်ကုန်ခံချင်ရင်တော့ ရေးပေါ့။

(ကျွန်မ အတွေးအခေါ်မှားနေတယ် ထင်ရင်လည်း မှားနေတဲ့အတိုင်းပဲ ဥပက္ခာ ပြုထားလိုက်ပါ။ ဘုရားတောင်မှ ချွတ်လို့ ကျွတ်တဲ့သူကိုပဲ ချွတ်တယ်မဟုတ်လား။ ကျွန်မကို နအဖဘက်ကနေ ဘုန်းကြီးလိုလို ဘာလိုလို လာလုပ်နေလို့ အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။)

ဒီစကားလုံးတွေဟာ တော်တော်ဆိုးဝါးလွန်းပြီး အသိဥာဏ်နိမ့်ကျတဲ့အပိုင်းကိုရောက်နေတယ် ..ပြင်ဆင်စေခြင်သည်

ကတ်သလစ်ဘကြမ်း

ကတ်တလစ်ဘကြမ်းရေ- ဒီစကားတွေက အယူမှန်နေသူကို တုံ့ပြန်တဲ့စကားဆိုရင်တော့ ဟုတ်မှာပေါ့။ ဒါပေမဲ့ ကတ်တလစ်ဘကြမ်းတို့လို စစ်ခေါင်းဆောင်တွေကို အထင်ကြီးပြီး အယူမှားနေသူကို ပြောတော့ အမှန်တရားဖြစ်လို့ ကျွန်မ ကုသိုလ်ရပါတယ်။ ကျွန်မအတွက်မပူပါနဲ့။

လောလောဆယ် ရှင်ယုံကြည်နေတာကို ယုံကြည်တဲ့အတိုင်းထားပါ။ ကျွန်မလည်း ကျွန်မယုံကြည်နေတာကို ယုံကြည်တဲ့အတိုင်းထားပါတယ်။ ရှင်တို့ တကယ်ယုံကြည်လို့ ပြောနေတယ် ကိုယ်ကျိုးရှိလို့ ကပ်ဖါးယပ်ဖါးပြောနေတာ မဟုတ်ဘူးဆိုရင် သိပ်ပြီး ရွှံစရာကောင်းတဲ့ လူသတ်၊ ရဟန်းသတ် စစ်ခေါင်းဆောင်တွေကိုလည်း ဒီလိုယုံကြည်တဲ့သူတွေ ရှိသေးတယ်ဆိုတဲ့ အချက်ကို ကျွန်မ ခေါင်းထဲမှာ အသိအမှတ်ပြုထားမယ်။ ဒါပေမဲ့ မိမိယုံကြည်နေတာ ထင်နေတာတခုဟာ မှားနေတယ်၊ မဟုတ်တော့ဘူးဆိုတာ သိတဲ့နေ့ကျရင်တော့ မာနတခွဲသားနဲ့ ဒါမှမဟုတ် ရှက်ရှက်နဲ့ မထူးပါဘူးလို့ အသေမဆုပ်ကိုင်ထားဘဲ ကျွန်မ ဆယ်ကျော်သက်တုန်းကလို သတ္တိရှိရှိနဲ့ အမှားကို စွန့်ပစ်နိုင်တဲ့ နှလုံးသား ထားနိုင်အောင်ပဲ ကြိုးစားကြပါ။ မာန်တက်ပြီး အမှားကို အမှားလို့ လက်မခံရင် တရားမရနိုင်ဘူးလို့ ဘုရားအဟော ရှိတာတော့ ရှင်သိပါလိမ့်မယ်။ ရှင်တို့ ယုံကြည်နေတာကို မှားမှန်းသိပေမဲ့ ကျွန်မ အသိအမှတ်ပြုတယ်လို့ ပြောပြီးပြီ။ ဒီတော့ ကျွန်မကို ဘာတရားမှ ထပ်ဟောပြီး မဆိုင်တာ လာပြောဖို့ မစဉ်းစားနဲ့တော့။ အနန္တောအနန္တဂိုဏ်းဝင် မွေးသဖခင် ကျေးဇူးရှင်ရော ငယ်ငယ်တုန်းက ချီပိုးထိန်းကျောင်းလာတဲ့ အစ်ကိုကြီးပါ ကျွန်မကို တရားဟောလို့ မရဘူး။ ရှင်တို့ဟောလို့ကတော့ ရဖို့နေနေသာသာ နားက လက်ခံဖို့တောင် ဝေးပါသေးတယ်။ ဘုရားဟောတဲ့ တရားထက် ဘာမှအမှန်တရားမရှိဘူးဆိုတာ ကျွန်မသိတယ်။

အခုဒီပို့စ်ကတော့ ကျွန်မတို့ တော်လှန်ရေး ရဲဘော်ရဲဘက်တဦး ဘယ်လိုကျဆုံးခဲ့တယ်ဆိုတဲ့ အမှတ်တရပဲ ဖြစ်တယ်။ ဒါကို ရှင်တို့က မဆိုင်တာလာရေးပြီး Assault လာလုပ်တယ်။ ကျွန်မက ဆိုင်တာကိုပဲ ထည့်ပေးတယ်။ ဒါကျွန်မ တရားတယ်လို့ ယူဆတယ်။ ရှင်တို့ မဆိုင်တာလာရေးလို့ ဖျက်လိုက်ရတဲ့ အရင်မှတ်ချက်တွေအတွက် စိတ်မကောင်းပါဘူး။ မဖျက်စေချင်ရင် နောက်ထပ်လည်း ဆိုင်တာကိုပဲ ယဉ်ယဉ်ကျေးကျေးနဲ့ ရေးပါ။ ကျွန်မဆီမှာ မှတ်ချက်ရေးချင်ရင် အမှားကို ဘယ်လို အပြုသဘောနဲ့ ဘယ်လိုဆွေးနွေးရတယ်ဆိုတာ လေ့လာပြီး အရည်အချင်းရှိမှ ရေးပါ။ မိမိအာဘော်ကိုလည်း သူများကို ထည့်ပေးချင်သေးတယ် ယဉ်ယဉ်ကျေးကျေးလည်း ရေးမတတ် ပုဆိန်ပေါက်သလို လာပေါက်လို့ ဘယ်သူက ဘယ်သူက အသိအမှတ်ပြုမလဲ။ အသက်ပေးသွားတဲ့ တော်လှန်ရေး ရဲဘော်တွေအကြောင်း အများကြီး အများကြီး အများကြီး ထပ်ရေးဖို့ရှိသေးတယ်။ ဒီပို့စ်နဲ့ ပတ်သက်ပြီး နောက်ထပ်လည်း ရှင်တို့ဆီမှ ဘာမှ ထပ်မကြားချင်ဘူး။ မကျေနပ်ရင် ရှင်တို့လည်း မဆလ၊ န၀တ၊ နအဖ (စိတ်ပျက်လိုက်တာ တခုတည်းနဲ့ နာမည်တွေ အမျိုးမျိုး ပြောင်းခေါ်နေရတာ) ရဲဘော်တွေ ဘယ်လို အသေဆိုးနဲ့ သေခဲ့တယ်ဆိုတာ ဘလော့ဂ်ဖွင့်ပြီး ရေးနိုင်ပါတယ်။ ယဉ်ကျေးပြီး အဆင့်အတန်းရှိတဲ့ ဘလော့ဂ်ဖြစ်ရင် ကျွန်မလာပြီး အပြုသဘောဆောင်တဲ့ ၀မ်းနည်းကြောင်း မှတ်ချက်လာပေးမယ်။ ဟုတ်ပြီလား။

နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေ။

(အနန္တောအနန္တဂိုဏ်းဝင် မွေးသဖခင် ကျေးဇူးရှင်ရော ငယ်ငယ်တုန်းက ချီပိုးထိန်းကျောင်းလာတဲ့ အစ်ကိုကြီးပါ ကျွန်မကို တရားဟောလို့ မရဘူး။ ရှင်တို့ဟောလို့ကတော့ ရဖို့နေနေသာသာ နားက လက်ခံဖို့တောင် ဝေးပါသေးတယ်။ )
အဲဒါကိုက မှားနေတာ...ကိုယ်တိုင်ကလည်း မှားနေတယ် သူများက ပြင်ပေးတော့လည်း လက်မခံဘူး...ဒါဟာ အဆိုးဝါးဆုံးပဲ...တစ်ပါးသူပြောတာလက်မခံနိုင်ပေမယ့် မိဘဆွေမျိုးပြောတာကိုတော့ လက်ခံနိုင်ရမယ်...ကိုယ့်မိဘကပြောတာတောင် လက်မခံဘူးဆိုတော့ အင်း....ဘုရားချွတ်ဖို့ ကျွတ်မယ့်သူထဲမပါတာတော့သေချာနေလောက်ပြီ...

အမှားကိုသိလို့ အမှန်ကိုပြင်ဆင်ပေးစေခြင်တဲ့
ကတ်သလစ်ဘကြမ်း

Hi Ma Nge,I really thank you that you cut off with all those two useless guys cause I hate to spend my times to read their stupid minds.

လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းကအမှတ်တရလေးတွေကိုနေရာဒေသ/ရက်စွဲ/ဘ၀အတွေ့ကြုံတွေကို တခုမကျန်အမှန်တိုင်းပြောနိုင်တဲ့ စာရေးဆရာမ အဒေါ် NgeNaing ကိုလေးစားအထင်ကြီးဂုဏ်ယူမိပါတယ်။မသိခဲ့တဲ့ကျွန်တော်တို့ အရှေ့မှခေါင်းဆောင်ကြီးများအားလုံးကိုလည်း တခါတည်းအလေးပြုဦးညွတ်သွားပါတယ် ခင်ဗျား။

ကျောင်းသားတွေ ဒီလိုတောထဲရောက်ပြီး လက်နက်ကိုင် ဘ၀ရောက်အောင်၊ စိတ်ကြမ်းလူကြမ်းတွေဖြစ်အောင် ဖန်တီးခဲ့တာ ရက်စက်ယုတ်မာတဲ့ အာဏာရှင် စနစ်ဆိုးကြောင့်လို့ ကျွန်တော်ထင်ပါတယ်၊ ငယ်ရွယ်နုနယ်သေးတဲ့ သူတို့ဘ၀တွေ ဘယ်လောက်အထိ ခက်ခဲကြမ်းတမ်းခဲ့တယ်ဆိုတာ အဲဒီအချိန်ကို မီလိုက်သူတွေရော၊ စိတ်ဝင်စားလို့ ဖတ်မှတ်လေ့လာသူတိုင်းသိကြပါတယ်၊ နေရာတိုင်းမှာ လူဆိုးရှိနိုင်သလို လူကောင်းလည်းရှိနိုင်ပါတယ်၊ Blogger ဟာ အကြောင်းမဲ့သက်သက် ဦးဖေသင်ကို ဂုဏ်တင်ပြီး ရေးဖို့ အကြောင်းမရှိဘူးလို့ ယုံကြည်ပါတယ်၊ အဲလိုရေးလို့ အကျိုးအမြတ် တစုံတရာရှိစရာလည်း မရှိပါဘူး၊ စစ်တပ်ကိုလည်း လူတွေက ထူးပြီးမမုန်းသွားပါဘူး၊ စဉ်းစားဥာဏ်ရှိတဲ့သူတိုင်းက နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတယ်ဆိုတာ သိကြပါတယ်၊ ဂုဏ်ပြုထိုက်တဲ့ လူကောင်းတွေ အများအကျိုးအတွက် အမှန်တကယ် စွန့်လွှတ်စွန့်စားဝံ့သူတွေကို ဂုဏ်ပြုသင့်ပါတယ် လို့ထင်မြင်မိပါတယ်

ကျောင်းသားတွေ ဒီလိုတောထဲရောက်ပြီး လက်နက်ကိုင် ဘ၀ရောက်အောင်၊ စိတ်ကြမ်းလူကြမ်းတွေဖြစ်အောင် ဖန်တီးခဲ့တာ ရက်စက်ယုတ်မာတဲ့ အာဏာရှင် စနစ်ဆိုးကြောင့်လို့ ကျွန်တော်ထင်ပါတယ်၊ ငယ်ရွယ်နုနယ်သေးတဲ့ သူတို့ဘ၀တွေ ဘယ်လောက်အထိ ခက်ခဲကြမ်းတမ်းခဲ့တယ်ဆိုတာ အဲဒီအချိန်ကို မီလိုက်သူတွေရော၊ စိတ်ဝင်စားလို့ ဖတ်မှတ်လေ့လာသူတိုင်းသိကြပါတယ်၊ နေရာတိုင်းမှာ လူဆိုးရှိနိုင်သလို လူကောင်းလည်းရှိနိုင်ပါတယ်၊ Blogger ဟာ အကြောင်းမဲ့သက်သက် ဦးဖေသင်ကို ဂုဏ်တင်ပြီး ရေးဖို့ အကြောင်းမရှိဘူးလို့ ယုံကြည်ပါတယ်၊ အဲလိုရေးလို့ အကျိုးအမြတ် တစုံတရာရှိစရာလည်း မရှိပါဘူး၊ စစ်တပ်ကိုလည်း လူတွေက ထူးပြီးမမုန်းသွားပါဘူး၊ စဉ်းစားဥာဏ်ရှိတဲ့သူတိုင်းက နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတယ်ဆိုတာ သိကြပါတယ်၊ ဂုဏ်ပြုထိုက်တဲ့ လူကောင်းတွေ အများအကျိုးအတွက် အမှန်တကယ် စွန့်လွှတ်စွန့်စားဝံ့သူတွေကို ဂုဏ်ပြုသင့်ပါတယ် လို့ထင်မြင်မိပါတယ်

လက်ရှိအချိန်မှာလည်း လက်ပံတောင်းတောင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သံဃာတော်တွေ အပါအ၀င် လက်နက်မဲ့ပြည်သူတွေကို မှောင်မိုက်အိပ်မောကျနေချိန် မှာ မီးသတ်ပိုက်တွေ၊ မီးခိုးဗုံး မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက်နှိမ်နင်းလိုက်ပြန်ပါပြီ၊ ငရဲမှာ နေရာတွေမှ လောက်နိုင်ပါဦးမလား



ဒီမိုကရေစီအစိုးရအယောင်ဆောင် စစ်အုပ်စု ခေါင်းဆောင်အမည်ခံ စစ်ခွေးကြီးတွေနဲ့ စစ်ခွေးကြီးတွေရဲ့ အသုံးချခံတွေ မျက်နှာဖုံး ကွာကျသွားပြီး အစွယ်တငေါငေါ ပေါ်လာပြီ၊ ဒါမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်


ဟောကိန်း
============

Zaw Myint Aye
၂၀၁၅၊ ဩဂုတ် ၃၁


မာမီဂျိမ်း လဲ.. စထွက်လာတုန်းကတော့..
တကဲ့ကို ခံယူချက်ရှိတဲ့...
တိုင်းပြည်ချစ်တဲ့သူလိုလို...
လူမျိုးခြား လွှမ်းမိုးတာ မခံချင်သူလိုလို...
ဘာလိုလိုပေါ့...


ဝီ၀ီ လဲ စထွက်လာတုန်းကတော့..
ဘာသာတရားရဲ့..
သူရဲကောင်းတစ်ယောက်လိုပါပဲ.....


နေမျိုးဝေ လဲ စထွက်လာတုန်းကတော့..
နင်းပြားတွေအတွက်.. သူရဲကောင်းတစ်ယောက်လိုပေါ့..
လယ်သမားတွေ... သူ့ကို အရမ်းချစ်ခဲ့တာပေါ့.....


ရဲမိုး လဲ စထွက်လာတုန်းကတော့..
စစ်သားစစ်စစ်တွေဘက်က လိုက်သလိုလို ဘာလိုလိုနဲ့....
ကကကြည်းကိုတောင် ပြန်ပြီး သမလိုက်သေးတယ်.....


ရဲထွဋ် လဲ.. စထွက်လာတုန်းကတော့..
တကယ်ကို ရိုးစင်းတဲ့ဘ၀ကို လိုလားသလိုလို.. အထာနဲ့..
လမ်းဘေးဝက်သားတုတ်ထိုးတောင်.. ထိုင်စားပြလိုက်သေးတယ်.....


အမြင့်ဆုံးကိုပြရင်..
ဦးသိန်းစိန် ကိုယ်တိုင်ကိုက.. စထွက်လာတုန်းကတော့..
တကဲ့ ဒီမိုကရေစီဖခင် ဖြစ်မလိုလို..
ပြုပြင်ပြောင်းလည်းရေးသမားလိုလို..
နိုဘယ်လ်ဆုပဲ ရမလိုလိုနဲ့..
သူရဲကောင်း တစ်ယောက်လိုပဲလေ.....

---------------

အဲဒီလိုပါပဲ...

စထွက်လာတဲ့အချိန်မှာ..

ဆင်းရဲပြီး ပညာရေးအားနည်းလို့
ဆင်ခြင်ဥာဏ်တွေ နိမ့်ပါးတဲ့..
ပြည်သူတွေအကြိုက်ကို လိုက်ပြီး
လုပ်ပြကိုင်ပြ... အမှတ်တွေယူပြီး..

နောက်ဆုံးမှာ...
ပင်ကိုယ်စိတ်ရင်း ရိုးသားမှု မရှိတာကြောင့်..
မျက်နှာဖုံးတွေ ကွာကျသွားပြီး..
အစွယ်တငေါငေါနဲ့ တွေ့လာရတဲ့
သူတွေရဲ့.. အနေအထားတွေဟာ....

ဒီ ငါးနှစ်အတွင်းမှာ...
ကျွန်တော်တို့ ရခဲ့တဲ့..
အကောင်းဆုံး..
အတွေ့အကြုံတစ်ခုပါ..

အခုလဲ....

ဒီလိုမျိုးတွေ ထပ်တွေ့လာဖို့..
အရိပ်အယောင်တွေ..
တွေ့လာရပါတယ်..

ထပ်ပြီး ဖြစ်လာဦးမယ်လို့..
ဟောကိန်းထုတ်လိုက်ပါတယ်...၊

အားလုံး လိမ္မာပါးနပ်ပြီး..
ကိုယ့်ဘက်က လူကျွံဘော...
မပေးမိကြဖို့ပါပဲ...


( Pa Yit )


ဒီမိုကရေစီအစိုးရအယောင်ဆောင် စစ်အုပ်စု ခေါင်းဆောင်အမည်ခံ စစ်ခွေးကြီးတွေနဲ့ စစ်ခွေးကြီးတွေရဲ့ အသုံးချခံတွေ မျက်နှာဖုံး ကွာကျသွားပြီး အစွယ်တငေါငေါ ပေါ်လာပြီ၊ ဒါမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်



စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားနေတော့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။


U Tin Maung Tun
၂၀၁၅၊ ဩဂုတ် ၂၉


ပြည်သူတွေ ဆင်းရဲတာ၊ ဒုက္ခရောက်တာ၊ အခွင့်အရေးမရတာ၊ လူ့အခွင့်အရေးဆုံးရှုံးနေတာတွေကို စစ်ဗိုလ်တွေက သိတော့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်၊ သနား ကြင်နာတဲ့စိတ်ကို စစ်ဗိုလ်တွေက ပြည်သူတွေအပေါ် ဘယ်လိုမှ မွေးလို့မရလို့ပါ။

စစ်ထဲရောက်ကတည်းက စ သိလိုက်တာက တဆင့်မြင့်တဲ့သူက သူ့ရဲ့သခင်ဖြစ်လို့ သူက တဆင့်မြင့်တဲ့သူ ခိုင်းတာကို အကုန်လုပ်ပေးရတဲ့ ကျွန် ဆိုပြီးပဲ သိတယ်။

တဆင့်နိမ့်တဲ့သူ ဆိုရင်တော့ သူ့ရဲ့ကျွန်အဖြစ် မြင်တတ်ပြီး တဆင့်နိမ့်တဲ့သူက သူခိုင်းတာကို ဘာမှဆင်ခြေမပေးဘဲ အကုန်လုပ်ရမယ်၊ သူ့ကို ကျွန်ခံရမယ် ဆိုတဲ့ အသိပဲ ရှိကြတယ်။

ဒီတော့ စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားပြီး ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။

အဲဒီလို စစ်ဗိုလ်တွေက ပြည်သူတွေရဲ့ သခင်တွေ ဖြစ်နေတာဟာ စစ်တပ်ရဲ့ မူလရပိုင်ခွင့် ဂုဏ်လို့ပဲ စစ်ဗိုလ်တွေက ခံယူထားကြတယ်။


ဦးတင်မောင်ထွန်း


စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားနေတော့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စစ်ဗိုလ်တွေရဲ့ စိတ်ထဲမှာ ဘာမှ မခံစားရဘူး



Thorn Nay Soe
၈-၉-၁၅


စစ်တပ်ကို ကြောက်တယ်။
အခု ဒီဖေ့ဘုတ်ပေါ်က
စစ်ဗိုလ်အများစုကို ကြည့်တာနဲ့ကို
ကြောက်စရာ တော်တော်ကောင်းနေပြီ။

စစ်ဗိုလ်အများစုဟာ
ဗလောင်းဗလဲ ပြောတယ်၊
အောက်တန်းကျကျ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တယ်၊
မဟုတ်မတရား အပုပ်ချတတ်ကြတယ်။

ဒီလောက်
စိတ်ဓာတ် အောက်တန်းကျသူတွေ
အနာဂတ်မှာ အာဏာရသွားလို့တော့
မဖြစ်ဘူး။


ဒီတော့
စစ်အုပ်စုနဲ့ပတ်သက်တဲ့ ကြံ့ဖွတ်ပါတီကိုတော့
ဝေရာမဏိ
ဝေးစွာ ရှောင်ကြဉ်ပါ၏။


သွန်းနေစိုး

စစ်ဗိုလ်အများစုဟာ စိတ်ဓာတ် တော်တော် အောက်တန်းကျလို့ အနာဂတ်မှာ အာဏာရသွားလို့ မဖြစ်ဘူး



Aye Aye Soe Win
၈-၉-၁၅


စစ်ခွေးအချို့ဟာ "သူတို့ဟာ တောခိုခဲ့သူ၊" "သိဖူးပါတယ်" ဆိုပြီး တက်လာနေတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ် အတွင်း တခါမှလည်း လူလိုသူလို စကားစမြည် တခါတောင် ပြောဖူးတာတောင်မရှိ။

စစ်ခွေးတွေရဲ့ ဖန်ရှင် (function) (အလုပ်၊ တာဝန်) က ပညာမပါတာတွေ၊ မမှန်တာတွေ၊ အဆက်အစပ်မရှိတာတွေ တက်ပြော၊ တက်ရေးပြီး ဒီမိုကရေစီဘက်သားတွေ စိတ်အနှောင့်အယှက်ဖြစ်စေရေးပဲ။


သန်းရွှေ၊ ခင်ညွန့်၊ သိန်းစိန် စစ်အစိုးရ၏ အောက်တန်းကျတဲ့လုပ်ရပ်ဟာ အဲဒါပဲ။ ၈၈ ကတည်းက လူလိမ်တွေကို နေရာတိုင်းမှာ ရိုက်ထည့်ထားပြီး သူတို့ ကျီးလန့်စာစား ဖြစ်နေတိုင်း အမြင်မှန် အယူမှန် ရှိသူတွေ၊ စိတ်ရှည်ရှည် ဇွဲသန်သန်နဲ့ ဖိုက် (fight) နိုင်တဲ့သူတွေကို ပစ်မှတ်ထားပုံရတယ်။

စစ်ခွေးတွေရဲ့ ဖန်ရှင်က မရ ရတဲ့နည်းနဲ့ နှောင့်ယှက်မယ်၊ စစ်ခွေးဝါဒကို မရအရ ဖြန့်မယ်။ သမိုင်းမှာ သူတို့ကိုယ်တိုင် အရေးပါတဲ့နေရာ တနေရာက ပါခဲ့သလို ဘာမှ အရေးမပါတဲ့ trivial facts (အရေးမပါတဲ့ အသေးအဖွဲ အချက်အလက်တွေ) လာလာ ပြောမယ်။

စစ်ခွေးတွေ၏ သည်လို အလုံးတွေဟာ အတော့်ကို ရိုးနေပြီ။ ဖန်တရာတေနေပြီ။

သည်အရေးအသားတွေ၊ ကွန်မင့်တွေဟာ စစ်ခွေးတွေ စာကြောင်း သုံးကြောင်း ရေးလို့မပြီးခင် ဘယ်သူ့အတွက် အလုပ်လုပ်နေတယ်၊ ဘာစေတနာနဲ့ ၀င်လာတယ် ဆိုတာ သိနိုင်တယ်။

သူတို့ကို "စစ်ခွေး" လို့ တချက်အော်လိုက်တိုင်း သူတို့ရင်ဝမှာ မြားစူးသလို ဖြစ်နေတယ် ထင်ရတယ်။


"စစ်ခွေး" ဆိုလို့ လွန်ခဲ့တဲ့ ၃ - ၄ နှစ်က မှ ဒီအက်စ်အေ က ဆင်းလာတဲ့ ကောင်တွေကိုချည်း ပြောတာ မဟုတ်။


စစ်ခွေးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတယ်။


- ကျောင်းဆရာမ လုပ်ပြီး စစ်အုပ်ချုပ်ရေးဘက်က ကာကွယ်သူ၊

- ဆရာဝန် ဘူဂျွာ (ဘူဇွာ) ဖြစ်နေသည့်တိုင် "အပြောင်းအလဲတွေဟာ မကောင်းဘူး" ဆိုတဲ့ တကိုယ်ကောင်းစိတ်ရှိသူ၊

- ဘုန်းကြီး တန်မဲ့ သူတော်ကောင်းတရား မဟော၊ အုပ်ချုပ်သူကို ဖေးမဖို့ သူယုတ်တရားကို ဘေးတီးဟောသူ၊

- ဒုက္ခသည် ခံပြီး အနောက်နိုင်ငံတွေ ရောက်လာပေမယ့် ကာလများစွာ မြေရှိုးနေပြီး ဟော.. ခုလို သိန်းစိန် ဖက်ဆစ်ခေတ်ရောက်မှ.. ပရောဟိတ်တွေယောင်ယောင် ပုံစံမျိုးနဲ့ ပေါ်လာပြီး ငြိမ်းချမ်းရေးတရား အမည်ခံ ဘောမတရားများ ဟောကာ ရောကောသောကော အကြံအဖန်ရိုက်နေသူ၊

- အရာရာကို စီးပွားရေးအကျိုးအမြတ်မျက်လုံးနဲ့ ကြည့်သူ

- အာဏာရသူသာ အမှန်ဟု ထင်တတ်သူ

- လူတန်းစားအမုန်း (class hate)၊ လူတန်းစားခွဲခြားမှု ရှိနေတာကို မရှိလေသယောင် ပြောပြီး ငြင်းသူ

သည်လူ အားလုံးဟာ ပြည်သူ့ရန်သူ စစ်ခွေးတွေပဲ။


စစ်ခွေးတွေချည်း သိတဲ့ "ဘောတရား" မှာ ပြည်သူ ဆိုတာ မရှိ။ ပြည်သူ့အတွက်တိုက်ပွဲ ဆိုတာ မရှိ။ ပိုက်ဆံ၊ အခွင့်အရေးနဲ့ အာဏာရထားသူကိုသာ ကပ်ထားတဲ့ အချောင်သမားစိတ်တွေသာ ရှိနေကြတယ်။

သည်လူတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရပ်တည်နေပြီး သိန်းစိန် စစ်အုပ်စုကို ဖားနေ၊ ကာနေရတုန်း။

အမေရိကကိုလည်း သည်နိုင်ငံကြီးဘက်က သူတို့ကို နည်းနည်း အဖက်လုပ်ပြီးသကာလ၊ ဆိုင်ဆိုင် မဆိုင်ဆိုင်၊ တက်တက် ဖားတာကတော့ ပြိုင်စံရှားပဲ။

ဖားသာ ဖားရတယ်၊ အမောင် စစ်ခွေးတောသားတွေ ဥာဏ်ပညာက တစက်မှ မပါ။


အေးအေးစိုးဝင်း

စစ်အစိုးရက ပြည်သူများအတွင်းမှာ ပုံစံမျိုးစုံဖြင့် မြှုပ်ထားသော စစ်ခွေးများ



ကိုထိုက်
၁၉-၁၁-၁၅ ရက်


... ရန်ကုန်မြို့လယ်ခေါင် လူမြင်သူမြင် နေရာမှာတောင် ... လူမမယ် အရွယ်လေးကို ဒီလောက် ညှဉ်းပန်း နှိပ်စက်တာ

ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ စစ်တပ်အသိုင်းအဝိုင်း



အဲဒီလို စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတဲ့ စစ်တပ်က -


.. သတင်းထောက် ကိုပါကြီးကို စစ်တပ်ထဲမှာ သတ်ပစ်တာ


.. လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဒေသခံ ဒေါ်ခင်ဝင်းကို ပစ်သတ်တာ


.. ကချင်ဆရာမလေး နှစ်ယောက်ကို ရက်ရက်စက်စက် မုဒိန်းကျင့်ပြီး သတ်ပစ်တာ


.. တိုင်းရင်းသူတွေကို မုဒိမ်းကျင့်ပြီး သတ်ပစ်တာ


.. အသက် ၆၀ ဝန်းကျင်ရှိတဲ့ အဘွားအိုကိုတောင် မုဒိမ်းကျင့်တာ


ဆိုတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်တာ မထူးဆန်းတော့သလိုပဲ။

ကျက်သရေ အင်မတန် တုံးတဲ့ သတ္တဝါတွေ ..




.. မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူသားတွေ ဘယ်က ထွက်လာသလဲ ကြည့်လိုက် ...

.. ပြေးကြည့်စရာ မလိုဘူး

.. စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ။



.. "စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတာ -- မြန်မာ့တပ်မတော်" ...

.. "ခိုးဝှက် အာဏာမက်တဲ့ နေရာမှာ စည်းလုံးတာ -- မြန်မာ့တပ်မတော်" ...

ဆိုပြီး ဆောင်ပုဒ် ပြောင်းရတော့မယ်။




ကိုထိုက်

မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူတွေက စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ



Aung Naing Moe
၂၄-၁၁-၁၅ ရက်


အပြင်စီးပွားရေးလုပ်ငန်း လုပ်တာမဟုတ်ဘဲ အစိုးရဝန်ထမ်းသက်သက် လုပ်ပြီး မတန်တဆ ကြီးပွားချမ်းသာပြီဆိုရင် အဲဒါ တိုင်းပြည်ဘဏ္ဍာကို ခိုးစားလို့ ဖြစ်ရင်ဖြစ်၊ (ဒါမှ မဟုတ်ရင်) အကျင့်ပျက် လာဘ်စားလို့ ပဲ။

သိန်း သောင်းချီတန်တဲ့ အိမ်မှာနေနေ၊ အဲဒီထက် တန်ဘိုးကြီးတဲ့ စံအိမ်တော်မှာနေနေ သူခိုးကတော့ သူခိုးပါပဲ။

လွတ်လပ်တဲ့တနေ့မှာ အဲဒီဝန်ထမ်းသူခိုးတွေကို ပြန်လည်ဖော်ထုတ်ပြီး ခိုးထားတဲ့စည်းစိမ်တွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် ပြန်သိမ်းသင့်တယ်။

အမျိုးသားရင်ကြားစေ့ရေးဆိုပြီး ဒီအတိုင်း လွှတ်မပေးသင့်ဘူး။


အောင်နိုင်မိုး


တိုင်းပြည်ဘဏ္ဍာကို ခိုးစားတဲ့၊ ဒါမှမဟုတ် လာဘ်စားတဲ့ ဝန်ထမ်းသူခိုးတွေကို ပြန်ဖော်ထုတ်ပြီး ခိုးထားတဲ့စည်းစိမ်တွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် ပြန်သိမ်းသင့်တယ်


သစ်တင်ကား ဂိတ်ကြေးမပေးရာမှ စကားများပြီး စစ်သားက သေနတ်ဖြင့်ပစ်၊ ဒဏ်ရာရအမျိုးသား ဆေးရုံတွင်သေဆုံး


သေနတ်ဖြင့်ပစ်သည့်တပ်ကြပ်ကို စစ်ဥပဒေအရ အရေးယူမည်ဟု တပ်မတော် တာဝန်ရှိသူပြော


7Day News Journal

By သက်ဆွေ
2016-02-20 06:30
Location - ပုသိမ်
Issue No. - No.1015


ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဘူးစင်စခန်း သစ်ထုတ်လမ်းတွင် သစ်တင်လာသည့်ကားကို တပ်က ဂိတ်ကြေး တောင်းရာ မပေးသဖြင့် စကား များရန်ဖြစ်ရာမှ တပ်ကြပ်တစ်ဦး က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာ နှင့် ၁၂ မိုင်ခန့်ဝေးသည့် ဒေသအခေါ် ဘူးစင်စခန်း သစ်ထုတ်လမ်းတွင် ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့်ပစ်သည့် တပ်ကြပ်ဌေးအောင်ကို ရွှေသောင်ယံရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး ၎င်းအား စစ်ဥပဒေအရ အရေးယူရန် စီစဉ်ထားသည်။

‘‘စစ်သားက အရပ်ဘက်ဥပဒေရော၊ စစ်ဥပဒေရော ထိန်းသိမ်းရမယ့် တာဝန်ရှိတယ်။ ပြစ်မှု ကျူးလွန်သူကတော့ အနည်းဆုံး ထောင် နှစ် ၂၀ ပဲ။ သူတင် မဟုတ်ဘူး။ သူ့နောက်မှာရှိတဲ့ အဆင့်ဆင့်သော အရာရှိတွေပါ အရေးယူခံရမှာဖြစ်တယ်’’ ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ရဲငြိမ်းက ရှင်းပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ရှောပြာကျေးရွာအုပ်စု ရှမ်းကွင်းကျေးရွာတွင် နေထိုင်သော ဦးမျိုးလွင် အသက် (၄၄)နှစ်သည် ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီခွဲ ၌ ပုသိမ်ဆေးရုံကြီးတွင် သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦး က ပြောသည်။

‘‘ခွဲစိတ်ခန်း မ၀င်ခင်က သတိရတယ်။ ပြန်ထွက်လာတော့ နေ့လယ် ၁၂ နာရီလောက်ရှိပြီ။ အသက်မထွက်ခင် သူ့ကိုယ်မှာ တပ်ထားတဲ့ပိုက်တွေကို ၀ူးဝါးဝူးဝါးနဲ့ ဆွဲဖြုတ်တယ်။ ဆရာဝန် သွားခေါ်နေတုန်း အသက်ထွက်သွားတယ်။ သေသွားချိန်အထိ သတိ မရသေးဘူး’’ ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းသေဆုံးသွားခြင်းနှင့် ပတ်သက်၍ သေနတ်ဖြင့်ပစ်ခဲ့သော တပ်ကြပ်ဌေးအောင်အား မူလ ဖွင့်လှစ်အရေးယူထားသည့်ပုဒ်မအစား ရွှေသောင်ယံရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ ဖွင့်လှစ် အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂိတ်ကြေးမပေးသည့်ကားကို သေနတ်ဖြင့် အချက်ပေါင်းများစွာ လိုက်လံ ပစ်ခတ်ခဲ့ရာမှ ကားပေါ်လိုက်ပါလာသူ ငါးဦး အနက်မှ တစ်ဦး၏ ဆီးအိမ် အထက်ပိုင်းတွင် ဒဏ်ရာရခဲ့၍ ပုသိမ်မြို့ ဆေးရုံကြီးသို့ ခေါ်ဆောင် ဆေးကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သစ်တင်လာသောကားသည် ပုဂ္ဂလိကသစ်ကားဖြစ်ပြီး သစ်လုပ်ငန်းပိုင် သရက်သားသစ်လုံး ကိုးတန်ခန့် တင်ဆောင်၍ မောင်းနှင်လာခဲ့ခြင်းဖြစ်ကာ ကားပေါ်တွင် လူကြီးသုံးဦးနှင့် သစ်ထုတ်သည့်ဒေသမှ ကလေးနှစ်ဦး လိုက်ပါလာသည်။

‘‘တပ်နဲ့ ရဲက အမြဲတမ်း တောင်းနေကျပါ။ သူတို့က တောင်းတော့ ကားပေါ်ပါလာတဲ့ ကိုမိုးဇော် (ခေါ်) ကြောပြားကြီးနဲ့ စကားများတယ်။ အားလုံးက လည်း မူးနေတော့ ကြောပြားကြီး က စစ်သားကို လက်သီးနဲ့ထိုးလိုက်တယ်။ စစ်သားက သေနတ်နဲ့ လိုက်ပစ်ရော’’ ဟု ယင်းကားပေါ်တွင် အတူပါလာသည့် ကိုကပြားက ပြောသည်။

သစ်ထုတ်လုပ်ရေးလမ်းတွင် တရားမဝင်သစ်တိုက်၊ သစ်ထုတ်နေသည့် ကားများအား တပ်၊ ရဲနှင့် သစ်တော အပါအဝင် အဖွဲ့အစည်းပေါင်းများစွာက တရားမဝင်ဂိတ်ကြေး တောင်းခံနေသည့် နေရာ ကိုးနေရာထက်မနည်း ရှိသည်။ ဂိတ်တစ်ဂိတ်စီတွင် သစ်ကားတစ်စီးလျှင် ကျပ်တစ်သောင်းခွဲမှ လေးသောင်းအထိ ပေးရသည်။ လက်ရှိဖြစ်ပွားသည့် ဘူးစင်စခန်းတွင် ပုံမှန်အားဖြင့် သစ်ကားတစ်စီးကို ကျပ်နှစ်သောင်းပေးရသည်ဟု ကိုကပြား က ဆက်လက် ရှင်းပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် စစ်သားသည် မြန်အောင်မြို့ အခြေစိုက် အမှတ် (၅၁) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ဌေး အောင်ဖြစ်ပြီး အဆိုပါတပ်သည် ကမ်းခြေလုံခြုံရေးအတွက် ရွှေသောင်ယံမြို့၌ စခန်းချထားသည့် တပ်တစ်ခုလည်းဖြစ်သည်။


သစ်တင်ကား ဂိတ်ကြေးမပေးရာမှ စကားများပြီး စစ်သားက သေနတ်ဖြင့်ပစ်၊ ဒဏ်ရာရအမျိုးသား ဆေးရုံတွင်သေဆုံး


တပ်နဲ့ သစ်ကိစ္စ မြင်မကောင်းဘူး


Htet Aung Khant


ဒီနေ့ (၂၀-၂-၁၆ ရက်) 7Day News Journal မှာ ပါတဲ့သတင်းတွေကလည်း တပ်နဲ့ သစ်ကိစ္စ မြင်မကောင်းဘူး။


သစ်တင်ကား ဂိတ်ကြေးမပေးရာမှ စကားများပြီး တပ်မတော်သားတစ်ဦးက သေနတ်နဲ့ပစ်လို့ ဒဏ်ရာရ အမျိုးသားတစ်ဦးသေဆုံး


နောက်တပုဒ်က တရားမဝင်သစ်တွေကို သယ်ဆောင်လာတယ် သတင်းကြားလို့ ရွာသားတွေက ဖြတ်သန်းလို့ မရအောင် တားတယ်။

တားတဲ့သူတွေကို တပ်စိတ်တစိတ်က ကျောက်ခဲတွေ သစ်သားတုတ်တွေနဲ့ပစ်ပေါက်တယ်။

အခြေအတင်ဖြစ်ပြီး သေနတ်ဆယ်ချက် ဖောက်တယ်။

ပြီးတော့ တပ်ရင်းမှူးက ရွာသားတွေကို ရိုးရာဓလေ့အတိုင်း ဝက်တကောင်နဲ့ လာတောင်းပန်တယ်။


တပ်နဲ့ သစ်ကိစ္စ မြင်မကောင်းဘူး